{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, February 5, 2015

    အရေးပေါ် ... အလှူ ရှင်များ ရှိပါက အမြန်ဆုံး ကူညီပေးကြပါရန်


     .............................................................................................
    ဘန်ကော...က်မြို့  ကယ်ဆယ်ရေး ဦးဇောတိက အောင်သပြေကျောင်းဆောင် ဆရာတော် အထံ 3 . 2 .2015 အင်္ဂါနေ့ က စမူပကန်းခရိုင် ဘန်းဘီးမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်
    အသေးစား ဆောက်လုပ်ရေးတခုတွင် အိပ်ဆောင်တွင်ကျန်ခဲ့ သော မြန်မာနိုင်ငံမှ မကြာမှီကမှ ရောက်ရှိလာသော လှသူဇာ အသက် ၁၅ နှစ်အရွယ် ထမင်းချက်ရန် အပေါ်က မီးကြိုးကို လှမ်းအယူ ဓါတ်လိုက်သွားပြီး ဆေးရုံအပို့  ကွယ်လွန်သွားပါသည်
    Oo Zaw Min's photo.

     

    Oo Zaw Min's photo.

     


     

    NLDပါတီကိုအားမရဘူး၊၈၈တွေကိုအားမရဘူး၊ဇာဂနာကိုလဲအားမရဘူးဆိုတဲ့စကားသံတွေကို စစ်မှန်တဲ့ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲအမျိုးမျိုး ဝင်နေတဲ့သူတွေကော မျှော်လင့်နေတြဲ့...ပည်သူတွေကြားမှာ တစ်ချို့အာမလိုအားမရဖြစ်ပြီးတစ်မျိုး ပြစ်တင်ရှုတ်ချပြီးတစ်မျိုး ပြောနေကြတာတွေကို တွေ့နေရပါတယ်၊၊

    ***သိကြားမင်းပြောတဲ့ အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ***

    သိကြားမင်းပြောတဲ့ အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ”
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အရှင်မင်းကြီး ဒီအရက်ဟာ ထောပတ်လည်းမဟုတ်။
ပျားရည်လည်းမဟုတ်ပါ၊ တင်လဲလည်းမဟုတ်ပါ ။
ဒီအရက်သောက်မိတဲ့သူဟာ 。。。...

၁။ လမ်းသွားတိုင်း ယိမ်းယိုင်လဲကျတတ်ပါတယ်။
၂။ မစားသင့်တဲ့ အစာကိုလည်း စားမိတတ်ပါတယ်။
၃။ စိတ်ကို အစိုးမရ ဖြစ်တတ်ပါတယ်။
၎။ ကိုးကွယ်ရာမရှိသူလို ဟိုဟိုဒီဒီ သွားလာတတ်ပါတယ်။
၅။ သီချင်းလည်း အော်ဆိုတတ်ပါတယ်။ က လည်းကတတ်ပါတယ်။
၆။ တက္ကတွန်းလို အ၀တ်မ၀တ်ဘဲ သွားလာတတ်ပါတယ်။
၇။ တွေတွေဝေေ၀နဲ့ အကြာကြီးလည်း အိပ်တတ်ပါတယ်။
၈။ လက်တုန်ခြေတုန် ဖြစ်တတ်ပါတယ်။
၉။ မီးလောင်သလို ပူပူလောင်လောင်နဲ့ အိပ်ရတတ်ပါတယ်။
၁၀။ သူတစ်ပါးတို့ရဲ့ ထိုးကြိတ်ခြင်းကိုလည်း ခံရတတ်ပါတယ်။

၁၁။ လူများရှေ့မှာလည်း မပြောသင့်တဲ့စကားကိုလည်း ပြောတတ်ပါတယ်။
၁၂။ ကိုယ့်အန်ဖတ်တွေနဲ့ ကိုယ် အိပ်ရတတ်ပါတယ်။
၁၃။ ငါ့လောက်မိုက်တဲ့သူ မရှိဘူးလို့လည်း ကြွေးကြော်တတ်ပါတယ်။
၁၄။ မျက်စိတွေလည်း နီလာတတ်ပါတယ်။
၁၅။ လိုအပ်တာထက်ပိုပြီး မာန်တက်တတ်ပါတယ်။
၁၆။ ငြင်းလည်းငြင်းခုံတတ်ပါတယ်။
၁၇။ ရုပ်ရည်အဆင်းတွေလည်း တဖြေးဖြေးလျော့လျော့လာပြီး
အိုလွယ်တတ်ပါတယ်။
၁၈။ သူခိုးတွေရဲ့ နေရာဒေသကိုလည်း ရောက်တတ်ပါတယ်။
၁၉။ စည်းစိမ်ဥစ္စာတွေလည်း ကုန်တတ်ပါတယ်။
၂၀။ မိဘ၊ ယောက္ခမ စသည်ကိုလည်း ဆဲရေးမိတတ်ပါတယ်။

၂၁။ ချွေးမစသည်ကိုလည်း မှားယွင်းပြီး ကိလေသာဖြစ်တတ်ပါတယ်။
၂၂။ မိန်းမရဲ့ ဆဲရေးခြင်းကိုလည်း ခံရတတ်ပါတယ်။
၂၃။ ရဟန်း၊ ပုဏ္ဏား စသည်ကိုလည်း ရိုက်ပုတ်မိတတ်ပါတယ်။
၂၄။ ငွေပေးပြီး မဟုတ်မမှန်ထွက်ဆိုဖို့ သက်သေလိုက်ခိုင်း ခံရတတ်ပါတယ်။
၂၅။ တစ်ခုခုခိုင်းလိုက်ရင်လည်း လေးဖင့်နေတတ်ပါတယ်။
၂၆။ မြေကြီးပေါ်မှာလည်း အိပ်တတ်ပါတယ်။

အရှင်မင်းကြီး ကျွန်ုပ်လက်မှာရှိတဲ့ အရက်ဟာ
အဲဒီလိုစွမ်းအင်တွေရှိပါတယ်။
-(ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ကုမ္ဘဇာတ်)

-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏
မင်္ဂလာအတွေးများ မှ-】

ဘဝကိုတိုးတက်စေသော အဓိပ္ပာယ်ရှိသောစာပေများ
     အရှင်မင်းကြီး ဒီအရက်ဟာ ထောပတ်လည်းမဟုတ်။
    ပျားရည်...လည်းမဟုတ်ပါ၊ တင်လဲလည်းမဟုတ်ပါ ။
    ဒီအရက်သောက်မိတဲ့သူဟာ 。。。...

