{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, April 2, 2015

    ** ပန်းရဲ့လမ်း **

    ** ပန်းရဲ့လမ်း **

    **** မွန်လူမျိုး အနောက်တိုင်း ဆရာဝန် Dr.ရှောလူ အကြောင်း ****

    '**ဒဏ္ဍရီမဟုတ် လွန်ခဲ့သော် (176)နှစ်လောက်တုန်က ပထမဆုံးသော မွန်လူမျိုး အနောက်တိုင်း ဆရာဝန်အကြောင်းလေတစ်ခု

ပထမဆုံးဖြစ်ခဲ့ဖူးသော မွန်လူမျိုး အနောက်တိုင်း ဆရာဝန် Dr.ရှောလူ (၁၈၃၉-၁၉၂၉) Dr. ရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ် တက္ကသိုလ် (Bucknell University) တွင် စတင်ပညာ သင်ကြားခဲ့သော ပထမဆုံးသော အမေရိကန် ရောက် မွန်လူမျိုး ဆေးကျောင်းသား တစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယား ပြည်နယ် (Pennsylvania) သို့ ရောက်ရှိခဲ့သည်။

D.r ရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင် မွန်လူမျိုး ဖြစ်သည်။ မော်လမြိုင်တွင် ခရစ်ယာန် သာသနာပြု ဒေါက်တာ ဂျဒ်ဆင်(Adoniram Judson)နှင့် အိမ်နီးချင်း ဖြစ်သည်။ ဒေါက်တာရှောလူ၏ ဆရာဝန်မဖြစ်မှီ ငယ်စဉ် ဘဝများကား ကြမ်းတမ်းလှပေသည်။ သူသည် ငယ်စဉ်က ပညာ သင်ကြားရေးကို စိတ်အားထက်သန်သည်။

သူ၏ဖခင် ဦးရွှေသက်မှာ အထူးဆု ရထားသော အင်္ဂလိပ် အရာရှိများကို မြန်မာစာပြသူ ဖြစ်သူဖြစ်သည်။ သို့သော် ဦးရွှေသက်၏ အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ၁၈၅၄ ခုနှစ်တွင် ဒေါ်ဖွားလှနှင့် လမ်းခွဲခဲ့ ကြလေသည်။ မိဘများ၏ အိမ်ထောင်ရေး ဂယက်ကြောင့် ရှောလူလေးကို အမျိုးများက တာဝန်ယူ စောင့်ရှောက် ကြရပေသည်။ 

၁၈၅၆ ခုနှစ်၊ မင်းရှောလူ အသက် ၁၅ နှစ် အရွယ်တွင် အိမ်မှစွန်စား၍ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ ကာလကတ္တား၌ သွားရောက် ပညာသင်သည်။ သုံးနှစ်ခန့် အကြာတွင် အိန္ဒိယတပ်တွင် စစ်ဘာရီ (Sepoy Mutiny) ပုန်ကန်မှုကြီး ပေါ်ပေါက်လာရာ အိန္ဒိယ၌ ဆက်လက် ပညာသင်ရန် အခက်အခဲ ကြုံလာရသည်။ ၁၈၅၇ ခုနှစ်တွင် မြန်မာပြည် သို့ပြန်ပြီး သင်းအုပ်ဆရာ ဦးရွှေအေးမှ နှစ်ခြင်းပေးကာ ရိုင်ယာလိက် Royal Lakes (ယခု ကန်တော်ကြီး)တွင် နှစ်ခြင်းခရစ်ယာန် ဘာသာ ခံယူခဲ့သည်။

၁၈၅၈ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ ပြန်မည့် မြန်မာနိုင်ငံ သုံးဆယ်မြို့တွင် ခရစ်ယာန် သာသနာပြု ဆရာမကြီး မစ္စမာရီယာအင်ဂေါ (Mrs. Marilla Ingalls) နှင့် တွေ့ဆုံခဲ့ပြီး ဆရာမကြီး၏ ကူညီမှုဖြင့် အမေရိကန်သို့ ပညာသင် လိုက်ပါခဲ့သည်။ ဆရာမကြီးမှာ အားလပ်ရက်တွင် အမေရိကန် သို့ ခေတ္တပြန်ခြင်း ဖြစ်ရာ မင်းရှောလူးက တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။

ပညာလိုလားသူ မင်းရှောလူး အကြောင်းကို ဆရာမကြီးက သင်္ဘော ကပ္ပတိန်အား တစ်ဆင့် ပြောပြ ပေးသည်။ လမ်းခရီးတွင် သင်္ဘောခအတွက် သင်္ဘောစားသောက်ခန်း စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

၁၈၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် နယူးယောက်မြို့သို့ ရောက်ရှိပြီး ထိုအချိန်က နယူးယောက်တွင် လူဦးရေ တစ်သန်းကျော် သာရှိသည်။ နယူးယောက်မှ ကုန်သည် တဦး၏ အထောက်အပံ့ဖြင့် ပင်ဆယ်ဗေးနီးယား ပြည်နယ် (Pennsylvania) လူဝီစဗတ် တက္ကသိုလ် (Lewisburg University) ၌ (၁၈၈၆မှစ၍ ဘက်နယ်လ် တက္ကသိုလ် (Bucknell University) အဖြစ် အမည်ပြောင်းလဲသည်။) ၁၈၅၉ ခုနှစ်တွင် ပညာသင်ခွင့် ရခဲ့သည်။ ပညာသင်ကြားရင်း အားလပ်ချိန်များတွင် အလုပ်မျိုးစုံလုပ်ခဲ့ရသည်။

အယူအဆဆိုင်ရာ ပါမောက္ခကြီး ဒေါက်တာ သောလ်မတ် အက်ဖ် ကာတစ် (Dr. Thomas F. Curtis) ၏ အိမ်တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ် လုပ်ကိုင်ရင်း တဖက်တလမ်းမှ ဝင်ငွေရယူ ခဲ့သည်။ ကျောင်းပိတ် ရက်များတွင် အခြားမြို့ကြီးများသို့ သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုးများ အကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။ မင်းရှောလူသည် လူဝီစဗတ်မှ ဟောပြောပွဲများ တွင်လည်း မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်များကို လူဝီစဗတ် ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင်လည်း ဟောပြောနိုင်ခဲ့သူဖြစ်သည်။

မင်းရှောလူသည် ၁၈၆၄ ခုနှစ်တွင် လူဝီစဗတ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ဝိဇ္ဇာဘွဲ့အတွက် ဂရိ၊ လက်တင်ဘာသာ စကားများ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ နက္ခတ္တဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေး၊ ဘောဂဗေဒ၊ ဖီလိုဆိုဖီ၊ စိတ်ပညာနှင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတို့ကို သင်ယူခဲ့သည်။ ထိုအချိန်က အမေရိကန်တွင် ပြည်တွင်းစစ် ဖြစ်ပွားဆဲ ဖြစ်သည်။

