{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, February 3, 2015

    ***တန်ဖိုးဟူသည်***

    အရမ်းတန်ဖိုးရှိတဲ့ စာသားလေးပါ 
Like & Share ဖို့မမေ့နဲ့နော် 

တန်ဖိုးဟူသည်
===========
ညီငယ် ညီမငယ်တိုင်းအတွက် တကယ်တန်ဖိုးရှိလို့ ဖတ်ဖြစ်အောင်ဖတ်နော်.

အလုပ်‌ရုံတစ်‌ခုထဲမှာ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။

အ‌ဖေ။ ။သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?

သမီး။ ။မသိဘူးအ‌ဖေ..။

အ‌ဖေ။ ။သိချင်‌လားသမီး....။

သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ...။

အ‌ဖေ။ ။အဲလိုဆိုရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။

သမီး။ ။ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ။ ။တကယ်‌သိချင်‌တာလား...?

သမီး။ ။သိချင်‌တာ‌ပေါ့အ‌ဖေ‌ရေ....။

အ‌ဖေ။ ။နောက်‌ထပ်‌ ၁၀ ခါလုပ်‌အုံး...။

သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။

အ‌ဖေ။ ။တကယ်‌သိချင်‌တာလား....?

သမီး။ ။သိချင်‌ပါတယ်‌ဆို‌နေ အ‌ဖေကလည်း....။။

အ‌ဖေ။ ။နောက်‌ထပ်‌ ၁၅ ခါလုပ်‌အုံး...။။

သမီး။ ။ဟွန့်‌.. .အ‌ဖေကလည်း ပြလည်းမပြဘဲနဲ့....။။

အ‌ဖေ။ ။ပြမှာပါ...လုပ်‌သာလုပ်‌ပါ...။။

သမီး။ ။သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့အ‌ဖေ သမီး ထိုင်‌ထလုပ်‌ပြီးပြီ။
အ‌ဖေဖြစ်‌သူက လက်‌ထဲက ဆုတ်‌ကိုင်‌ထားတဲ့အရာကို ဖွင့်‌ပြလိုက်‌တယ်‌....။
လက်‌ထဲမှာအ‌ကြွေ‌စေ့တစ်‌ခု....။။

ပြန်‌ဆုတ်‌ကိုင်‌လိုက်‌ပြီး.. .သမီးအ‌ဖေ့လက်‌ထဲကအရာကို သိချင်‌လား ထိုင်‌ထ ၅ ခါ လုပ်‌။

သမီးဖြစ်‌သူက သမီးသိပြီးသားပဲ...မသိချင်‌‌တော့ပါဘူး...။

အ‌ဖေဖြစ်‌သူက သမီးကိုပြမယ်‌‌လေ...၂ ခါ‌လောက်‌‌သော်‌လည်း လုပ်‌။

သမီးဖြစ်‌သူက မလုပ်‌ဘူး အ‌ဖေ သမီးသိပြီးသားဥစ္စာ ဘာလို့ ပင်‌ပန်းခံပြီး ကြည့်‌‌တော့မလဲ...တဲ့။

အဲဒီ‌တော့ အ‌ဖေဖြစ်‌သူက.. .

အဲလိုပဲသမီး...‌လောကမှာ ကိုယ်‌မသိမမြင်‌‌သေး‌သောအရာကို လူ‌တွေဟာ တန်‌ဖိုးထားပြီး အရင်းအနှီးများများ ‌ပေး၍ သိချင်‌မြင်‌ချင်‌ကြတယ်‌။
မသိ‌သေး မမြင်‌‌သေး‌သော‌ကြောင့်‌ တန်‌ဖိုးထားကြတယ်‌...။
သမီး‌တောင်‌မှ ဘာမှမဟုတ်‌တဲ့အ‌ကြွေ‌စေ့‌လေးကို ကြည့်‌ဖို့အတွက်‌ အရင်းအနှီးအဖြစ်‌ ထိုင်‌ထ‌တွေလုပ်‌‌သေးတာပဲ...။။
အဲဒါက တန်‌ဖိုးထားမြတ်‌နိုးမိလို့ပဲ....။။

