{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, February 2, 2015

    ဘီလူးကျွန်းသားလေး ဖိုသောကြာ
    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
    လွတ်လပ်မှု ( ၆ )
     🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜လွတ်လပ်မှု ( ၆ ) 󾭜

󾆮󾆮󾆮
ကိုယ် ဘာကိုရွေးချယ်တယ် ဆိုတာပေါ်မှာ မူတည်ပြီး ကိုယ် ဘယ်လောက် လွတ်လပ်တဲ့သူ ဖြစ်လာမလဲဆိုတာ အဖြေပေါ်ပါတယ်။

󾆮󾆮󾆮
 ကိုယ့်ကိုယ်ကို အဆင့်အတန်း မြှင့်ချင်တယ်ဆိုရင် သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ အကောင်းဆုံး ရွေးချယ်ပြီး လုပ်သွားရမယ်၊၊တစ်ကြိမ်အကောင်းဆုံးကို ရွေးချယ်ပြီး လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း ကိုယ့်ရဲ့ လွတ်လပ်မှုက တဖြေးဖြေး တိုးတိုးပြီးတော့ လာတယ်။ နောက်တစ်ခါ အကောင်းဆုံးကို ရွေးချယ်ပြီး လုပ်နိုင်ဖို့လည်း အင်အားတွေ သတ္တိတွေ ပိုပြီးတော့ ရလာတယ်။

󾆮󾆮󾆮
သတိရှိတဲ့သူဟာ ဥာဏ်ရှိတဲ့အတွက်ကြောင့် အများကြီးကို ကြည့်ပြီးတော့ အဲဒီအထဲက အကောင်းဆုံးကို ရွေးပြီးတော့ လုပ်တယ်။ ဥာဏ်နဲ့ အကျိုးအကြောင်း ဆင်ခြင်ပြီး အကောင်းဆုံးကို ရွေးပြီးလုပ်နိုင်တာဟာ လွတ်လပ်မှု တစ်မျိုး ဖြစ်တယ်။

󾆮󾆮󾆮
တခြားလွတ်လပ်မှုတွေကို မရနိုင်ဘူး ဆိုရင်တောင်မှ ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ တစ်ယောက်ဖြစ်အောင်တော့ ကိုယ်က ယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီ လွတ်လပ်မှုကတော့ ကိုယ့်ရဲ့ choice ပဲ။

󾆮󾆮󾆮
ကိုယ့်ဘဝမှာ ကောင်းတာတွေ ဖြစ်လာအောင် ကိုယ်ကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်ပြီး၊ တာဝန်ယူပြီးတော့ ဖြစ်အောင် လုပ်နေတဲ့လူဟာ လွတ်လပ်တဲ့ဘက်ကို သွားနေတဲ့သူဖြစ်တယ်။

󾆮󾆮󾆮
လူတွေရဲ့ ချီးမွမ်းမှု ကဲ့ရဲ့မှုကို မတုန်လှုပ်တဲ့သူဟာ သူ့ဘဝကိုသူ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တယ်။

󾆮󾆮󾆮
I create my meaning. I create my values. That is the highest freedom.
ငါ့ဘဝအဓိပ္ပာယ်ကို ငါ ဖန်တီးတယ်။ ငါရွေးချယ်တယ်။ ငါ့အတွက် ဘယ်ဟာ တန်ဖိုးရှိတယ် ဆိုတာကို ငါ ဖန်တီးတယ်။ ငါရွေးချယ်တယ်။ အဲဒါဟာ ငါ့ရဲ့ အမြင့်ဆုံး လွတ်လပ်မှုဖြစ်တယ်။

󾆮󾆮󾆮
ငါ့ ဘဝအဓိပ္ပါယ်နဲ့ ငါ့တန်ဖိုးထားမှုတွေကို ငါ ဖန်တီးမှ ငါ့မှာ လွတ်လပ်တဲ့ ဘဝ ရှိတယ်လို့ ဆိုနိုင်မယ်။ ငါ့ရင်ထဲမှာ လွတ်လပ်မှု ရှိနေမှ ငါ့မှာ ဘဝရှိတယ်လို့  ခံစား၇တယ်။ ဒါကြောင့် ငါ့မှာ ဘဝရှိဖို့ဆိုရင် ငါ့ဘဝ အဓိပ္ပာယ်ကို ငါ ဖန်တီးရမယ်။ မှန်တာကို မှန်တယ်လို့ ငါ့ဥာဏ်နဲ့ ငါ ဆုံးဖြတ်နိုင်ဖို့ တာဝန်ကို ငါယူရမယ်။ ဒီတာဝန်ဟာ အကြီးမားဆုံး တာဝန်ပဲ။ ဒီတာဝန်ကို မယူသေးသ၍ ငါ့မှာ ဘဝ မရှိသေးဘူး။

󾆮󾆮󾆮
အရေးအကြီးဆုံး တီထွင်မှုက ကိုယ့်ဘဝကိုကိုယ် တီထွင်တာပဲ။ ဘဝ ဆိုတာ ပုံသေနေလို့ မရဘူး။ တီထွင်ကြံဆပြီး နေသွားရမယ်။ ပုံသေ နေလိုက်ရင် ဘဝ ပျောက်သွားမယ်။

󾆮󾆮󾆮
မလွတ်လပ်တဲ့စိတ်က လွတ်လပ်တဲ့ဘဝကို မဖန်တီးနိုင်ဘူး။ လွတ်လပ်တဲ့စိတ်ကသာ လွတ်လပ်တဲ့ ဘဝကို ဖန်တီးနိုင်တယ်။

󾆮󾆮󾆮
ကိုယ့်ဘဝကိုကိုယ် ဖန်တီးချင်ရင် ကိုယ့်စိတ်ကိုကိုယ် သိနေဖို့ သိပ်အရေးကြီးတယ်။ ကိုယ့်စိတ်ကိုကိုယ် သိနေမှ ကိုယ့်စိတ်ကို ဘယ်အရာတွေက ဖမ်းစားထားတယ်ဆိုတာ မြင်မယ်။ မြင်မှ လွတ်မယ်။ မမြင်ရင် မလွတ်နိုင်ဘူး။ စိတ်က လွတ်လပ်လာမှ သတ္တိတွေ အင်အားတွေ ဖြစ်လာမယ်။

󾆮󾆮󾆮
ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာမှ ကိုယ့်ဘဝဆို တကယ်ဖြစ်လာပါတယ်။ ကိုယ့်စိတ်ကိုကိုယ် မသိပဲနဲ့ စိတ်ရဲ့ လွတ်လပ်မှုကို မရနိုင်ဘူး။ လွတ်လပ်တဲ့စိတ်ကို မရပဲနဲ့ လွတ်လပ်တဲ့ဘဝကို မရနိုင်ဘူး။

󾆮󾆮󾆮
တချို့လူတွေက သူတို့ကို ဘယ်သူမှ မချုပ်ချယ်ဘူး။ ပိတ်ပင်တားဆီးထားတာ၊ အကြီးအကျယ် တားမြစ်တာ မရှိဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဘာမှ မဆုံးဖြတ်ရဲဘူး။ ဘာကိုမှ မရွေးချယ်ဘူး။ ဘာကိုမှ တကယ် ဆန္ဒ ပြင်းပြင်းပြပြနဲ့ လုပ်ချင်တယ်ဆိုတာ မရှိဘူး။ ခိုင်းရင် ခိုင်းသလောက်တော့ လုပ်တယ်။ မခိုင်းရင် ဘာမှ မလုပ်ဘူး။ အဲဒီလူတွေဟာလည်း မလွတ်လပ်တဲ့သူတွေပဲ။ မလွတ်လပ်တဲ့အတွက် လူ့ဂုဏ်သိက္ခာလည်း မရှိဘူး။

󾆮󾆮󾆮
တကယ်ဥာဏ်ပညာ ကြီးတဲ့လူတွေ သူတို့ဘဝကို သူတို့ နေထိုင်ပုံ စည်းကမ်း နည်းလမ်းကို ကြည့်တဲ့အခါမှာ သူတို့ကိုယ်သူတို့ ပေးထားတဲ့ စည်းကမ်းဟာ သာမန်လူတွေ လိုက်နာနေကြတဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်နေတာ တွေ့ရတယ်၊ အများကြီးတင်းကျပ်နေတာ တွေ့ရတယ်။ စားတာ သောက်တာ နေတာ ထိုင်တာ သွားတာ လာတာ အင်မတန် စည်းကမ်းရှိတယ်။ ဘာကိုမှ စည်းမဲ့ကမ်းမဲ့ လုပ်တာ မရှိဘူး။ အချိန်ဖြုန်းတယ် ဆိုတာ မရှိဘူး။
သူ့ဘဝကိုသူ ဘယ်လိုလုပ်ချင်သလဲ၊ ဘယ်လိုဖြစ်ချင်သလဲ ဆိုတာကို သူ့ဟာသူ ရွေးချယ်ထားပြီးဖြစ်တယ်။ သူ့ဘဝမှာ သူတန်ဖိုးထားတာတွေ ဖြစ်လာဖို့ ဆိုတာ စည်းနဲ့ကမ်းနဲ့နေဖို့ အင်မတန် လိုအပ်တယ် ဆိုတာကို သူသိတယ်။ သိလို့ လွတ်လပ်တဲ့စိတ်နဲ့ စည်းကမ်းကို ရွေးချယ်တာ။

󾆮󾆮󾆮
ကိုယ့်ကိုယ်ကိုကိုယ် စည်းကမ်းရှိအောင် လုပ်တာဟာ ကိုယ့်ရဲ့ တစ်ခုတည်းသော လွတ်လပ်မှုပဲ။ ကိုယ့်ကိုယ်ကိုကိုယ် ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် မလုပ်နိုင်တဲ့သူမှာ ဘာလွတ်လပ်မှု ရှိသလဲ။

󾆮󾆮󾆮
သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်တဲ့ ငါကိုယ်တိုင် လုပ်ထားတဲ့ စည်းကမ်း၊ ငါ ကျေကျေနပ်နပ် ရွေးချယ်ထားတဲ့ စည်းကမ်းနဲ့ ငါ့ဘဝကို ငါ နေနေတာ။ ဒါကြောင့် ငါ့ကို သူများ အုပ်ချုပ်နေဖို့ မလိုဘူး။ ငါဟာ လွတ်လပ်တဲ့လူ ဖြစ်တယ်။

󾆮󾆮󾆮
ပြင်ပအခြေအနေ တစ်မျိုးပြောင်းတိုင်း ကိုယ့်စိတ်တွင်း အခြေအနေပြောင်းရင် ကိုယ့်စိတ်ဟာ မခိုင်ဘူး၊ လွတ်လပ်မှု မရှိဘူးလို့ ဆိုရမယ်။ စိတ်ဓာတ် တကယ်ခိုင်တဲ့သူဟာ ပြင်ပအခြေအနေ ပြောင်းတိုင်း သူ့စိတ်ထား မပြောင်းဘူး။ ကိုယ့်စိတ်မှာ လွတ်လပ်မှု ဘယ်လောက်ရှိတယ် ဆိုတာကို အဲဒီနည်းနဲ့ တိုင်းတာလို့ရတယ်။ အခြေအနေက ကိုယ့်ကို အမြဲတန်း အဆုံးအဖြတ်ပေးနေတာကို လက်ခံရင် လွတ်လပ်တဲ့ဘဝကို ရမှာ မဟုတ်ဘူး။ အခြေအနေကို ကိုယ်က ဖန်တီးနိုင်မှ လွတ်လပ်တဲ့ ဘဝကိုရမယ်။

󾆮󾆮󾆮
မှန်ကန်တဲ့ အသိအမြင် အတွေးအခေါ်ဆိုတာ လွတ်လပ်တဲ့စိတ် ရှိတဲ့သူမှသာ သိနိုင်မြင်နိုင်တဲ့အရာ ဖြစ်တယ်။ လွတ်လပ်တဲ့စိတ်မရှိရင် တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်မျိုးကိုပဲ တွေးနိုင်တယ်။

󾆮󾆮󾆮
ငါ့ရဲ့ အယူအဆ အတွေးအခေါ် သဘောထား ယုံကြည်ချက်တွေကို ဘယ်အဖွဲ့အစည်းရဲ့ လက်ထဲကိုမှ မထည့်ဘူး။ သူများလက်ထဲကို ကိုယ့်ဦးနှောက်ကို အပ်လိုက်တာဟာ အဆင့်အတန်း အကျဆုံးအလုပ်ပဲ။ အဖွဲ့အစည်းတစ်ခုခုရဲ့ အယူအဆကို လက်ခံမှ အဆင့်အတန်းမြင့်မြင့် နေရထိုင်ရမယ်ဆိုရင် နေပါစေတော့… နေပါစေတော့…။󾁎󾁎󾁎

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩
(page 116-120)

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    ကိုယ် ဘာကိုရွေးချယ်တယ် ဆိုတာပေါ်မှာ မူတည်ပြီး ကိုယ် ဘယ်လောက် လွတ်လပ်တဲ့သူ ဖြစ်လာမလဲဆိုတာ အဖြေပေါ်ပါတယ်။

    ကိုယ့်ကိုယ်ကို အဆင့်အတန်း မြှင့်ချင်တယ်ဆိုရင် သတိနဲ့ ဥာဏ်နဲ့ ကြည့်ပြီးတော့ အကောင်းဆုံး ရွေးချယ်ပြီး လုပ်သွားရမယ်၊၊တစ်ကြိမ်အကောင်းဆုံးကို ရွေးချယ်ပြီး လုပ်လိုက်တိုင်း လုပ်လိုက်တိုင်း ကိုယ့်ရဲ့ လွတ်လပ်မှုက တဖြေးဖြေး တိုးတိုးပြီးတော့ လာတယ်။ နောက်တစ်ခါ အကောင်းဆုံးကို
    ဘီလူးကျွန်းသားလေး ဖိုသောကြာတွေးမိတိုင်းပျော်တယ်ဘီလူးကျွန်းသားလေး ဖိုသောကြာ
    လွတ်လပ်မှု ( ၇ ) ဘီလူးကျွန်းသားလေး ဖိုသောကြာ
     🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜လွတ်လပ်မှု ( ၇ ) 󾭜