ဘီအေဘွဲ့ရပြီးနောက် မင်းရှောလူသည် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လင်း (Cleveland) ရှိ ချို့တဲ့သူများဆေးကောလိပ် (Charity Hospital Medical College) ၌ ဆေးပညာ ဆက်လက် ဆည်းပူးသည်။ ကလေးဘဝက မော်လမြိုင်တွင် ဒေါက်တာ ဂျဒ်ဆင်အား ဆေးကုသပေးမည့် ဆရာဝန် မရှိ၍ အမေရိကန်သို့ သင်္ဘောဖြင့် ပြန်သွားရသည့် ဒေါက်တာ ဂျဒ်ဆင်၏ အဖြစ်ကို ကြုံတွေ့ခဲ့ရသည့် အချိန်မှ စ၍ မောင်ရှောလူသည် ဆရာဝန် ဖြစ်ရန် ရည်မှန်းခဲ့သည်။

 ၁၈၆၇ ခုနှစ်တွင် ဆေးပါရဂူ အမ်ဒီဘွဲ့ရသည်။ ဂုဏ်ထူးဆောင် အမ်အေဘွဲ့လည်း ချီးမြှင့် ခံရသည်။ ဆေးပညာ သင်ကြားမှု ပြီးဆုံးသောအခါ မောင်ရှောလူသည် အမေရိကန် သမ္မတ အင်ဒရူးဂျွန်ဆင်(President Andrew Johnson)ကို သွားရောက် တွေ့ဆုံခွင့်ရခဲ့သည်။ အမေရိကန် သမ္မတ၏ မင်းတုန်းမင်းထံ ပေးအပ်သော သဝဏ်လွှာကို လက်ခံ၍ ၁၈၆၇ ခုနှစ်၊ အောက်တိုဘာ လတွင် မြန်မာပြည်သို့ ပြန်ခဲ့သည်။

လမ်းခရီး၌ လန်ဒန်တွင် တစ်လ၊ ပါရီတွင် တစ်ပတ် နားနေ လေ့လာ၍ အေအင်၊ သီဟိုဠ်၊ ကာလကတ္တားမှ တဆင့် မြန်မာပြည်သို့ ပြန်လာခဲ့သည်။ ထိုအချိန်က စူးအက်တူးမြောင်း မဖောက်ရသေးချေ။ ၁၈၆၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန်သမ္မတ၏ သဝဏ်လွှာကို မင်းတုန်းမင်းထံ ဆက်သရန် မန္တလေးသို့ ဆန်တက်ခဲ့သည်။ သရက်မြို့ အရောက်တွင် မင်းတုန်းမင်း၏ မြနန်းစကြာ ရေယာဉ်နှင့် မန္တလေးသို့ ခရီးဆက်သည်။

မင်းတုန်းမင်းသည် Dr.ရှောလူကို ကောင်းစွာလက်ခံတွေ့ဆုံသည်။ နန်းတွင်း မြောက်ဥယျာဉ်တော်၌ အဆောင်တခုပေးကာ နန်းတွင်း စားတော်အုပ်ကို နေ့စဉ် ပို့စေသည်။ ရက် ၂ဝ ခန့် ကြာသော် အောက်မြန်မာပြည် ပြန်၍ ကျောင်းဆရာနှင့် ဆရာဝန် လုပ်ငန်းများ ဆောင်ရွက်ခွင့် တောင်းသည်။ မင်းတုန်းမင်းက ခွင့်ပြု၍ ဆုလာဘ်နှင့် ငွေဒင်္ဂါးများကိုလည်း ချီးမြှင့်ခဲ့သည်။

Dr.ရှောလူသည် ရန်ကုန်တွင် အင်္ဂလိပ်အစိုးရ၏ အားပေးကူညီမှု မရသောကြောင့် မုတ္တမ၌ ကိုယ်ပိုင်ကျောင်းဖွင့်ကာ အသက်မွေးသည်။ ၆ လ အကြာတွင် မော်လမြိုင် အေဘီအမ်ကျောင်း၌ ဆရာ အခက်အခဲတွေ့ရာ ဆရာအဖြစ် ဝင်ရောက်ကူညီခဲ့သည်။ အေဘီအမ်ကျောင်းတွင် ၁ဝ နှစ်ခန့် ဆရာအဖြစ်ဆောင်ရွက်သည်။

ထို့နောက် ကျေးဇူးရှင် ဆရာမကြီး မစ္စမာရီယာအင်ဂေါကို ကျေးဇူးတုံပြန်သော အားဖြင့် သုံးဆယ်မြို့ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာ အယ်လင်မီလ်ချယ်(Dr. Ellen Mitchell)ထံတွင် လက်ထောက်ဆရာဝန်အဖြစ် ၁ဝ နှစ် ထမ်းဆောင်ပြီးနောက် မော်လမြိုင်၌ပင် ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။

ဆင်းရဲနွမ်းပါးသူများကို အခကြေးငွေမယူဘဲ ဆေးကုပေးသည်။ အသက်ကြီးရင့်သည့်တိုင် လူနာရှိရာသို့ ကိုယ်တိုင်လိုက်၍ ဆေးကုသသည်။ တဖက်တွင်လည်း မော်လမြိုင် အစိုးရ ကျောင်းနှင့် နောင်မန်   ကျောင်းတို့တွင် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ 

Dr. ရှောလူသည် ရန်ကုန်အစိုးရ အထက်တန်းကျောင်း၌ ဆရာအဖြစ် တာဝန် ထမ်းဆောင်နေစဉ် အင်္ဂလိပ် အမျိုးသမီး မစ္စလူစီပရဲယား(Lucy Pereira)နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၇ ယောက်(သား လေးယောက်၊ သမီး သုံးယောက်) ထွန်းကားခဲ့သည်။ ဇနီး ကွယ်လွန်၍ ၂ နှစ် အကြာ၌ အမေရိကန်သာသနာပြု မိန်းကလေးကျောင်းမှ ကျောင်းအုပ် ဒေါ်ရွှေနှင့် ထပ်မံ အိမ်ထောင်ပြုသည်။ သားသမီး ၃ ယောက် (သားတစ်ယောက်၊ သမီး နှစ်ယောက်) ထွန်းကားခဲ့ပြန်သည်။

Dr.ရှောလူသည် မော်လမြိုင်မြို့၌ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၅း၃ဝ တွင် ကွယ်လွန်ခဲ့သည်။ ဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။ ခရစ်ယာန် ဘုန်းကြီးများ သာမက မြန်မာ ဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ ကြကြောင်း မှတ်တမ်းများက ဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင်-

In Sacred Memory of Dr.Shaw Loo
Die 10-10-1929
Age 91 years
"All the way Saviour Leads me"
ဟု ရေးထိုးထားပေးကြပါသည်။