ကိုယ်‌သိပြီးမြင်‌ပြီးတဲ့အရာကို ‌နောက်‌တစ်‌ခါ သိဖို့မြင်‌ဖို့အတွက်‌ မရင်းနှီးချင်‌ကြ‌တော့ဘူး...လွယ်‌သွားတဲ့အတွက်‌ လူ‌တွေကလည်း တန်‌ဖိုးမထားကြ‌တော့ဘူး...။။

သမီးအ‌ကြွေ‌စေ့ကို‌နောက်‌တစ်‌ခါ မြင်‌ရဖို့အတွက်‌ အရင်းအနှီးစိုက်‌မထုတ်‌ချင်‌သလိုပဲ‌ပေါ့...တန်‌ဖိုးမထား‌တော့သလိုပဲ‌ပေါ့...။။

အဲလိုပါပဲ...ကိုယ့်‌ရဲ့ မမြင်‌အပ်‌‌သော အင်္ဂါ အစိတ်‌အပိုင်း‌တွေကိုလည်း မမြင်‌ရ‌အောင်‌ လုံခြုံစွာဖုံးဖိထားတတ်‌ရတယ်‌။
မြင်‌သိပြီးသွားရင်‌ အဲဒါကို‌နောက်‌တစ်‌ခါမြင်‌သိရ‌အောင်‌ အရင်းအနှီးမစိုက်‌ချင်‌‌တော့ဘူး...တန်‌ဖိုးမဖိုးချင်‌ကြ‌တော့ဘူး...။။

မြတ်‌မြတ်‌နိုးနိုး နဲ့သိမ်းဆည်းထားသင့်‌‌သောအရာ‌တွေကို တန်‌ဖိုးထားသင့်‌‌သော အရာ‌တွေကိုလူတကာမြင်‌‌အောင်‌ မ‌ဖော်‌ပြသင့်‌ဘူး...။။
ကိုယ်‌လည်း တန်‌ဖိုးမဲ့ရာ‌ရောက်‌သွားတတ်‌တယ်

ဒါကြောင့် မိမိကိုယ်ကို တန်ဖိုးထားပါသမီး ဟုဆုံးမလေသည်။

Credit: ပြည်ငြိမ်း။
    အရမ်းတန်ဖိုးရှိတဲ့ စာသားလေးပါ
    Like & Share ဖို့မမေ့နဲ့နော်

    ===========...
    ညီငယ် ညီမငယ်တိုင်းအတွက် တကယ်တန်ဖိုးရှိလို့ ဖတ်ဖြစ်အောင်ဖတ်နော်.

    အလုပ်‌ရုံတစ်‌ခုထဲမှာ အ‌ဖေနှင့်‌သမီး‌ပြောကြ‌သောစကားများဖြစ်‌သည်‌။
    အ‌ဖေဖြစ်‌သူက လက်‌ထဲမှာအရာဝတ္ထုတစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူကို‌ပြောတယ်‌။
    အ‌ဖေ။ ။သမီး အ‌ဖေလက်‌နဲ့ဆုတ်‌ကိုင်‌ထားတဲ့အရာက ဘာလဲသိလား...?
    သမီး။ ။မသိဘူးအ‌ဖေ..။

    ***4.2.2015 မွန်အမျိုးသားနေ့***

    အာ ဒံ's photo.

    အာ ဒံ's photo.

    အာ ဒံ's photo.

     

    အာ ဒံ's photo.

    ချစ်Friတို့"ပတ္တမြားမှန်ရင်နွံမနစ်ဖို့မွန်အဖြစ်တို့ဂုဏ်ယူလိုက်စမ်းပါ"*တဲကောန်ဂကူမန်*4.2.2015.!!!အာဒံ!!!

    ***မွန်အမျိုးသားနေ့(2015/2/4)***

    KoHtay Aung's photo.