󾆮󾆮󾆮
ကိုယ့်အဖွဲ့အစည်းထက် မှန်ကန်တဲ့မူ မှန်ကန်တဲ့ခံယူချက်ကို ဦးစားပေးတယ်။ ကိုယ့်အဖွဲ့အစည်းက မှားနေရင် အဲဒီအမှားကို ထောက်ပြမယ်။ အမှားကို အမှန်လို့ လှည့်စားပြီး မပြောဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ အမှားကို မဖုံးကွယ်ဘူး။ အဖွဲ့အစည်းထက် အမှန်တရားကို ပိုပြီး တန်ဖိုးထားတယ်။ အဖွဲ့အစည်းထက် အမှန်တရားကို ဦးစားပေးတဲ့သူဟာ လွတ်လပ်တဲ့သူ ဖြစ်တယ်။

󾆮󾆮󾆮
လက်အောက်ခံဆိုတာ ခိုင်းတာ လုပ်ရတယ်။ ခိုင်းတာလုပ်ရင် တာဝန်ကျေပြီး ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရင် ပိုကောင်းမလဲလို့ စဉ်းစားစရာ မလိုဘူး။ ခိုင်းတာလုပ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ မသေချာတဲ့ အခြေအနေ၊ အဖြေရှာရတဲ့ အခြေအနေ မရှိဘူး။ သေချာနေတယ်။ သေချာနေတာဟာ သေနေတာပဲ။

󾆮󾆮󾆮
အခွင့်အရေးထူး ပေးထားတာဟာ လွတ်လပ်မှု ပေးတာ မဟုတ်ဘူး။ အခွင့်ထူးကို ရထားတဲ့သူဟာ အသနားခံဘဝကို ရထားတဲ့သူပဲ။

󾆮󾆮󾆮
အခွင့်အရေးနည်းနည်းရဖို့ လွတ်လပ်မှုကို အဆုံးရှုံးခံတဲ့သူဟာ မကြာခင်မှာ အခွင့်အရေးလည်း ဆုံးရှုံးသွားမယ်၊ လွတ်လပ်မှုလည်း ဆုံးရှုံးသွားမယ်။

󾆮󾆮󾆮
တကယ်လွတ်လပ်တဲ့သူဟာ ကြမ်းတမ်းတဲ့သူ မဟုတ်ဘူး။ တကယ်လွတ်လပ်တဲ့သူဟာ အေးချမ်းနေတယ်၊ သူများကိုလည်း အေးချမ်းစေချင်တယ်။ သူများကို လွှမ်းမိုးချင်စိတ် မရှိဘူး။ သူများက ကိုယ့်ဘဝကို လွှမ်းမိုးတာကိုလည်း လက်မခံတဲ့သူ ဖြစ်တယ်။ သူ ဘယ်သူ့ဆီကမှ ဘာမှ မမျှောင်လင့်ဘူး၊ မလိုချင်ဘူး။ ဒါကြောင့် သူ့ကို ဘယ်သူမှ လွှမ်းမိုးလို့ မရဘူး။ သူ့ဘဝဟာ ရှင်းနေတယ်။

󾆮󾆮󾆮
ဘယ်လိုကိစ္စမှာဖြစ်ဖြစ် သူများကို မှီခိုနေရရင် ကိုယ်က ကလေးလို နေရမယ်။ ကလေးနေရာမှာ နေရမယ်။ စားဝတ်နေရေးမှာ သူများကို မှီခိုနေရရင်လည်း ကလေးလို နေရမယ်။ ပညာရေးမှာ အသိဥာဏ်မှာ မှီခိုနေရရင်လည်း ကလေးပဲ။ စိတ်ချမ်းသာမှုအတွက် သူများကို မှီခိုနေရရင်လည်း ကလေးဘဝက မလွတ်လပ်သေးဘူး။ အစစ အရာရာမှာ ကိုယ့်အားကိုယ်ကိုးမှ လူကြီးဖြစ်မယ်၊ လွတ်လပ်မယ်။ လူကြီး ဖြစ်တယ်ဆိုတာ အသက်အရွယ်နဲ့  မဆိုင်ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လောက်အားကိုးသလဲ ဆိုတာနဲ့ပဲ ဆိုင်တယ်။ တကယ် လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် ဒီတစ်နည်းပဲ ရှိတယ်။ ကိုယ့်အား ကိုယ်ကိုးရမယ်။ ကိုယ့်အသိဥာဏ်ကို ကိုယ် အားကိုးရမယ်။ ကိုယ့်လွတ်လပ်မှု လွတ်မြောက်မှုကို ကိုယ် ရအောင်လုပ်ရမယ်။

󾆮󾆮󾆮
မျှော်လင့်ချက်အတုဆိုတာ ငါးစာနဲ့ တူတယ်။ မျှော်လင့်ချက် အတုဆိုတဲ့ ငါးစာကို ဟက်လိုက်တာနဲ့ ကိုယ့်လွတ်လပ်မှု ဆုံးရှုံးသွားပြီ။ မရနိုင်တာကို ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေရင်း အဖိုးတန်တဲ့ လွတ်လပ်မှု အစစ်ကို မရနိုင်တော့ဘူး။

󾆮󾆮󾆮
လွတ်လပ်မှုဆိုတာ ဘာကိုခေါ်သလဲဆိုတာကို လေးလေးနက်နက် သိအောင် လူတိုင်း ကိုယ့်ဥာဏ်နဲ့ကိုယ် သေသေချာချာ လေ့လာနေရမယ်။  လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲဆိုတာကို သေသေချာချာမသိရင် လွတ်လပ်မှု အတုကိုပဲ ရမယ်။

󾆮󾆮󾆮
လွတ်လပ်မှုအစစ်ဆိုတာ စိတ်ထဲမှာပဲ ရှိတယ်။ ကိုယ့်စိတ်ထဲမှာ လွတ်လပ်မှု မရှိတော့ရင် အပြင်က လွတ်လပ်မှုဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ လွတ်လပ်မှု မရှိတာကို လွတ်လပ်မှု မရှိမှန်း မသိရင် လွတ်လပ်မှုရှိအောင် ဘယ်လိုလုပ်မလဲ။

󾆮󾆮󾆮
သူတစ်ပါး (တစ်စုံတစ်ယောက်) ရဲ့ လွတ်လပ်မှုကို ချုပ်ချယ်လိုက်ရင် သင့်လွတ်လပ်မှုကို သင် နှစ်နှစ်ခြိုက်ခြိုက် ခံစားလို့ရမှာ မဟုတ်တော့ဘူး။
သူများကို မလွတ်လပ်အောင် လုပ်ရင် ကိုယ်လည်း မလွတ်လပ်ဘူး။ သူများကို စိတ်ဆင်းရဲအောင် လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတယ်။ သူတစ်ပါးကို စိတ်မအေးချမ်းအောင် လုပ်ရင် ကိုယ်လည်း စိတ်အေးချမ်းမှု မရနိုင်ဘူး။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။

󾆮󾆮󾆮
တပည့်ရဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုတဲ့ ဆရာဟာ တပည့်ကို ကျွန်လို သဘောထားတဲ့ သူပဲ။ ဒါကြောင့် သူဟာ ဆရာယောင်ဆောင်နေတဲ့ ကျွန်ပိုင်ရှင်ကြီးပဲ။ ဒီအချက်ကို မသိကြလို့ တပည့်ခံရင်း ကျွန်ဘဝ ရောက်ကုန်ကြတယ်။

󾆮󾆮󾆮
ကောင်းတဲ့ အစိုးရအဖွဲ့ဟာ လူများစုရဲ့ ဘဝမှာ မျှော်လင့်စရာ မျှော်မှန်းစရာတွေ များများရှိအောင် စီစဉ်ပေးတယ်။ ကြောက်နေအောင် စိုးရိမ်နေအောင် မလုပ်ဘူး။ ရိုးရိုးသားသား လုပ်တယ်။ မလှည့်စားဘူး။ တရာမျှတမှုရှိတယ်။ မတရားတာကို မလုပ်ဘူး။ ဘေးရန်အန္တရာယ်မရှိ သွားနိုင်လာနိုင်အောင် လုပ်ပေးတယ်။ လွတ်လပ်မှုကို ကာကွယ်ပေးတယ်။ လွတ်လပ်မှု မရှိအာင် မလုပ်ဘူး။

󾆮󾆮󾆮
ပိုပြီးတော့ ဥာဏ်ရှိတဲ့လူ၊ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့လူ၊ ပိုပြီးတော့ ကျန်းမာတဲ့လူ၊ ပညာ အရည်အချင်း ပိုပြီးမြင့်မားတဲ့လူ၊ လုပ်ရည်ကိုင်ရည် ပိုပြီး အဆင့်မြင့်တဲ့သူ စသည်ဖြင့် အဲဒီလိုလူတွေ ဖြစ်လာနိုင်အောင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့၊ လွတ်လပ်မှုတွေကို ပေးထားတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းလို့ ခေါ်တယ်။ လူကို လေးစားတယ်၊ လူရဲ့ လွတ်လပ်မှုကို တကယ်ရိုးရိုးသားသား လေးစားတယ်ဆိုတဲ့ လေးစားမှု အခြေခံအုတ်မြစ်ပေါ်မှာမှ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းကို တည်ဆောက်လို့ရတယ်။

󾆮󾆮󾆮
အတွေးအခေါ်ကို လွတ်လွတ်လပ်လပ် ပြောနိုင် ဆိုနိုင် ဆွေးနွေးနိုင်မှ တိုးတက်လာမယ်။ လွတ်လွတ်လပ်လပ် မဆွေးနွေးရင် အဲဒီ လူ့အသိုင်းအဝိုင်းဟာ ရေပုပ်အိုင်လို ဖြစ်သွားမယ်။

󾆮󾆮󾆮
လူတိုင်း လွတ်လပ်မှုကို လိုချင်တယ်လို့ ပြောကြတာပါပဲ။ ဘယ်လို လွတ်လပ်မှုမျိုးကို လိုချင်တာလဲ။ လုပ်ချင်တာတွေအားလုံးကို စိတ်ထင်တိုင်း လုပ်ရတာကို လွတ်လပ်တယ်လို့ ဆိုလိုတာလား။ အဲဒါဟာ ဥာဏ်မရှိတဲ့ ကလေးဆန်တဲ့ လူတွေရဲ့ အထင်မှားမှုကြီးပဲ။

󾆮󾆮󾆮
လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်း လုပ်လို့ရတာကို မဆိုလိုဘူး။ သင့် မသင့်၊ မှန် မမှန် စဉ်းစားဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ၊ အုပ်စုစွဲ မပါဘဲ အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အမှန်ဆုံး လုပ်တာဟာ လွတ်လပ်မှု။ ဒါကြောင့် လွတ်လပ်မှုဆိုတာ သဘောထားကြီးမှုနဲ့ အမှန်ကို သိမှုဆိုတဲ့ ဥာဏ်ပညာပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်လာတာပါ။

󾆮󾆮󾆮
လွတ်လပ်မှုနဲ့ အမှန်တရားဟာ စိတ်ကို အားရှိစေတယ်၊ သတ္တိ ရှိစေတယ်။ စိတ်မှာ တကယ် အားရှိချင်ရင်၊ သတ္တိ ရှိချင်ရင် လွတ်လပ်မှုနဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ လွတ်လပ်မှုနဲ့ အမှန်တရားကို ဘာနဲ့မှ မလဲနိုင်တဲ့စိတ် ရှိရမယ်။

󾆮󾆮󾆮
အမှန်တရားနဲ့ လွတ်လပ်မှုကို ရှာဖွေတာနဲ့ အမှန်တရားနဲ့ လွတ်လပ်မှုကို ချစ်တာလောက် အဆင့်မြင့်တာ မြင့်မြတ်တာ မရှိတော့ဘူ။

󾆮󾆮󾆮
အမှန်တရားနဲ့ လွတ်လပ်မှုဟာ သိမ်မွေ့ နက်နဲတဲ့ အရာဖြစ်လို့ စိတ်ဓာတ် အဆင့်အတန်း အသိဥာဏ် အဆင့်အတန်း မြင့်လာမှ မြတ်နိုးတတ် တန်ဖိုးထားတတ်လာတယ်။

󾆮󾆮󾆮
အမှန်တရားကို မချစ်တတ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် မချစ်တတ်သေးဘူး။ လွတ်လပ်မှုကို မချစ်တတ်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် တကယ် မချစ်တတ်သေးဘူး။

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩
(Page 121-124)

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    ကိုယ့်အဖွဲ့အစည်းထက် မှန်ကန်တဲ့မူ မှန်ကန်တဲ့ခံယူချက်ကို ဦးစားပေးတယ်။ ကိုယ့်အဖွဲ့အစည်းက မှားနေရင် အဲဒီအမှားကို ထောက်ပြမယ်။ အမှားကို အမှန်လို့ လှည့်စားပြီး မပြောဘူး။ ကိုယ့်အဖွဲ့အစည်းရဲ့ အမှားကို မဖုံးကွယ်ဘူး။ အဖွဲ့အစည်းထက် အမှန်တရားကို ပိုပြီး တန်ဖိုးထားတယ်။ အဖွဲ့အစည်းထက် အမှန်တရားကို ဦးစားပေးတဲ့သူဟာ လွတ်လပ်တဲ့သူ ဖြစ်တယ်။
    ♻️♻️♻️
အားငယ်စိတ် ကြောက်စိတ် ဆိုတာ လူတိုင်းမှာ အနဲနဲ့အများ ရှိတယ်။ အဲဒီ အားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင် မလုပ်လို့ရှိရင် လူရဲ့ စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့ အလုပ်ကို လုပ်ရတော့မယ် ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားက မရှိဘူး။ အဲဒီတော့ အဲဒီအားငယ်စိတ်၊ ကြောက်စိတ်တွေကို သက်သာဖို့ဆိုတာလည်းပဲ ဒီတရားအားထုတ်မှ ရနိုင်မယ်။