    ၁။ လမ်းသွားတိုင်း ယိမ်းယိုင်လဲကျတတ်ပါတယ်။
    ၂။ မစားသင့်တဲ့ အစာကိုလည်း စားမိတတ်ပါတယ်။
    BBC Burmese's photo.

    BBC Burmese's photo.

    BBC Burmese's photo.


     
     



    ထိုင်ဝမ် မြို့တော် ထိုင်ပေ မှာ မြစ်ထဲ ပြည်တွင်း ခရီးသည်တင် လေယာဉ် တစင်း ပျက်ကျ မှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၁ ယောက် ရှိပြီး ၁၅ ယောက် ဒဏ်ရာ

    ♻♻♻.......?.......♻♻♻

    ♻️♻️♻️
ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့် အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာ ကျေနပ်မှုနည်းနည်းတော့ ရတာပဲ၊၊ ဒါပေမဲ့ ဒါဟာ လူတယောက်မှာရှိတဲ့ အမြင့်မားဆုံး အရည်အချင်းလားလို့ မေးရင် မဟုတ်သေးပါဘူး၊၊ ဒီအရည်အချင်းနဲ့ အလုပ်လုပ်လို့ သူ့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ပါပဲ၊၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အသုံးဝင်မဲ့ လမ်း၊ တံတားတို့ လုပ်ပေးရတဲ့အတွက် သူတို့စိတ်ထဲမှာ ကျေနပ်မှု ရမှာပါ၊၊ ဂုဏ်ယူမိမှာပါ၊၊ ဒီလိုပဲ တချို့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးတွေ အများကြီး တီထွင်ပေးခဲ့တယ်၊၊ လူသားတွေ အကျိုးရှိတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အင်မတန် ဂုဏ်ယူတယ်၊၊ စိတ်ချမ်းသာကြတယ်၊၊

♻️♻️♻️
လူဟာ မိမိအကျိုး၊ အများအကျိုးကို များများ ဆောင်ရွှက်ရလေလေ စိတ်ပိုချမ်းသာလေလေပဲ၊၊ ဒါ သဘာဝပဲ၊၊ သို့သော် လူမှာ ဒီလောက်တင် မကဘူး၊ တခြားအရည်အချင်းတွေ အများကြီး ရှိသေးတယ်၊၊ အဲဒီ တခြားအရည်အချင်းတွေထဲက အမြင့်မားဆုံးကတော့ တရားကိုသိနိုင်တဲ့ အရည်အချင်းပဲ၊၊ ဒီ အမြင့်မားဆုံးဖြစ်တဲ့ တရားကိုသိနိုင်တဲ့ အရည်အချင်းကို လူတိုင်း လေ့ကျင့်ပြုစု ပျိုးထောင်သင့်တယ်၊၊⚡️⚡️⚡️

➖➖➖➖➖➖

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ဘဝဆိုတဲ့ကျောင်း၊ အောင်မြင်သောဘဝ ” စာအုပ် စာမျက်နှာ(၅၃) မှ ကောက်နုတ်ဖော်ပြပါသည်၊၊

     ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့် အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာ ကျေနပ်မှုနည်းနည်းတော့ ရတာပဲ၊၊ ဒါပေမဲ့ ဒါဟာ လူတယောက်မှာရှိတဲ့ အမြင့်မားဆုံး အရည်အချင်းလားလို့ မေးရင် မဟုတ်သေးပါဘူး၊၊ ဒီအရည်အချင်းနဲ့ အလုပ်လုပ်လို့ သူ့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ပါပဲ၊၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အသုံးဝင်မဲ့ လမ်း၊ တံတားတို့ လုပ်ပေးရတဲ့အတွက် သူတို့စိတ်ထဲမှာ ကျေနပ်မှု ရမှာပါ၊၊ ဂုဏ်ယူမိမှာပါ၊၊ ဒီလိုပဲ တချို့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးတွေ အများကြီး တီထွင်ပေးခဲ့တယ်၊၊ လူသားတွေ အကျိုးရှိတဲ့ ကိစ...္စတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အင်မတန် ဂုဏ်ယူတယ်၊၊ စိတ်ချမ်းသာကြတယ်၊၊

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾀼 ကျေးဇူးတင်တတ်တဲ့စိတ် 󾀼
   
󾁁󾁁󾁁
If the only prayer you ever say in your life is, "Thank you", it well be enough.
သင့်တစ်သက်တာလုံးမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးဟာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ။

󾁁󾁁󾁁
 ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်ပါတယ်။ ကျေးဇူးမတင်နိုင်တဲ့စိတ်ဟာ ဆင်းရဲတဲ့စိတ်၊ မွဲတဲ့စိတ် ဖြစ်ပါတယ်။

󾁁󾁁󾁁
ကျေးဇူးမသိတတ်တဲ့သူဟာ ဥာဏ်ပညာကြီးတဲ့သူ မဖြစ်နိုင်ဘူး။ လေးနက်တဲ့အသိဥာဏ် ရှိတဲ့သူ မဖြစ်နိုင်ဘူး။ စိတ်ချမ်းသာတဲ့သူ မဖြစ်နိုင်ဘူး။

󾁁󾁁󾁁
ကျေးဇူးမတင်တတ်တဲ့လူရဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘူး။ ကျေးဇူးကို မသိတတ်ရင်
အဲဒီလူဟာ လူတောင် မပီသဘူးလို့ ပြောရမှာနော်။ ကျေးဇူးကို မသိတတ်တဲ့သူဟာ
အဆင့်အတန်းနိမ့်တဲ့သူပဲ။

󾁁󾁁󾁁
ကျေးဇူးတင်တဲ့စိတ်ဟာ အင်မတန် လှပတဲ့စိတ် ဖြစ်ပါတယ်။ အဆင့် အတန်း မြင့်တဲ့စိတ် ဖြစ်ပါတယ်။