    *****ရုပ်ပွားဆင်းတုတော် ပူဇော်ရသည့်အကျိုး*****

    ရုပ်ပွားဆင်းတုတော် ပူဇော်ရသည့်အကျိုး
--------------------------------------------------
မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြ
လတ္တံ့ပါ အကျိုးကျေးဇူး (၉)မျိုးကို ရရှိနိုင်ပါသည်။

၁။ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း ဘုရားဝေယျာဝစ္စပြုနေရခြင်း ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင် ဖြစ်သည်။

၂။မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။

၃။အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ကိုးကွယ်မှုပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ်ထက်မြက်ခြင်းများ ရှိလာသည်။

၎။ကုသိုလ်တရားများ တိုးပွားလာသည်။

၅။စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းအားဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။အမှားအယွင်းများ မပြုလုပ်မိတော့ပဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာသည်။

၆။အိမ်တွင်ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

၇။ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

၈။ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနထား ထားလျှင် အိမ်ကျက်သရေ လူ့ကျက်သရေတက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉။ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်းနေရသကဲ့သို့ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။
-------------------------------------------------------
အကိုး - ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
photo-khin poe pan chi(အဆိုတော်)
     
    ရုပ်ပွားဆင်းတုတော် ပူဇော်ရသည့်အကျိုး
    --------------------------------------------------
    မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
    ဘုရားစင်နှင့် ကိုးကွယ်ထ...ားခြင်းအားဖြင့် ဖော်ပြ
    လတ္တံ့ပါ အကျိုးကျေးဇူး (၉)မျိုးကို ရရှိနိုင်ပါသည်။

    ၁။ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း ဘုရားဝေယျာဝစ္စပြုနေရခြင်း ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင် ဖြစ်သည်။

    ***ဘီလူးကျွန်းရဲ့ လမ်းပေါ်မှာ***

    ***တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်း***

    မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့
==========================================

အူလန်ဘာတာ၊ ဇန်နဝါရီ ၂၈

တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။

အဆိုပါ သူတော်စင်၏ကြွင်း ကျန်သည့် ခန္ဓာကိုယ်အား တိရစ္ဆာန် သားရေဖြင့် ထုပ်ပိုးထားသည်ကို ရှာတွေ့ခဲ့ပြီး ယင်းအားဆေးပညာ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ပင်ဖြစ်သော်လည်း ထိုအရာသည် အနည်းဆုံးနှစ် ၂ဝဝ သက်တမ်းရှိပြီ ဟု ယူဆရသည်။ 

''တွေ့ခဲ့ရတဲ့ အရာ မှာ တင်ပျဉ်ခွေပုံစံနဲ့ ထိုင်နေတာ ပါ။ တရားထိုင်နေတာဖြစ်နိုင်ပါတယ်'' ဟုလည်း  The Siberian Times  သတင်းစာက မွန်ဂိုလီးယားမီဒီယာ များ၏ ဖော်ပြမှုကို ကိုးကားဖော်ပြ ထားသည်။

ထိုအရာအား ဆေးပညာဆိုင် ရာ စစ်ဆေးမှုများပြုလုပ်ရန် လက် ရှိအချိန်တွင် မြို့တော် အူလန်ဘာတာ သို့ သယ်ဆောင်ထားပြီဟုလည်း တွေ့ ရသည်။ 

အစောပိုင်းခန့်မှန်းမှုများ အရ ယင်းသည် တိဗက်ရိုးရာဗုဒ္ဓ ဘာသာဝင် လားမားဘုန်းတော်ကြီး တစ်ပါး၏ ကြွင်းကျန်သည့် ရုပ်အလောင်း ဟု သိရသည်။ 

ထို့အပြင် ယခုတွေ့ ခဲ့ရသည့် ရုပ်အလောင်းသည် နာမည် ကျော် လားမားဒါရှီ-ဒေါ်ဇိုတီတီဂီ လောဗ်ဆရာ၏ ရုပ်အလောင်းဖြစ် နိုင်သည်ဟုလည်း ခန့်မှန်းလျက်ရှိ သည်။

အံ့အားသင့်ဖွယ်တရားထိုင် နေဆဲအနေအထားဖြင့် ရှာတွေ့ခဲ့ သည့် ရုပ်အလောင်းသည် နှစ်ကာ လများစွာကြာမြင့်သည့်တိုင် ပျက်စီး ယိုယွင်းမှုမရှိကြောင်းလည်း သိရ သည်။