"မြန်မာ တိုင်းရင်းသားများ ထဲမှ အနောက်တိုင်း ဆေးပညာကို ပထမဆုံး လိုက်စားခဲ့သူ၊ အမေရိကန် ပြည်ထောင်စု ကလိဗ်လင်း ဆေးကောလိပ်မှ ဆရာဝန်ဘွဲ့နှင့် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကို ပထမဆုံးရခဲ့သူ။ ထူးခြားသည်မှာ ယအိန္ဒယနှင့် အမေရိကန်သို့ ကိုယ်ထူးကိုယ်ချွန် စွန့်စားကာ ပညာသင် သွားရောက်ခဲ့ပြီး ခရစ်ယာန်ကောင်း ပီသစွာ ဆရာဝန်ပညာနှင့် ကျောင်းဆရာ လုပ်ငန်းကို အခကြေးငွေ အဓိက မထားဘဲ ဆင်းရဲသားများ အကျိုး ဆောင်ရွက်ခဲ့သော ပရဟိတ ပညာရှင် တဦး ဖြစ်ခြင်းပင် ဖြစ်သည်" …'
    **ဒဏ္ဍရီမဟုတ် လွန်ခဲ့သော် (176)နှစ်လောက်တုန်က ပထမဆုံးသော မွန်လူမျိုး အနောက်တိုင်း ဆရာဝန်အကြောင်းလေတစ်ခု
    ပထမဆုံးဖြစ်ခဲ့ဖူးသော မွန်လူမျိုး အနောက်တိုင်း ဆရာဝန် Dr.ရှောလူ (၁၈၃၉-၁၉၂၉) Dr. ရှောလူသည် ၁၈၆၄ခုနှစ် အမေရိကန်ပြည် ဘက်နယ်လ် တက္ကသိုလ် (Bucknell University) တွင် စတင်ပညာ သင်ကြားခဲ့သော ပထမဆုံးသော အမေရိကန် ရောက် မွန်လူမျိုး ဆေးကျောင်းသား တစ်ဦးဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်တွင် အမေရိကန် ပင်ဆယ်ဗေးနီးယား ပြည်နယ် (Pennsylvania) သို့ ရောက်ရှိခဲ့သည်။
    D.r ရှောလူကို ၁၈၃၉ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် မော်လမြိုင်မြို့တွင် ဖွားမြင်ခဲ့သည်။ အဖ ဦးရွှေသက်၊ အမိ ဒေါ်ဖွားလှတို့၏ သားအကြီးဆုံး

    **** ဝါရီရူမင်း(မြန်မာ ၆၄၃ - ၆၅၇) အပိုင်း**(2) *****


    'အပိုင်း**(2)

ဝါရီရူမင်း(မြန်မာ ၆၄၃ - ၆၅၇)
ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူမင်းသည် ဆင်းရဲ သားဘဝမှ ကြံရည်၊ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ်မင်းအဖြစ်သို့
ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသ အားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော် အငယ် ကျော်စွာတို့အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိ သည်။ ငယ်မည်မှာ မဂဒူးဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟုတွေ့ရသည်။
မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ် နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မဂဒူးတွင် ညီ မဂဒါ၊ နှမ နှင်းဥရွန်ဟူ ၍ရှိသည်။

မဂဒူး အသက် ၂ဝ တိုင်လျှင် အဖကိုယ်စား ကွမ်းရောင်းရန် ငယ်သား သုံးကျိပ် နှစ်ယောက် နှင့် ယိုးဒယား ဇင်းမယ်ဘက်ရှိ သောက္ကတဲသို့ထွက်လာခဲ့သည်။ ထိုသို့ သွားစဉ်လမ်း၌ ငယ်သားတစ်ယောက် မကျန်းမာသဖြင့် ထိုသူ၏ဝန်ကို မဂဒူး ကိုယ် တိုင် ထမ်းဆောင်ခဲ့ရာ ထမ်းပိုးကိုမိုးကြိုးပစ်လေ၍ ထမ်းပိုးနှစ်ပိုင်းကြိုးလေ၏၊ထိုမိုးကြိုး ပစ်သော လျှပ်စစ်ရောင်တွင် ရွေပြသာဒ်သဏ္ဌန်တစ်ခုကို ထင်ထင်ရှား ရှား တွေ့မြင် လိုက်ရသည်။ ထိုသို့ တွေ့မြင်လိုက်သည်ကို နိမိတ်ကောင်း လှသည်ဟု ထိုအရပ်ရှိ နိမိတ်ဖတ်ကောင်းသူ စောမွန်ထွတ် လူထွက်ကြီးထံသွား ၍မေးမြန်းရာ သင်၏ နိမိတ် ကြီးလှသည်။ အရပ်နှင့်အမျှ ငွေပုံ၍ပူဇော်မှ ဟောမည် ဆိုသောကြောင့် မဂဒူးလည်း ဝါးကို ကိုယ်နှင့်အမျှ ဖြတ်၍ထောင်လျက် ငွေတစ်ကျပ် တင်ကာ ပူဇော်လေသည်။ ဤသည်ကိုမြင်သော စောမွန်ထွတ်က သင်သည် ပါရမီ လည်းကြီး၊ ဉာဏ်လည်းကြီး သည်။ ဤနှစ်ပင် မင်းဖြစ်လိမ့်မည်။ ယနေ့ကစ၍ ကုန် မသွယ်နှင့်တော့။ မင်းတွင် ခစားလေ ဟု ဟောလေ၏။

မဂဒူးလည်း ကွမ်းများကိုရောင်းချ၍ ငယ်သားတို့အား ပြန်လွှတ် ပြီးလျှင် ကိုယ်တိုင် မူ သောက္ကတဲမင်း၏ ဆင်ဖြူဦးစီးထံ၌ ဝင်ရောက်ခစား လေ၏။ ဆင်ဦးစီးထံ၌ ခစားစဉ် ထကြွသော လုံလဝီရိယဖြင့် နေ့ညဉ့်မဟူ ဆင်စာကျွေးခြင်း၊ ဆင်ချေး အမှိုက်များကို သုတ်သင်ရှင်းလင်းခြင်း စသည် တို့ကို ကောင်းစွာပြုစု၏။ တင်းကုပ်မှာလည်း မဂဒူး
ရောက်သည့်နေ့မှစ၍ သန့်ရှင်းစင်ကြယ်သဖြင့် ဦးစီလည်း ဝမ်းထွက်သားကဲ့ သို့ 
မေတ္တာထားလေသည်။ တစ်နေ့တွင် သောက္ကတဲမင်း ဆင်ကြည့်လာသောအခါ သန့်ပြန့်ကျစ် လျစ်စွာတွေ့၍ မေးတော်မူလျှင် မဂဒူးအကြောင်းကိုသိ၍ သနားကြင် နာတော် မူလေသည်။ နောက်တစ်ကြိမ် ဆင်ကြည့်ရန် လာပြန်သောအခါ မင်းကြီး သည် ခံတွင်းဆေးတော်မူရာ မြေ၌မြုပ်နေသော ကြွေငယ် တစ်လုံး ရေကျသည့်နေရာ ၌ ပေါ်လာသဖြင့် မဂဒူးအားခေါ်၍ ညွှန်ပြတော်မူလဏ္ဌင် မဂဒူးလည်း ကောက်ယူလေ သည်။

မဂဒူးလည်း ကြွေစေ့ကိုကြည့်၍ ဤသို့စဉ်စား၏။ မင်းကြီးသည် ငါ၏ လုပ်ရည် ကိုင် ရည် ကြံရည်ကို စမ်းသပ်လို၍ ဤကြွေစေ့ကိုပေးသည်။ ဤကြွေစေ့ဖြင့် အကျိုးစီးပွား တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဟု စိတ်ကူးကာ ကြွေစေ့ဖြင့် ဟင်းနုနွယ်စေ့ ဝယ်
လေသည်။ ဟင်းနုနွယ်စေ့ရှင်က 'မင်း၏ကြွေစေ့သည် မဖြစ်လောက်၊ မင်းလိုချင်က မင်းလက်ညိုးတွင် တင်သလောက်ယူလော့' ဟုဆိုလေသော် မဂဒူးလည်း လက်တွင် တံတွေးဆွတ်၍ လက်ညှိးနှင့်ထိုးယူရာ ဟင်းနုနွယ်စေ့များ ပါလာလေသည်။ ထိုအစေ့ များကို ဆင်တင်းကုပ်ဘေးတွင် ဂရုတစ်စိုက် စိုက်ပျိုးလိုက်သောအခါ အပင်များ ထွား ကြိုင်းရှင်သန်လာလေသည်။ နောက်တစ်ကြိမ် သောက္ကတဲမင်း ထွက်လာပြန်သော အခါ မဂဒူးလည်း ထွားကြိုင်းသော အပင်တို့ကို နုတ်၍ဆက်၏။ မေးတော်မူသောအခါ အလုံးစုံ ပြန်၍လျှောက်၏။ မင်းကြီး သဘောကျ၍ ဆင်ကဲထံမှ တောင်းယူခဲ့လျက် ထိုဟင်းကို ကိုယ်တိုင်ချက်၍ ဆက်စေ၏။