♻️♻️♻️
အခု သက်သာအောင် နေရင် ရေရှည်မှာ မသက်သာဘူး။ အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့် အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ ပူပင်သောက များမယ်။

♻️♻️♻️
စိတ်အေးရဖို့ ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်။ ငါ့ဘဝကိုငါ ဘယ်လိုနေမယ်၊ ဘယ်လိုသဘောထားနဲ့ နေမယ်၊ ဘယ်လိုခံယူချက်နဲ့ နေမယ်၊ ဘာကိုဦးတည်ချက်ထားမယ် ဆိုတာကို စိတ်ချလက်ချ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ် စဉ်းစားပြီးတော့ သိပြီးတော့ ဆုံးဖြတ်ပြီးတော့ နေနိုင်မှ ရမယ်။ သူများက ပေးလို့ မရဘူး။

♻️♻️♻️
ကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်က ကိုယ့်အတွင်းကလာမှ ရမှာ။ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သိပြီးတော့ ဖြစ်လာတဲ့ ယုံကြည်ချက် ခံယူချက် ဖြစ်မှ 
ရမှာ။ အဲဒါကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling က ပျောက်မှာ မဟုတ်ဘူး။ ရှုပ်ထွေးပြီး ဘာမှ စိတ်မချရတဲ့ လောကကြီးအလယ်မှာ အားငယ်နေမယ်၊ ကြောက်နေမယ်။
emptiness နဲ့ loneliness ဟာ anxiety ရဲ့ မျက်နှာနှစ်ဖက်ပဲ။ အဲဒီ emptiness နဲ့ loneliness ရှိနေပြီဆိုရင် anxiety ( စိုးရိမ်သောက ) ရှိနေပြီ၊ သေချာပြီ။ စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။

♻️♻️♻️
ကိုယ့်မှာလည်း ယုံကြည်ချက်၊ ခံယူချက် မရှိသလို တခြားသူတွေမှာလည်း ယုံကြည်ချက်၊ ခံယူချက်မရှိဘူး ဆိုရင် စိတ်ထဲမှာ မလုံခြုံတဲ့ခံစားမှု၊ ဘယ်သူ့ကိုမှ စိတ်မချတဲ့ ခံစားမှု ဖြစ်မယ်။ အဲသလိုလူချင်းဟာ ဘယ်လိုလုပ် စိတ်ချလက်ချ ဆက်ဆံလို့ ရတော့မလဲ။

♻️♻️♻️
ကိုယ်က ဘာမှ အပြစ်မရှိပဲနဲ့ စိတ်အေးလက်အေး နေလို့မရတဲ့ အဖြစ်က anxiety ဖြစ်ဖို့ရာ အကြီးမားဆုံးအကြောင်းဘဲ။
ငါမကောင်းတာ မလုပ်ရင် ငါ့မှာ အန္တရာယ်မရှိဘူး။ ငါရိုးရိုးသားသား လုပ်မယ်ဆိုရင် ငါရသင့်တဲ့ အခွင့်အရေးကို ရိုးရိုးသားသားနဲ့ ရမှာဘဲလို့ ယုံကြည်လို့ရတယ်ဆိုရင် နဲနဲ စိတ်အေးတယ်။ ကိုယ့်မှာ ရပ်တည်ရာလေးတခုရှိတယ်။ ဒီလိုနေရင် စိတ်အေးရမှာပဲ ဆိုတဲ့ နေနည်းထိုင်နည်းလေး life style လေးကို အားကိုးလို့ရတယ်။ အဲဒါမှ အားကိုးလို့ မရတော့ဘူးဆိုရင် သူ့ anxiety က အကန့်အသတ်မရှိတော့ဘူး။
ဒါကြောင့် လူတွေမှာ အဲသလို မဖြစ်သင့်တဲ့ anxiety မျိုးတွေ ဖြစ်နေပြီဆိုရင် စိုးရိမ်စရာကောင်းတယ်။ ဘာလုပ်သင့်သလဲ။
ကိုယ့်စိတ်ကိုကိုယ် သေသေချာချာသိတဲ့ အသိဟာ ပိုပြီးတော့ အားကောင်းလာ လေလေ အဲဒီ anxiety လို့ ခေါ်တဲ့ သောကကို လွန်မြောက်နိုင်ဖို့ နဲ့ ခံနိုင်ရည်ပိုရှိဖို့ က အခွင့်အရေး အလားအလာ ပိုများလာလေလေပဲ။ ဒါဟာ တခုတည်းသော အားကိုးစရာ ဖြစ်တယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုကိုယ် ကြည့်တဲ့ အလေ့အကျင့်ကိုလုပ်ရမယ်။ ဒါလုပ်သင့်တယ်။󾁎󾁎󾁎

⚡️ ဆရာတော်ဦးဇောတိက ⚡️
        ( မဟာမြိုင်တောရ )
    ♻♻♻
    အားငယ်စိတ် ကြောက်စိတ် ဆိုတာ လူတိုင်းမှာ အနဲနဲ့အများ ရှိတယ်။ အဲဒီ အားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင် မလုပ်လို့ရှိရင် လူရဲ့ စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့ အလုပ်ကို လုပ်ရတော့မယ် ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားက မရှိဘူး။
    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
    လွတ်လပ်မှု ( ၈ )
     🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜လွတ်လပ်မှု ( ၈ ) 󾭜

󾆮󾆮󾆮
What matters most is what sort of person you are becoming, what sort of life you are living.
အရေးအကြီးဆုံး အချက်က ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ။ ဘယ်လိုဘဝမျိုးကို နေနေသလဲ။ အဲဒါ အရေးကြီးဆုံးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဂုဏ်သိက္ခာရှိတဲ့သူ ဖြစ်နေရမယ်။ လွတ်လပ်တဲ့သူ ဖြစ်နေရမယ်။ ငါ့ရင်ထဲက ဂုဏ်သိက္ခာကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ရင်ထဲက လွတ်လပ်မှုကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ဘဝအခြေအနေဟာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါဟာ အေးချမ်းတဲ့သူ လွတ်လပ်တဲ့သူ ရိုးသားတဲ့သူ ဖြစ်ရမယ်။

󾆮󾆮󾆮
ပိပိရိရိ လိမ်နိုင် ညာနိုင်တဲ့သူဟာ နေရေးထိုင်ရေး အဆင်ပြေတဲ့သူတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အမှန်တရားနဲ့ လွတ်လပ်မှုကိုတော့ ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်ဘူး။

󾆮󾆮󾆮
မာနက ကိုယ့်ကုပ်ကို ခွစီးပြီးတော့ 'လုပ်ဟဲ့.. လုပ်ဟဲ့.. သူ့ထက်သာအောင်၊ ကြွားဟဲ့.. ကြွားဟဲ့..' လို့ ကုပ်ကို ခွစီးပြီး ကိုယ့်ကို နှင်တံနဲ့ အတင်းထိုးနေလို့ ကိုယ့်မှာ အမောဆို့နေတာတောင်မှ မနားနိုင်ဘဲ ပြေးလွှားနေရတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုတော့ ငါ လွတ်လွတ်လပ်လပ်ကြီး လုပ်နေရပြီလို့ မှတ်နေတာပဲ။

󾆮󾆮󾆮
ကိလေသာတွေ ဖြစ်ခွင့်မရတဲ့အခါ သတိ၊ သမာဓိ ကောင်းနေတဲ့အခါ ဝိပဿနာဥာဏ်ဖြစ်နေတဲ့အခါမှာ စိတ်က လွတ်လပ်နေတယ်၊ အေးချမ်းနေတယ်။ ဒီလို တရားကို သိတဲ့သူဟာ ငြိမ်းချမ်းမှုနဲ့ မငြိမ်းချမ်းမှုကိုလည်း သိတယ်၊ လွတ်လပ်မှုနဲ့ မလွတ်လပ်မှုကိုလည်း ကွဲကွဲပြားပြား သိနေတယ်။

󾆮󾆮󾆮
သိမ်ငယ်တဲ့စိတ်ကလေး သက်သာဖို့ကို နည်းမျိုးစုံနဲ့ လုပ်ကြတယ်။ အဝတ်နဲ့ လုပ်ကြတယ်၊ အစားနဲ့ လုပ်ကြတယ်။ အမျိုးမျိုးကြွားတယ်။ သူများထက်သာကြောင်းကို ပြချင်တယ်။ ဒီလို သူများထက်သာကြောင်းကို နည်းမျိုးစုံနဲ့ ပြနေတာကိုက စိတ်ထဲမှာ သိမ်ငယ်စိတ် ရှိလို့ဆိုတာ သိသာတယ်။ ကိုယ့်စိတ်ထဲမှာ သိမ်ငယ်တဲ့စိတ် မရှိရင် သူများထက်သာကြောင်း ပြနေဖို့ မလိုတော့ဘူး။ လွတ်လပ်သွားပြီ။ ကိုယ့်ကိုယ်ကို အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်လို့ မှန်မှန်ကန်ကန် မခံစားရတဲ့လူဟာ လူကြွားကြီး ဖြစ်လာတယ်။

󾆮󾆮󾆮
ကြွားချင်တဲ့သူဟာ အရှက်ကွဲရတတ်တယ်။
အထင်ကြီး ခံချင်လွန်းတဲ့သူဟာ မကြာခင်မှာ အထင်သေး ခံရတတ်တယ်။ သူများကိုယ့်ကို အထင်ကြီးတယ်ဆိုတာ သူ့စိတ်ထဲမှာ ခဏလေး ပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။

󾆮󾆮󾆮
စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားပဲ နေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။ တချို့က စားနိုင်တာကို ကြွားတယ်။ တချို့က မစားပဲ နေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။ အပျော်အပါးတွေကို များများခံစားတဲ့သူက သူ ခံစားနိုင်တာကို ကြွားတယ်။ အပျော်အပါးတွေကို မခံစားတဲ့သူက သူ မခံစားတဲ့အကြောင်းကို ကြွားတယ်။ နှစ်ဦးစလုံးရဲ့ စိတ်ဟာ သဘာဝချင်း အတူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။

󾆮󾆮󾆮
စားတာမှာ လွတ်လပ်မှု၊ ဝတ်တာမှာ လွတ်လပ်မှု၊ ပြောတာ ဆိုတာမှာ လွတ်လပ်မှု၊ ဆက်ဆံရေးမှာ လွတ်လပ်မှု၊ ပညာရှာတာမှာ လွတ်လပ်မှု၊ စီးပွားဥစ္စာရှာတာမှာ လွတ်လပ်မှု၊ အလုပ် လုပ်တာမှာ လွတ်လပ်မှု။ အဲဒီလို လွတ်လပ်မှု အမျိုးမျိုးကို နေ့စဉ် သတိထားပြီးတော့ ပိုပြီး လွတ်လပ်မှုရှိအောင် ကြိုးစားနေတဲ့သူမှာ တစ်နေ့ထက်တစ်နေ့ လွတ်လပ်မှု ပိုရှိလာမယ်။ အရည်အချင်းတွေလည်း ပိုထွက်လာမယ်။ စိတ်ဓာတ်လည်း ပိုမြင့်မားလာမယ်။

󾆮󾆮󾆮
ငွေနဲ့ ကြွားတဲ့သူ အိမ်နဲ့ ကြွားတဲ့သူ ကားနဲ့ ကြွားတဲ့သူ ပစ္စည်းနဲ့ ကြွားတဲ့သူ စိန်တွေရွှေတွေနဲ့ ကြွားတဲ့သူဟာ တကယ် လူချမ်းသာ မဟုတ်သေးဘူး။ တကယ် ချမ်းသာတဲ့သူဟာ သူ ချမ်းသာတာကို မေ့ထားလို့ ရသွားပြီ။ ပြည့်စုံနေတဲ့စိတ် ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။
ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့အကြောင်းကို မတွေးတော့ဘူး။ ထမင်းစားပြီးပေမဲ့ ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင် ဘယ်လို ယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။ ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်းကိုပဲ တွေးနေရင် သူ့စိတ်က မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။ ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။ တကယ် ရာထူးကြီးကြီးနဲ့ တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။ သူနဲ့မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူးအကြောင်းကို သူ မေ့လို့မရဘူး။ ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကို စကားပြောနေမှ သူကျေနပ်တယ်။ သူ့ရာထူးကို မခေါ်ပဲ သူ့နာမည်ကို ခေါ်တဲ့သူကို သူ ရန်ညိုးထားတော့မယ်။ သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာတော့ သူ ရာထူးကို မေ့သွားပြီ။ တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမဲ့ အဲဒီရာထူးကို အဓိကမထားတော့ဘူး။ အဲဒီလိုလူမှ ရာထူးနဲ့ တန်တဲ့သူ ဖြစ်သွားပြီ၊ သူ့အလုပ်ကို သူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမဲ့ အဲဒီလိုလူက သိပ်ရှားပါတယ်။

󾆮󾆮󾆮
လွတ်လပ်တဲ့သူဟာ သူ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိအောင် မကြွားဘူး။

󾆮󾆮󾆮
အပြစ်တင်ချင်နေတာ၊ ဝေဖန်ချင်နေတာ၊ ရှုံ့ချချင်နေတာ ဘာကြောင့်လဲ။ သူများကို အပြစ်တင်ရှုံ့ချနေရမှ ကိုယ့်မှာ နေလို့ ဖြစ်သလား။ သူများကို အပြစ်တင်နေရတာဟာ ကိုယ့်မှာ မရှိမဖြစ်လိုအပ်နေတဲ့ ကိစ္စလား။ ဘာဖြစ်လို့ လိုအပ်နေတာလဲ။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကို တော်တဲ့သူ၊ စွမ်းတဲ့သူ၊ ထက်တဲ့သူလို့ ခံစားရသလား။ သူများ ကိုယ့်ကိုကြောက်နေမှ ကိုယ့်ကိုယ်ကို စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာ ကျသွားမှ ကိုယ့်ဂုဏ်သိက္ခာ တက်မှာလား။ တကယ် လွတ်လပ်တဲ့သူ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်ပါ။