󾁁󾁁󾁁
Gratefulness is heaven itself. "ကျေးဇူးတင်တဲ့စိတ်ဟာ သုခဘုံကြီးပါ။"
ကျေးဇူးတင်တတ်တဲ့စိတ်က သုခဘုံကြီးနဲ့ တူနေတယ်။ အင်မတန် ချမ်းသာတဲ့စိတ်
ဖြစ်တယ်။ ဒါကြောင့် ကျေးဇူးကို ရှာပြီးတော့ တင်တတ်ဖို့ လိုပါတယ်။ အမှန်တော့ တစ်ဦးပေါ်တစ်ဦး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ၊ တစ်ဦးကျေးဇူး တစ်ဦးမှာ ဆိုတာ ရှိနေပါတယ်။ ရှိနေတာကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်၊၊ တချို့ကျေးဇူးတွေက အင်မတန်သိမ်မွေ့လို့ တော်တော်နဲ့ မမြင်နိုင်ဘူး။ အင်မတန် သဘောထားကြီးကြီးနဲ့ ဥာဏ်ကြီးကြီးနဲ့ ကြည့်မှ မြင်နိုင်တယ်။ ကြည့်တတ်ရင် ရန်သူတောင်မှ ကျေးဇူးရှိတယ်။ သူ့ကြောင့် ကိုယ့်မှာ အများကြီး
ရင့်ကျက်လာတယ်။ တိုးတက်လာတယ်။ ခံနိုင်ရည် ပိုရှိလာတယ်နော်။ အခက်အခဲတွေ ဒုက္ခတွေဟာ ကိုယ့်ကို ရင့်ကျက်အောင် လုပ်ပေးတယ်။ ကိုယ့်ကို
အပြစ်တင်တဲ့ ဝေဖန်တဲ့ လူကအစ အမှန်တော့ ကျေးဇူးရှင်ပါပဲ။ အကူအညီပေးတဲ့သူ ဆိုရင်တော့ အထူးပြောဖွယ် မရှိဘူး။ အင်မတန် ကျေးဇူးကြီးပါတယ်။

󾁁󾁁󾁁
တိုက်ရိုက်ဖြစ်ချင် ဖြစ်မယ်၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်ချင်ဖြစ်မယ်။ အားလုံးဟာ ကျေးဇူးရှင်တွေပဲ။
အကယ်၍ ဒီကမ္ဘာမှာ လူတစ်ယောက်မှ မရှိရင် ကိုယ့်လောကဟာ ဘယ်လိုနေမယ်ထင်တုံး။
တော်တော် အဓိပ္ပာယ်မဲ့ သွားလိမ့်မယ်။ အဲဒီ meaning ကို ကိုယ်က တွေ့ဖို့လိုတာ။ ကိုယ်က မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ အဲသလို
ကြည့်တတ်ဖို့ဆိုတာ ကိုယ့်စိတ်က နူးညံ့မှု၊ အေးချမ်းမှု ရှိဖို့၊ sensitive ဖြစ်ဖို့ တော်တော် အရေးကြီးပါတယ်။ စိတ်တွေ အမြဲ ရှုပ်ထွေးနေတဲ့သူဟာ ဘာ meaning ဘာ အဓိပ္ပာယ်မှ မမြင်ရဘူး။ ဘယ်သူ့ကိုမှ ကျေးဇူးမတင်တတ်တော့ဘူး။

󾁁󾁁󾁁
အတ္တစွဲကြီးတဲ့သူ၊ မာနကြီးတဲ့သူဟာ ကျေးဇူးကို အသိအမှတ် မပြုချင်ဘူး၊၊ ကျေးဇူးကို အသိအမှတ် ပြုရတာကိုပဲ သူ့မှာ နိမ့်ကျသွားတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျေးဇူးကို ချေဖျက်တဲ့စကားမျိုး ပြောတဲ့အခါ အဲဒီစိတ်ကို၊ အဲဒီသဘောထားကို သေသေချာချာ မြင်အောင် ကြည့်ပါ။ မကြည့်ရင် အဲဒီစိတ်ကပဲ
မိမိရဲ့ မြင့်မြတ်မှုကို တားဆီးမယ်၊ ဖျက်ဆီးမယ်၊ မိတ်ဆွေကောင်း မရှိအောင် လုပ်မယ်။󾁎󾁎󾁎

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚

    ကျေးဇူးတင်တတ်တဲ့စိတ် 
     If the only prayer you ever say in your life is, "Thank you", it well be enough.
    သင့်တစ်သက်တာလုံးမှာ သင့်ရဲ့တစ်ခုတည်းသော ဘုရားရှိခိုးဟာ 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့ ဘုရားရှိခိုးဖြစ်ရင် အဲဒါဟာ လုံလောက်ပါပြီ။


    ကျေးဇူးတင်နိုင်တဲ့စိတ်ဟာ ချမ်းသာတဲ့စိတ် ဖြစ်ပါတယ်။ ကျေးဇူးမတင်နိုင်တဲ့စိတ်ဟာ ဆင်းရဲတဲ့စိတ်၊ မွဲတဲ့စိတ် ဖြစ်ပါတယ်။

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾀼 ပေးနိုင်တဲ့စိတ် 󾀼
   
󾁁󾁁󾁁
ကိုယ်က ရတဲ့အခါမှာ ပျော်တဲ့စိတ်နဲ့ ပေးနိုင်လို့ ပေးရတဲ့အခါမှာ ပျော်တဲ့စိတ်ကို ကြည့်တဲ့အခါမှာ ဒီစိတ်နှစ်ခုက တော်တော်ကွာတာကို
တွေ့ရတယ်။ ဒါကြောင့် ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။

󾁁󾁁󾁁
အဆင်ပြေအောင် စိတ်ချမ်းသာအောင် ရေရှည် နေသွားချင်တယ်ဆိုရင် သူတစ်ပါးရဲ့ လိုအပ်ချက်ကို အမြဲတမ်း ထည့်စဉ်းစားပေးဖို့ လိုတယ်။ ကိုယ် ဘာလိုအပ်တယ် ဆိုတာလည်း ကိုယ့်ဟာကိုယ် သိဖို့လိုတယ်။
ကိုယ်လိုတာကိုလည်း ရအောင်လုပ်ပါ။ နည်းမျိုးစုံနဲ့ လုပ်ပါ။ သူများလိုအပ်တာကိုလည်း ပေးပါ။

󾁁󾁁󾁁
သူတစ်ပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာဟာ ကိုယ့်မှာ ရှုံးသွားတာ
မဟုတ်ဘူး၊ ကိုယ့်ရဲ့သဘောထားကြီးမှု ကိုယ့်ရဲ့ မြင့်မြတ်မှုကို ပိုပြီးတော့ အကောင်အထည် ဖော်လိုက်ရတာ။ ကိုယ့်ရဲ့ မေတ္တာ ကရုဏာ၊ ကိုယ့်ရဲ့ စေတနာကို အကောင်အထည် ဖော်လိုက်ရတာ။ သိပ်ကျေနပ်စရာ ကောင်းတယ်။ ဒါကြောင့် သူတစ်ပါးကို လိုက်လျောရတာဟာ ရှုံးတာ မဟုတ်ပါဘူးနော်။ အမှန်တော့
မြတ်တာပါ။ ရှုံးတာလည်း မဟုတ်ဘူး၊ နိုင်တာလည်း မဟုတ်ဘူး၊ မြတ်သွားတာ။