ဟင်းနုနွယ်ဟင်း အလွန်အရသာရှိသဖြင့် ထိုနေ့မှစ၍ စားတော် ဖက်ဆိုင်ရာ၌ အကြီး အမှူးခန့်လေသည်။ နေ့ညဥ့်မပြတ် လုံ့လဖြင့် ဆော်ဖန်ကြည့်ရှု အလုပ်ကောင်း သဖြင့် မကြာမီ ဝင်းမှူးအရာကိုရလေသည်။ထို ဝင်းမှူးအရာ၌ အစီအမံ အဆောင်အ ရွက် အရည်အချင်း ထူးလှသောကြောင့် 'စောဋိဍံရည်' ဟူသောအမည်ကို သနားတော် မူသည်။ 'စောလီလပ်ရှဲ' ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။
ယိုးဒယားရာဇဝင်၌မူ 'ကျောက်ဖရူအာ' ဟုတွေ့ရသည်။ ဤသို့လျှင် ဝင်းမှူးအရာဖြင့် အထဲဝင် အပြင်ထွက် မင်းခမ်းမင်းနား ရှိသရွှေ့ကို ပြင်ဆင်သုတ်သင်၍ အကျွမ်းတ ဝင်ဖြစ်ရာတွင် သောက္ကတဲမင်းသမီး မည်းနှင်းသွယ်ဒါနှင့် ချစ်ကျွမ်းဝင်လေ၏။ ယင်း
သောအခါ သောက္ကတဲကျေးလက်များ၌ ကုလားဇဝါတို့ အမြောက်အမြား စစ်ပြုလာ
သောကြောင့် မင်းကြီးချီတော်မူရာ မဂဒူးအား မြို့စောင့်ထားခဲ့၏။ နေ့ရက်များမကြာမီ မဂဒူးနှင့် သမီးတော် ရည်ငံနေကြကြောင်းကို မှူးမတ်များသိသဖြင့် ဘုရင့်ထံ စာပေစီ ကုံးလျှောက်ထားကြောင်း မဂဒူးကြားသိရာ မင်းသမီးကို ဆင်နှင့်တင်၍ ဒပြိုင်ပတ်ဝ လမ်းဖြင့် ဇာတိဒုံဝန်းသို့ ခိုးပြေးလေသည်။ မဂဒူးနှင့် စိတ်တူ သဘောတူဖြစ်သော ဒိုင်းကိုင် ၇ဝ နှင့် ရှမ်းသူရဲ ၂ဝဝ ကျော်လည်းပါလာလေသည်။ ဒုံဝန်းသို့ရောက်လျှင် ထိုအရပ်ကို မြို့တည်လျက် မင်းပြုနေသည်။

မဂဒူးလည်း မြန်မာမင်း၏ လက်အောက်ခံ မုတ္တမကိုစားရသော အလိမ္မာအမတ်နှင့် မိတ်ဖွဲ့ရသော် အရှည်အကျိုးရှိမည်ကိုမြင်မိ၍ မိမိနှမနှင်းဥရွန်ကိုပေး၍ မိတ်ဖွဲ့၏။ ထို သို့အနူးအညွတ် မိတ်ဖွဲ့သည်ကိုပင် အလိမ္မာအမတ်အကောက်ကြံ၍ စားဖွယ်
သောက်ဖွယ်တို့၌ အဆိပ်ခတ်ထားကြောင်း သိသဖြင့် အလိမ္မာအမတ်ကို လုပ်ကြံ
ကာ မုတ္တမမြို့ကို သိမ်းပိုက်လေသည်။ သက္ကရာဇ် ၆၄၃ ခုနှစ်တွင် မုတ္တမကို ရ၍ နောက် မကြာမီ အောက်မြန်မာတစ်နိုင်လုံးကိုရသည်။
မဂဒူး၏ သတင်းကို သောက္ကတဲမင်းကြီး ကြားသိလေလျှင် ဝမ်းမြောက်တော်မူက သား မက်တော်အပေါ်၌ အမျက်တော်ပြေပြီးသော် မင်း မြေက်တန်ဆာငါးပါး ပို့ပေး သည်။ မိုးပေါ်ကျမင်းဟု အဓိပ္ပာယ်ရသော ဝါရီရူဟူသော ဘွဲ့ကိုလည်းခံစေသည်။ ၆၄၉ ခုနှစ် တွင် အလောင်းစည်သူမင်း တည်ခဲ့သည့် မုတ္တမမြို့ဟောင်း တောင်ဘက်တွင်သုတု
သင် ရှင်းလင်းပြီးနောက် ထီးသစ်နန်းသစ်တည်၍ နန်းစိုက်သည်။ မင်းပြု၍ သုံးနှစ် တိုင် လျှင် ပြည်သူတို့ နှလုံးချမ်းသာအောင် ဓမ္မသတ်တစ်စောင် စီရင်စေသည်။ ယခု တိုင် ယင်းဓမ္မသတ်ကို ဝါရီရူဓမ္မသတ် ဟုခေါ်တွင်သည်။
သက္ကရာဇ် ၆၅၆ ခုနှစ်တွင် သောက္ကတဲမြို့မှ ဆင်ဖြူတော် ရောက်လာလေည်။ ဆင်ဖြူ
တော်ရောက်၍ မကြာမီပင်မြို့ကြီး ကျည်းကုလားဇဝါ၊ ဇဝိန်တရောတို့က ဗိုလ်ပါ ဆင် မင်းအများတို့နှင့် မုတ္တမမြို့ကို ဝန်းရံလာသည်။