󾆮󾆮󾆮
ကောင်းတာကို လုပ်တဲ့အခါမှာ လူသိစေချင်တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ တကယ်ကောင်းတဲ့သူဟာ 'ငါ ကောင်းတယ်' လို့တောင် မတွေးတော့ဘူး။

󾆮󾆮󾆮
အကျိုးကို မမျှော်ပဲ လုပ်သင့်တာကိုလုပ်တတ်တဲ့ အလေ့အကျင့် များလာတဲ့အခါ ကိုယ့်စိတ်က ပိုပြီး လွတ်လပ်လာတာကို တွေ့ရမယ်။ ကိုယ့်စိတ်က ကိုယ်ကျိုးကို မျှော်လင့်သလား မမျှော်လင့်ဘူးလား ဆိုတာကို တိတိကျကျ သိနိုင်ဖို့ဟာ ကိုယ့်စိတ်ကို ကိုယ် ရိုးရိုးသားသား သတ္တိရှိရှိ ကြည့်နိုင်မှ ရမယ်။ 'ငါက ကိုယ့်ကျိုးကို မမျှော်ပါဘူး' ဆိုတဲ့ ဂုဏ်ကို လိုချင်နေရင်တောင် မလွတ်လပ်တော့ဘူး။

󾆮󾆮󾆮
တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်တယ် ဆိုရင် လုပ်သင့်တဲ့ အလုပ်ကို ဘယ်သူမှ မခိုင်းရပဲ လုပ်ပါ။ ကိုယ့်စိတ်ကူး ကိုယ့်အတွေးအခေါ်နဲ့ကိုယ် လုပ်ပါ။ ကိုယ့်ပညာရေးကို ကိုယ့်လက်ထဲမှာ ထားပါ။ ကိုယ့်ပညာ ကိုယ်ရှာပါ။ ကိုယ် ဘာကို တန်ဖိုးထားတယ် ဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပါ။ အဲဒါ တော်တော် စွန့်စားရလိမ့်မယ်။ Take the risk. စွန့်စားလိုက်ပါ၊၊ လွတ်လပ်တဲ့ဘဝကို ရဖို့ စွန့်လွှတ်ရမယ်ဆိုရင် ဘာမဆို စွန့်လွှတ်နိုင်ရမယ်။

󾆮󾆮󾆮
ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ့်ဟာကိုယ် လူကောင်းသူကောင်း ဖြစ်အောင် လုပ်ယူမယ်။ ကိုယ့်ဆန္ဒမပါပဲ ကိုယ်ကိုယ်တိုင် မလုပ်ရပဲ သူများ လုပ်ပေးလို့ လူကောင်းသူကောင်း ဖြစ်တာကို လက်မခံနိုင်ဘူး။ သူများ လုပ်ပေးတာကို လက်ခံလိုက်ရင် ကိုယ့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားမယ်။󾁎󾁎󾁎    

  ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩
(page 125 - 128)

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊������
    What matters most is what sort of person you are becoming, what sort of life you are living.
    အရေးအကြီးဆုံး အချက်က ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ။ ဘယ်လိုဘဝမျိုးကို နေနေသလဲ။ အဲဒါ အရေးကြီးဆုံးဖြစ်တယ်။
    ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဂုဏ်သိက္ခာရှိတဲ့သူ ဖြစ်နေရမယ်။ လွတ်လပ်တဲ့သူ ဖြစ်နေရမယ်။ ငါ့ရင်ထဲက ဂုဏ်သိက္ခာကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ရင်ထဲက လွတ်လပ်မှုကို ဘယ်သူ ယူသွားလို့ရမလဲ။ ငါ့ဘဝအခြေအနေဟာ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ငါဟာ အေးချမ်းတဲ့သူ လွတ်လပ်တဲ့သူ ရိုးသားတဲ့သူ ဖြစ်ရမယ်။
    ဘာကို တန်ဖိုးထားရမလဲ ( ၄ )
     󾔏 ဘာကို တန်ဖိုးထားရမလဲ ( ၄ )󾔏

󾭜စိတ်ကို သိဖို့ ပိုအရေးကြီးလာပြီ󾭜

󾀼ကိုယ်တန်ဖိုးထားတဲ့ အရာက ကိုယ့်ဘ၀ကို စုစည်းပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။󾀼

󾆮󾆮󾆮
အခုခေတ်လူတွေဟာ အရင်ခေတ်လူတွေလောက် မသက်သာဘူး။ အရင်ခေတ်လူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတော့ အခက်အခဲများတယ်။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားပေးဖို့၊ ကြည့်ဖို့၊ တကယ်သိအောင် ကြိုးစားဖို့ ပိုပြီးတော့ လိုအပ်လာပြီ။ တစ်နည်းအားဖြင့်တော့ အဲဒါ ပိုကောင်းတယ်လို့ ပြောလို့ရတယ်။

󾆮󾆮󾆮
ငယ်ငယ်တုန်းကနေခဲ့တဲ့ အသိုင်းအ၀ိုင်းထဲမှာ ခရစ်ယန် ရှိတယ်၊ ဟိန္ဒူ ရှိတယ်၊ ဗုဒ္ဓဘာသာ ရှိတယ်၊ ဂျူးလည်း ရှိတယ်။ တခြားတခြား ဘာသာဝင်တွေလည်း ရှိတယ်။ ရောနှောနေတာကိုး။ စာပေတွေလည်း အမျိုးမျိုးဖတ်ဖူးတယ်။ အဲဒါကြောင့် တော်တော် စိတ်ရှုပ်ကုန်တယ်။ အဲဒါ တစ်နည်းအားဖြင့်တော့ ကောင်းတယ်လို့ ပြောရမယ်။ အဲဒီလို ရှုပ်သွားတဲ့အခါမှာမှ တကယ့်အမှန်တရားက ဘာလဲဆိုတာ သိချင်လာတယ်။ သိအောင်လုပ်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ရအောင် ရှာခဲ့ရတာပဲ။ တကယ်သိလာတဲ့ အခါကျတော့ ဘာမှ မသိပဲ အေးအေးနေခဲ့တုန်းကထက် ကိုယ့်ကိုယ်ကို ပိုပြီး ကျေနပ်မှုရတယ်။

󾆮󾆮󾆮
အမှန်ကိုသိမှပဲ ကျေနပ်မှု အစစ်အမှန်ကို ရတယ်။ ဘာမှမသိပဲ ပျော်နေရုံနဲ့ ကျေနပ်မှု အစစ်အမှန်ကို မရနိုင်ဘူး။ ကျေနပ်နေတာနဲ့ ပျော်နေတာနဲ့ဟာ တော်တော် ကွာတယ်နော်။ အမှန်ကိုသိရလို့ ကျေနပ်နေတဲ့ ခံစားမှုဟာ တည်ငြိမ်အေးဆေးမှုလည်း ရှိနေတယ်၊ ခိုင်မာရင့်ကျက်မှုလည်း ရှိနေတယ်။ ပျော်တာက တည်ငြိမ်မှု မရှိဘူး၊ ခိုင်မာရင့်ကျက်မှု မရှိဘူး။ ပျော်နေတဲ့သူဟာ အဆင်မပြေတာနဲ့ တွေ့ရင် ချက်ချင်း စိတ်ညစ်သွားနိုင်တယ်၊၊ တည်ငြိမ်အေးဆေးပြီး ခိုင်မာရင့်ကျက်တဲ့စိတ် ရှိတဲ့သူက အဆင်မပြေတာနဲ့ တွေ့တဲ့အခါ ခံနိုင်ရည် ပိုရှိတယ်။ အမှန်ကို သိတဲ့သူဟာ လွတ်လပ်မှုလည်း ရှိတယ်။

󾆮󾆮󾆮
အခုခေတ်လူတွေမှာ တာဝန်ပိုကြီးတယ်လို့ ပြောရမယ်။ တကယ်သိအောင် လုပ်ဖို့ရာ ပိုပြီးတော့ ကြိုးစားရတယ်။ ကိုယ့်ရဲ့ အင်အားက အရင်တုန်းကတော့ ပတ်ဝန်းကျင်ကနေ ရတယ်၊ မိဘဆီကနေ ရတယ်။ ဟို တော့ထဲ တောင်ထဲမှာ နေတဲ့သူတွေဆိုရင် တရွာလုံးဟာ အမှန်တော့ one organism လို သဘောထားမျိုးနဲ့ နေရတာ။ ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆနဲ့ ကိုယ်ပိုင် လုပ်နည်းလုပ်ဟန်ကို သိပ်ပြီးတော့ ဦးစားမပေးပဲနဲ့ သူများလုပ်သလို လိုက်လုပ်ရတယ်၊၊ သူများအပေါ်မှာ မှီပြီးမှ ရတဲ့ အင်အားမျိုး ဖြစ်နေတယ်။ အုပ်စုကနေ ရတဲ့ အင်အားပေါ့။ အခုခေတ်လူတွေက အုပ်စုကနေရတဲ့ အင်အားကို ရဖို့ ခဲယဉ်းသွားပြီး။ ဘယ်အုပ်စုထဲမှာမှ မပါတော့တဲ့သူတွေ တော်တော်များများ တွေ့ရတယ်။ လွတ်လွတ်လပ်လပ် ရဲရဲရင့်ရင့် တွေးတတ်တဲ့သူဟာ အုပ်စုထဲကို ၀င်ဖို့ မလွယ်ဘူး။

󾆮󾆮󾆮
တချို့လည်း အုပ်စုနဲ့နေတဲ့သူတွေ ရှိပါသေးတယ်။ အဖွဲ့အစည်း တစ်ခုခု၊ ဘာသာရေးအသင်းအဖွဲ့ တစ်ခုခု၊ အယူအဆ အတွေးအခေါ် အသင်းအဖွဲ့ တစ်ခုခုထဲမှာ ပါတဲ့လူတွေလည်း ရှိသလို၊ လူများစုကတော့ ဘယ်အုပ်စုထဲမှာမှ မပါဘူး။ သူ့စိတ်ကိုသူ တကယ်ကြည့်တဲ့အခါ ဒီဘက်အုပ်စုနဲ့လည်း သူနဲ့ မကိုက်ဘူး၊ ဟိုဘက်အုပ်စုနဲ့လည်း သူ့စိတ်နဲ့ မကိုက်ဘူး။ ဘယ်အုပ်စုထဲကိုမှ ၀င်လို့မရဘူး၊ ၀င်မယ်ဆိုရင်တောင်မှ အပေါ်ယံ ဟန်ပြပဲ ၀င်လို့ရတယ်၊ တကယ် စိတ်မပါဘူး။

󾆮󾆮󾆮
အုပ်စုတစ်ခုထဲ ၀င်ထားပြီးတော့ အပေါ်ယံဟန်ပြလောက် လုပ်နေရုံနဲ့လည်း စိတ်ရဲ့ ကျေနပ်မှုကို မရဘူး။ မရတော့ အခုခေတ် လူတွေဟာ သူ့ရဲ့သတ္တိ သူ့ရဲ့အင်အားကို ဘယ်ကရအောင် လုပ်ရမလဲဆိုတော့ (စဉ်းစားစမ်းပါ)။ သူ့အတွင်းကပဲ ရအောင် လုပ်ရမယ်၊ အပြင်ကနေ မရနိုင်တော့ဘူး။

󾆮󾆮󾆮
ရှေးခေတ်ကလူတွေဟာ အားကိုးစရာ မှီခိုစရာ သတ္တိကို အပြင်ကနေရကြတာ များတယ်။ တချို့ ရှေးခေတ်ကလူတွေ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်သူ့ကိုမှ မှီခိုမှုမရှိပဲ ကိုယ့်အသိဥာဏ်နဲ့ ကိုယ့်ဘ၀ကို နေသွားကြတဲ့လူတွေ အများကြီး ရှိခဲ့ပါတယ်။ အုပ်စုနောက်ကို လိုက်မသွားပဲနဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားခဲ့တဲ့ လူတွေ ရှိပါတယ်နော်။

󾆮󾆮󾆮
အခုခေတ်မှာ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဖို့ ပိုတောင် အရေးကြီးလာပြီ။ ကိုယ့်ရဲ့အင်အား၊ ကိုယ့်ရဲ့ သတ္တိ၊ ကိုယ့်ရဲ့ ပြတ်သားမှုဟာ၊ ကိုယ့်အတွင်းကပဲ လာမှ ရတော့တယ်။ ဒါကြောင့် အခုခေတ်လူတွေဟာ ကိုယ့်စိတ်ကို ကိုယ်သိဖို့ ပိုပြီးတော့ အရေးကြီးလာပြီ။ ဒါကို မလုပ်လို့ မဖြစ်တော့ဘူး။ ကိုယ့်စိတ်ကို ကိုယ် တကယ်မသိရင် ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်ပါရမီ၊ ကိုယ့်အထုံဗီဇ၊ ကိုယ့်ဝါသနာ အဲဒါတွေကို တကယ်မသိလို့ရှိရင် ယောင်လည်လည်နဲ့ မရေရာတဲ့ ဘ၀မှာပဲ နေသွားရင်းကနေ အဓိပ္ပာယ်မရှိပဲနဲ့ သေသွားမှာပဲ။ သေသည်ထိအောင် ကိုယ့်ဘ၀ကို ကိုယ် ကျေကျေနပ်နပ် နေသွားလို့ ရမှာမဟုတ်ဘူး။ အသက် ၈၀ နေရ နေရ ၉၀ နေရ နေရ မရေရာတဲ့ဘ၀မှာ သေသည်ထိအောင် နေသွားရမှာပဲ။ ကိုယ့်အသိဥာဏ်က မရေရာရင် ကိုယ့်ဘ၀လည်း မရေရာဘူး။