󾁁󾁁󾁁
သူတစ်ပါးကို ကိုယ်ချင်းစာလိုက်တာဟာ သူ့ကိုပေးလိုက်တာပဲ။ ဒါလည်း ဒါနတစ်မျိုးလို့ သဘောထားစေချင်တယ်။ အလှူတစ်မျိုးပဲ။ ဒီလိုပေးလိုက်ရတာဟာ အရှုံးပေးလိုက်ရတာလား။ အရှုံးပေးလိုက်ရတာလည်း မဟုတ်ဘူး၊ အနိုင်
ယူလိုက်တာလည်း မဟုတ်ဘူး။ ဒီနေရာမှာ အနိုင် အရှုံးကို စဉ်းစားဖို့မလိုဘူး။ ဒါပေမဲ့ အမြတ်တော့ ရလိုက်တယ်။ မြင့်မြတ်တဲံစိတ်ထားကို ရလိုက်တယ်။

󾁁󾁁󾁁
လူတွေဟာ ကိုယ့်ကိုယ်ကို အင်အားကြီးတဲ့သူ ဆိုတဲ့ ခံစားမှုမျိုးကို လိုချင်ကြတယ်။ အဲဒါကို မှန်ကန်တဲ့ နည်းနဲ့ရအောင် လုပ်သင့်တယ်။ ပေးတဲ့သူက အင်အားကြီးတဲ့သူ ဆိုတာကို နားလည်သင့်တယ်။ ပေးနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။ မပေးနိုင်တဲ့စိတ်ဟာ
မလွတ်လပ်တဲ့စိတ် ဖြစ်တယ်၊ မအေးချမ်းတဲ့စိတ် ဖြစ်တယ်၊ တွန့်တိုတဲ့စိတ် ဖြစ်တယ်။ အင်အားကြီးတဲ့သူဟာ ပေးနိုင်တဲ့သူ ဖြစ်တယ်။ အင်အားကြီးတဲ့သူဟာ စွန့်လွှတ်နိုင်တဲ့သူ ဖြစ်တယ်၊၊ အင်အားကြီးတဲ့သူဟာ ဒီလို အသေးအမွှား (လမ်းပိတ်မောင်းတဲ့) နည်းမျိုးနဲ့ အနိုင်မယူဘူး။ အင်အားကြီးတဲ့သူဟာ
အနိုင် အရှုံးကို မစဉ်းစားဘူး။ သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာပဲ စဉ်းစားတယ်။ အင်အားကြီးတဲ့သူဟာ အသိဥာဏ်နဲ့ ယှဉ်ပြီး စဉ်းစားတယ်။ ဆုံးဖြတ်တယ်။ ပုဂ္ဂိုလ်စွဲမပါ၊ ဘက်လိုက်တာမပါဘဲ လက်ရှိအခြေအနေမှာ
အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အကျိုးအရှိဆုံးကို ရွေးပြီး လုပ်တယ်။
အသိဥာဏ်က ရွေးချယ်တယ်။ ဆုံးဖြတ်တယ်။ အတ္တစွဲက ရွေးချယ်တာ ဆုံးဖြတ်တာ မဟုတ်ဘူး။
ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲရဲ့ လွှမ်းမိုးမှုကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့၊ ဘက်လိုက်တဲ့စိတ်နဲ့၊ မသင့်တော်မှန်း သိရက်နဲ့ မသင့်တော်တာကို လုပ်နေတဲ့သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို မရနိုင်ဘူး။

󾁁󾁁󾁁
ကိုယ့်ဘဝ ဘယ်လောက် အောင်မြင်တယ် ဆိုတာကို ကိုယ် ဘယ်လောက်များများ
ရတယ်ဆိုတာနဲ့ မတိုင်းတာပဲ ကိုယ်ဘယ်လောက် များများ ပြန်ပေးသလဲဆိုတာနဲ့ တိုင်းတာရင် ပိုကောင်းတယ်။
   
󾁁󾁁󾁁
ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အပေးအယူ ရှိနေတယ်။ များများ ပေးနိုင်ရင် များများ ပြန်ရတယ်။ ကိုယ့်အလုပ်က လူအများကို ထိထိရောက်ရောက်
ကောင်းကျိုးပြုနိုင်လေလေ လူတွေက ကိုယ့်အလုပ်ကို ပိုပြီး လိုချင်လေလေပဲ၊၊ လူတွေအတွက် ပိုပြီးတော့ အကျိုးများတဲ့၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်လေလေ၊ ကိုယ်ကလည်း လူ့အဖိုးတန် ဖြစ်လေလေပဲ။

󾁁󾁁󾁁
အဖိုးတန်ပစ္စည်းတွေ ဝယ်ထားရုံနဲ့၊ အဖိုးတန်ပစ္စည်းတွေ သုံးနေရုံနဲ့
လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင် လူတွေကို ကောင်းကျိုးပြုတဲ့ အလုပ်ကို များများလုပ်မှပဲ ရတယ်။ အဖိုးတန်တဲ့အလုပ်ကို လုပ်ဖို့ဆိုတာ စိတ်ထားလည်း ကောင်းမှ၊ ရိုးသားမှုလည်း ရှိမှ၊ ဝီရိယလည်း ရှိမှ၊ အသိဥာဏ်လည်း ရှိမှ၊ အရည်အချင်းလည်း ရှိမှ၊
ကိုယ့်ကိုယ်ကိုလည်း လေးစားမှု ရှိမှ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ လေးစားမှုကိုလည်း ရမှ ဖြစ်မယ်။ ကိုယ့်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက
မလေးစားဘူး၊ အသိအမှတ်မပြုဘူး၊ နေရာမပေးဘူးဆိုရင် ကိုယ့်အတွက်
နေရာမရှိတော့ဘူး။ ကိုယ့်အတွက် နေရာမရှိတော့ရင် ကိုယ့်အတွက် လုပ်စရာလည်း
မရှိတော့ဘူး။󾁎󾁎󾁎

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

⚡️ဆရာတော်ဦးဇောတိက⚡️
      ( မဟာမြိုင်တောရ ) 
                 ၏
󾀾“ တွေးမိတိုင်းပျော်တယ် ” 󾀾
              စာအုပ်မှ 
        ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
    ဘီလူးကျွန်းသားလေး ဖိုသောကြာ
    ပေးနိုင်တဲ့စိတ်

    ကိုယ်က ရတဲ့အခါမှာ ပျော်တဲ့စိတ်နဲ့ ပေးနိုင်လို့ ပေးရတဲ့အခါမှာ ပျော်တဲ့စိတ်ကို ကြည့်တဲ့အခါမှာ ဒီစိတ်နှစ်ခုက တော်တော်ကွာတာကို
    တွေ့ရတယ်။ ဒါကြောင့် ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။

    အဆင်ပြေအောင် စိတ်ချမ်းသာအောင် ရေရှည် နေသွားချင်တယ်ဆိုရင် သူတစ်ပါးရဲ့ လိုအပ်ချက်ကို အမြဲတမ်း ထည့်စဉ်းစားပေးဖို့ လိုတယ်။ ကိုယ် ဘာလိုအပ်တယ် ဆိုတာလည်း ကိုယ့်ဟာကိုယ် သိဖို့လိုတယ်။

    ***ဂီတကီမိသားစု***

    ဘီလူးကျွန်းသားလေး ဖိုသောကြာ's photo.
     

