{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 1, 2015

    *****🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳*****


     🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜 စိတ်ဓာတ်ကျခြင်း 󾭜

󾀼󾀼󾀼
ကိုယ့်အရည်အချင်းတွေ ကိုယ့်လုပ်ရည်ကိုင်ရည်တွေ မြင့်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီးတော့ အဆင်ပြေတာ ပိုများလာမှာပါ၊၊ ဒါကြောင့် စိတ်ဓာတ် မကျချင်ရင် အရည်အချင်းကို အမြဲတမ်း မြှင့်တင်ပေးပါ၊၊

󾀼󾀼󾀼
နှောင်ကြိုးမပါပဲ၊ ဘာမှ ပြန်ပြီး မမျှော်လင့်တဲ့ စေတနာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒီလွတ်လပ်တဲ့ မေတ္တာဟာ အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်၊၊ ကရုဏာဟာလည်း စိတ်ရဲ့ မြင့်မြတ်တဲ့ အရည်အသွေးတမျိုး ဖြစ်လို့ တကယ်စစ်မှန်တဲ့ ကရုဏာ ထားနိုင်ရင် စိတ်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်၊၊ ကိုယ့်ကြောင့် သူများ ဒုက္ခ မရောက်ရအောင် သတိနဲ့ ဥာဏ်နဲ့ ထိမ်းသိမ်းမယ်ဆိုရင် အဲဒီ စိတ်စေတနာ မြင့်မားမှုကြောင့် ကိုယ့်မှာ စိတ်အေးချမ်းတယ်၊၊ သူများအဆင်ပြေနေတာ၊ ကြီးပွားနေတာ၊ ပျော်ပျော်ရွှင်ရွှင် နေကြတာ မြင်ရ ကြားရရင် မနာလို ဝန်တိုစိတ် မဖြစ်ဘူး၊၊ ငြူစူစောင်းမြောင်းပြီး မပြောဘူး၊၊ သူတပါးရဲ့ အဆင်ပြေမှုကို ဝမ်းသာ အားရတဲ့စိတ် ဖြစ်တယ်၊၊ အဲဒီလို မုဒိတာစိတ်ဟာလည်း စိတ်ကျမ်းမာရးအတွက် ဆေးပါပဲ၊၊ ကိုယ်တတ်နိုင်သလောက် ကိုယ့်အတွက်ကော အများအတွက်ပါ အဆင်ပြေအောင် ကြိုးစားပြီးတော့ ကိုယ်မတတ်နိုင်တဲ့ အဆင်မပြေမှုတွေ တွေ့ရတဲ့အခါ စိတ်မညစ်ပဲ ဥပက္ခာစိတ်နဲ့ နေနိုင်ရင်လည်း အဲဒီဥပက္ခာက စိတ်အတွက် ဆေးဖြစ်ပါတယ်၊၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာနဲ့ သတိပဋ္ဌာန် တရားတွေကို ဘဝထဲရောက်လာအောင် လုပ်နိုင်ရင်၊ ကျင့်သုံးနိုင်ရင် depression မဖြစ်ဘူး၊၊

󾀼󾀼󾀼
တချို့လူတွေဟာ လူတယောက်နဲ့ အဆင်မပြေရင် အဲဒီလူကို အဆက်ဖြတ်တယ်၊၊ နောက်တယောက်နဲ့ အဆင်မပြေရင် အဲဒီလူကိုလည်း အဆက် ဖြတ်တယ်၊၊ အဲဒီလို လုပ်တဲ့သူဟာ ကြာရင် တယောက်တည်း ဖြစ်သွားလိမ့်မယ်၊၊ ကိုယ့်လောကကြီးဟာ ကြာလေ ကျဉ်းလေ ဖြစ်လာတယ်၊၊ လောကကြီးတင်မကပါဘူး စိတ်ပါ ကြာလေ ကျဉ်းလေ ဖြစ်လာတယ်၊၊ သဘောထားတွေ သေးသိမ်လာတယ်၊၊ လောကကြီးကို အပြစ်မြင်လာတယ်၊ စိတ်ပျက်လာတယ်၊ ကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်ပြီး အားငယ်လာတယ်၊ သိမ်ငယ်လာတယ်၊ စိတ်ဓာတ် ကျလာတယ်၊၊ သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမဲ့အလုပ်ကို မလုပ်ရတဲ့ အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်၊၊ လူရဲ့ စိတ်ဓာတ်အင်အားတွေ အသိဥာဏ် အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊၊ ကောင်းတာကို မလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ၊၊ လူဆိုတဲ့ သတ္တဝါဟာ မကောင်းမဆိုး ဆိုတာ တော်တော်ရှားတယ်၊၊ ကောင်းရင်ကောင်း၊ မကောင်းရင်တော့ ဆိုးတော့မှာပဲ၊၊

󾀼󾀼󾀼
စိတ်ဝေဒနာရဲ့ အကြောင်းရင်းခံက ဘာလဲဆိုတော့ ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာကို မသိတာပဲ၊၊ ကိုယ့် personality ကိုယ့်စရိုက် ဝါသနာနဲ့ ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊၊ ကိုယ့်ရဲ့ပါရမီနဲ့ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊၊ ကိုယ့်စိတ်ထဲမှာ အဆိုးကို တွေးတိုင်း အဲဒီ အဆိုးတွေးတာကို မြင်အောင်ကြည့်ပါ၊၊ငါအခု ဘာတွေး နေသလဲ၊ ငါ့တွေးပုံတွေးနည်းက ဘယ်လို တွေးပုံတွေးနည်းလဲ ဆိုတာ သတိထားပြီးကြည့်တဲ့ အကျင့်ကို လုပ်ပါ၊၊ အဆိုးတခုခု ဖြစ်တော့မယ်လို့ ယုံကြည်ထားရင် အဲဒီ ယုံကြည်မှုက ကိုယ့်စိတ်ကို လွှမ်းမိုးပြီးတော့ အဆိုး ဖြစ်လာအောင် ဖန်တီး ပေးတတ်တယ်၊၊ ယုံကြည်မှုဟာ စွမ်းအား အင်မတန် ကြီးပါတယ်၊၊ ဖြစ်လာတဲ့အခါ ငါပြောသားပဲဆိုပြီး ကိုယ့်အဆိုးဟောကိန်းမှန်ကြောင်း အထောက်အထား ဖြစ်တတ်တယ်၊၊ အဲဒါမျိုးကို self-fulfilling prophecy လို့ ခေါ်တယ်၊၊ ကြိုတင် ဟောကိန်းထုတ်လို့ ဖြစ်ရတာ၊၊ တချို့ အတိတ်ကောက်တာ နမိတ်ကောက်တာ ဝါသနာပါတဲ့သူတွေ၊ ယုံတဲ့သူတွေဟာ တခုခု မြင်ရကြားရရင် အဓိပ္ပါယ်ကောက်ပြီ၊၊ အဆိုးအဓိပ္ပါယ် ကောက်မိရင် စိတ်ပူပြီ၊ စိတ်ဆင်းရဲပြီ၊၊ ဘာမှ အဓိပ္ပါယ်မကောက်တဲ့သူမှာ ဘာမှ ခံစားမှု မဖြစ်ဘူး၊၊ အဲဒီလိုပဲ လူတယောက်ရဲ့ အမူအရာနဲ့ စကားကို တခြားတယောက်က အဓိပ္ပါယ် ကောက်တယ်၊၊ အဆိုးကိုမှ ပိုပြီး အဓိပ္ပါယ် ကောက်ချင်တဲ့သူ ဆိုရင်တော့ မကြာမကြာ စိတ်ဆင်းရဲရမယ်၊၊