󾆮󾆮󾆮
ဒါကြောင့် မရေရာမှုတွေ အင်မတန်များနေတဲ့ ခေတ်မှာ ကိုယ့်မှာ ပိုင်ပိုင်နိုင်နိုင် တိတိကျကျ ပြတ်ပြတ်သားသား တန်ဖိုးထားနိုင်တဲ့ value ဆိုတာ ရှိရမယ်။ တန်ဖိုးထားမှု တစ်ခုခု ရှိရမယ်။ ခေတ်တွေ ဘယ်လိုပြောင်းသွားပြောင်းသွား ငါ့ရဲ့ တန်ဖိုးထားမှုကတော့ မပြောင်းတော့ဘူး။ ငါ ဒါကို တန်ဖိုးထားတယ်။ နောက်ဘ၀ထိအောင် တန်ဖိုးထားမယ်ဆိုတာမျိုး ရှိကိုရှိမှ ဖြစ်မယ်။

󾆮󾆮󾆮
ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ဘ၀ကို စုစည်းပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။ ဥပမာ - နေရောင်ခြည်မှာ မှန်ဘီလူးတစ်ခုကို ထားကြည့်မယ်ဆိုရင် အဲဒီမှန်ဘီလူးက နေရောင်ခြည်ကို စုပေးလိုက်တယ်နော်။ တစ်နေရာထဲမှာ အလင်းရောင်တွေ လာစုတဲ့အတွက်ကြောင့် သူ့ရဲ့ အစွမ်းသတ္တိဟာ ပိုပြီးတော့ ထက်မြက်လာတယ်။ အဲသလိုပဲ တစ်ခုခုကို ကိုယ်က ပြတ်ပြတ်သားသား ရည်မှန်းချက်ထားလိုက်ပြီ ဆိုရင်.. အဲဒီရည်မှန်းချက်က ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားတွေ၊ အသိဥာဏ် အင်အားတွေကို စုပေးလိုက်တာပဲ။ အဲသလို စုလိုက်မှပဲ သူ့ရဲ့ အစွမ်းသတ္တိက ထက်မြက်လာတယ်။⚡️⚡️⚡️

󾭜 ကောင်းရင်ကောင်း 󾭜

󾀼သူ့ စိတ်ထဲမှာ ရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့ အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။󾀼

󾆮󾆮󾆮
Emptiness and bordom have become much more serious state for many people.
ဟာတာတာကြီး ဖြစ်နေတယ်၊ ဘာမှ စိတ်ပါလက်ပါ လုပ်ချင်တာ မရှိဘူး၊ ဘာကို
လိုချင်မှန်းလည်း မသိဘူး။ ပျင်းနေတာ အခုခေတ် ပိုပြီးတော့ ဆိုးလာတယ်။ ဒါကိုနားလည်ဖို့ အင်မတန် အရေးကြီးတယ်။ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ငယ်ငယ်ရွယ်ရွယ်ထဲက၊ သိတတ်တဲ့အရွယ်ထဲက ဒီကိစ္စကို စဉ်းစားသင့်တယ်။ ငါ့ဘ၀ empty ဖြစ်မနေအောင်၊ အဓိပ္ပါယ်မရှိသလို ဖြစ်မနေအောင်၊ ငါ့ရင်ထဲမှာ
ဂလိုင်ကြီး ဖြစ်မနေအောင်၊ ငါ့ဦးနှောက်ထဲမှာ ဂလိုင်ကြီး ဖြစ်မနေအောင်၊ ပျင်းတယ်ဆိုတာ ငါ့ဘ၀မှာ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်နိုင်သလောက် စောစောထဲက စဉ်းစားပြီးတော့ နည်းလမ်းရှာသင့်တယ်။

󾆮󾆮󾆮
လူ့ဟာ သူ့ဘ၀မှာ၊ သူ့စိတ်ထဲမှာ empty ဖြစ်ပြီးတော့နေတဲ့ အခြေအနေမျိုးမှာ
တာရှည်မနေနိုင်ဘူး။ ဘာကို ရည်ရွယ်ချက် ထားရမှန်းမသိ၊ ဘာလိုချင်မှန်း မသိ၊
ဘာဖြစ်ချင်မှန်းမသိ၊ ဘာကိုယုံရမှန်းလည်း မသိ၊ လုပ်ချင်တာကိုလည်း လုပ်လို့မဖြစ်၊ အဲသလိုအခြေအနေမှာ တာရှည်မနေနိုင်ဘူး။ တစ်ခုခု သေချာလာတဲ့၊ ရေရာလာတဲ့၊ တန်ဖိုးရှိလာတဲ့ အဖြစ်မျိုး၊ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး သိလာတဲ့ အဖြစ်မျိုးကို
ရှေ့တိုးမသွားလို့ရှိရင် သူဟာ သူ့နေရာမှာတင်သူ ရပ်နေတာ မဟုတ်တော့ဘူး။ သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့
အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမယ့်အလုပ်ကို မလုပ်ရတဲ့အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်။ စိတ်ပျက်လာတယ်၊
စိတ်ဓာတ်ကျလာတယ်၊ ငြီးငွေ့လာတယ်။ ကြာလာတော့ တချို့က ကိုယ့်ဘ၀ကိုကိုယ်
ဖျက်ဆီးတဲ့ အလုပ်တွေ လုပ်လာတယ်။ အရက်တွေကို အလွန်အကျွံသောက်တာတို့၊
မူးယစ်ဆေးဝါးတွေ သုံးတာတို့၊ တချို့လည်း သူများပါ ဒုက္ခရောက်အောင် ရမ်းကားတာတွေ လုပ်လာတော့တယ်။ လူရဲ့စိတ်ဓာတ်အင်အားတွေ၊ အသိဥာဏ်အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊ ကောင်းတာမလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ။ လူဆိုတဲ့သတ္တ၀ါဟာ မကောင်း မဆိုး ဆိုတာ တော်တော်ရှားတယ်၊ ကောင်းရင်
ကောင်း၊ မကောင်းရင်တော့ ဆိုးတော့မှာပဲ။
   
󾆮󾆮󾆮
လူတွေရဲ့ စိတ်ထဲမှာ empty ဖြစ်နေတဲ့ ခံစားမှုကို ခံစားနေရတဲ့ အကြောင်းရင်းက သူတို့စိတ်ထဲမှာ သူတို့ဘ၀နဲ့ ပတ်သက်ပြီးတော့ တစ်ခုခုကို
ထိထိရောက်ရောက်လုပ်ဖို့ရာ မစွမ်းနိုင်တော့ဘူးလို့ ခံစားနေရတာ၊ "ငါ့ဘ၀ ကောင်းလာဖို့ ငါဘာမှ မတတ်နိုင်တော့ဘူး။ ငါ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ငါ့မိသားစု၊ ငါနေတဲ့ လူ့အသိုင်းအ၀ိုင်းကြီး ကောင်းလာဖို့ကိုလည်း ငါ့ဘက်က ဘာမှ ထိထိရောက်ရောက် မတတ်နိုင်ဘူး" လို့ ခံစားနေရတာ၊ အဲသလို ခံစားနေရတဲ့၊ အဲ့သလို powerless ဖြစ်တဲ့ စိတ်ကြောင့်လည်းပဲ စိတ်ထဲမှာ empty
ဖြစ်သွားတယ်။ ဘာလုပ်ရမှန်း မသိတာလည်း ပါသလို၊ မလုပ်နိုင်ပါဘူး၊ မတတ်နိုင်ပါဘူး၊
မစွမ်းနိုင်ပါဘူးလို့ အဲသလို ခံစားနေရတာလည်း ပါနေတယ်။ အဲဒါကြောင့်လည်းပဲ စိတ်ထဲမှာ empty ဖြစ်လာတယ်။ ဒီအချက်ကလည်းပဲ ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်ဘူး။⚡️⚡️⚡️

        ➖➖➖➖♻️♻️♻️➖➖➖➖

ဆရာတော်ဦးဇောတိက 
   (မဟာမြိုင်တောရ )
            ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    စိတ်ကို သိဖို့ ပိုအရေးကြီးလာပြီ
    ကိုယ်တန်ဖိုးထားတဲ့ အရာက ကိုယ့်ဘ၀ကို စုစည်းပေးတယ်၊ ကိုယ့်အင်အားတွေကို စုစည်းပေးလိုက်တယ်။

    အခုခေတ်လူတွေဟာ အရင်ခေတ်လူတွေလောက် မသက်သာဘူး။ အရင်ခေတ်လူတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးတော့ အခက်အခဲများတယ်။ ဒါကြောင့် လေးလေးနက်နက် စဉ်းစားပေးဖို့၊ ကြည့်ဖို့၊
    ဘာကို တန်ဖိုးထားရမလဲ( ၁၂ )
     󾔏ဘာကို တန်ဖိုးထားရမလဲ( ၁၂ )󾔏

󾭜လူတွေ ပြာယာခတ်နေတဲ့ အချိန်မှာ󾭜

󾀼ကိုယ့်ရဲ့ တည်ငြိမ်အေးဆေးမှုက ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် အထောက်အကူပေးတယ်။󾀼

󾁁󾁁󾁁
      centre of strength အင်အားရဲ့ဗဟိုအချက်၊ အင်အားရဲ့ ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်တာဟာ ရေရှည်မှာ ကိုယ့်အသိုင်းအဝိုင်းထဲက တခြားလူတွေအတွက် ကိုယ့်အနေနဲ့ ပေးလိုက်တဲ့ အကောင်းဆုံး အကျိုးဆောင်ရွက်မှုပဲ ဖြစ်တယ်၊၊ ကိုယ့်ရဲ့ အတွင်းထဲကအင်အားကို တွေ့သွားတဲ့သူဟာ လောကကို ထိထိရောက်ရောက် အကျိုးပြုနိုင်တဲ့သူ ဖြစ်လာတယ်။ စိတ်ထား လေးနက်ခိုင်မာတဲ့လူ၊ တကယ် တန်ဖိုးထားထိုက်တာကို တန်ဖိုးထားနိုင်တဲ့သူဟာ လူ့အသိုင်းအဝိုင်းကို ထိထိရောက်ရောက် အကျိုးပြုနိုင်တယ်။ လူအများ လမ်းပျောက်သလို ဖြစ်နေတဲ့အခါမှာ ကိုယ်က ဘာလုပ်ရမယ်ဆိုတာ တိတိကျကျ သိပြီးတော့ ကိုယ်တန်ဖိုးထားတာကို လုပ်နေဖို့လိုတယ်။ လူအများ ယောက်ယက်ခတ်နေတဲ့ အချိန်မှာ ကိုယ်က ယောက်ယက်မခတ်ပဲနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ လုပ်သင့်တာကို ပုံမှန်လေး လုပ်သွားဖို့လိုတယ်။ အဲသလို လုပ်နိုင်တဲ့လူဟာ ပတ်ဝန်းကျင်အပေါ်မှာ ပိုပြီးတော့ တည်ငြိမ်အေးချမ်းပြီးတော့ ပြတ်သားတဲ့စံနမူနာကို example ကို ပေးနိုင်တယ်။ အဲဒါ အင်မတန် အရေးကြီးတယ်။ ကိုယ့်အနားမှာ ပတ်ဝန်းကျင်မှာ လူတွေက ပြာယာခတ်နေတဲ့အချိန်မှာ ကိုယ်က
စိတ်ဓာတ်အင်အား ပြည့်ပြည့်ဝဝနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့
လုပ်သင့်တာကို ပုံမှန်လေး လုပ်သွားနိုင်ခြင်းအားဖြင့် ပတ်ဝန်းကျင်မှာ
ငြိမ်သက်သွားအောင် အင်အားတစ်ခုကို ကိုယ်က ပေးလိုက်သလို ဖြစ်သွားတယ်။
ကိုယ့်ရဲ့ တည်ငြိမ်အေးချမ်းမှုက ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် အထောက်အကူပေးတယ်။ အဲသလို နေနိုင်တဲ့လူတွေ လူ့အသိုင်းအဝိုင်းမှာ
လိုအပ်တယ်။
       
󾁁󾁁󾁁
      ပစ္စည်းအဆန်းတွေ တီထွင်ပေးနေဖို့မလိုဘူး။ အထူးအဆန်းအကြောင်းအရာတွေ
ပြောပြနေဖို့လည်း မလိုဘူး။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေပြီး၊ စိတ် ယောက်ယက်မခတ်ပဲနဲ့ လုပ်သင့်တာကို ပုံမှန် လုပ်သွားနိုင်ဖို့ လိုတယ်။ အတွင်းမှာ အင်အားရဲ့ပင်မ ပင်ရင်း ဗဟိုဌာန ရှိနေတဲ့လူတွေ လိုအပ်တယ်။ အဲသလိုဖြစ်လာဖို့ဆိုတာ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ သိပြီးတော့
ကိုယ့်ရဲ့အလေးအနက်ဆုံး အမြင့်အမြတ်ဆုံး စိတ်နေသဘောထားအပေါ်မှာ အခြေခံပြီးတော့ တန်ဖိုးထားတဲ့ အလုပ်တစ်ခုကို ရေရှည်ပုံမှန်
လုပ်နေဖို့လိုတယ်။ ငါ ဘာကို တန်ဖိုးထားတယ်ဆိုတာ ပြတ်ပြတ်သားသား
သိဖို့လိုတယ်။ သူများက တီးလုံးပြောင်းတိုင်း ကိုယ်က ကကွက်ပြောင်းတာမျိုး လုပ်နေဖို့ မလိုဘူး။ သူများက ဒီကွေ့မှာ ဒီတက်နဲ့လှော် ဟိုကွေ့မှာ ဟိုတက်နဲ့လှော်နေတဲ့ အချိန်မှာ ကိုယ်က အဲဒါမျိုးလုပ်နေဖို့ မလိုဘူး။
ကိုယ်ဘာလုပ်မယ်ဆိုတာ၊ ကိုယ့်ဘဝဟာ ဘယ်ကိုဦးတည်နေတယ် ဆိုတာကို
ပြတ်ပြတ်သားသားသိပြီးတော့ ပုံမှန်လုပ်သွားနေဖို့ လိုတယ်။ အခြေအနေအရပဲဆိုပြီးတော့ ခဏခဏ ကိုယ့်ရဲ့ values  ပြောင်းတတ်တဲ့လူမျိုးကို
အင်္ဂလိပ်လို wishy-washy လို့ ခေါ်တယ်။ သူ့မှာ ပြတ်သားတဲ့ တန်ဖိုးထားစရာ ဘာမှ မရှိဘူး၊ ပြတ်သားတဲ့မူ မရှိဘူး။ ပြတ်သားတဲ့ principle မရှိဘူး။ ငွေရမယ်ဆိုရင် ဘာလုပ်ရလုပ်ရ ဆိုတာမျိုး ဖြစ်နေတဲ့ခေတ်မှာ ငွေကို
အဓိကမထားပဲနဲ့ ကိုယ့်ကျင့်သိက္ခာ ခိုင်မာပြီး၊ မြင့်မြတ်တဲ့ဦးတည်ချက်နဲ့ လူသားတွေကို အကျိုးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တန်ဖိုးရှိတဲ့အလုပ်ကို လုပ်နေတဲ့လူတွေ များများ လိုအပ်တယ်။󾭚󾭚