    *** အသဲကွဲမြို့တော်***

    ဘီလူးကျွန်းသားလေး ဖိုသောကြာ's photo.

    ***အမုန်းနဲ့ပဲထိုက်တန်တယ်***

    ဘီလူးကျွန်းသားလေး ဖိုသောကြာ's photo.
     

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜အတွင်းစိတ်ဓါတ် အင်အား󾭜

󾀼ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေ ထွက်လာပြီရင် အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ ထွက်နေအုံးမယ်၊ ခမ်းမသွားဘူး။󾀼

󾁁󾁁󾁁
အင်အားရဲ့ဗဟိုအချက်၊ အင်အားရဲ့ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်တာဟာ ရေရှည်မှာ ကိုယ့်အသိုင်းအဝိုင်းထဲက တခြားလူတွေအတွက် ကိုယ့်အနေနဲ့ ပေးလိုက်တဲ့ အကောင်းဆုံး အကျိုးဆောင်ရွှက်မှုပဲ ဖြစ်တယ်။

󾁁󾁁󾁁
ကိုယ့်စိတ်ထဲမှာ ခိုင်မာတဲ့၊ သံလိုက်လို ကိုယ့်အင်အားတွေကို စုစည်းပေးနိင်တဲ့  centre ကို အပြင်ကနေ တယောက်ယောက်က ထည့်ပေးလို့ မရနိုင်ဘူး။ ကိုယ့်ကို စိတ်ဓါတ်အင်အား ကြီးမားတဲ့သူဖြစ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။

󾁁󾁁󾁁
စိတ်မှာ စုစည်းမှုရှိလာလို့ရှိရင် စိတ်မှာ အင်အားကြီးတဲ့ ဗဟိုဌာနလေး တခုလို ဖြစ်လာတယ်။ စိတ်ရဲ့အတွင်းထဲမှာဘဲ  Inner strength အတွင်းအင်အား ဖြစ်လာတယ်။ စိတ်ကစဉ့်ကလျား ပြန့်ကျဲနေတဲ့သူဟာ သူ့စိတ်မှာ အင်အားမရှိဘူး။ Inner strength  မရှိဘူး။ တန်ခိုးသတ္တိ မရှိဘူး။

󾁁󾁁󾁁
လွတိလပ်မှု လုံးဝ မရှိတဲ့လူဟာ စိတ်ထင်တိုင်း လုပ်တယ်။ ဥာဏ်နဲ့သိပြီးတော့၊ တည်ငြိမ်အေးချမ်းတဲ့ အသိဥာဏ်ရှိတဲ့စိတ်နဲ့ ကြည့်ပြီးတော့ လုပ်သင့်လို့၊ ကောင်းလို့၊ အကျိုးရှိလို့ ဆုံးဖြတ်ပြီးတော့ လုပ်လိုက်ရတာဟာ လွတ်လပ်မှု။ ဒါကြောင့် စိတ်ထဲမှာ စုစည်းမှု မရှိတဲ့၊ စိတ်ဓါတ်အင်အား မပြည့်တဲ့သူမှာ လွတ်လပ်မှု မရှိဘူး။

󾁁󾁁󾁁
ငါဘာကို တန်ဖိုးထားပြီး နေသွားသလဲ၊ ငါ တန်ဖိုးထားတာပေါ်မှာ ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ၊ အဲဒါပေါ်မှာ မူတည်ပြီးတော့ ငါ့စိတ်ဓါတ်အင်အား၊ ငါ့ကိုယ်ကျင့်သိက္ခာ၊ ငါ့စိတ်ရဲ့စုစည်းမှု ဆိုတာတွေ ဖြစ်လာတာ။

󾁁󾁁󾁁
အတွင်းစိတ်ထားနဲ့ အပြောနဲ့အလုပ်နဲ့ တထပ်တည်း ဖြစ်လာရင် စိတ်ဓာတ်အင်အား အများဆုံး ထွက်လာတယ်။

󾁁󾁁󾁁
ကုသိုလ်ထဲမှာ သမ္မာဒိဠိက အားအကြီးဆုံးပဲ။ မှန်ကန်တဲ့အမြင်ဟာ စိတ်ရဲ့အဆင့်အတန်းကို ပိုပြီးမြင့်စေတယ်။ စိတ်ဓာတ်အင်အားကို ပိုပြီးကြီးစေတယ်။ ဒါကြောင့် မှန်ကန်တဲ့အမြင် ရှိတဲ့သူဟာ အင်အားကြီးတဲ့သူလို့ ဆိုရမယ်၊၊ တရားအားထုတ်တာဟာ မှန်ကန်တဲ့အမြင်ကိုရဖို့ အားထုတ်တာ။ တရားအားထုတ်လို့ဖြစ်လာတဲ့ အသိဥာဏ်က ပိုပြီးတော့ စိတ်ရဲ့စွမ်းအားကို ကြီးအောင် လုပ်ပေးနိင်တယ်။ ဒါသေချာတယ်။ လက်တွေ့ စမ်းကြည့်လိုက်၊ ကိုယ်တွေ့ သိသွားမှာဘဲ။

󾁁󾁁󾁁
ကုသိုလ်မှန်း သိပြီးတော့ အဲဒီကုသိုလ်ကို လုပ်ရင်းနဲ့ စိတ်ဓာတ်အင်အားကို ကြီးသည်ထက် ကြီးလာအောင်၊မြင့်သည်ထက် မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ ပညာတတ်ပဲ။