Ref: Mail Online

#Democracytoday

|─────----------------Yangon Media Group ----------──────-|

www.facebook.com/democracytodaynewspaper
www.myanmarnewsnetwork.com

|─────----------------Yangon Media Group ----------──────-|
     
    မွန်ဂိုလီးယားတွင် တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင်နေဆဲ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါး၏ နှစ်ပေါင်း ၂ဝဝသက်တမ်းရှိ ရုပ်အလောင်းတွေ့ရှိခဲ့
    ================================...==========
    အူလန်ဘာတာ၊ ဇန်နဝါရီ ၂၈
    တင်ပျဉ်ခွေပုံစံဖြင့် တရားထိုင် နေပုံရသည့် အံ့အားသင့်ဖွယ်သူ တော်စင်တစ်ဦး၏ ရုပ်အလောင်းတစ် ခုကို မွန်ဂိုလီးယားနိုင်ငံတွင် ရှာတွေ့ ခဲ့ကြောင်း Mail Online သတင်း အရ သိရသည်။
    အဆိုပါ သူတော်စင်၏ကြွင်း ကျန်သည့် ခန္ဓာကိုယ်အား တိရစ္ဆာန် သားရေဖြင့် ထုပ်ပိုးထားသည်ကို ရှာတွေ့ခဲ့ပြီး ယင်းအားဆေးပညာ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေဆဲ ပင်ဖြစ်သော်လည်း ထိုအရာသည်
    ဘီလူးကျွန်းဆီက အလွမ်းတောင်တန်း's photo.

    *****ကညှော် ဆွမ်းကြီးလောင်းပွဲ*****

    Thanhtike Soe's photo.







     
     


     

    ♻ အကောင်းဆုံး ဖြစ်ချင်တယ်၊၊ ♻

    ♻️ အကောင်းဆုံး ဖြစ်ချင်တယ်၊၊ ♻️

󾁁󾁁󾁁
ကိုယ်တတ်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ပဲနဲ့ တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ် ဆိုရင် သင်ဟာ တသက်တာလုံး စိတ်မချမ်းမသာနဲ့ နေသွားရတော့မယ်၊၊
စိတ်မချမ်းမသာဆိုလို့ တကယ်ကို ဝမ်းနဲပူဆွေးပြီးတော့ နေရမှာလားဆိုတော့ မဟုတ်ပါဘူး နော်၊၊ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ အကယ်၍ အဲဒီလို မကျေနပ်တာကို ဖုံးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊၊ ကိုယ့်စိတ်ဓာတ်ကိုရော ကိုယ့်အသိဥာဏ်ကိုရော ထုံထိုင်းသွားအောင် လုပ်မှရမယ်၊၊

󾁁󾁁󾁁
ကိုယ်တတ်နိုင်တာကို မလုပ်ပဲနေလိုက်ရင် ကိုယ့်ကိုယ်ကိုကိုယ် လေးစားနိုင်မှာ မဟုတ်တော့ဘူး၊၊ အဲဒါကိုက unhappiness ပဲ၊၊ ကိုယ့်ကိုကိုယ် မလေးစားနိုင်တာဟာ တော်တော် စိတ်မကောင်းစရာပဲ နော်၊၊

󾁁󾁁󾁁
ကိုယ်တတ်နိုင်တဲ့ အကူအညီကို မပေးလိုက်ရင် ကိုယ့်ရဲ့ စိတ်ဓာတ်အဆင့်အတန်း ကိုယ့်ရဲ့ အသိဥာဏ်အဆင့်အတန်း ကိုယ့်ရဲ့ မေတ္တာ ကရုဏာ အဆင့်အတန်းကိုပါ နှိမ့်ချမှ ရတော့မယ်၊၊ ကိုယ့်ကိုယ်ကိုကိုယ် အဆင့်နှိမ့်မှ ရမယ်၊၊ အကောင်းဆုံးကို မလုပ်ချင်ရင် ကိုယ့်အဆင့်ကို နှိမ့်မှ ရမယ်၊၊ အဆင့်မနှိမ့်ချင်ရင် ကိုယ်တတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်မှ ရမယ်၊၊ 