󾭜ဒီတခုကိုမှ မလုပ်လို့ရှိရင်󾭜

󾀼ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမည့်အလုပ် ဖြစ်တယ်၊၊󾀼

󾁁������󾁁
      ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ လူသားရဲ့ အင်မတန်ထူးခြားတဲ့အရည်အသွေးတမျိုး ဖြစ်တယ်၊၊ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး၊၊ တကယ် အမှန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်၊၊ ကိုယ့်စိတ်ကို ကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိကအကြောင်း ဖြစ်တယ်၊၊ ဒီတခုကိုမှ မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး၊၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်၊၊
         ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကို ကိုယ် ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ အခု လုပ်နေတာ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲ ဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်၊၊ ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့အရည်အချင်း ဖြစ်တယ်၊၊
        󾁎ကိုယ့်စိတ်ကို ကိုယ် ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကိုကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ၊၊󾁎

  ➖➖➖➖➖󾭶󾁋󾁋󾭶➖➖➖➖➖

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    လူတွေ ပြာယာခတ်နေတဲ့ အချိန်မှာ
    ကိုယ့်ရဲ့ တည်ငြိမ်အေးဆေးမှုက ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် အထောက်အကူပေးတယ်။

    centre of strength အင်အားရဲ့ဗဟိုအချက်၊ အင်အားရဲ့ ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ကိုယ့်စိတ်ထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်တာဟာ ရေရှည်မှာ ကိုယ့်အသိုင်းအဝိုင်းထဲက တခြားလူတွေအတွက် ကိုယ့်အနေနဲ့ ပေးလိုက်တဲ့ အကောင်းဆုံး အကျိုးဆောင်ရွက်မှုပဲ ဖြစ်တယ်၊၊ ကိုယ့်ရဲ့ အတွင်းထဲကအင်အားကို တွေ့သွားတဲ့သူဟာ လောကကို ထိထိရောက်ရောက် အကျိုးပြုနိုင်တဲ့သူ ဖြစ်လာတယ်။ စိတ်ထား
    🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳
    လွတ်လပ်မှု ( ၉ )
     🌳 တွေးမိတိုင်းပျော်တယ်၊၊ 🌳

󾭜လွတ်လပ်မှု ( ၉ ) 󾭜

󾆮󾆮󾆮
မကောင်းတာကို မကောင်းဘူးလို့ သိပြီးတော့ ကိုယ်ကိုယ်တိုင်က မကောင်းတာကို မလုပ်ချင်ဘူး။ မလုပ်ချင်လို့ ထိန်းသိမ်းတယ်။ စောင့်စည်းတယ်။ အဲဒီလို ကိုယ့်စိတ်နဲ့ကိုယ် ထိန်းသိမ်း စောင့်စည်းပြီး နေရတာကို ကြိုက်တယ်။ အဲဒါ လွတ်လပ်တယ်။

󾆮󾆮󾆮
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ကောင်းတဲ့သဘာဝနဲ့ ဆိုးတဲ့သဘာဝကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်သတိနဲ့ ကိုယ့်ဟာကိုယ် ကြည့်ပြီးတော့ ကောင်းတာကို တန်ဖိုးထားတဲ့စိတ် မြတ်နိုးတဲ့စိတ် လေးစားတဲ့စိတ် ချစ်တဲ့စိတ်နဲ့ ကောင်းတာကို ကိုယ့်သဘောနဲ့ ကိုယ့်ဆန္ဒနဲ့ ရွေးချယ်ပြီးတော့ ကိုယ့်လုံ့လဝိရိယနဲ့ ကိုယ့်ဟာကိုယ် ဖြစ်အောင်ကြိုးစားရတာ ကြိုက်တယ်။ အဲဒါ လွတ်လပ်မှုပဲ။

󾆮󾆮󾆮
လွတ်လပ်မှု၊ ကိုယ်ကျင့်တရား၊ လူ့ဂုဏ်သိက္ခာ ဆိုတာတွေဟာ ကောင်းတဲ့အလုပ်ကို အတင်းအကျပ် ခိုင်းလို့ မဟုတ်ပဲ၊ ကိုယ်က ကောင်းမှန်း သိပြီး လုပ်ချင်တဲ့ ဆန္ဒရှိလို့ ကောင်းတာကို ချစ်လို့ မြတ်နိုးလို့ လုပ်တဲ့သူမှာသာ ရှိတယ်။

󾆮󾆮󾆮
ကိုယ် ကောင်းဖို့ကို ကိုယ့်ရဲ့ သတိ ဝိရိယ ဥာဏ်ပညာနဲ့ ဆန္ဒနဲ့ ဇွဲနဲ့ ကြိုးစားပြီးတော့ လုပ်ရမှသာ ကိုယ့်ကိုယ်ကိုကိုယ် တကယ် ကိုယ်ကျင့်တရား ကောင်းတဲ့သူလို့ လက်ခံနိုင်မယ်။ လွတ်လပ်တဲ့သူ ဂုဏ်သိက္ခာ ရှိတဲ့သူလို့ လက်ခံနိုင်မယ်။

󾆮󾆮󾆮
လွတ်လပ်မှုကိုလည်း လိုချင်တယ်။ ကိုယ့်တာဝန်ကိုလည်းကိုယ် ယူချင်တယ်။ ကိုယ့်တာဝန်ကို သူများကို မပေးချင်ဘူး။ ငါကောင်းဖို့ဟာ သူများတာဝန် မဟုတ်ဘူး။ ငါကောင်းဖို့ဟာ ငါ့တာဝန်ပဲ။ မကောင်းတာ လုပ်ချင်တဲ့စိတ်ကို ထိန်းသိမ်းဖို့ စောင့်စည်းဖို့ဟာ ငါ့တာဝန်။

󾆮󾆮󾆮
ကောင်းတာကို ကောင်းမှန်းသိပြီးတော့ မကောင်းတာကို မကောင်းမှန်း သိပြီးတော့ ငါ ကောင်းတာကို ကြိုးစားပြီးတော့ လုပ်မယ်လို့ ဆိုပြီးတော့ ကြိုးစားနေတာဟာ တာဝန်ယူထားတာ။ အဲဒီလို တာဝန် ယူထားပြီးတော့ ကြိုးစားနေတဲ့လူ ဖြစ်ချင်တယ်။

󾆮󾆮󾆮
မလုပ်သင့်ဘူးလို့ ကိုယ့်အသိဥာဏ်က သိနေတာကို မလုပ်ဘူး။ စိတ်ချမ်းသာချင်လို့၊ စိတ်လွတ်လပ်မှုကို လိုချင်လို့ မလုပ်သင့်တာကို မလုပ်ဘူး။ ကိုယ် ကောင်းအောင် ကိုယ့်ဟာကိုယ်ပဲ လုပ်ယူမယ်။ ကိုယ့်စိတ်ကို ကိုယ်သိပြီး မကောင်းမှုရဲ့ သဘာဝကို ကိုယ့်ဥာဏ်နဲ့ နားလည်ပြီး ပြင်မယ်။ ကောင်းတာနဲ့ မကောင်းတာကို ကိုယ်ပိုင်ဥာဏ်နဲ့ နားလည်ပြီး ကိုယ့်ဟာကိုယ် ရွေးမယ်။ အဓိကအချက်က လွတ်လပ်တဲ့သူတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ကောင်းချင်တယ်။
ကိုယ့်ဘဝမှာ ကောင်းတာတွေ များများဖြစ်လာဖို့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့ တာဝန်ယူပြီးတော့ ကြိုးစားပြီးတော့ လုပ်တဲ့သူပဲ ဖြစ်ချင်ပါတယ်။

󾆮󾆮󾆮
သူများလုပ်ပေးလိုက်လို့ ကောင်းတဲ့သူဖြစ်သွားရင် ကိုယ့်ကိုယ်ကို ကိုယ် လေးစားတဲ့သူ မဖြစ်နိုင်ဘူး။ သူများက လုပ်ပေးမှ ကိုယ်က လူကောင်းသူကောင်း တစ်ယောက် ဖြစ်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် အားကိုးလို့လည်း မရတော့ဘူး။ လေးစားလို့လည်း မရတော့ဘူး။ ငါဟာ လူဆိုးတစ်ယောက် ဖြစ်နိုင်ပါလျက်နဲ့ ကောင်းတဲ့ ဓာတ်သဘာဝ၊ ကောင်းတဲ့ ဓာတ်ခံ၊ ကောင်းတဲ့ စိတ်ထားလေးတွေကို ငါ့စိတ်ထဲမှာ မြင်နေရတယ်။ အဲဒီကောင်းတဲ့ ငါ့စိတ်ထားကို ငါချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်။ ဒါကြောင့် အဲဒီကောင်းတဲ့စိတ်တွေကို ပိုကောင်းအောင် ငါ ကြိုးစားနေတယ် ဆိုမှသာ ကိုယ့်ကိုယ်ကိုကိုယ် တကယ်လေးစားနိုင်တဲ့သူ ဖြစ်မယ်။
သေသေချာချာ လေးလေးနက်နက် စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တဲ့သူ ဖြစ်ဖို့၊ လွတ်လပ်တဲ့သူ ဖြစ်ဖို့၊ တာဝန်ယူနိုင်တဲ့သူ ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်မှ မလေးစားနိုင်တော့ရင် စိတ်ဓာတ်အင်အား ဘယ်မှာ ရှိနိုင်မလဲ။ ကိုယ့်ကိုယ်ကို ကိုယ်မှ မလေးစားနိုင်တော့ရင် လူဖြစ်ရတာ ဘာအဓိပ္ပွါယ်ရှိတော့မလဲ။

󾆮󾆮󾆮
ကိုယ့်အမှားတွေကို ကိုယ် သိပြီးတော့ ကိုယ့်ဘာသာကိုယ် ပြုပြင်နိုင်တာဟာ လွတ်လပ်မှုတစ်မျိုး ဖြစ်ပါတယ်။

󾆮󾆮󾆮
ပိုပြီးတော့ ကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ ကြီးပွားသွားဖို့အတွက် အဆင်သင့်ဖြစ်နေတာ၊ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ လွဲနေတဲ့ သဘောထားတွေကို လိုလိုချင်ချင် ပြင်ချင်တဲ့စိတ် ရှိနေတာ လွတ်လပ်မှု (Freedom) တစ်မျိုးပဲ။

󾆮󾆮󾆮
ကိုယ့်ဘဝကို ကိုယ် ပုံဖေါ်နိုင်တာ ကျေနပ်စရာ အကောင်းဆုံးဖြစ်တဲ့ လွတ်လပ်မှုပဲ။ ကိုယ့်စိတ်ကိုကိုယ် အဆင့်အတန်းမြင့်အောင် လုပ်နိုင်တဲ့ လွတ်လပ်မှုဟာ အဆင့်အမြင့်ဆုံး လွတ်လပ်မှု ဖြစ်တယ်။

󾆮󾆮󾆮
ဘယ်လိုလူဟာ လွတ်လပ်တဲ့သူလဲလို့ ဆိုရင် ကိုယ်လုပ်တဲ့ကိစ္စတိုင်းကို သတိလေး ဥာဏ်လေးနဲ့ ကြည့်ပြီးတော့ ကိုယ်လည်း အကျိုးရှိအောင်၊ အများလည်း အကျိုးရှိအောင်၊ ကိုယ့်မှာလည်း ထိခိုက်မှုမရှိအောင်၊ အများလည်း ထိခိုက်မှု မရှိအောင် ဥာဏ်လေးနဲ့ လုပ်တဲ့သူမှသာ လွတ်လပ်တဲ့သူလို့ ဆိုနိုင်တယ်။

󾆮󾆮󾆮
တကယ် လွတ်လပ်ချင်ရင် ကိုယ်လုပ်တဲ့ကိစ္စတွေကို လွတ်လပ်တဲ့စိတ်နဲ့ လုပ်ပါ။ လွတ်လပ်မှုနဲ့စမှ လွတ်လပ်မှု လမ်းဆုံးကို ရောက်မယ်။ မလွတ်လပ်တဲ့ စိတ်နဲ့ စရင် မလွတ်လပ်မှုထဲမှာ တစ်ဝဲလည်လည် ဖြစ်နေမယ်။

󾆮󾆮󾆮
ကုသိုလ် အကုသိုလ်တို့ကို စွန့်လွှတ်လိုက်မှ အဆုံးစွန်ဖြစ်တဲ့ လွတ်လပ်မှုကို ရောက်တယ်။ ကုသိုလ်ရဲ့ အကျိုးကိုတောင် မျှော်လင့်တဲ့စိတ် မရှိတော့တဲ့အခါ စိတ်ဟာ လွတ်လပ်သွားပြီ။ ဒီအချက်ဟာ ဗုဒ္ဓဘာသာတရားမှာ အဆင့်မြင့်တဲ့ လွတ်လပ်မှုကို ဖေါ်ပြတာပဲ။