󾁁󾁁󾁁
ဖြစ်ဖို့ မသေချာတဲ့ကိစ္စ၊ ဒါပေမဲ့ ဖြစ်နိုင်တဲ့ အလားအလာတော့ နည်းနည်းရှိတယ်- အဲဒါကို အစွမ်းကုန်ကြိုးစားပြီး နေတဲ့သူဟာ စိတ်ဓာတ်အင်အား ကြီးတဲ့သူ။ ဖြစ်မှာ သေချာတာကိုမှ လုပ်ချင်တဲ့သူဟာ စိတ်ဓာတ်အင်အား နည်းတဲ့သူ။

󾁁󾁁󾁁
စိတ်ဓာတ် ခိုင်မာတဲ့သူ၊ စိတ်ကျန်းမာရေး ကောင်းနေတဲ့သူဟာ လုပ်စရာရှိတာ စိတ်ဝင်စားတာကို လုပ်နေတတ်တယ်။ သူ့စိတ်က သောကဖြစ်စရာကို ရှာကြံပြီး တွေးမနေတတ်ဘူး။ တရားသတိနဲ့နေတဲ့ အလေ့အကျင့် ရနေတဲ့သူဟာလည်း စိတ်ကို ပစ္စုပ္ပါန်မှာဖြစ်နေတာ၊ လုပ်နေတာကို သိပြီးနေတယ်။ အတွေးထဲမှာ မျောမနေဘူး။ သတိနဲ့နေတတ်ရင် စိတ်ကြည်လင်ပေါ့ပါးတယ်။ အတွေးများလာရင် စိတ်ပင်ပန်းတယ်။ စိတ်ဟာ စိတ်ကူးယဉ်ပြဿနာတွေကို ဖန်တီးတတ်တယ်။ ဒါကိုတော်တော် သတိထားဖို့ လိုတယ်။

󾁁󾁁󾁁
အဆင်မပြေတဲ့ အခြေအနေတွေနဲ့ ကြုံတဲ့အခါ ကိုယ့်စိတ်ကိုကိုယ် ခိုင်ခိုင်မာမာ ထားနိုင်တဲ့သူဟာ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာ ထားနိုင်တဲ့သူလို့ ပြောလို့ရတယ်။
               
󾁁󾁁󾁁
သာမာန်လူတွေဟာ အခြေအနေက သူတို့ကို တွန်းတယ်။ အခြေအနေက တွန်းတဲ့ဘက်ကို သူတို့ သွားတာပဲ။ အခြေအနေတခုခု ပြောင်းသွားရင် သူတို့ လုပ်ပုံကိုင်ပုံလည်း ပြောင်းသွားတာပဲ။ စိတ်နေသဘောထား တွေကအစ ဦးတည်ချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေက အစ ပြောင်းသွားပြန်တာပဲ။ ခိုင်မာတဲ့၊ တိကျတဲ့၊ ပြတ်သားတဲ့ ဦးတည်ချက် မရှိဘူး။ သတိ သမာဓိ ကောင်းလာတဲ့သူဟာ အခြေအနေပြောင်းလည်း သူ လိုက်မပြောင်းဘူး။ သူ့မှာ နဂိုထဲက မှန်းထားတဲ့ ဦးတည်ချက် ရှိတယ်။ အဲဒီ ဦးတည်ချက်ကို ခိုင်ခိုင်မာမာ သူ သွားနေတာပဲ။ အဲဒီတော့ သူဟာ ပြင်ပရဲ့ လွှမ်းမိုးမှု သိပ်မခံရဘူး။ ပြင်ပ အင်အားတွေက သူ့ကို တစုံတခုဖြစ်အောင် မလုပ်နိုင်ဘူး။ အင်မတန်ခိုင်မာတယ်။

󾁁󾁁󾁁
အခုခေတ်လူတွေမှာ တာဝန်ပိုကြီးတယ်လို့ ပြောရမယ်။ တကယ်သိအောင်လုပ်ဖို့ရာ ပိုပြီးတော့ ကြိုးစားရတယ်။ ရှေးခေတ်က လူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေ ရကြတာ များတယ်။ သူများအပေါ်မှာ မှီပြီးမှ ရတဲ့ အင်အားမျိုး ဖြစ်နေတယ်။ အုပ်စုကနေရတဲ့ အင်အားပေါ့။ အခုခေတ် လူတွေက အုပ်စုကနေရတဲ့ အင်အားကို ရဖို့ ခဲယဉ်းသွားပြီ။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကိုဝင်ဖို့ မလွယ်ဘူး။ အခုခေတ်မှာ ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစားဖို့  ပိုတောင် အရေးကြီးလာပြီ။ ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့သတ္တိ၊ ကိုယ့်ရဲ့ပြတ်သားမှုဟာ ကိုယ့်အတွင်းကပဲ လာမှ ရတော့တယ်။ ဒါကြောင့် အခုခေတ်လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပိုပြီးတော့ အရေးကြီးလာပြီ။ ဒါကို မလုပ်လို့ မဖြစ်တော့ဘူး။ ကိုယ့်စိတ်ကိုကိုယ် တကယ်မသိရင် ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပါရမီ၊ ကိုယ့်အထုံဗီဇ၊ ကိုယ့်ဝါသနာ အဲဒါတွေကို တကယ်မသိလို့ရှိရင် ယောင်လည်လည်နဲ့ မရေရာတဲ့ဘဝမှာဘဲ နေသွားရင်းကနေ အဓိပ္ပါယ်မရှိပဲနဲ့ သေသွားမှာဘဲ။ သေသည်ထိအောင် ကိုယ့်ဘဝကိုကိုယ် ကျေကျေနပ်နပ် နေသွားလို့ ရမှာ မဟုတ်ဘူး။

󾁁󾁁󾁁
သာမာန်လူတွေရဲ့စိတ်ဟာ ရှုပ်ထွေးပြီး နောက်နေတဲ့အတွက်ကြောင့် သူတို့မှာ inner space (စိတ်ထဲမှာရှင်းနေတဲ့နေရာ) မရှိဘူး။ ရှုပ်ထွေးပြည့်ကျပ်နေတယ်။ သတိ သမာဓိ ရှိတဲ့သူ၊ ကြည်လင်အေးချမ်းတဲ့သူ၊ အသိဥာဏ်ခိုင်မာတဲ့သူမှာ စိတ်ထဲမှာ ရှင်းနေတဲ့နေရာ ရှိတယ်။ သူ စိတ် ပင်ပန်းလာရင် သူ့မှာ နေစရာနေရာ ရှိတယ်။ အဲဒီစိတ်ဟာ သူ့အတွက် နေစရာနေရာပဲ။ သူ့အိမ်ပဲ။ သူ့စိတ်ကိုသူ  tunning  လုပ်ပြီးတော့ အသာလေး အဲဒီ   inner space  ထဲမှာပဲ နေလိုက်တယ်။ ဒီနေရာလေးက လွတ်လပ်တဲ့ နေရာလေး၊ အေးချမ်းတဲ့ နေရာလေး။