󾀼󾀼󾀼
လောကရဲ့ သဘာဝဆိုတာ အကောင်းလည်း ရှိတာပဲ၊ အဆိုးလဲ ရှိတာပဲ၊၊ အဆိုးမြင်တတ်တဲ့သူဟာ ဒီလို အဆိုးမြင်တာမှ သဘာဝကျတယ်လို့ ထင်တတ်တယ်၊၊ အဆိုးမြင်တာမှ အမှန်အတိုင်း မြင်တာလို့ ထင်တတ်တယ်၊၊ ဘဝမှာ တခါတလေ အကောင်းဖြစ်တာ ရှိတယ်၊ တခါတလေ အဆိုးဖြစ်တာ ရှိတယ်၊၊ ရာသီဥတု လိုပဲပေါ့၊၊ အဆိုးဖြစ်ပြီးရင်လည်း အကောင်း ပြန်ဖြစ်တာပဲ၊၊ တခါတလေ အဆိုးထဲက အကောင်း ပြန်ထွက်လာတတ်သေးတယ်၊၊ အဆိုးနဲ့ ကြုံလိုက်ရလို့ အကြံဥာဏ်တွေရပြီးတော့ ကောင်းတာကို လုပ်နိုင်တဲ့သူ ဖြစ်သွားတယ်၊၊ အကောင်းအဆိုး နှစ်မျိုးလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်၊၊ အဆိုးနဲ့ လုံးဝ မကြုံဘူးတဲ့ သူဟာ ပိုပြီး ရင့်ကျက်လာဖို့ရာ မလွယ်ဘူး၊၊ အမှန်တော့ ဘဝနဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဥာဏ်ကို အဆိုးနဲ့ ကြုံရပြီး ဒီအဆိုးကို ခံနိုင်ရည်ရှိပြီးတော့ အဆိုးထဲက အသိဥာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေကမှ ရတယ်၊၊ အဆိုးနဲ့ မကြုံဘူးတဲ့သူ၊ အဆိုးထဲက အသိဥာဏ်မရတဲ့သူ၊မလွန်မြောက်ဘူးတဲ့ သူဟာ အသိဥာဏ် လေးနက်မှုကို မရနိုင်ဘူး၊၊

󾀼󾀼󾀼
ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ ကိုယ့်ချို့ယွင်းချက်၊ အမှား နဲနဲပါးပါး အသေးစားလောက်လေးနဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်တဲ့အတွေးမျိုး မတွေးဘူး၊၊ တခြားလူတွေကို ကြည့်တဲ့အခါ အပြစ်ကို ရှာကြည့်တတ်တဲ့သူ၊ အဆင့်အတန်းကို ကြည့်တတ်တဲ့သူဟာ ကိုယ့်မှာ ချို့ယွင်းချက် တခုခု ရှိနေရင် ကိုယ့်ကို လူတွေ အပြစ်တင်နေပြီလို့ တွေးမယ်၊၊ ကိုယ့်မှာ ကိုယ်အထင်ကြီးတဲ့ အဆင့်အတန်းမျိုး မရှိတော့ရင် ကိုယ့်ကိုယ်ကို အထင်သေးပြီး သိမ်ငယ်စိတ် ဖြစ်မယ်၊၊ သူများကို ကိုယ်က တိုင်းတာတဲ့ အတိုင်းအတာ အတိုင်းပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုင်းတာရတော့တယ်၊၊ လူတွေကို ဂုဏ်တွေ၊ အဆင့်တွေ၊ ရာထူးတွေ၊ ရုပ်ရည်တွေ၊ အသားဖြူတာ၊ မဲတာ၊ ဘာလူမျိုး ညာလူမျိုး ဆိုတာတွေနဲ့ လုံးဝ မတိုင်းတာပဲနဲ့ စိတ်နေသဘောထားကိုပဲ ကြည့်ပြီး တန်ဖိုးထားတတ်တဲ့လူဆိုရင် ကိုယ့်မှာ ဂုဏ်တွေ အဆင့်အတန်းတွေ ရာထူးတွေ မရှိရင်လည်း စိတ်ဓာတ် မကျဘူး၊၊ အားမငယ်ဘူး၊၊ စိတ်ထားကို တန်ဖိုးထားတတ်တဲ့သူဟာ စိတ်ချမ်းသာမယ်၊၊ ရုပ်ကိုသိပ်တန်ဖိုး ထားတဲ့သူ၊ ငွေကြေး၊ ဂုဏ်၊ အဆင့်အတန်း၊ ရာထူး၊ လူအထင်ကြီးမှု၊ ကျော်ကြားမှု အဲဒါတွေကို သိပ်တန်ဖိုး ထားတဲ့သူဟာ ဧကန်မုချ depression ဖြစ်မယ်၊၊ ငွေရှာနိုင်တာ တခုထဲနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာရင် စီးပွားရေး ကျတာနဲ့ စိတ်ဓာတ်ကျတာဟာ ထပ်တူလို ဖြစ်နေမယ်၊၊