 အချို့ရာဇဝင်တို့၌ကားတစ်ပြည်
ထောင် ငေါဒေါမင်းတို့စစ်ချီလာသည်ဟုဆို၏။ အချို့မူ မြင်စိုင်းရှမ်းမင်းညီနောင်တို့ စစ်ချီ လာသည်ဟုဆိုသည်။ ယင်းသို့ စစ်ချီလာသည်ကို ဆင်ဖြူတော်၏ အိပ်မက်ပေး ချက်အရ ပိဋကတ်သုံးပုံ ဂန္ထဓူရ၊ ဝိပဿနာဓူရ ကျင့်ဆောင်သော ရဟန်းတို့အား မဏ္ဍပ်၌ ပင့်ဖိတ်၍ အမွှေးရေ၊ ပန်းမန်ထည့်ထားသည့် ရွှေအင်ကို ရဟန်းတို့ရှေ့၌ချကာ ပရိတ် ရွတ်လေသည်။
ဆင်ဖြူတော်ကို မြို့တောင်ဘက်ရှိ တောင်ထိပ်၌ထား၍ ရွှေအင်ထဲမှ ပရိတ်ရေကို စစ်
လေးမျက်နှာသို့ရတနာဆင်ဖြူအား ပက်ဖျန်းခိုင်းရာ ရန်သူအများ ကိုးကွယ်ရာ မရပြို ပျက်ရလေသည်။ ဤသို့စစ်သည်ဗိုလ်ပါ အမြောက်အမြား ပျက်စီးကြောင်းကို မြင် လျှင် ငါ၏အသက်ရှည်လေသမျှကို သူ့မြို့သူ့ကျေးကိုလည်း အလိုမရှိ၊ ငါ့မြို့ငါ့ပြည် ကို လည်း သူတို့အလိုမရှိပါစေနှင့်ဟူ၍ ရတနာသုံးပါး ပိဋကတ်သုံးပုံ သာသနာတော်
စောင့် နတ်တို့အား တိုင်တည်၍ မင်းပြုလေသည်။
ပဲခူးတွင် မင်းပြုနေသော တရဖျားအမည်ခံ ပဲခူးစားငပမွန်နှင့် ဝါရီရူမင်းသည် အချင်းချင်း သမီးပေး၍ မဟာမိတ်ပြုကြလေသည်။ ပုဂံ နာရသီဟပတေ့မင်း လက်ထက် ရာဇ သင်္ကြန်တို့ ပဲခူး ဟံသာဝတီကို တိုက်လာသည်နှင့် တရဖျားနှင့် ဝါရီရူတို့ပေါင်း၍ တိုက်ရာ ရာဇသင်္ကြန်တို့ဆုတ်ခွာရသည်။

 နောက်ဆက်၍ တိုက်ခိုက်ရာ မွန်တစ်
ပြည်လုံးကိုရသည်။ တရဖျားက မသင့်မတင့်ကြံသည်ကို တရဖျား၏ မိဖုရား ဝါရီရူ ၏သမီးတော် လျှောက်ထားသဖြင့်သိရာ တရဖျားအားကွပ်မျက်လျက် ပဲခူးတွင် မြို့စား ခန့်၍ မုတ္တမမှနေပြီးလျှင် ရာမညတိုင်းတစ်တိုင်းလုံးကို ဝါရီရူမင်း အုပ်ချုပ်ရလေသည်။
တရဖျားနှင့် သမီးတော်တို့မှမြင်သော ရှင်ကြီးနှင့် ရှင်ငယ်ခေါ် သားနှစ်ယောက်ကိုမူ ကွမ်းကိုင် ရေကိုင် အပါးတွင်စေပါး၍ စွဲမြဲနေစေသည်။ ထိုမြေးတော်နှစ်ပါးကပင် လုပ် ကြံ၍ ဝါရီရူမင်း နတ်ရွာစံလေသည်။ လုပ်ကြံသူနှစ်ယောက်ကိုလည်းဖမ်း၍ ဝါရီရူမင်း အလောင်းတော်သင်္ဂြိုဟ်ရာတွင် ခြေရင်း၌ထား၍ ဖျောက်ဖျက်သင်္ဂြိုလ်လိုက်သည်။
သင်္ဂြိုလ်သည့်နေရာတွင် 'နောက်မဖြစ်စေလိုသော စိတ်ရှိက ကြိမ်နွယ်ပင် တို့ကို သတ်လျှင် အမြစ် အခေါင်းကို မထားရာသကဲ့သို့ အဖကိုသတ်လျှင် သားကိုလည်း မထားရာ'ဟူ၍ ရေးသားမော်ကွန်းထူထားဖူးသောဟူ၏။ ဝါရီရူမင်းမှစ၍ မုတ္တမမင်း ရှစ်ဆက်ရှိလေသည်။

ကိုးကား။ ၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)

               သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း
            
             ဘဒ္ဒန္တပါလိတမဟာထေရ် ဓါတ်တော်ကျောင်းတိုက် ကမာဝက်မြို့--ထုတ်ဝေသော  သ္မိင်ဝါရီရူစာအုပ်မှ-'

     ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူမင်းသည် ဆင်းရဲ သားဘဝမှ ကြံရည်၊ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ်မင်းအဖြစ်သို့
    ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသ အားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော် အငယ် ကျော်စွာတို့အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိ သည်။ ငယ်မည်မှာ မဂဒူးဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟုတွေ့ရသည်။

    ***** ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း *****

    'ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း 
===============================

ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊

ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသတဝိုက်ကို ဥရုဝေလဟုခေါ်တွင်ခဲပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ၊ သမ္ဗောဓိ၊ ဗောဓိရုက္ခမူလ စသည်ဖြင့်ခေါ်တွင်ခဲသည်၊ ၁၃ ရာစုတွင် ဒေသခဲများက ဗြဟ္မာ ခေါ် ဂယာမြို့(ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟုခေါ်တွင်ခဲ့ကြသည်။

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိဗောဓိပင်အနီး၊ အပရာဇိတပလ္လင်ထက်တွင် ဘုံသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ္တဥာဏ်တော်ပိုင်ရှင်ဘုရားအဖြစ် ရောက်ရှိတော်မူခဲပါသည်။
ဗုဒ္ဓဂယာသည် ဂယာမြို့အနီး တည်ရှိမှုကို အစွဲပြု၍ခေါ်ဆိုကြပါသည်၊ ဗုဒ္ဓဂယာသည် ဂယာမြို့နှင့် ၇ မိုင် (၁၂ ကီလိုမီတာ) ကွာဝေးပါသည်၊ ဂယာမြို့သည်၊ ဒိစကြိတ်မြို့ကြီးဖြစ်၍ ဗီဟာပြည်နယ် အတွင်း၌တည်ရှိသည်၊ ရှေ့ခေတ်က မဂဓတိုင်းဟုခေါ်၍ ယခုအခါ ဝိဟာရ(ဗီဟာ) ခေါ် ဘုန်ကြီးကျောင်းများလွန်စွာပေါများသဖြင့် ဗီဟာပြည်ဟုခေါ်ဆိုကြပါသည်၊ ဗီဟာပြည်၏မြို့တော်မှာ ပတ္တနား (ပါဋလိပုဒ်) မြို့ဖြစ်ပါသည်၊
မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဥာဏ်တော် ၁၇၀ ပေရှိသည်၊ ဗုဒ္ဓဘာသာများအတွက် အသပ္ပါယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီကြီးဖြစ်သည်၊ အသောကမင်းကြီး ဆောက်လုပ်လှူဒါန်ခဲခြင်းဖြစ်သည်၊ မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခန့်တွင် တစ်ကြိမ်ပြုပြင် မွမ်းမံခဲ့ကြောင်း မှတ်တမ်းတင်ရှိပါသည်၊ အေဒီ ၁၃ ရာစု (၁၂၉၀ ခန့် ) တွင် အဖျက်စီးခံခဲ့ရ၍ အိန္ဒိယ၌ ဗုဒ္ဓဘာသာ သာသနာများပျောက်ကွယ်ခဲ့ရသည်၊ ဗုဒ္ဓဂယာပရိဝုဏ် တစ်ခုလုံး အဖျက်စီးခံရပြီး တော်ရုံနှင့်မဖျက်နိုင်ခဲကြသော စေတီတော်တစ်ဆူသာကျန်ခဲသည်၊ ၁၆ ရာစုတွင် ဒေလီရှိပသီဘုရင်က ဤဒေသရှိ မဟန့်လာလ်ဂီးရ် အားအပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။