󾆮󾆮󾆮
ပြင်ပ အာရုံပေါ်မှာ မှီခိုမှုများလေလေ အဲဒီလူဟာ အဲဒီိအဖော်အာရုံ မရှိတဲ့အခါမှာ မနေတတ် မထိုင်တတ် ဖြစ်လေလေပဲ။ အာရုံတွေ များများပေါ်မှာ မှီခိုလေ ဒီလူရဲ့စိတ်ဟာ လွတ်လပ်မှု မရှိလေပဲ။ ဒီအာရုံတွေကို နေ့စဉ် ကြည့်ရှု၊ နားထောင်နေတော့ မသိမသာ ဒီအာရုံတွေဟာ ကိုယ့်ရဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် အတွေးအခေါ်တွေကို လွှမ်းမိုးတယ်။ အဲဒါ အင်မတန် ကြောက်စရာ ကောင်းတယ်။
ပြင်ပကို အဲသလို မျာများမှီခိုပြီး အာရုံပြုပြီးနေတဲ့လူဟာ အတွင်းကို အာရုံပြုမိဖို့ ဆိုတာ အင်မတန် ခဲယဉ်းသွားပြီ။ အဲသလို ပြင်ပကို မှီခိုမှုများခြင်းကြောင့် အတွင်းမှာ လွတ်လပ်မှု မရှိတော့ဘူး။ အင်မတန် နက်နဲတဲ့ မိမိခန္ဓာငါးပါးနဲ့ ပတ်သက်တဲ့၊ မိမိစိတ်နဲ့ ပတ်သက်တဲ့၊ လေးနက်တဲ့ အသိဥာဏ်တွေ ရဖို့ရာ လမ်းပိတ်သွားပြီ။

󾆮󾆮󾆮
အတွေးကို ဘေးကနေထိုင်ကြည့်နေသလို ကြည့်နိုင်ရင် ကြည့်နေတဲ့စိတ်က အတွေးနဲ့ရောပြီး ပါမသွားဘူး။ ဒီလောက် လုပ်နိုင်ရင်ပဲ သိတဲ့စိတ်နဲ့ တွေးတဲ့စိတ် တခြားစီဖြစ်သွားပြီ။ ဒီအဆင့်ဟာ လွတ်လပ်မှုရဲ့ ပထမခြေလှမ်း ဖြစ်တယ်။

󾆮󾆮󾆮
ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကို ထားနိုင်မှ အမှန်တရားကို သိနိုင်တယ်။ အမှန်တရားကို သိဖို့ အတိတ်ကနေ လွတ်နေမှ ရတယ်။ အတိတ်ကနေ လွတ်အောင် ကိုယ့်စိတ်ကို ထားတတ်လာရင် ဘဝဟာ အမြဲ အသစ်ဖြစ်နေမယ်။ အတိတ်ဟာ မရှိတော့လို့ သူ့ကို အားကိုးလို့ မရဘူး။ အတိတ်ကို အားမကိုးတော့တာနဲ့ ပစ္စုပ္ပန်ဟာ ပိုပြီး အသက်ဝင်လာတယ်။ တန်ဖိုး ပိုရှိလာတယ်။ တွေးတဲ့အတွေးတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ အသိအမြင်တွေဟာလည်း အသစ် အသစ် ဖြစ်လာတယ်။ ပြောတာတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ မြင်တာ ကြားတာတွေဟာ အသစ် အသစ် ဖြစ်လာတယ်။ အဲဒါမှ ဘဝဟာလည်း အသစ် အသစ် ဖြစ်လာတယ်။
လူသစ် စိတ်သစ် ဖြစ်ချင်ရင် အတိတ်ကို အားမကိုးပါနဲ့။ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် နေပါ။ ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင်နေတတ်ရင် အနာဂတ်အတွက် ပူပင်သောကတွေဟာ အလိုလို နည်းသွားပါလိမ့်မယ်။ အတိတ်ကိုလည်း မမှီဘူး။ အနာဂတ်အတွက် ပူပင်သောကလည်း မရှိဘူးဆိုရင် ဘဝဟာ ပေါ့ပါးနေမယ်။ အရေးအကြီးဆုံး အချက်က ကိုယ့်စိတ်ပဲ။ ကိုယ့်စိတ်က အတိတ်မှာ ပိတ်မိမနေဖို့ပဲ။

󾆮󾆮󾆮
အတ္တစိတ်ဟာ အတိတ်ကို အားကိုးတယ်။ အတိတ်ကို မှီပြီး၊ အတိတ်ကို ခြေကန်ပြီး အားယူတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ နေတဲ့စိတ်ဟာ အတိတ်ကနေ လွတ်နေတယ်။ ဒါကြောင့် လွတ်လပ်နေတယ်။

󾆮󾆮󾆮
စိတ်ရဲ့ လွတ်လပ်မှုဟာ အခု ကိုယ့်စိတ်မှာ ဘာဖြစ်နေတယ်ဆိုတာကို သိနေတဲ့အချိန်မှာပဲ ရှိတယ်။ ဒါကြောင့် လွတ်လပ်မှုဟာ ပစ္စုပ္ပန်မှာပဲ ရှိတယ်။ မေ့သွားတာနဲ့ အတွေးတွေထဲမှာ မျောပါသွားမယ်။

󾆮󾆮󾆮
မြတ်စွာဘုရားရဲ့ လွတ်လပ်မှုနဲ့ အမှန်တရားကို သိတဲ့ ဥာဏ်တော်ကို ကိုးကွယ်ပါတယ်။ လွတ်လပ်မှုနဲ့ အမှန်တရားကို သိနိုင်အောင် နည်းလမ်းပေးတဲ့ ဘုရားကို ဆရာအဖြစ်နဲ့ ကိုးကွယ်ပါတယ်။

󾆮󾆮󾆮
ကိုယ့်ကိုယ်ကို တကယ် ကိုးကွယ်ရာဖြစ်အောင် လုပ်ချင်ရင် ကိုယ့်ကိုယ်ကိုကိုယ် ဆုံးမရမယ်။ ဆုံးမနည်းကို ဘုရား ပေးထားပါတယ်။ ကိုယ့်စိတ်ကိုကိုယ် အမှန်အတိုင်း သိနေပါ။ အမှန်အတိုင်း သိနေတာဟာ ဆုံးမနေတာပဲ။ (သတိပဌာန်တရားကို အားထုတ်ပါ) ကိုယ့်စိတ်ကို ကိုယ် အမှန်အတိုင်း ရိုးရိုးသားသား သိလာတဲ့အခါ စိတ်ဟာ ကောင်းတဲ့ဘက်ကို ပြောင်းသွားတယ်။
သတိနဲ့နေလို့ စိတ်သန့်ရှင်းလာတဲ့အခါ လူသားရဲ့ မြင့်မြတ်မှုကို သိလာတယ်၊ တည်ကြည်မှု အစစ်ကို သိလာတယ်၊ ရိုးသားမှုအစစ်ကို သိလာတယ်။ ငါဆိုတာပါ မရှိတော့တဲ့ စင်ကြယ်တဲ့စိတ်ကို တွေ့တဲ့အခါမှာ ဒီစိတ်ဟာ လမ်းမှန်ကို သွားနေတယ်ဆိုတာ သိလာတယ်။
အမှန်ကိုသိတဲ့စိတ်ကို အားကိုးတယ်။ အရှိကို အရှိအတိုင်း သိနေတဲ့ စိတ်ကို အားကိုးတယ်။ လောဘစိတ်ကို အားမကိုးဘူး။ ဒေါသစိတ်ကို အားမကိုးဘူး။ မာနကို အားမကိုးဘူး။ သူတို့ကို ဆရာတင်ရင် မှားမယ်ဆိုတာ သိတယ်။
စိတ်ရဲ့သဘာဝကို သိတဲ့ ဥာဏ်အလင်းရောင်ကို ရလာတဲ့အခါ လူသားတစ်ဦးအနေနဲ့ ကိုယ့်ဘဝမှာ ရနိုင်တာတွေထဲမှာ အဆင့်အမြင့်ဆုံးဟာ လွတ်လပ်မှု ဆိုတာကို သဘောပေါက်လာတယ်။ စိတ်ကို ချုပ်နှောင်ထားတဲ့ အရာတွေဟာ စိတ်ထဲမှာပဲရှိတယ် ဆိုတာလည်း မြင်လာတယ်။ လွတ်လပ်တဲ့စိတ်နဲ့ မလွတ်လပ်တဲ့စိတ်တွေကို သေသေချာချာ မြင်လာတယ်။ အဲဒီအခါ အမြဲတန်း လွတ်လပ်တဲ့စိတ်နဲ့ပဲ နေချင်တယ်။ လွတ်လပ်တဲ့စိတ်နဲ့ နေနိုင်အောင် သတိကို ပိုပြီး ကပ်တယ်။ လွတ်လပ်မှုကြောင့် ရလာတဲ့ ပျော်ရွှင်မှုဟာ တခြားနည်းတွေနဲ့ ရတဲ့ ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ နှိုင်းလို့မရဘူး။

󾆮󾆮󾆮
လွတ်လပ်မှုဆိုတာ သူ့အလိုလို ရောက်လာတာ မဟုတ်ဘူး။ ကိုယ်က ရအောင် လုပ်ယူရတာ။ ဒီအလုပ်ကလည်းပဲ တစ်ခါ လုပ်တာနဲ့ ပြီးသွားပြီလို့ ပြောလို့မရဘူး။ ကိုယ် လုပ်တာကိုင်တာ၊ ပြောတာဆိုတာတွေ အားလုံးမှာ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နေသလား၊ မလွတ်လပ်တဲ့စိတ်နဲ့ လုပ်နေသလား ဆိုတာကို သတိထားပြီး ကြည့်ဖို့လိုတယ်။
စိတ်ကို မလွတ်လပ်အောင် လုပ်နေတာ စိတ်ထဲမှာ ရှိတယ်။ စိတ်ကို သိရင် စိတ်လွတ်လပ်မှု ပိုရှိလာမယ်။

󾆮󾆮󾆮
မလွတ်လပ်တဲ့ ခံစားမှုကို တည့်တည့်ကြည့်လိုက်ရင် အဲဒီ မလွတ်လပ်တဲ့စိတ်ဟာ မှေးမှိန်ပြီး ပျောက်သွားတယ်။ အဲဒီအခါမှာ လွတ်လပ်သွားတယ်။ လွတ်လပ်သွားတဲ့အခါ အဲဒီလွတ်လပ်နေတာကို ကြည့်ပြီးတော့ ခံစားပြီးတော့ 'လွတ်လပ်မှု…. လွတ်လပ်မှု…' လို့ အာရုံပြုနေလိုက်တယ်။ ငါ လွတ်လပ်တယ်လို့ မတွေးဘူး။ ငါ မပါတဲ့ လွတ်လပ်မှု။ ငါနဲ့ မရောတဲ့ လွတ်လပ်မှု။ အဲဒီ ငါ မပါတဲ့ လွတ်လပ်မှုနဲ့ နေတဲ့အချိန်ဟာ အနှစ်သာရ အရှိဆုံး အချိန်ပဲ။
ငါ မပါတဲ့ လွတ်လပ်တဲ့စိတ်ကို ဘယ်သူကမှ ချုပ်ကိုင်လို့ မရဘူး။ ဘယ်လိုအရာကမှ လွှမ်းမိုးလို့ မရဘူး။ အဲဒီလိုစိတ်နဲ့ နေနိုင်တဲ့သူတွေ များများရှိတဲ့ လူ့အသိုင်းအဝိုင်းဟာ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်မယ်။

󾆮󾆮󾆮
လွတ်လပ်တဲ့သူ အဖြစ်နဲ့ပဲ ကိုယ့်ဘဝကိုယ် နေမယ်။ နောက်ဆုံးအချိန်မှာ လွတ်လပ်တဲ့သူ အဖြစ်နဲ့ပဲ ဘဝကို နိဂုံးချုပ်ချင်တယ်။ I live in freedom. I will die in freedom.