󾁁󾁁󾁁
တချို့လူတွေကို တကယ်လိုနေတုန်းမှာ ဘုန်းကြီး ကူညီခဲ့တာ ရှိတယ်၊၊ တော်တော်များများ ပေးတာတွေမှာ တခုခုတော့ မျှော်လင့်နေတာ ရှိတတ်တယ်နော်၊၊ ငါ့ကို ကျေးဇူးရှင်ကြီးလို့ သဘောထားပြီးတော့ တွေ့တဲ့နေရာမှာ ငါ့ကို တရိုတသေ ဆက်ဆံမှာပဲလို့ မျှော်လင့်နေမှာပဲ၊၊ ကျေးဇူးရှင်ကြီး ဖြစ်ချင်နေတာကိုက မကောင်းတော့ဘူး၊၊ သေသေချာချာ တွေးကြည့်တော့ ကိုယ့်ဘဝမှာ တကယ် ကျေကျေနပ်နပ် ပေးလိုက်ရတယ်ဆိုတာ တော်တော် နဲတယ်ပါလားလို့ တွေးမိတယ်၊၊ဇနီးမောင်နှံချင်းလည်း မျှော်လင့်ချက်တွေနဲ့ ပေးနေတာ ဖြစ်တတ်တယ်၊၊ သားသမီးနဲ့မိဘလည်း ဖြစ်နိုင်တာပဲ၊၊ သားသမီးနဲ့မိဘ ဆက်ဆံရေးကတော့ တော်တော် လှိုက်လှဲပါတယ်၊၊ အထူးသဖြင့် မိဘရဲ့ မေတ္တာက တော်တော် ကြီးမားပါတယ်၊၊ ကိုယ့်ဥာဏ်နဲ့ကိုယ် ချဲ့ပြီးတော့ စဉ်းစားကြည့်ပါ နော်၊၊ 

󾁁󾁁󾁁
ငါ လုပ်နိုင်ပါလျက်နဲ့ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့တာတွေ ဘယ်လောက်များသလဲ၊၊ သူ့ကို ငါ ဒီထက်ပိုပြီးတော့ မေတ္တာနဲ့ ဆက်ဆံလို့ ရပါတယ်၊၊ ဒါပေမဲ့ ငါ လျှော့ထားတယ်၊၊ တမင်တကာကို လျှော့ထားတာ၊၊ ဘာဖြစ်လို့လဲ၊၊ ဈေးကိုင်ထားတာပေါ့၊၊ ဂရုဏာမှာလည်း ဒီလိုပဲ၊၊ ဂရုဏာ လျှော့ထားလိုက်တယ်၊၊ ကိုယ်ကျင့်တရားမှလည်း လျှော့ထားတယ်၊၊ ဒီထက်ပိုပြီး ရိုးသားနိုင်တယ်၊၊ ဒါပေမဲ့ ခပ်ပေါ့ပေါ့ သဘောထားနဲ့ မရိုးသားတာတွေကို လုပ်နေတယ်၊၊ တရားအားထုတ်ရာမှာကော၊၊ ဒီ့ထက်ပိုပြီး အသိဥာဏ် မြင့်တဲ့သူ၊ ဒီ့ထက်ပိုပြီး စိတ်ထားမြင့်တဲ့သူ ဖြစ်ဖို့ ငါ ကြိုးစားမယ်ဆိုရင် ရပါတယ်၊၊ ရပါရက်နဲ့ မကြိုးစားဘူး၊၊ အပျင်းပြေစရာတွေက သိပ်များတော့ အဲဒါတွေ ကြည့်နေ နားထောင်နေတာနဲ့ အချိန်တွေကုန်ပြီး တကယ် စိတ်ထားမြင့်ဖို့ကို လုပ်ဖို့ အချိန် မရတော့ဘူး၊၊ ငါ တကယ် ကြိုးစားမယ်ဆိုရင် ငါဟာ အခု သိတာထက် အများကြီး ပိုသိတဲ့သူ ဖြစ်နိုင်တယ်၊၊ ငါ့ရဲ့ အသိဥာဏ်အဆင့်အတန်း ငါ့ရဲ့ စိတ်အဆင့်အတန်း အများကြီး မြင့်နိုင်ပါလျက်နဲ့ ငါ မလုပ်ခဲ့ဘူး၊၊