အေဒီ (၁၈၁၁) တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲသည်၊ (၁၈၃၃)ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီး မဟာစည်သူနှင့်အဖွဲ့ ဘုရားဖူး ရောက်လာခဲပြီး ရခိုင်ဘုရင် (မင်းလက်ျာ) ၏ ကျောက်စာကို တွေ့ရှိခဲကြသည်၊ နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့်ရရှိရေးနှင့် မဟာဗောဓိစေတီတော်ကို ပြင်ဆင်ခွင့်ရရန် မင်းတုန်မင်းမှ အိန္ဒိယနိုင်ငံ ဘုရင်ထံသို့ စာချွှန်တော်ပို့ခဲ့ပြီး ရွှေ၊ ငွေ များနှင့်အတူ စိန်၊ မြ၊ ကျောက်နီ၊ ပုလဲ၊ စုစုပေါင်းလုံးရေ (၅၄၁၁) (ထိုစဉ်က ရူပီငွေ ၆သိန်ဘိုးမျှ) ကိုလည်းလှူဒါန်းခဲရာ အားလုံးနီပါးကို မဟန့်အဆက်ဆက်က သုံးဖြုန်းပြီး ကြီးပွါးနေခဲကြသည်။

၁၈၇၅ ခုနှစ်တွင် မြန်မာနိုင်ငံခြားရေး ဌာနမှ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့်တို့ပါဝင်သော၊ အချက် (၈)ချက်ကိုတောင်းဆိုပြီး သိန်းပေါင်းများစွာ အကုန်ကျခံ၍ ပြုပြင်ခဲသည်၊
ယခုမြင်တွေ့ရသော မဟာဗောဓိစေတီတော်ပုံဟန်မှာ မင်းတုန်မင်ကြီး၏ ကုသိုလ်တော်ဖြစ်ပြီး အိန္ဒိယကျောက်စာဝန်တို့၏ လက်ရာဖြစ်သဖြင့် မြန်မာဘုရား ဖူးများအဖို့ ဂုဏ်ယူစရာဖြစ်ပါသည်၊ The Light of Asia ရေးသာသူ ဆာအက်ဒွင်အာနိုး (Sir: EdwinArnol) က ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်သို့ လွှဲအပ်သင့်ကြောင်း ပထမဆုံးလှုံဆော်ကြိုးစာခဲသည်၊ ၁၈၉၁ ခုနှစ်တွင် သီဟိုနိုင်ငံသား အနာဂါရီကဓမ္မပါလ ဘုရားဖူးရောက်လာသည်၊ ဓမ္မပါလ သည်၊ မဟာဗောဓိ အသင်းကို သီဟို၌စတင်ဖွဲ့စဉ်းပြီး ဗုဒ္ဓဂယာပြန်လာကာ ဘာသာခြားတို့ လက်အောက် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေသော ဗုဒ္ဓဂယာအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲသည်၊ ဓမ္မပါလ သည်၊ သူတော်စင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာဝင်တို့လက်ထဲ ပြန်ရောက်ရန် အပြင်းအထန် ကြိုးစားအာထုပ်ခဲသည်၊
၁၈၉၅ ခုနှစ်တွင် ဂျပန်မှ လှူဒါန်းလိုက်သော ဗုဒ္ဓရုပ်ပွါးတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်နေရာချထားစဉ်၊ မဟန်၏လူများ ရောက်လာပြီး အကြမ်းမဖက်ဆွဲထုတ်ခံရသည်၊ ဤအတွက်နှစ်ပေါင်းအတန်ကြာ တရားဖြစ်ခဲကြရပြီ၊ အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း၊ ကိုလ်ကတ္တား ဟိုက်ကုတ်တွင် မဟန့်၏အယူခံချက်က နိုင်သွားသည်၊ ၁၉၀၆ ခုနှစ်တွင် ဓမ္မပါလအား မင်တုန်းမင်း ဇရပ်တော်မှ နှင်ထုပ်ခံရသည်၊ သို့တိုင် ဓမ္မပါလ၏ မလျော့သောဇွဲကြောင်း (၁၉၅၃)ခုနှစ်ရောက်မှ အိန္ဒိယလွှတ်တော် တွင် ဥပဒေပြဌာန်းလျှက် ဗုဒ္ဓဂယာမဟာစေတီတော်ကို မဟန့်လက်ထဲက သိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာဝင်(၄)ဦးပါဝင်သည့် ကော်မတီလက်ထဲ အပ်နှံ့လိုက်လေသည်၊ မဟာဗောဓီစေတီ ပတ်ဝန်းကျင်တွင် မြတ်ဗုဒ္ဓသီတင်းသုံးရာ သတ္တဌာနနေရာများရှိပြီး စေတီတော်အတွင်းတွင် ဘူမိဖဿမုဒြာဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူရှိပါသည်။ ရုပ်ပွားတော်၏ ရှေ့ကြမ်းပြင်တွင် သျှီဝလိင် အင်္ဂါနေရာရှိပြီး ဟိန္ဒူများ လာရောက်ကိုးကွယ်နေကြရာ ဘုရားဖူးများအထူးသတိထားသင့်ကြပါသည်။ 
အနှိုင်းမဲ့ စာတိုပေစများ

ZinYawNews
http://www.facebook.com/ZinYawNews'
     
    ===============================
    ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊
    ...ံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊
    ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ

    ❦ “နောင်တရ မရကြပါစေနဲ့” ❦

    '“နောင်တရ မရကြပါစေနဲ့”
••••••••••••••••••••••••••••••••
❦ကိုယ့်ဘဝအပေါ်မှာ ဂရုတစိုက်နဲ့ 
အလေးထားသောသူ၊သတိရတတ်သူတွေကို 
မသိကျိုးကျွန်မပြုပါနဲ့ နောင်တစ်ချိန်မှာ
နောင်တကြီးစွာ ရလိမ့်မည်။

❦မလုပ်သင့်၊မလုပ်ထိုက်၊မလုပ်အပ်၊
မပြောသင့်၊မပြောထိုက်၊မပြောအပ်၊
မတွေးသင့်၊မတွေးထိုက်၊မတွေးအပ်တဲ့ 
ကိုယ့်ဘဝကို ဖျက်ဆီးစေတတ်တဲ့
အကုသိုလ်၊အကုသိုလ်အမှုတွေကို 
မလုပ်၊မပြော၊မတွေးပါနဲ့။ 
ပြော၊ပြု၊တွေးမိရင် နောင်တချိန်မှာ 
မိုက်နောင်တ နောင်တကြီးစွာ ရလိမ့်မည်။