󾁁󾁁󾁁
ကိုယ့်ရဲ့လောကဟာ ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်။ စိတ်မှာ စုစည်းမှုရှိလေလေ၊ စိတ်မှာ အင်အားရှိလေလေ၊ စိတ်မှာ လွတ်လပ်မှုရှိလေလေ- အဲသလို စိတ်ရဲ့ အခြေအနေပေါ်လိုက်ပြီး ကိုယ့်ရဲ့လောကဟာ အဆင့်မြင့်လေလေပဲ။ ဒါကြောင့် တယောက်နဲ့တယောက် လောကချင်း မတူဘူး။ တဦးစီတဦးစီမှာ လောကတခုစီ ရှိတယ်လို့ ပြောလို့ရပါတယ်။ လောကမှာ အဆင့်နိမ့်တာ အဆင့်မြင့်တာတွေ အမျိုးမျိုး ပြောနေဆိုနေ ကြတာတွေ ရှိတယ်နော်။ ဘဝအဆင့် မြင့်မားတယ်ဆိုတာ ဘာလဲဆိုတော့ အတွင်းစိတ်ဓာတ်ရဲ့မြင့်မားမှု၊ အသိအမြင်ရဲ့မြင့်မားမှုကို မြင့်တယ်လို့ ပြောတာနော်။

󾁁󾁁󾁁
စိတ်ဓာတ်နဲ့အသိဥာဏ် မြင့်မားလေလေ၊ စိတ်ရဲ့အရည်အသွေးကို ပိုတန်ဖိုးထားလေလေပဲ။ သတိ သမာဓိ ကောင်းလေလေ စိတ်ကြည်လင်မှု အေးချမ်းမှုရှိလေလေ၊ အဲဒီ စိတ်ချမ်းသာမှုကို ပိုပြီး တန်ဖိုးထားလေလေပဲ။

󾁁󾁁󾁁
ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူမှသာ လူ့အသိုင်းအဝိုင်းကို တကယ် အကျိုးပြု နိုင်တယ်။

󾁁󾁁󾁁
စိတ်ထား လေးနက်ခိုင်မာတဲ့သူ၊ တကယ် တန်ဖိုးထားထိုက်တာကို တန်ဖိုးထားနိုင်တဲ့သူဟာ လူ့အသိုင်းအဝိုင်းကို ထိထိရောက်ရောက် အကျိုးပြုနိင်တယ်။ ကိုယ့်အနားမှာ ပတ်ဝန်းကျင်မှာ လူတွေက ပြာယာခတ်နေတဲ့အချိန်မှာ ကိုယ်က စိတ်ဓာတ်အင်အား ပြည့်ပြည့်ဝဝနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ လုပ်သင့်တာကို ပုံမှန်လေး လုပ်သွားနိုင်ခြင်းအားဖြင့် ပတ်ဝန်းကျင်မှာ ငြိမ်သက်သွားအောင် အင်အားတခုကို ကိုယ်က ပေးလိုက်သလို ဖြစ်သွားတယ်။ ကိုယ့်ရဲ့ တည်ငြိမ်အေးဆေးမှုက ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် အထောက်အကူ ပေးတယ်။ အဲသလို နေနိုင်တဲ့လူတွေ လူ့အသိုင်းအဝိုင်းမှာ လိုအပ်တယ်။󾮟󾮟󾮟

      ဆရာတော်ဦးဇောတိက
        ( မဟာမြိုင်တောရ ) 
                   ၏
󾭩“ တွေးမိတိုင်းပျော်တယ် ”󾭩
                စာအုပ်မှ
         ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
    အတွင်းစိတ်ဓါတ် အင်အား
    ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေ ထွက်လာပြီရင် အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ ထွက်နေအုံးမယ်၊ ခမ်းမသွားဘူး။
     အင်အားရဲ့ဗဟိုအချက်၊ အင်အားရဲ့ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်တာဟာ ရေရှည်မှာ ကိုယ့်အသိုင်းအဝိုင်းထဲက တခြားလူတွေအတွက် ကိုယ့်အနေနဲ့ ပေးလိုက်တဲ့ အကောင်းဆုံး အကျိုးဆောင်ရွှက်မှုပဲ ဖြစ်တယ်။
    ဘီလူးကျွန်းသားလေး ကိုဇော်'s photo.

    ***(( က လေး တိုင်း << သို့ >> မိ ဘ တိုင်း ))***

    အရမ်းကြိုက်လို့ ပြန်ရှဲလိုက်ပါတယ် ..
၃မိနစ်ဖတ်လို့ အလကားမဖြစ်ပါဘူး ..

(( က လေး တိုင်း << သို့ >> မိ ဘ တိုင်း ))
မူရင်း - (ကလေးတိုင်း .. သို့)

ကလေးရယ်
တဒိုင်းဒိုင်းနဲ့ counter game ပစ်သတဲ့လား ?
ဒီအချိန် စာဖတ်
ကမ္ဘာပတ်ဖို့ ခြေလှမ်းပြင်ပါတော့ . . .

အဲ့သည့် ကျည်ဆံတွေပေါ့
မာလာလာ ဘယ်ဘက်ဦးခေါင်းကို ပစ်ခဲ့တာ
ဂန္ဒီနံဖူးတည့်တည့်ကို ပစ်ခဲ့တာ
ဗိုလ်ချုပ်ကို ၁၃ ချက် ပစ်ပြီး
မြန်မာပြည်ကြီးကို ဇကာဖောက်သွားတာ . . .

သေနတ်တွေ အာဏာရူး လက်ထဲရောက်သွားတဲ့အခါ
ဗီယက်က ကလေးသူငယ်တွေ အတုံးအရုံးး
ကမ္ဘာရဲ့ ဝက်ဆိုဒ်မှာလေလံတင်ထားသလို နဲ့
စစ်ကို ငိုရှိုက်နေကြရတယ် . . .

ကလေးရယ် စာဖတ် ကွ
အနာဂါတ်ဟာ မင်းတို့လက်ထဲမှာ
နိုင်ငံအပျက်ကြီးကို မင်းတို့ပဲဖာထေးရမှာ
ကောင်းကင်အပေါက်ကြီးကို လည်း
မင်းတို့ပဲ ပိတ်ရဦးမှာ … … …

ငါတို့မှာ အချိန်မရှိဘူးးး
တိုးတက်မူ့ဟာ ဘက်စ်ကားလို
အိမ်ဦးခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာမဟုတ်ဘူး

ကလေးရယ် ,
ငါ လွန်သွားသလားးး ?
ငါတို့ ကလေးတွေဆော့နေချိန်မှာ
ကမ္ဘာပေါ်က ကလေးတွေ
စာဖတ်နေကြလို့ပါ . . . . .