󾀼󾀼󾀼
အခုခေတ်မှာ ပစ္စည်းဂုဏ် ရာထူးဂုဏ် တို့ကို ပိုမက်လာကြတယ်၊၊ ရုပ်ဝတ္တု ပစ္စည်းကို တန်ဖိုးထားမှုကို ပိုပြီး အရေးပေးတယ်၊၊ ကိုယ့်တန်ဖိုးကို ရုပ်ရည်နဲ့ တိုင်းတာတယ်၊ ဘွဲ့ထူးတွေနဲ့ တိုင်းတာတယ်၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာနဲ့ တိုင်းတာတယ်၊ ရာထူးအဆင့်နဲ့ တိုင်းတာတယ်၊၊ ယှဉ်ပြိုင်မှုတွေ ပိုများလာတယ်၊ ဂုဏ်တုဂုဏ်ပြိုင် ပိုများလာတယ်၊၊ ကိုယ့်တန်ဖိုးကို အကျင့်စာရိတ္တကောင်းတာ၊ မေတ္တာ ကရုဏာ ထားနိုင်တာ၊ သည်းခံနိုင်တာ၊ ခွင့်လွှတ်နိုင်တာ၊ ရောင့်ရဲတင်းတိမ် နိုင်တာတို့နဲ့ တိုင်းတာမဟုတ်တော့ဘူး၊၊ တိုင်းတာတာက ရုပ်ဖြစ်သွားတဲ့အတွက် စိတ်က ပိုပြီးခံရတယ်၊၊ မတတ်နိုင် လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့၊၊ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ်၊၊ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း တဖြည်းဖြည်း မြှင့်ပါ၊၊

󾀼󾀼󾀼
ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် ရအောင် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှ နောက်ထပ် ရလာတဲ့အခါ စိတ်ချမ်းသာမယ်၊၊ ရသလောက်ဆိုတာ ပြင်ပရုပ်ဝတ္တုကိုတင် မကဘူး၊ စိတ်ပိုင်းကိုပါ ပြောလိုတယ်၊၊ ပညာ တတ်ချင်တဲ့သူဟာ အခု ရသလောက်ကို သင်ထား၊ လေ့လာ ထားလိုက်၊၊ နောက် တဖြေးဖြေး ကိုယ်တတ်ထားတာအပေါ် အခြေခံပြီးတော့ ထပ်ဆင့်သွားလို့ ရတယ်၊၊ အလုပ်လုပ်ချင်တဲ့သူဟာ အခု လုပ်လို့ရတာ၊ လုပ်လို့ ဖြစ်တာကို လုပ်နေ၊၊ အတွေ့အကြုံ ရလာတဲ့အခါ ဒီထက် အဆင့်မြင့်တာကို တဖြည်းဖြည်း တိုးပြီး လုပ်သွားပေါ့၊၊ ဘာမှမလုပ်ပဲ နေရင် ဘာမှဖြစ်မလာနိုင်ဘူး၊၊ ရသလောက်ကို ယူထား၊ ဖြစ်သလောက်ကို လုပ်ထား၊ ပြီးမှ တိုးတက်မှုရှိအောင် ဆက်ပြီးကြိုးစားပါ၊၊

󾀼󾀼󾀼
လူတွေဟာ ရာခိုင်နှုန်းပြည့် နေရာတိုင်းမှာ တော်တဲ့သူ မရှိဘူး၊၊ တနေရာမှာတော်မယ်၊ နောက်တနေရာမှာ သင့်ရုံပဲ၊၊ ကိုယ်အားသန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ဘဝကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေသွားနိုင်ဖို့ပဲ အရေးကြီးပါတယ်၊၊ တခါမအောင်မြင်ရုံနဲ့၊ တနေရာမှာ မထူးချွှန်ရုံနဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင်မပြေနိုင်တော့ဘူး၊ ဘယ်တော့မှ လူရာမဝင်တော့ဘူးလို့ မတွေးသင့်ဘူး၊၊ ကျောင်းမှာ ခြောက်တန်းလောက်ပဲ နေရတဲ့ Thomas Edison ဆိုတဲ့ လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ်၊၊ ကိုယ့်ကိုယ်ကို အကျဉ်းအကျပ်ထဲရောက်အောင် မလုပ်သင့်ဘူး၊၊ ကိုယ်မှန်းသလောက် ရာနှုန်းပြည့်ဖြစ်မှ၊ ကိုယ်စိတ်ကူးယဉ် ထားသလို ဖြစ်မှလို့ တွေးထားရင် ကိုယ် တကယ် တွေ့ကြုံရတာတွေ၊ အခြေအနေတွေ၊ လူတွေ (ဒီအထဲမှာ ကိုယ်လည်းပါတယ်) ဟာ ကိုယ်မှန်းထားတာနဲ့ အံဝင်ဂွင်ကျ ဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ်၊ စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုယ်ကို အထင်သေးမယ်၊၊ အဲဒီတော့ လက်တွေ့မဆန်တဲ့ မြင့်လွန်းတဲ့ အဆင့်ကို မှန်းထားရင် မမှီနိုင်တော့ဘူး၊၊ ပေးရတဲ့ အချိန်နဲ့အင်အားလည်း မတန်တဆကုန်မယ်၊၊ တတ်နိုင်မှာ မဟုတ်ဘူး၊၊ အဲသလိုဆိုရင် ကိုယ့်ကိုယ်ကို အကျပ်အတည်းထဲ ရောက်အောင်၊ အပြစ်တင်စရာ မလွတ်အောင်၊ အကွက်ဆင်ပြီး ချောက်ချသလို ဖြစ်နေပြီ၊၊ ကောင်းအောင် မကြိုးစားရဘူးလို့ မဆိုလိုဘူးနော်၊ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ဖို့လိုတယ်လို့ ပြောချင်တာပါ၊၊ စိတ်ရောဂါ အဖြစ်ခံပြီး မလုပ်သင့်ဘူး ဆိုတာကို သဘောပေါက်စေချင်တယ်၊၊