󾁁󾁁󾁁
ဘာတွေ ရထားပြီးပြီလဲ၊၊ ဘာတွေ ကျေနပ်စရာ ရှိသလဲ၊၊ သေခါနီးမှာ ငါ့ဘဝဟာ ဘာမှ တကယ်ကျေနပ်စရာ မရှိပါလားလို့ တွေးပြီး သေမယ်ဆိုရင် တော်တော်သနားစရာ ကောင်းမယ်၊၊ ကြိုကြိုတင်တင်လေး သတိရပြီးတော့ ငါ့ဘဝဟာ ဘာမှ ကျေနပ်စရာ မရှိတဲ့ဘဝ မဖြစ်စေရဘူး၊၊ သေခါနီးမှာ နောင်တ မရချင်ဘူး ဆိုပြီးတော့ ကြိုးစားမယ်ဆိုရင် ငါဟာ ငါတတ်နိုင်သလောက် စိတ်ထားအကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်၊၊ ငါတတ်နိုင်သလောက် အသိဥာဏ် မြင့်မားအောင် ကြိုးစားခဲ့တယ်လို့ တွေးပြီး ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှု ရနိုင်တယ်၊၊
    
         󾮟 ➖➖⚡️⚡️➖➖󾮟

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ” စာအုပ် စာမျက်နှာ(၈၇) မှ ကောက်နုတ် ဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
    ♻ အကောင်းဆုံး ဖြစ်ချင်တယ်၊၊ ♻

    ကိုယ်တတ်နိုင်ပါလျက်နဲ့ တတ်နိုင်သလောက်ကို မလုပ်ပဲနဲ့ တမင်တကာ လျှော့လျှော့ပေါ့ပေါ့ လုပ်လိုက်မယ် ဆိုရင် သင်ဟာ တသက်တာလုံး စိတ်မချမ်းမ...သာနဲ့ နေသွားရတော့မယ်၊၊
    စိတ်မချမ်းမသာဆိုလို့ တကယ်ကို ဝမ်းနဲပူဆွေးပြီးတော့ နေရမှာလားဆိုတော့ မဟုတ်ပါဘူး နော်၊၊ ကိုယ့်ဘဝကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ ကိုယ့်ကိုယ်ကိုကိုယ် ကျေနပ်မှုရမှာ မဟုတ်ဘူး၊၊ အကယ်၍ အဲဒီလို မကျေနပ်တာကို ဖုံးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ၊၊ ကိုယ့်စိတ်ဓာတ်ကိုရော ကိုယ့်အသိဥာဏ်ကိုရော ထုံထိုင်းသွားအောင် လုပ်မှရမယ်၊၊

    ***အဖွဲ့လိုက်ပူးပေါင်းသည့် လုပ်ငန်းပြိုကွဲရခြင်း***

    အဖွဲ့လိုက်ပူးပေါင်းသည့် လုပ်ငန်းပြိုကွဲရခြင်း

(အရင်တစ်ကြိမ်တင်ပြီးသားပိုစ် စလုံးပေါင်း မှားနေ၍ နောက်တစ်ကြိမ် ပြင်ဆင်ပြီး
ပြန်လည်တင်ဆက်ဖော်ပြပေးလိုက်ပါတယ် ။ )

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2 

၁ . ရနေသည်ထက် ပို၍လောဘကြီးခြင်း

အသင်းအဖွဲ နဲ့ အလုပ်လုပ်တဲ့အခါ လူညီဖို့ဆိုတာ အင်မတန်ခက်ပါတယ် ။ အကျိုးမြတ်ရလာလို့ ခံစားတဲ့အခါ တူညီနေရင်တောင် သူကပိုပင်ပန်းလို့ ၊ ကိုယ်ကပိုပင်ပန်းလို့ ဆိုပြီး ရနေတာထက် ရလိုခွင့် လောဘစိတ်တွေ ဝင်လာတတ် ပါတယ် ။ ရယူလိုခွင့် ၊ ရပိုင်ခွင့်လောဘတွေကြီးလာရင် အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်တွေများလာပြီး အဖွဲ့စည်းတစ်ခု ပြိုကွဲဖို့ရာ အဓိက အကြောင်းအရာ ဖြစ်လာစေပါတယ် ။ 

၂ . နေရာတကာ လိုက်ပါခြင်း

ဟိုတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ဒီတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ကိုယ်က ဗဟုသုတရချင်လို့ သိချင်တာမှန်ပေမယ့် အတူတွဲလုပ်ရတဲ့ သူတွေအတွက် အင်မတန် စိတ်ကသိကအောင့်ဖြစ်ရပါတယ် ။ ကိုယ်လုပ်နေတဲ့ အပိုင်းကလွဲလို့ အခြားကဏ္ဍကို အသေးစိတ် လိုက်သိချင်တာမျိုးကို ရှောင်ကြဉ်စေချင်ပါတယ် ။ ဒီလိုမှမဟုတ် ပါလေရာ ကိုယ်က သိချင်နေရင်တော့ အဖွဲ့အစည်းတစ်ခု ပြိုကွဲဖို့ အကြောင်းအရာ ဖြစ်လာစေပါတယ် ။ 