မြန်မာနိုင်ငံ ပညာရေးဟာ
အမြစ်ကစ, အဆိပ်မိထားတဲ့ သစ်ပင်တစ်ပင်လိုပါပဲ
ကျူရှင်ဆိုတဲ့ ဝေါဟာရနဲ့
ကျောင်းတွေဟာ
မမွှေးတဲ့ပန်းတွေကို စိုက်ပျိုးနေသလို
အနာဂါတ်ဟာ … စနစ်တကျ ဖျက်ဆီးခံနေရတယ်

ငါတို့တွေ သိရမယ်
ကမ္ဘာက မြန်မာကို သိဖို့
မြန်မာက ကမ္ဘာကို သေချာသိဖို့လိုတယ် . . .

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ကို
မင်းတို့ သိသလို
ဆွပ်တောင်ကြားက မာလာလာဆိုတဲ့
ကောင်မလေးကို မင်းတို့သိရမယ် . . .

ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ချစ်သလို
ဂန္ဒီရဲ့ ရာဇဝင်ကို သိရမယ် ,

အလောင်းမင်းတရားကို မမေ့သလို
လီနင်ကိုလည်း သိရမယ် . . .

ပုဂံကို အလွတ်ရသလို
တာ့ရ်မဟာကို သိရမယ်

ရန်ကုန်ကို ကျက်မိသလို
လက်စ်ဗီးဂတ်ကိုလည်း သိရမယ်

ဧရာဝတီကို မြတ်နိုးသလို
ပိရမစ်တွေကိုလည်း သိရမယ်

ဦးသန့်ကို သိသလို
ဘန်ကီမွန်ကိုလည်း သိရမယ်

ဖိုးပါကြီးကို အားပေးသလို
ရာဂျာမိုးကို သိရမယ်

သခင်ကိုယ်တော်မှိုင်းကို လေးစားသလို
နေရူးကိုလည်း သိရမယ်

ကလေးတစ်ယောက် စာဖတ်တာဟာ
နိုင်ငံအတွက် တံခါးတချပ် ဖွင့်တာပဲ

ငါ လောဘကြီးသွားသလားးး
ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကိုတောင်
ကမ်းစပ်နဲ့ အနားကွပ်ထားးးရတယ်

ကလေးဆိုတာ ပုံမသွင်းရသေးတဲ့
ဖယောင်းတုံးတွေပါပဲ . . .

ကလေးငယ်တစ်ယောက်က
ဟစ်တလာ ဖြစ်သွားတဲ့အခါ
တစ်ကမ္ဘာလုံး အတုံးအရှုံးသေကြေကြသလို ……
ကလေးငယ် တစ်ယောက်က
မင်ဒဲလား ဖြစ်သွားတဲ့အခါမှာ
အာဖရိက တစ်တိုက်လုံး ကျွန်စနစ်ပျောက်သွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ကဒါဖီ ဖြစ်သွားတဲ့အခါ
လူတွေ ဆင်းရဲဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
ဂန္ဒီဖြစ်သွားတဲ့ အခါ
အာရှတိုက်တခုလုံး ထွန်းလင်းသွားပြန်ရော ……

ကလေးငယ်တစ်ယောက်က
ဘင်လာဒင် ဖြစ်လာတဲ့အခါ
လူတွေ ဒုက္ခရောက်ကြသလို ……
ကလေးငယ်တစ်ယောက်က
မာသာထရီဆာ ဖြစ်လာတဲ့အခါ
လူသားတိုင်း အေးချမ်းသွားရပြန်တယ် ,

မင်းတို့ဟာ အနာဂါတ်ရဲ့ ဖန်ဆင်းရှင်တွေ
လက်ဖျံက သွေးကြောတွေ တစ်ဖြောင်းဖြောင်းထ,ပေါက်သလို
ဘုန်းတန်ခိုးရှိတဲ့ သူတွေ … … …

ကောင်းကင်မှာ ချိတ်ထားတဲ့
ငါတို့ သမိုင်းဟာ
မင်းတို့ လက်ထဲမှာ ထွန်းလင်းတော့မှာ
မြန်မာပြည်ရဲ့ ပန်းချီကားကို
မင်းတို့ ဆက်ဆွဲရမှာ . . .

တံခါးတွေ ဖွင့်ဖို့ . . . ,
စာတွေ ဖတ်ရမယ်
ရာဇဝင်တွေ မှတ်ရမယ်
သီအိုရီတွေ ကျက်ရမယ်

မြန်မာနိုင်ငံကြီး အအေးမိနေတာကို
မင်းတို့ ကုဖို့
ပညာအစစ်တွေ တက်ဖို့လိုတယ် . . . . .
သန်း ၆၀ တန် အိမ်မက်တွေကို
လူရာသွင်းဖို့
မင်းတို့ စာဖတ်ဖို့လိုတယ် … … … ။

Ulay Kyi ( ကိုလင်း )
     
    အရမ်းကြိုက်လို့ ပြန်ရှဲလိုက်ပါတယ် ..
    ၃မိနစ်ဖတ်လို့ အလကားမဖြစ်ပါဘူး ..
     ကလေးရယ်
    တဒိုင်းဒိုင်းနဲ့ counter game ပစ်သတဲ့လား ?
    ဒီအချိန် စာဖတ်
    ကမ္ဘာပတ်ဖို့ ခြေလှမ်းပြင်ပါတော့ . . .
    အဲ့သည့် ကျည်ဆံတွေပေါ့
    မာလာလာ ဘယ်ဘက်ဦးခေါင်းကို ပစ်ခဲ့တာ

    ***ခွပ်ဒေါင်းအစ အောင်ဆန်းက***

    Min Soe Naing's photo.
    Min Soe Naing's photo.
     
     
    ၁၉၃၆၊ တက္ကသိုလ် ဒုတိယသပိတ်ကြီး အပြီးမှာ နဂိုမူလ ကဒေါင်းအလံတွေနေရာမှာ ရဲရဲနီတဲ့ ခွပ်ဒေါင်းအလံတွေ အစားထိုး လွင့်ပျံလာခဲ့ပါ...ပြီ။
    ၃၆ သပိတ်ကြီးက မွေးမွားပေးခဲ့တဲ့ 'ဗကသ' ABSU ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ

    😁😁😁