󾀼󾀼󾀼
အတိတ် အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အဆိုးတွေးတာ နဲပြီးတော့ ပစ္စုပ္ပန်မှာ လုပ်သင့်တာလေးတွေကို လုပ်ပြီးတော့ သိနေတဲ့အကျင့်ကို လုပ်ပါ၊၊ အတိတ်ကို တွေးတဲ့အခါ သင်ခန်းစာယူတဲ့အနေနဲ့ တွေး၊၊ သင်ခန်းစာကိုကျေအောင် ပြန်နွေးတဲ့အနေနဲ့ တွေး၊၊ ဒီအတွေ့အကြုံထဲက ငါ ဘာပညာရမလဲ ဆိုတာမျိုး တွေးဖို့လိုတယ်၊၊ အနာဂတ်ကို တွေးတဲ့အခါလည်း အနာဂတ်မှာ အဆင်ပြေအောင် အခု ဘာတွေ ကြိုလုပ်ထားသင့်သလဲဆိုတာ တွေးပါ၊ ကြိုလုပ်ထားတဲ့အကျင့်ကို လုပ်ပါ၊၊ တရားထိုင်တဲ့ အလေ့အကျင့် ရှိနေတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကြည့်တတ်တဲ့သူ ဆိုရင်တော့ တရားထိုင်လိုက်လို့ နဲနဲ စိတ်တည်ငြိမ်လာတဲ့အခါ၊ အေးချမ်းလာတဲ့အခါ၊ လောဘ၊ ဒေါသ၊ မာန၊ မနာလို ဝန်တိုစိတ်တွေ ကင်းနေတဲ့အခါမှာ အသိဥာဏ်ရှင်းတယ်၊ သဘောထားမှန်တယ်၊၊ အဲဒီအခါမှာ “ငါလုပ်နိုင်သလောက် လုပ်မယ်၊ ဖြစ်သင့်သလောက် ဖြစ်မယ်၊ ဆုံးရှုံးမှုဆိုတာ မလွှဲသာ မရှောင်သာ တခါမဟုတ်တခါ တွေ့ရတာပဲ၊၊ ဒီတခါ ဆုံးရှုံးတာနဲ့ပဲ တသက်လုံး ဘာမှလုပ်လို့ မဖြစ်တော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါ အသုံးမကျတော့ဘူးလို့ တွေးနေဖို့ မလိုဘူး၊၊” ဆိုတဲ့ မှန်ကန်တဲ့ အမြင်ကို ပြန်ရနိုင်တယ်၊၊ အဲဒီလို အမြင် မှန်သွားရင် စိတ်ဓာတ်ကျနေတာထဲက ပြန်ထွက်နိုင်တယ်၊၊ တခါ အဆင်မပြေတာနဲ့ကြုံရင် ဒီအတွေ့အကြုံထဲက ပညာ ယူပြီးတော့ နောက်တခါ အဆင်ပြေအောင် ကြိုးစားမယ်ဆိုတဲ့စိတ်မျိုး မွေးရမယ်၊၊

󾀼󾀼󾀼
ကိုယ့်စိတ်ထဲမှာ တခုခု ခံစားနေရတဲ့အခါ ဘယ်လို အကြောင်းအရာကို ဘယ်လို ရှုထောင့်ကနေ တွေးနေသလဲ ဆိုတာကို သတိထားပြီးကြည့်တဲ့ အလေ့အကျင့်ကို လုပ်ပါ၊၊ အတွေးကြောင့် ဝမ်းသာ၊ ဝမ်းနဲ ဖြစ်တယ်၊၊ အတွေးကြောင့် အားငယ်တာ၊ စိတ်ဓာတ်ကျတာ ဖြစ်တယ်၊၊ ဘာအတွေးမှ မရှိတဲ့အခါ ဝမ်းသာ၊ ဝမ်းနဲ ခံစားမှုမရှိဘူး၊၊ တရားအားထုတ်တာ အလေ့အကျင့်ရလာလို့ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိလာတဲ့အခါ တခါတလေ အတွေးတွေရပ်ပြီး တိတ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့ စိတ်ကို တွေ့ရမယ်၊၊ အဲဒီ တိတ်နေတဲ့ စိတ်ကိုပါ သိနေနိုင်ရင် ပိုပြီးတော့ တည်ငြိမ်လာတယ်၊၊ သတိအား ပိုကောင်းလာတယ်၊၊ အဲဒီအခါမှာ ခံစားမှု တွေကို အတွေးက ဖန်တီးတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်တယ်၊၊ စိတ်အတက်အကျဆိုတာ လူတိုင်း ဖြစ်တယ်၊၊ ဒါသဘာဝပါပဲ၊၊ တချို့က တက်တဲ့အခါမှာ သိပ်တက်ပြီးတော့ ကျတဲ့အခါမှာ သိပ်ကျတယ်၊၊ တချို့က အတက်အကျ နဲတယ်၊၊ ပုံမှန်နေတယ်၊၊ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိတဲ့သူဟာ စိတ်ကို အတက်အကျ နဲအောင် ထားနိုင်တယ်၊၊ တရားကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက် အားထုတ်လို့ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း မြင်နိုင်တဲ့သူဟာ တဖြေးဖြေး စဉ်းစားပုံ တွေးခေါ်ပုံ သဘာဝပိုကျ လာတယ်၊၊ ရင့်ကျက် လာတယ်၊၊ ဘဝမှာ တန်ဖိုးထားရမဲ့ အရာဟာ မှန်ကန်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ပဲဆိုတာ နားလည်လာတယ်၊၊ စိတ် အေးအေးချမ်းချမ်း နေနိုင်ဖို့ ဦးတည်ချက်ထားတယ်၊၊ ဒီလို အသိဥာဏ်ကို ဦးတည်ချက် ထားလိုက်ရင် နေ့စဉ် တွေ့ရသမျှ လုပ်ရသမျှ ကိစ္စတွေထဲက အသိဥာဏ်တွေ ရနေမယ်၊၊ အသိဥာဏ် ရနေရင် ဘဝကိုကျေနပ်နေမယ်၊၊ တရား မှန်မှန်အားထုတ်တဲ့ အလေ့အကျင့် များလာရင် တရားအားထုတ်တိုင်း စိတ်အေးချမ်းမှု ရတယ်၊၊ စိတ်အေးချမ်း နေရင် ဘဝကို တမျိုးကျေနပ်တယ်၊၊

󾀼󾀼󾀼
တချို့က တရားနဲနဲအားထုတ်ပြီးတော့ အဲဒီလို စိတ်ဓာတ်ကျတဲ့ စကားတွေ ပြောတတ်တယ်၊၊ တကယ် တရား အသိဥာဏ် ရင့်ကျက်တဲ့သူဟာ စိတ်ဓာတ်မကျဘူး၊၊ ဒုက္ခကို ပုဂ္ဂိုလ်သတ္တဝါနဲ့ မရောလို့ ဒုက္ခကို မြင်ပေမဲ့ စိတ်မညစ်ဘူး၊၊ ဒုက္ခကိုမြင်တဲ့ အသိဥာဏ်ဟာ လွတ်လပ်တဲ့အသိဥာဏ် ဖြစ်တယ်၊၊ ပြီးတော့ ဒုက္ခနဲအောင် သဘောထားမှန်မှန်နဲ့ လုပ်သင့်တာတွေ လုပ်ပြီးတော့ အေးအေးချမ်းချမ်း နေနိုင်တယ်၊၊ အနတ္တဥာဏ် ရင့်ကျက်တဲ့ သူဟာ စိတ်မညစ်ဘူး၊၊ အနတ္တဥာဏ်နဲ့ စိတ်ညစ်လို့ မရဘူး၊၊ အတ္တစွဲ ကြီးလွန်းရင် စိတ်ညစ်မယ်၊၊ တရားအသိအမြင် လေးနက်လာရင် စိတ် ကြည်လင် အေးချမ်း နေတယ်၊၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရလို့ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး၊၊ ဟိုဟာလည်း မကောင်းဘူး၊ ဒီဟာလည်း မကောင်းဘူး ဆိုပြီး ညီးညီးညူညူ ပြောနေတာဟာ တရားအသိအမြင် ရင့်ကျက်လို့ ပြောတဲ့စကား မဟုတ်ဘူး၊၊ စိတ်ဓာတ် ကျနေတာကိုပဲ ဂုဏ်ယူစရာလို့ ယူဆရင် တော်တော်ဒုက္ခကြီးတဲ့ ဂုဏ်ပဲလို့ ဆိုရမယ်၊၊ စိတ်ဓာတ်ကျနေတဲ့အခါ တယောက်ထဲကြိတ်ပြီးတော့ မနေသင့်ဘူး၊၊ တယောက်တည်း ကြိတ်ပြီးတော့ တွေးလေလေ ပိုဆိုးလေလေပဲ၊၊ ကိုယ့်စိတ်ဓာတ်ကို ကိုယ်တယောက်ထဲ ပြန်ပြီး မြှင့်တင်နိုင်ရင် ကောင်းပါတယ်၊၊ သို့မဟုတ်ရင်တော့ မိတ်ဆွေကောင်းနဲ့ ဆွေးနွေးမှဖြစ်မယ်၊၊󾁎󾁎󾁎    

  ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    ကိုယ့်အရည်အချင်းတွေ ကိုယ့်လုပ်ရည်ကိုင်ရည်တွေ မြင့်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီးတော့ အဆင်ပြေတာ ပိုများလာမှာပါ၊၊ ဒါကြောင့် စိတ်ဓာတ် မကျချင်ရင် အရည်အချင်းကို အမြဲတမ်း မြှင့်တင်ပေးပါ၊၊

    နှောင်ကြိုးမပါပဲ၊ ဘာမှ ပြန်ပြီး မမျှော်လင့်တဲ့ စေတနာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒီလွတ်လပ်တဲ့ မေတ္တာဟာ အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်၊၊ ကရုဏာဟာလည်း စိတ်ရဲ့ မြင့်မြတ်တဲ့ အရည်အသွေးတမျိုး ဖြစ်လို့ တကယ်စစ်မှန်တဲ့ ကရုဏာ ထားနိုင်ရင် စိတ်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်၊၊

    ****🔪👺 ဒေါသ 👺🔪****

    󾓺󾆭   ဒေါသ   󾆭󾓺

󾓶󾓶󾓶󾓶
              ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ် ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှု နည်းသွားတယ်။ အရင်စလို လုပ်တာ၊ ပြောတာ နည်းသွားတယ်။ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့ လုပ်ကြည့်မှပဲ သိမယ်။

󾓶󾓶󾓶󾓶
              ဒေါသနဲ့ပေါက်ကွဲတာလည်း မကောင်းဘူး။ အရှုံးပေးပြီး ကျိတ်ပြီး ဒေါသဖြစ်တာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလည်း မကောင်းဘူး။ ဒါကြောင့် ဒီဒေါသ အကြောင်းကို သေသေချာချာ လေ့လာသင့်တယ်။ အဆင်မပြေတာ၊ မကြိုက်တာ၊ မတရားတာနဲ့ ကြုံရရင် ဒေါသ ဖြစ်တတ်တာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ဒေါသဖြစ်တာ မကျေမနပ်ဖြစ်တာ များလွန်းနေရင်တော့ ကိုယ့်သဘောထား ကိုယ့်ခံယူချက် မှားနေတယ်လို့ နားလည်သင့်တယ်။

󾓶󾓶󾓶󾓶
              တချို့ကိစ္စတွေမှာ ကိုယ်က ဒေါသ မဖြစ်ပဲနေရင် ကိုယ့်ကို သတ္တိမရှိဘူး၊ ညံ့တယ်၊ ပျော့တယ်၊ အတယ်လို့ အထင်ခံရမှာ ကြောက်လို့ ဒေါသဖြစ်တာ။ ဒေါသမဖြစ်ပဲနေရင် ဂုဏ်သိက္ခာကျမယ်လို့ ထင်တယ်။ ဒါကြောင့် ကိုယ့်ကို လေးစားမှုပိုရှိအောင်  ဒေါသ ဖြစ်လိုက်ရတယ်။ ဒါမျိုးကို ငါလက်မခံဘူး၊  ငါ့ကို ဒါမျိုး လာလုပ်လို့မရဘူး၊ နဂါးမှန်းသိအောင် အမောက် ထောင်ပြမှဖြစ်မယ်။ လူတွေက ရေမြွေလို့ထင်ရင် ရိုက်ချင်တယ်။ အဲဒီလို သူများကလည်း ကိုယ့်ကို လေးစားမှု ပိုရှိအောင် ဒေါသ ဖြစ်ပြကြတယ်။ ဒါကြောင့် တယောက်ကို တယောက် လေးလေးစားစား ပြောရင် ဒေါသဖြစ်တာ နဲသွားမယ်။

󾓶󾓶󾓶󾓶
              ကိုယ့်ကို မလေးစားဘူးထင်လို့ လေးစားလာအောင် ဒေါသကြီးကြီးနဲ့ ပြောမယ်၊ ဆိုမယ်၊ လုပ်မယ် ဆိုရင် ကိုယ့်ဂုဏ်သိက္ခာ တကယ် တက်လာသလား။ ကိုယ့်ကို ကြောက်ရင်တော့ ကြောက်သွားမယ်၊ ကိုယ့်ကို တကယ်လေးစားမှာမဟုတ်ဘူး။ ကိုယ့်ဂုဏ်သိက္ခာ တကယ်တက်မလာဘူး။ ဒေါသ ကြီးကြီးနဲ့ အော်ရင်၊ ငေါက်ရင်၊ ရိုက်ရင် အပြစ်ဒဏ် ပေးရင် ရွံကြောက် ဖြစ်သွားမယ်။ ချစ်ခင်လေးစားမှုတော့ ရမှာ မဟုတ်ဘူး။

󾓶󾓶󾓶󾓶
              သောကတို့၊ ဒေါသတို့က ကိုယ့်ကို အမြင်ကျဉ်းမြောင်းသွားစေတယ်။ ရေရှည်ကို မကြည့်နိုင် မမြင်နိုင်တော့ပဲ လတ်တလော စိတ်သက်သာမှု ရအောင် ပေါက်ကွဲစေတယ်။ ဆုံးဖြတ်ချက်တွေ မှားယွင်းစေတယ်။ အမှားတွေ လုပ်စေတယ်။ ပြီးတော့ အဲဒီအမှားတွေကြောင့် အဆင်မပြေမှုတွေ ပိုများပြီးတော့ ဒေါသတွေ၊ သောကတွေ ထပ်ပွားစေတယ်။ ဒါကြောင့် ဒေါသ ဖြစ်နေတာကို သက်သာအောင် ကိုယ့်စိတ်ကို ကိုယ် သိနေတဲ့အကျင့်ကို လုပ်သင့်တယ်။ အမှား နဲလာလေ သောက နဲလာလေ၊ သောက နဲလာလေ အလုပ်ကို ပိုကောင်းအောင် လုပ်နိုင် လာလေ ဖြစ်လာတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အများကြီး ရှိလာလေ ဖြစ်လာလို့ အလုပ်ကို ပိုပြီး နိုင်နိုင်နင်းနင်း လုပ်နိုင်လေ ဖြစ်လာတယ်။ တဖြည်းဖြည်း စိတ်အေးချမ်းလာတယ်။ လုပ်စရာရှိတာကို ခေါင်းအေးအေးနဲ့ လုပ်နိုင်လာတယ်။ ပြောစရာ ရှိတာတွေကို အေးအေးဆေးဆေး ပြောနိုင်လာတယ်။