❦လုပ်သင့်၊လုပ်ထိုက်၊လုပ်အပ်၊
ပြောသင့်၊ပြောထိုက်၊ပြောအပ်
တွေးသင့်၊တွေးထိုက်၊တွေးအပ်တဲ့ ကိုယ့်ဘဝကို 
တန်ဖိုးတက်စေတဲ့ ကုသိုလ်အမှုကို လုပ်ပါ၊ပြောပါ၊တွေးပါ။
မလုပ်၊မပြော၊မတွေးမိရင် နောင်တချိန်မှာ 
မေ့နောင်တ နောင်တကြီးစွာ ရလိမ့်မည်။
မေတ္တာဖြင့်…
-【အရှင်ကဝိသာရ(ကောင်းမြတ်ဝေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm'
    ••••••••••••••••••••••••••••••••
    ❦ကိုယ့်ဘဝအပေါ်မှာ ဂရုတစိုက်နဲ့
    အလေးထားသောသူ၊သတိရတတ်သူတွေကို
    မသိကျိုးကျွန်မပြုပါနဲ့ နောင်တစ်ချိန်မှာ...
    နောင်တကြီးစွာ ရလိမ့်မည်။
    ❦မလုပ်သင့်၊မလုပ်ထိုက်၊မလုပ်အပ်၊
    မပြောသင့်၊မပြောထိုက်၊မပြောအပ်၊

    **ဝါရီရူးမင်း (၁၂၈၇-၁၂၉၆)-(မြန်မာနှစ် ၆၄၃ - ၆၅၇)**

    'အပိုင်း-(1)
**ဝါရီရူးမင်း (၁၂၈၇-၁၂၉၆)-(မြန်မာနှစ် ၆၄၃ - ၆၅၇)** ======================================

ဝါရီရူးမင်းသည် မင်းမျိုးမင်းဆက် မဟုတ်ပဲ သာမန် အရပ်သားမှ မဂဒူးမင်းဆက် (သို့) ဝါရီရူးမင်းဆက်ကို စတင်ထူထောင်သူဖြစ်သည်။ သူ၏ တည်ထောင်ခဲ့သော နိုင်ငံ
တော်သည် မွန်ပြည်နယ်မှ အောင်မြန်မာပြည် တစ်လျှောက်သို့ရောက်ပြီး မင်းဆက် ၁၈ ဆက်တိုင် ရှိခဲ့သည်။
ဝါရီရူးမင်း ဘဝအစ
သက္ကရာဇ် ၆၁၄ တန်ခူးလဆုတ် ၄ ရက်တွင်ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်၍ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ငယ်စဉ် ကလေးဘဝ က မိဘများလယ်လုပ်သွားချိန်တွင်ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကိုပက်လက်လှန်ထားပြီး အိပ်စက်စေကာ အခြား ခမောက် ရှည်တစ်ခုကို အပ်ါမှ ဖုံးအုပ်ထားခဲ့သည်။
ကျီးငှက်တစ်ကောင်က ထိုခမောက် ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန် ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက် ခိုက်လေသည်။

ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့်မိဘနှစ်ပါးကလည်း သားဖြစ်သူ အား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေးလိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။နောင်တွင် မိဘ များ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြိ့ ယနေ့ဝန်မြို့) သို့ပြောင်းကာ ကုန် သည် အလုပ်ဖြင့် စီးပွားရှာကြသည်။ထိုစဉ်က မဂဒူးတို့နေထိုင်ရာ မှ သောက္ကတဲမြို့သို့ အထမ်းသမား၃၀ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်းဖြစ်သည်။
နောင် မိဘများအိုမင်းကြသော် မဂဒူးအရွယ်ရောက်၍ အဖဖြစ်သူအစားဝင်ရောက် ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့တကော့ဝန်း နှင့် သောက္ကတဲ နှစ်မြို့ ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ်တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်း တွင် အထမ်းသမားတစ်ဦးနာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်
ဖြစ်သူ မဂဒူးထမ်း ရသည်။တောင်ထိပ်တစ်ခုသို့ရောက်လျှင် အခါမဟုတ် မိုးများအုံ့ ဆိုင်းပြီး မဂဒူးထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။
မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့ အရပ် တွင် အရောင်အလျံတောက်ပသည့် နန်းပြသာဒ် တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြ သာဒ် ၏ အရောင်ကြောင့် အနောက်ဖက်တွင်လည်း နန်းပြသာဒ်တစ်ဆောင်ကို မြင် ရပြန်သည်။

ထိုအခါမဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင် မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင် ပို့ပေါ် တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။
ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ဉာဏ်စွမ်းကို အသိအမှတ်ပြ့၍ အရှေ့ဖက် တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဖက်ရှိ ဘုန်းကြီးသည့် မင်း၏ အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။
သို့ဖြင့် မဂဒူးသည် အရှေ့ဖက်ရှိ အကြီးဆုံးသတ္တဝါဆိုသည့်အတိုင်း သောက္ကတဲ မင်း ၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကကတဲမင်းဗြရောင်
လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ် ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်း အပြင်ကိုစောင့်ကျပ်ရသည့် ဝင်းမှုးဖြစ်လာတော့သည်။
“စောဋိဋံရည်”ဟူသောဘွဲ့ကိုလည်းပေးသည်။မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက် သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် “မေနှင်းသွယ်တာ”နှင့် ငြိစွန်းရည်ငံမိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှ တစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာရတနာများနှင့်တကွဆင်ထက်
တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ပြန်ပြေးလေသည်။နောက်တကော့ဝန်းသို့ရောက် လျှင် မင်းပြုကာနေသည်။

မုတ္တမကိုသိမ်းယူခြင်း
မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထား သည့် အလိမ္မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်း
ထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ္မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရိုင် အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမသို့ပြောင်းရွှေ့သိမ်းပိုက်၍မင်းပြုလေသည်။
မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့် ၊ မင်းမြောက် တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။
သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော် မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူးဟုသာ ခေါ်ဝ်ါကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ် သူနှင့်ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာ သို့ရောက် လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်း ထဲသို့တွန်းချကာ ကြဌာန်းတိုင်ထူကြသည်။

မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှသေ သည်။ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း၈ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ
အနောက်ဖက်သို့သွားကာလွန်မည်ဟု နိမိတ်ဖတ်ကြသည်။
မုတ္တမ နှင့်မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့် သတင်းကိုကြားလျှင် နောက် လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ် များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော် အမျက်ပြင်း စွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့် အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဖက် မုတ္တမ တစ်လွှာတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။

ပဲခူးအားသိမ်းပိုက်ခြင်း
ထိုစဉ်ကပဲခူးမှာ ပုဂံလက်အောက်ခံသာရှိနေသေးသည်။သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင် အခွန်ကောက်အရာရှိ
ဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုပမ်းတော့သည်။ ထိုအခါ ပုဂံမင်း (တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲ
အောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ် တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန် ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီး ရုပ်ထုကို
မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။စေတသူကြီးလည်း ယုံမှတ်ကာ ၄င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာတို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။
ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ် သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူနန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲ မွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြု ချိန်နှင့်တစ်ချိန် တည်းတွင်ဖြစ် သည်။သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြု ကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။
မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာ ကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။ တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်း ရန် စေလွှတ်လေသည်။
တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူး အား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့ စစ်ကူရန်ချီတက်လေသည်။ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန်တပ်ကိုသာမက ဟင်္သာတ ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ် အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင် အင်းလျားသို့ရောက်သော် အကောက်ကြံလိုသောတရဖျားက မဂဒူးအား အောင်ပွဲကြီး ခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီး စီစဉ်မည့်အကြောင်း၊ မဂဒူးအား မြို့ပြင်တွင် စခန်း ချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။

နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီးမဂဒူးတပ်ချသည့်နေရာ သို့တိုက် ရန် ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိ သ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။
သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ0x081တမ မှအနောက်ဖက် ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိ သည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များ
တောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။
သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက်၊ရေဆက်များအဖြစ် အမြဲခစား
စေသည်။

ဆင်ဖြူတော်ရောက်ခြင်း
များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်း သည့်အိမ်မက်ကိုမက်မြင်သည်။ ထိုအိမ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္က တဲတွင် မနေလို၊နေပါက မင်းကြီးအတွက်ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များ ကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမသို့ ခေါ်ဆောင်လာစေသည်။သို့ဖြင့် ဆင်ဖြူ ရှင် အဖြစ်သို့ရောက်လေသည်။
မဂဒူးမင်းဘဝဇာတ်သိမ်း
ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်
ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုး သည် ငါတို့ အဖ(တရဖျား)ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင် နှစ်ယောက် ဓါးဖြင့်ဝိုင်းထိုးရာ မဂဒူးမင်းနတ်ရွာစံလေသည်။ မဂဒူး လွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။

အပိုင်း(2)တို့ ဆက်ဖတ်ရန်'
     
    အပိုင်း-(1)
     ======================================
    ဝါရီရူးမင်းသည် မင်းမျိုးမင်းဆက် မဟုတ်ပဲ သာမန် အရပ်သားမှ
    မဂ...ဒူးမင်းဆက် (သို့) ဝါရီရူးမင်းဆက်ကို စတင်ထူထောင်သူဖြစ်သည်။
    သူ၏ တည်ထောင်ခဲ့သော နိုင်ငံတော်သည် မွန်ပြည်နယ်မှ အောက်မြန်မာပြည်
    တစ်လျှောက်သို့ရောက်ပြီး မင်းဆက် ၁၈ ဆက်တိုင် ရှိခဲ့သည်။

    ❦ ❦ ❦ ❦ ဒဏ်ရာ အလွမ်း ❦ ❦ ❦ ❦

    'ဒဏ်ရာ  အလွမ်း
❦ ❦ ❦ ❦ ❦ ❦ 

ကံ ဇာတ် ဆ ရာ

မ သက် ညှာ

ခွဲ ခွာ ရက် စက် မာ ယာ လက် ။

 
   ခ န္ဓာ အ သက်   

   စ တည်း ခဲ့

   မင်း ရဲ့ အ ငြိုး ငါ ရင် ကျိုး ။

    
ဒဏ် ရာ တေး ဖွဲ့ 

    သီ ဆို ခဲ့

     နေ့ ရက် တိုင်း လေး လွမ်း နေ ပေ ။

ဘီလူးလေး
❦ ❦ ❦ ❦'

     ❦ ❦ ❦ ❦ ❦ ❦
    ကံ ဇာတ် ဆ ရာ
    ...
    မ သက် ညှာ
    ခွဲ ခွာ ရက် စက် မာ ယာ လက် ။

    ခ န္ဓာ အ သက်
    စ တည်း ခဲ့
    မင်း ရဲ့ အ ငြိုး ငါ ရင် ကျိုး ။

    ဒဏ် ရာ တေး ဖွဲ့
    သီ ဆို ခဲ့
    နေ့ ရက် တိုင်း လေး လွမ်း နေ ပေ ။
     ❦ ❦ ❦ ❦❦ ❦ ❦ ❦
    ဘီလူးလေး
     
    

    #* မြတ်ဆရာသို့  *#

    '#*  မြတ်ဆရာသို့  *#
****************************
မေရုမြင့်မိုရ်     ယုဂန်တိုရ်လည်း
လေမိုးတိုက်စား     ရွေ့နိုင်အား၏းးးး

ဆရာ့မေတ္တာ     စေတနာက
ကမ္ဘာပျက်အုံး     မပျက်သုန်းတည်းးးးး

စင်္ကြာဝဠာ      ဤကမ္ဘာကို
လှည့်ကာကြွမြန်း   နေလပန်းတို့ 
တရံတခါ   လင်းဖြာမှိတ်သုန်
ရှိဘိတုန်လည်းးးးးးးးးးးးးးးးးး

ဆရာ့မေတ္တာ    လင်းရောင်ဖြာက
ဘယ်ခါမှိတ်သုန်   မရှိတုန်ဘိ
လင်းဖြာပကတိ    စဉ်သာရှိ၏းးးးးး

ဆရာ့ရဲ့ဂုဏ်     ဖွဲ့နွဲ့တုန်က
မကုန်ဂုဏ       ရှိမြဲထရှင့်းးးးးး

ထိုသို့ မကုန်    ဆရာ့ဂုဏ်ကို
ဆယ်စုံလက်ဖြာ  ပဒုမ္မာဖြင့်
ရိုကျိုးဝန်ချ    ကန်တော့ရသည်
မြတ် ဆရာသို့ ရည်းးးးးးးးးး

        သက်တန်ရောင်းးးးးးးးးးး'

     ****************************
    မေရုမြင့်မိုရ် ယုဂန်တိုရ်လည်း
    လေမိုးတိုက်စား ရွေ့နိုင်အား၏းးးး
    ...
    ဆရာ့မေတ္တာ စေတနာက
    ကမ္ဘာပျက်အုံး မပျက်သုန်းတည်းးးးး
    စင်္ကြာဝဠာ ဤကမ္ဘာကို

    ❦ ❦ ❦ ရှေ့ဆက်သွားပါ မိန်ကလေး ❦ ❦ ❦

    'ရှေ့ဆက်သွားပါ
❦ ❦ ❦ ❦ ❦ ❦ 

မခေါ်ဘဲ နင်ကိုယ်တိုင်ဝင်လာ
ငါမသိလိုက်တဲ့အချိန်မှာ
နင်စိတ်ကြိုက်ပြန်ထွက်သွား
ဒါတောင်
ငါ မှားသေးတာလားကွာ ။

ဆေးသားတွေခြယ်ခဲ့ဖူးတယ်
ငါ ရူးခဲ့တာပါ
အမဲပေါ် အရောင်ထပ်
ဆေးပျတ်ရုံကလွဲရင်
အတွေးနဲ့တောင် နင်ရေးမှတ်ဖူးသလား ။

ဒီအတိုင်းပဲထားလိုက်ပေါ့
ပြင်မရရင် စွန့်ပစ်
နင့်အချစ်က ခပ်ပေါပေါ
ဒါတောင်
ရေနဲ့ရောချင်သေးတယ် ။

အေးဆေးပါ
ဘေးလေးမှာနေခွင့်
ခြေဖြင့်နင်းခဲ့မှာတော့
မနေသင့်တော့ပါဘူး ။
သွားလိုက်ပါရှေ့ဆက်
လမ်းမှတ်လျှောက်ရင်
ချောက်တွင်းထဲမကျဖို့ရေး
ငါဆုတောင်းပေနေခဲ့မယ် ။

ဘီလူးလေး
❦ ❦ ❦ ❦ ❦'

    ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦
    မခေါ်ဘဲ    နင်ကိုယ်တိုင်ဝင်လာတိုး
    ငါမသိလိုက်တဲ့အချိန်မှာ  နင်စိတ်ကြိုက်ပြန်ထွက်သွား
    ဒါတောင် ငါ မှားသေးသလား ကွာ မိန်ကလေး ။


    ဆေးသားတွေခြယ်ခဲ့ဖူးတယ်     ငါ ရူးခဲ့တာပါ ၊

    😁😁😁