၃ . မာနစိတ်တွေရှိနေခြင်း

လုပ်ငန်းအကြောင်းနဲ့ပတ်သက်လို့ အပြည့်အဝနားမလည်ဘူး ၊ ကိုယ်ကလည်း ဦးမဆောင်နိုင်ဘူး ၊ ဒါပေမယ့် သူများဦးဆောင်တာကိုလည်း ကိုယ်က မလိုက်ချင်တဲ့ တလွဲမာနစိတ်တွေ ဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ကိုယ်လည်း မတတ်တဲ့အရာတစ်ခုကို တတ်သရောင် (သို့မဟုတ်) ဒီအဖွဲ့နဲ့မလုပ်ရလဲ ဘာမှမဖြစ်ဘူး ၊ ဝ မရှိပဲ ဝိလုပ်တဲ့ တလွဲမာနမျိုးတွေ ရှိနေမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု ပြိုကွဲဖို့ရာ ဖြစ်လာစေပါတယ် ။ 

၎. အဆိုးမြင်ဝါဒရှိခြင်း

ဒီကိစ္စမှာ ကိုယ်နစ်နာသွားပြီ ၊ ကိုယ်အကြောခံလိုက်ရပြီလို့ စိတ်အထင်နဲ့ ဘယ်သူဘာလုပ်လုပ် အဆိုးမြင်အကြည့်နဲ့ ရယူလိုခွင့်လောဘ ၊ အစွန်းရောက်သော အတွေးအခေါ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ် ။ အသင်းအဖွဲ့ ပြိုကွဲဖို့ရာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ် ။ 

ဒါကြောင့် အသင်းအဖွဲ့များစည်းလုံးဖို့ရာ - 
၁ . ရပိုင်ခွင့် ၊ ရယူလိုခွင့် လောဘစိတ်ကို ထိန်းချုပ်ပါ
၂ . အကောင်းမြင်စိတ်ရှိပါ
၃ . ကိုယ်မတတ်သည့်အရာကို တတ်သလို အာမခံချက်မပေးမိပါစေနဲ့
၎ . နေရာတကာသိချင်တာမျိုးရှောင်ကြဉ်ပြီး ကိုယ့်အပိုင်းကို တာဝန်ကျေပါ
၅ . တလွဲမာန မထားပါနဲ့
၆ . သစ္စာရှိပါ
အသင်းအဖွဲ့နဲ့ လုပ်ဆောင်ကြသော အဖွဲ့အစည်းများ ၊ လုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ အကြုံပြုရေးသားလိုက်ရပါတယ် ။ 

ခွန်နေ - Khun Nay 
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
     
    အဖွဲ့လိုက်ပူးပေါင်းသည့် လုပ်ငန်းပြိုကွဲရခြင်း
    (အရင်တစ်ကြိမ်တင်ပြီးသားပိုစ် စလုံးပေါင်း မှားနေ၍ နောက်တစ်ကြိမ် ပြင်ဆင်ပြီး
    ပြန်လည်တင်ဆက်ဖော်ပြပေးလိုက်ပါတယ် ။ )
    ...
    ခွန်နေ - Khun Nay
    https://www.facebook.com/nay.tun2
    ၁ . ရနေသည်ထက် ပို၍လောဘကြီးခြင်း

    ****မွန်အမျိုးသားနေ့****

    ****မွန်အမျိုးသားနေ့****

     

     

    ****မွန်အမျိုးသားနေ့****

    မွန်အမျိုးသားနေ. ပထမနေ. ကညှော်ရွာ 
Photo- မင်းမြတ်ဇော်(တောင်စွန်း) လူပျိုကြီး
    မွန်အမျိုးသားနေ. ပထမနေ. ကညှော်ရွာ
    Photo- မင်းမြတ်ဇော်(တောင်စွန်း) လူပျိုကြီး
     

    😁😁😁