󾓶󾓶󾓶󾓶
              ပျားဟာ မြွေခေါင်းကို မိမိရရ တုတ်ထားပြီး မလွှတ်ဘူး။ အဲဒီအချိန်မှာ လှည်းတစီး လာနေတာ မြင်တော့ မြွှေက စဉ်းစားတယ်၊ ဒီပျားကိုတော့ သေအောင် သတ်မယ်၊ ငါ့အကြောင်းကို သိစေမယ် ဆိုပြီး လှည်းလမ်းကြောင်း တည့်တည့်မှာ ခေါင်းကိုထားလိုက်တယ်။ လှည်းကြီး မောင်းလာတော့ ကျိတ်သွားတယ်။ ပျားဟာစိစိညက်ညက် ကျေသွားတယ်။ မြွှေကကော ဘာဖြစ်သွားသလဲ။ တချို့လူတွေဟာ အဲဒီ မြွှေလိုပဲ။

󾓶󾓶󾓶󾓶
              ကိုယ့်ကိုသူတပါးက ပြိုင်တာ၊ ဆိုင်တာ၊ ရန်လုပ်တာ၊ တနည်းအားဖြင့် ကိုယ့်အယူအဆ မကောင်းဘူး၊ မမှန်ဘူးလို့ ပြောတာ ဆိုတာဟာ ဘုရားတောင် ခံရတယ်တဲ့နော်။ ကျန်တဲ့လူတွေမှာ လွတ်နိုင်ဖို့ရာအကြောင်း ရှိပါ့မလား။ မရှိနိုင်ဘူးနော်။

󾓶󾓶󾓶󾓶
              ဘယ်အလုပ်မျိုးဖြစ်ဖြစ် ပြိုင်ဖက် ရှိပါတယ်။ ရေရှည်မှာ ကိုယ့်လုပ်ငန်း အဆင်ပြေချင်ရင်၊ ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ ဒေါသ ဖြစ်ရတာ နဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီး ထားပါ။ ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အကူအညီပေးပါ။

󾓶󾓶󾓶󾓶
              ဒေါသဟာ ကိုယ့်ကို မတရားတဲ့သူ၊ မမျှတတဲ့သူ ဖြစ်အောင်၊ ကြမ်းကြုတ် ရက်စက်တဲ့သူ ဖြစ်အောင် လုပ်တယ်။ ဒေါသကြီးလာရင် တရားတယ် မတရားဘူး၊ မျှတတယ် မမျှတဘူး၊ လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကို မချင့်ချိန်နိုင်တော့ဘူး။ လွန်လွန်ကျွံကျွံ ပြောမိတတ်တယ်။ အမှားတွေ လုပ်မိတတ်တယ်။ အဲဒီတော့ ပြဿနာတွေက ပိုပြီး တက်သွားတယ်။ အဲဒီ ပြဿနာတွေကို လိုက်ပြီး ဖြေရှင်းရတာ အချိန်ကုန်တယ်၊ ငွေကုန်တယ်၊ လူပင်ပန်းတယ်။ ဒါကြောင့် ဒေါသဟာ တွက်ခြေမကိုက်ဘူး။ ပေးရတာ များပြီးတော့ ပြန်ရတာနဲတယ်။

󾓶󾓶󾓶󾓶
              သူများအကြောင်းကို  အပြစ်ရှာနေတာဟာ ကိုယ့်မှာ တကယ် တန်ဖိုးရှိတဲ့အလုပ် လုပ်စရာမရှိလို့ပဲ။ တန်ဖိုးရှိတဲ့ အလုပ်ကို အချိန်ပြည့် လုပ်နေတဲ့သူမှာ ဘယ်သူ့ကိုမှ တာရှည်စိတ်ဆိုးနေဖို့ အချိန်မရှိဘူး။ သူများကို စိတ်ဆိုးနေတုံးမှာ ကိုယ့်အသိဥာဏ် မထွက်တော့ဘူး။

󾓶󾓶󾓶󾓶
              နေ့တိုင်း စိတ်ဆိုးနေ၊ စိတ်တိုနေရင် ကြမ်းတမ်းတဲ့သူ ဖြစ်လာတယ်။ ကိုယ့်ဒေါသက ကိုယ့်ကို လွှမ်းမိုးကြီးစိုးပြီးတော့ခိုင်းတာတွေကို မလုပ်မိအောင် သတိထားရမယ်။ ဒေါသကို ဆရာတင်မိရင် မှားမယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်တိုစရာ၊ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာတွေဟာ ကိုယ့်ရဲ့ စိတ်အင်အားနဲ့စိတ်အခြေအနေ စိတ်ကြည်လင်ရွှင်လန်းမှုကို ဖျက်ဆီးနေတဲ့ အရာတွေထဲမှာ အကြီးမားဆုံးပဲ။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ စိတ်တိုစရာတွေကို သတိထားရမယ်။ ဒီစိတ်တိုစရာတွေဟာ ကိုယ်နဲ့ အမြဲလိုလို ရှိနေတတ်တဲ့ အဖေါ်ပဲ။ (အဖေါ်ကောင်းတော့ မဟုတ်ဘူး။) သူတို့ကို ကိုင်တွယ်တတ်အောင် လေ့လာထားရမယ်။ သူတို့နဲ့ နေတတ်အောင်လည်း လုပ်ထားရမယ်။ လုံးလုံးကြီး ရှောင်လို့က ဖြစ်နိုင်တာမှ မဟုတ်ပဲနော်။