󾆮󾆮󾆮
ကိုယ်လိုချင်တာ တစ်စုံတစ်ခု ရဖို့ကို ကိုယ့်လွတ်လပ်မှုကို အထိခံပြီး မလုပ်ဘူး။ (Freedom First) လွတ်လပ်မှုက ပထမ၊ ကျန်တာတွေက ဒုတိယ, တတိယ…..󾁎󾁎󾁎

      ➖➖➖󾭶󾁋󾁋󾭶➖➖➖

󾭩ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊󾭩
(Page 128 -135)

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
    မကောင်းတာကို မကောင်းဘူးလို့ သိပြီးတော့ ကိုယ်ကိုယ်တိုင်က မကောင်းတာကို မလုပ်ချင်ဘူး။ မလုပ်ချင်လို့ ထိန်းသိမ်းတယ်။ စောင့်စည်းတယ်။ အဲဒီလို ကိုယ့်စိတ်နဲ့ကိုယ် ထိန်းသိမ်း စောင့်စည်းပြီး နေရတာကို ကြိုက်တယ်။ အဲဒါ လွတ်လပ်တယ်။

    ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ကောင်းတဲ့သဘာဝနဲ့ ဆိုးတဲ့သဘာဝကို ကိုယ့်ဥာဏ်နဲ့ ကိုယ့်သတိနဲ့ ကိုယ့်ဟာကိုယ် ကြည့်ပြီးတော့ ကောင်းတာကို
    ♻️♻️♻️
ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့် အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာ ကျေနပ်မှုနည်းနည်းတော့ ရတာပဲ၊၊ ဒါပေမဲ့ ဒါဟာ လူတယောက်မှာရှိတဲ့ အမြင့်မားဆုံး အရည်အချင်းလားလို့ မေးရင် မဟုတ်သေးပါဘူး၊၊ ဒီအရည်အချင်းနဲ့ အလုပ်လုပ်လို့ သူ့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ပါပဲ၊၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အသုံးဝင်မဲ့ လမ်း၊ တံတားတို့ လုပ်ပေးရတဲ့အတွက် သူတို့စိတ်ထဲမှာ ကျေနပ်မှု ရမှာပါ၊၊ ဂုဏ်ယူမိမှာပါ၊၊ ဒီလိုပဲ တချို့ ဆရာဝန်ကြီးတွေဟာ ဆေးဝါးတွေ အများကြီး တီထွင်ပေးခဲ့တယ်၊၊ လူသားတွေ အကျိုးရှိတဲ့ ကိစ္စတွေ လုပ်ခဲ့တဲ့အတွက် သူတို့ အင်မတန် ဂုဏ်ယူတယ်၊၊ စိတ်ချမ်းသာကြတယ်၊၊

♻️♻️♻️
လူဟာ မိမိအကျိုး၊ အများအကျိုးကို များများ ဆောင်ရွှက်ရလေလေ စိတ်ပိုချမ်းသာလေလေပဲ၊၊ ဒါ သဘာဝပဲ၊၊ သို့သော် လူမှာ ဒီလောက်တင် မကဘူး၊ တခြားအရည်အချင်းတွေ အများကြီး ရှိသေးတယ်၊၊ အဲဒီ တခြားအရည်အချင်းတွေထဲက အမြင့်မားဆုံးကတော့ တရားကိုသိနိုင်တဲ့ အရည်အချင်းပဲ၊၊ ဒီ အမြင့်မားဆုံးဖြစ်တဲ့ တရားကိုသိနိုင်တဲ့ အရည်အချင်းကို လူတိုင်း လေ့ကျင့်ပြုစု ပျိုးထောင်သင့်တယ်၊၊⚡️⚡️⚡️

➖➖➖➖➖➖

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ဘဝဆိုတဲ့ကျောင်း၊ အောင်မြင်သောဘဝ ” စာအုပ် စာမျက်နှာ(၅၃) မှ ကောက်နုတ်ဖော်ပြပါသည်၊၊
    ♻♻♻
    ဘယ်လို အရည်အချင်းပဲဖြစ်ဖြစ် ကိုယ့် အရည်အချင်းကို ထုတ်လိုက်ရရင် လူဟာ ကျေနပ်မှုနည်းနည်းတော့ ရတာပဲ၊၊ ဒါပေမဲ့ ဒါဟာ လူတယောက်မှာရှိတဲ့ အမြင့်မားဆုံး အရည်အချင်းလားလို့ မေးရင် မဟုတ်သေးပါဘူး၊၊ ဒီအရည်အချင်းနဲ့ အလုပ်လုပ်လို့ သူ့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ပါပဲ၊၊ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အသုံးဝင်မဲ့ လမ်း၊ တံတားတို့ လုပ်ပေးရတဲ့အတွက် သူတို့စိတ်ထဲမှာ ကျေနပ်မှု ရမှာပါ၊၊ ဂုဏ်ယူမိမှာပါ၊၊
    အလွမ်းပြေ
    အဝေးမြေသို့ထွက်ခွာလာစဉ် မှု့မဲ့မှတ်မဲ့
    လွမ်းကျန်ရစ်တဲ့ မွေရပ်ဌာနေ ဘီလူးကျွန်းမြေ
    မုဒွန်း လက်မှုပညာ
    ဘီလူးကျွန်းမူ့နိုင်းရွာရဲ့ဘုရားဆိပ်
    အဝေးမှဆိပ်ကမ်းအလှ
    အလွမ်းပြေလေးပါ
     
    တောင်စွန်မှ လက်မှု့ပညာ
    ကြည်လင်ရှင်တဲ့ အနာဂရဲ့ မျိုးဆက်သစ်ကလေးတွေပါ

    ဘာကို တန်ဖိုးထားရမလဲ ( ၁၅ )

    󾔏 ဘာကို တန်ဖိုးထားရမလဲ ( ၁၅ )󾔏

󾭜အရင်ကထက်ပိုပြီး󾭜

󾁁󾁁󾁁
အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ် ဖြည့်ဆည်းနေတာပဲ။ ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်း
နေသွားလို့ကတော့ မဖြစ်ဘူး။ ငယ်ငယ်တုန်းကတည်းက ရှိလာတဲ့ သဘောထားတွေ၊ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေအတိုင်း နေသွားလို့ မဖြစ်ဘူး။ အမြဲတမ်း လိုအပ်တာလေးတွေကို ပြင်သင့်တာလေးတွေကို ကြည့်ကြည့် ကြည့်ကြည့်ပြီး ပြင်သွားနေရမှာပဲ။ အဲသလို ကိုယ့်ကိုယ်ကို ပိုကောင်းအောင် လုပ်သွားတာကိုပဲ
transcending လို့ ခေါ်လို့ရတယ်။ အရင်အတိုင်း မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ကျောသွားနေတယ်။ အပြေးပြိုင်ပွဲမှာ နောက်တစ်ယောက်ကို ကိုယ်က
ကျော်တက်သလိုပဲ။ ကိုယ့်ကိုယ်ပဲ ပြန်ကျော်တက်သွားဖို့ လိုတယ်။
   
󾁁󾁁󾁁
ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းတွေကို အရင်ကထက်ပိုပြီး ထွက်ပေါ်လာအောင် ဖေါ်ထုတ်နေတာ၊ ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှ
ကောင်းတာတွေဖြစ်လာအောင် ပြည်စုံလာအောင် လုပ်တာ၊ ကိုယ့်မှာရှိတဲ့ အဆင့်မြင့်တဲ့ စိတ်ထားတွေ အရည်အချင်းတွေ ထွက်လာအောင် လုပ်တာဟာ ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် လုပ်တာပါ။ အဲသလို ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် လုပ်တယ် ဆိုကတည်းကိုက ပိုကောင်းတဲ့ဘက်ကို ရောက်သွားပြီ။ အဲဒါ transcending ဖြစ်သွားပြီ။
Transcending ဆိုတဲ့ အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက်ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ် ဖြည့်ဆည်းနေတာပဲ။ ဒါကိုယ့်ရဲ့ လိုအပ်ချက်ပဲ။
စားဝတ်နေရေးအတွက်လည်း ကြိုးစားနေရတယ်။ တစ်ချိန်ထဲမှာပဲ ပိုပြီးတော့ကောင်းတဲ့ လူသားတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားနေရတယ်။ အကယ်၍
စားဝတ်နေရေးအတွက်ပဲ လုပ်ပြီးတော့ အရင်အတိုင်းပဲ စိတ်နေသဘောထား အသိဥာဏ်
ဘာမှ အပြောင်းအလဲမရှိတဲ့ လူတစ်ယောက်အဖြစ်နဲ့ပဲ နေသွားမယ်ဆိုရင်
အသက်ရှင်နေတယ်ဆိုတာ အသက်မသေတာကို ပြောတာပဲလို့ အဓိပ္ပာယ်ပေါက်နေပြီ။ မသေတာကိုပဲ အသက်ရှင်နေတာလို့ ပြောမယ်ဆိုရင် သစ်ပင်တစ်ပင်နဲ့ ဘာမှ ထူးခြားမှာ မဟုတ်တော့ဘူး။🌞🌞🌞

󾭜အမှန်ကိုလက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင်������

󾀼အင်မတန်စူးရှတဲ့ အင်မတန်ထက်မြက်တဲ့ အင်မတန်အင်အားကြီးတဲ့ သတိနဲ့ ပညာက ချို့ယွင်းချက်လေးတွေကို သူ့ ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။󾀼

󾁁󾁁󾁁
ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ကောင်းတာတွေကိုရော ဆိုးတာတွေကိုပါ တကယ် ရှင်းရှင်းလင်းလင်း တိတိကျကျ ထိုးထိုးထွင်းထွင်း သိနေအောင် နေရမယ်။ အဲဒါကို creative awareness လို့ ပြောလို့ရတယ်။ သာမန်လောက်သိနေတာ
မဟုတ်ပဲနဲ့ ပိုပြီးတော့ ထိုးထိုးထွင်းထွင်း၊ ပိုပြီးတော့
ရှင်းရှင်းလင်းလင်း တိတိကျကျ သိနေအောင် ကြည့်နေရမယ်။ အဲသလို သိနေတဲ့အခါမှာ အသိအမြင် တကယ်ရှင်းလာတဲ့အချိန်မှာ
အကောင်းဆုံးဟာဘာလဲ ဆိုတာကို စဉ်းစားနေစရာ မလိုပဲနဲ့ ကွက်ကွက်ကွင်းကွင်း
သိနိုင်မြင်နိုင်တယ်။ အဲဒီလိုသိတဲ့အချိန်မှာလည်း ကိုယ့်ရဲ့စိတ်ထားဟာ အကောင်းဆုံးစိတ်ထား ဖြစ်နေတယ်။ အင်မတန် ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့ စိတ်ထားမျိုး ဖြစ်နေတယ်။ အဲသလို ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့စိတ်မျိုး
ဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးဟာ ဘာလဲ၊ လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ
တကယ်ရအောင်လုပ်သင့်တဲ့ကိစ္စဟာ ဘာလဲဆိုတာကို စဉ်းစားနေစရာမလိုပဲ
မေးနေစရာမလိုပဲ ဘာမှ သံသယ ဖြစ်နေစရာမလိုပဲနဲ့ စိတ်ထဲမှာ သေသေချာချာကြီး
ပိုင်ပိုင်နိုင်နိုင်ကြီး ရှင်းရှင်းလင်းလင်းကြီးကို သိနေတယ်။ အဲသလို ဖြစ်လာအောင် သတိနဲ့နေတာကိုပဲ creative awareness လို့ ခေါ်တယ် အဲသလို သိလိုက်တဲ့ အသိဥာဏ်ကပဲ ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်နဲ့ ဘဝရဲ့
ဦးတည်ချက်အတွက် အခြေခံဖြစ်တယ်။ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေပြီးတော့ ဘဝကို
ဦးတည်ချက်လည်း ပေးလိုက်တယ်။ ဒါကြောင့် အဲသလို သိနိုင်တဲ့အဆင့်ကို ရောက်လာအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို တော်တော်လေး ကြိုးစားသင့်တယ်။
   
󾁁󾁁󾁁
စိတ်ရှင်းနေတဲ့အချိန်၊ စိတ်ငြိမ်းချမ်းနေတဲ့ အချိန်မျိုးမှာ ဘဝနဲ့ပတ်သက်တဲ့ လေးနက်တဲ့ အသိအမြင်မျိုးကို ရတယ်။ အဲသလို စိတ်မျိုး
ဖြစ်တဲ့အခါမှာ စိတ်က ရှင်းရှင်းလင်းလင်း မြင်ပြီးတော့ ယူနိုင်တဲ့လက်ခံနိုင်တဲ့ အရည်အသွေး (receptivity) လည်း တော်တော် မြင့်မားနေတယ်။ သာမန်အချိန်မှာ စိတ်က ရှုပ်နေတော့ ကိုယ့်ဘဝမှာ ဖြစ်နေတာတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ စိတ်အေးချမ်းနေတဲ့အချိန် (relax
ဖြစ်နေတဲ့အချိန်) မျိုးမှာ အတ္တတို့ မာနတို့လည်း မရှိဘူး။ ပူပင်သောကလည်း မရှိဘူး။ အဲသလိုအခါမျိုးမှာ စိတ်က ပိုပြီးတော့ သိနိုင်မြင်နိုင် လက်ခံနိုင်တယ်။ ဒါကြောင့် စိတ်အေးချမ်းပြီးတော့ အမှန်ကို တကယ် ရိုးရိုးသားသား လက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ဒီသတိပဌာန်ကို
အမြဲတမ်း အားထုတ်နေရတာပဲ၊၊ အဲသလို ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ ကြည့်ပြီး အမှန်ကို ရိုးရိုးသားသား သိနေတဲ့လူဟာ လိုတဲ့နေရာလေးတွေကို ကြည့်ကြည့်ပြီး
ပြင်သွားလို့ရတယ်။ အသိဥာဏ်က သူ့ဟာသူ ပြင်သွားတာပဲ။ အင်မတန် စူးရှတဲ့ အင်မတန် ထက်မြက်တဲ့ အင်မတန် အင်အားကြီးတဲ့ သတိနဲ့ပညာက ချို့ယွင်းချက်လေးတွေကို သူ့ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။ အဲဒီတော့ တဖြေးဖြေးနဲ့ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုလူ ဖြစ်ချင်သလဲဆိုတာကို ပုံဖေါ်ပြီး တည်ဆောက်သွားလို့ ရသလိုပဲ။ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ချစ်တတ် ခင်တတ်တဲ့သူ၊ ပိုပြီးတော့ အမှန်တရားကို လိုလားတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့သူ၊
ပိုပြီးတော့ လွတ်လပ်တဲ့သူ၊ အဲသလို လူတစ်ယောက် ဖြစ်လာရမှာပဲ။ ကိုယ့်မှာ
ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို ကြည့်ပြီးတော့လည်း အဲဒီ အရည်အချင်းကောင်းလေးတွေ အများဆုံး ထွက်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်လာရမှာပဲ။ သိပ်ပြီးတော့ နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူးနော်၊၊󾁉󾁉󾁉

  ➖➖➖➖➖󾭶󾁋󾁋󾭶➖➖➖➖➖

󾁎ဆရာတော်ဦးဇောတိက󾁎
( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၇၅) မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
    ဘာကို တန်ဖိုးထားရမလဲ ( ၁၅ )
    အရင်ကထက်ပိုပြီး
    ...
    အရင်တုန်းကထက် စိတ်ထားတွေ သဘောထားတွေ အသိဥာဏ်တွေ သာတဲ့ လူတစ်ယောက် ဖြစ်လာအောင် လုပ်နေတာကိုက ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ် ဖြည့်ဆည်းနေတာပဲ။ ကိုယ့်ကိုယ်ကို သေချာကြည့်ပြီး သိပြီးတော့ ပိုပြီးကောင်းတဲ့လူတစ်ယောက် ဖြစ်လာအောင် အမြဲတမ်း ကြိုးစားနေရမှာပဲ။ နဂိုအတိုင်း

    😁😁😁