󾓶󾓶󾓶󾓶
              ကိုယ့်ငွေတွေနဲ့အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားနေတာကို ဘယ်သူမဆို နှမြောတတ်ကြတယ်။ အဲဒီလိုပဲ ကိုယ့် စိတ်အင်အားတွေ၊ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက် ကိစ္စအသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုရင်းကုန်သွားနေတာကို နှမြောတတ်ဖို့ လိုပါတယ်။ လောကကြီးက ကိုယ့်စိတ်တိုင်းကျ  ဖန်တီးထားပြီး ကိုယ့်အလာကို စောင့်မျှော် ကြိုဆိုနေတာမှ မဟုတ်တာ။ သူ့ဟာသူ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီး။ ဒီလောကကြီးထဲမှာ ကိုယ်က မွေးဖွားလာရတာ၊ ဒါကိုနားလည်ပြီး adapt လုပ်ပြီး၊ ညှိနိုင်းပြီး နေသွားရမှာ။

󾓶󾓶󾓶󾓶
              ဒေါသဖြစ်ရတာ နဲချင်ရင်၊ စိတ်ပျက်ရတာ နဲချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူး ဆိုတာကို မမေ့ပါနဲ့။ ကိုယ်တတ်နိုင်တဲ့ အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။ အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမက ရအောင် မလုပ်ပါနဲ့။ သူ့ထက် အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ တရာတန်လောက်ကိစ္စကြောင့် ဒေါသဖြစ်နေရင် တသိန်းတန်လောက်ကိစ္စမှာ လစ်ဟင်း သွားနိုင်တယ်။ ကိုယ့်အချိန်နဲ့ အင်အားကို ပိုပြီး အကျိုးများမဲ့နေရာမှာ သုံးပါ။ အသေးအမွှား ရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမက ရအောင် လုပ်နေရင် ကိုယ့်စိတ်ထားပါ နိမ့်ကျသွားတယ်။

󾓶󾓶󾓶󾓶
              သူတပါးရဲ့ ရိုင်းစိုင်းတဲ့ အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့် ကိုယ့်မှာ ဒေါသယမ်းအိုး မပေါက်အောင် သတိထားပါ။ ဘယ်သူ့ကိုမှ အလွန်အကျွံ အလိုမလိုက်ပါနဲ့။ အလိုလိုက်တာများလေ ရတာနဲ့ မကျေနပ်လေ ဖြစ်တတ်တယ်။

󾓶󾓶󾓶󾓶
              “ပရေစ နဝိဇာနန္တိ၊ မယမေတ္ထ၊ယမာမသေ” တဲ့။ ပညာနဲတဲ့ တချို့လူတွေဟာ တို့သေမှာပါလားဆိုတာကို သတိမရဘူး။ မသိဘူး။ မေ့နေတယ်။
              “ပရေစ နဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။ ယေစ တတ္ထ ဝိဇာနန္တိ၊ သတောသမ္မန္တိမေဒဂါ။” တဲ့။ ပညာရှိတချို့ကတော့ တနေ့ တို့သေမှာပါလား ဆိုတာကို သိတဲ့အတွက်ကြောင့် ခိုက်ရန်ဒေါသ မဖြစ်ကြဘူး။ အငြင်းအခုံ မဖြစ်ကြဘူး။ ခိုက်ရန်ဒေါသ တွေဟာ ပြေငြိမ်းပါတယ်တဲ့၊၊󾭜󾭜󾭜
   
   ➖➖➖➖➖󾁁󾁁󾁁➖➖➖➖➖

      ဆရာတော်ဦးဇောတိက
        ( မဟာမြိုင်တောရ ) 
                   ၏
󾭩“ တွေးမိတိုင်းပျော်တယ် ”󾭩 
  စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ် ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှု နည်းသွားတယ်။ အရင်စလို လုပ်တာ၊ ပြောတာ နည်းသွားတယ်။ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့ လုပ်ကြည့်မှပဲ သိမယ်။

    *****ဘာကို တန်ဖိုးထားရမလဲ *****

    󾔏 ဘာကို တန်ဖိုးထားရမလဲ ( ၁၅ )󾔏

󾭜အရင်ကထက်ပိုပြီး󾭜

󾁁󾁁󾁁
အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ် ဖြည့်ဆည်းနေတာပဲ။ ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်း
နေသွားလို့ကတော့ မဖြစ်ဘူး။ ငယ်ငယ်တုန်းကတည်းက ရှိလာတဲ့ သဘောထားတွေ၊ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေအတိုင်း နေသွားလို့ မဖြစ်ဘူး။ အမြဲတမ်း လိုအပ်တာလေးတွေကို ပြင်သင့်တာလေးတွေကို ကြည့်ကြည့် ကြည့်ကြည့်ပြီး ပြင်သွားနေရမှာပဲ။ အဲသလို ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်သွားတာကိုပဲ
transcending လို့ ခေါ်လို့ရတယ်။ အရင်အတိုင်း မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ကျောသွားနေတယ်။ အပြေးပြိုင်ပွဲမှာ နောက်တစ်ယောက်ကို ကိုယ်က
ကျော်တက်သလိုပဲ။ ကိုယ့်ကိုယ်ပဲ ပြန်ကျော်တက်သွားဖို့ လိုတယ်။
   
󾁁󾁁󾁁
ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက်ပိုပြီး ထွက်ပေါ်လာအောင် ဖေါ်ထုတ်နေတာ၊ ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှ
ကောင်းတာတွေဖြစ်လာအောင် ပြည်စုံလာအောင် လုပ်တာ၊ ကိုယ့်မှာရှိတဲ့ အဆင့်မြင့်တဲ့ စိတ်ထားတွေ အရည်အချင်းတွေ ထွက်လာအောင် လုပ်တာဟာ ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် လုပ်တာပါ။ အဲသလို ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် လုပ်တယ် ဆိုကတည်းကိုက ပိုကောင်းတဲ့ဘက်ကို ရောက်သွားပြီ။ အဲဒါ transcending ဖြစ်သွားပြီ။
Transcending ဆိုတဲ့ အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက်ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ် ဖြည့်ဆည်းနေတာပဲ။ ဒါကိုယ့်ရဲ့ လိုအပ်ချက်ပဲ။
စားဝတ်နေရေးအတွက်လည်း ကြိုးစားနေရတယ်။ တစ်ချိန်ထဲမှာပဲ ပိုပြီးတော့ကောင်းတဲ့ လူသားတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားနေရတယ်။ အကယ်၍
စားဝတ်နေရေးအတွက်ပဲ လုပ်ပြီးတော့ အရင်အတိုင်းပဲ စိတ်နေသဘောထား အသိဥာဏ်
ဘာမှ အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ နေသွားမယ်ဆိုရင်
အသက်ရှင်နေတယ်ဆိုတာ အသက်မသေတာကို ပြောတာပဲလို့ အဓိပ္ပာယ်ပေါက်နေပြီ။ မသေတာကိုပဲ အသက်ရှင်နေတာလို့ ပြောမယ်ဆိုရင် သစ်ပင်တစ်ပင်နဲ့ ဘာမှ ထူးခြားမှာ မဟုတ်တော့ဘူး။🌞🌞🌞

󾭜အမှန်ကိုလက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင်󾭜

󾀼အင်မတန်စူးရှတဲ့ အင်မတန်ထက်မြက်တဲ့ အင်မတန်အင်အားကြီးတဲ့ သတိနဲ့ ပညာက ချို့ယွင်းချက်လေးတွေကို သူ့ ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။󾀼

󾁁󾁁󾁁
ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ကောင်းတာတွေကိုရော ဆိုးတာတွေကိုပါ တကယ် ရှင်းရှင်းလင်းလင်း တိတိကျကျ ထိုးထိုးထွင်းထွင်း သိနေအောင် နေရမယ်။ အဲဒါကို creative awareness လို့ ပြောလို့ရတယ်။ သာမန်လောက်သိနေတာ
မဟုတ်ပဲနဲ့ ပိုပြီးတော့ ထိုးထိုးထွင်းထွင်း၊ ပိုပြီးတော့
ရှင်းရှင်းလင်းလင်း တိတိကျကျ သိနေအောင် ကြည့်နေရမယ်။ အဲသလို သိနေတဲ့အခါမှာ အသိအမြင် တကယ်ရှင်းလာတဲ့အချိန်မှာ
အကောင်းဆုံးဟာဘာလဲ ဆိုတာကို စဉ်းစားနေစရာ မလိုပဲနဲ့ ကွက်ကွက်ကွင်းကွင်း
သိနိုင်မြင်နိုင်တယ်။ အဲဒီလိုသိတဲ့အချိန်မှာလည်း ကိုယ့်ရဲ့စိတ်ထားဟာ အကောင်းဆုံးစိတ်ထား ဖြစ်နေတယ်။ အင်မတန် ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့ စိတ်ထားမျိုး ဖြစ်နေတယ်။ အဲသလို ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့စိတ်မျိုး
ဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးဟာ ဘာလဲ၊ လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ
တကယ်ရအောင်လုပ်သင့်တဲ့ကိစ္စဟာ ဘာလဲဆိုတာကို စဉ်းစားနေစရာမလိုပဲ
မေးနေစရာမလိုပဲ ဘာမှ သံသယ ဖြစ်နေစရာမလိုပဲနဲ့ စိတ်ထဲမှာ သေသေချာချာကြီး
ပိုင်ပိုင်နိုင်နိုင်ကြီး ရှင်းရှင်းလင်းလင်းကြီးကို သိနေတယ်။ အဲသလို ဖြစ်လာအောင် သတိနဲ့နေတာကိုပဲ creative awareness လို့ ခေါ်တယ် အဲသလို သိလိုက်တဲ့ အသိဥာဏ်ကပဲ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့
ဦးတည်ချက်အတွက် အခြေခံဖြစ်တယ်။ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေပြီးတော့ ဘဝကို
ဦးတည်ချက်လည်း ပေးလိုက်တယ်။ ဒါကြောင့် အဲသလို သိနိုင်တဲ့အဆင့်ကို ရောက်လာအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို တော်တော်လေး ကြိုးစားသင့်တယ်။
   
󾁁󾁁󾁁
စိတ်ရှင်းနေတဲ့အချိန်၊ စိတ်ငြိမ်းချမ်းနေတဲ့ အချိန်မျိုးမှာ ဘဝနဲ့ပတ်သက်တဲ့ လေးနက်တဲ့ အသိအမြင်မျိုးကို ရတယ်။ အဲသလို စိတ်မျိုး
ဖြစ်တဲ့အခါမှာ စိတ်က ရှင်းရှင်းလင်းလင်း မြင်ပြီးတော့ ယူနိုင်တဲ့လက်ခံနိုင်တဲ့ အရည်အသွေး (receptivity) လည်း တော်တော် မြင့်မားနေတယ်။ သာမန်အချိန်မှာ စိတ်က ရှုပ်နေတော့ ကိုယ့်ဘဝမှာ ဖြစ်နေတာတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ စိတ်အေးချမ်းနေတဲ့အချိန် (relax
ဖြစ်နေတဲ့အချိန်) မျိုးမှာ အတ္တတို့ မာနတို့လည်း မရှိဘူး။ ပူပင်သောကလည်း မရှိဘူး။ အဲသလိုအခါမျိုးမှာ စိတ်က ပိုပြီးတော့ သိနိုင်မြင်နိုင် လက်ခံနိုင်တယ်။ ဒါကြောင့် စိတ်အေးချမ်းပြီးတော့ အမှန်ကို တကယ် ရိုးရိုးသားသား လက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ဒီသတိပဌာန်ကို
အမြဲတမ်း အားထုတ်နေရတာပဲ၊၊ အဲသလို ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ ကြည့်ပြီး အမှန်ကို ရိုးရိုးသားသား သိနေတဲ့လူဟာ လိုတဲ့နေရာလေးတွေကို ကြည့်ကြည့်ပြီး
ပြင်သွားလို့ရတယ်။ အသိဥာဏ်က သူ့ဟာသူ ပြင်သွားတာပဲ။ အင်မတန် စူးရှတဲ့ အင်မတန် ထက်မြက်တဲ့ အင်မတန် အင်အားကြီးတဲ့ သတိနဲ့ပညာက ချို့ယွင်းချက်လေးတွေကို သူ့ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။ အဲဒီတော့ တဖြေးဖြေးနဲ့ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုလူ ဖြစ်ချင်သလဲဆိုတာကို ပုံဖေါ်ပြီး တည်ဆောက်သွားလို့ ရသလိုပဲ။ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ချစ်တတ် ခင်တတ်တဲ့သူ၊ ပိုပြီးတော့ အမှန်တရားကို လိုလားတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့သူ၊
ပိုပြီးတော့ လွတ်လပ်တဲ့သူ၊ အဲသလို လူတစ်ယောက် ဖြစ်လာရမှာပဲ။ ကိုယ့်မှာ
ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို ကြည့်ပြီးတော့လည်း အဲဒီ အရည်အချင်းကောင်းလေးတွေ အများဆုံး ထွက်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်လာရမှာပဲ။ သိပ်ပြီးတော့ နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူးနော်၊၊󾁉󾁉󾁉

  ➖➖➖➖➖󾭶󾁋󾁋󾭶➖➖➖➖➖

󾁎ဆရာတော်ဦးဇောတိက󾁎
( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
    ဘာကို တန်ဖိုးထားရမလဲ ( ၁၅ )
    အရင်ကထက်ပိုပြီး
    ...
    အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ် ဖြည့်ဆည်းနေတာပဲ။ ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်း

    😁😁😁