{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, February 8, 2015

    ***ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ ***

    ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့
------------------------
၁။ရှင်တစ်ထောင်အခါတော်နေ့ ကျင်းပရခြင်း
အကြောင်းမှာ ဂေါတမမြတ်စွာဘုရားလက်
ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်
ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏
အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့
ကူးပြောင်းရောက်ရှိသည်ကို အကြောင်းပြု၍
ကျင်းပရခြင်းဖြစ်ပါသည်။

၂။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခု
နှစ် ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်
ကို ချွတ်ရန် ဥရုဝေဠတောသို့ တန်ဆောင်မုန်း
လပြည့်နေ့တွင် ရောက်တော်မူပါသည်။ပြာသို
လပြည့်နေ့အထိ ၂-လ ကြာမျှ ဥရုဝေဠတော
တွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့ပါ
သည်။

၃။ထိုအချိန်က ဥရုဝေဠတောတွင် အစ်ကိုကြီး
ဥရုဝေဠကဿပခေါင်းဆောင်သော ရသေ့ ၅၀၀
အစ်ကိုလတ် နဒီကဿပခေင်းဆောင်သော ရသေ့
၃၀၀ ညီအငယ် ဂယာကဿပခေါင်းဆောင်သော
ရသေ့ ၂၀၀ တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိ
ကြပါသည်။

၎။မြတ်စွာဘုရားက ဥရုဝေဠကဿပထံ နေခွင့်
တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်ကို နေ
ခွင့်ပေးပါသည်။မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့် နှိမ်နှင်းပြရာ ဥရုဝေဠကဿပ
နှင့် ရသေ့များက အထင်ကြီးသွားကြပါသည်။

၅။ရသေ့အားလုံး ကိလေသာခေါင်းပါးရန် မီးလှုံ
ခြင်း ရေငုပ်ခြင်းစသော ပဉ္စာတပအကျင့်များကို
ကျင့်ကြံနေကြပါသည်။ကျင့်ကြံပုံမှာ ဆီးနှင်း
တွေ ဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာ
သိုလအတွင်း သတ်မှတ်ရက် ၈ ညတွင် နေရဉ္ဇ
ရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြပါ
သည်။မြတ်စွာဘုရားက ရသေ့များ အအေးဒဏ်
မှ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုး
တော်ဖြင့် ဖန်ဆင်းပေးတော်မူပါသည်။

၆။မြတ်စွာဘုရားက ရသေ့များခွဲ၍ မကွဲသော
ထင်းတုံး ၅၀၀ ကို တစ်ပြိုင်နက်ကွဲစေခြင်း 
ရသေ့များ မွှေးမရသောမီးကို တစ်ပြိုင်နက်
တောက်လောက်စေခြင်း ရသေ့များ ငြှိမ်း၍မရ
သော မီး ၅၀၀ ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း
မီးအိုးကင်း ၅၀၀ ကို တစ်ပြိုင်နက်ဖန်ဆင်ခြင်း
စသော တန်ခိုးတော်များကို ပြသတော်မူပါ
သည်။တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ
၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့ပါသည်။

၇။ရသေ့အားလုံး သူတို့၏ အသုံးအဆောင်များ
ကို မြစ်ထဲသို့မျှောပစ်ကာ မြတ်စွာဘုရားထံ 
ရဟန်းအဖြစ်ကို တောင်းခံကြပါသည်။ပထမ
အကြိမ် ဥရုဝေဠကဿပနှင့် တပည့်များ ဒုတိယအ
ကြိမ် နဒီကဿပနှင့်တပည့်များ တတိယအကြိမ်
ဂယာကဿပနှင့်တပည့်များ သုံးသုတ်ခွဲ၍ သာသ
နာ့ဘောင်သို့ ဝင်ရောက်ကြပါသည်။ရသေ့တစ်
ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်
လာကြပါသည်။

၈။မြတ်စွာဘုရားက ရဟန်းတစ်ထောင်ကို 
ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယ
သုတ္တန်ဒေသနာတော်ကို ဟောတော်မူရာ 
ရဟန်းအားလုံး ရဟန္တာအဖြစ်သို့ ရောက်တော်
မူကြပါသည်။

၉။သို့ဖြစ်၍ ပြာသိုလပြည့်နေ့တွင် ရှင်တစ်
ထောင်ကျွတ်ပွဲကို နှလုံးမူ၍ မြတ်စွာဘုရားအား
နံ့သာမီးဖြင့် ပူဇော်ပြီးလျှင် မျက်စိ,နား,နှာ,လျာ
ကိုယ်,စိတ် တံခါးခြောက်ပေါက်ကို လုံအောင်
ပိတ်၍ မီး ၁၁ ပါးမှ ငြိမ်းအေးအောင် ကြိုးစား
အားထုတ်သင့်ကြပါသည်။
--------------------------
မာဂဓီ(သာစည်)၏ အခါတော်နေ့များ စာအုပ်မှ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
Ph 09-421165489
      09-799952829

    ဘီလူးကျွန်းသားလေး ဖိုသောကြာ
    ၁။ရှင်တစ်ထောင်အခါတော်နေ့ ကျင်းပရခြင်း
    အကြောင်းမှာ ဂေါတမမြတ်စွာဘုရားလက်
    ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်...
    ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏

    *** ပျော်ရွှင်ဖို့ရာ တစ်သက်တာ ***




    ပျော်ရွှင်ဖို့ရာ တစ်သက်တာ
------------------------
ငါ၏ချစ်သား သမီးများ ဖ,ဘုရားမှာခဲ့မယ်။

အချင်းချင်းလျှင် ဆက်ဆံစဉ် သက်ဝင်မေတ္တာထားကြကွယ်။

မျှဝေသုံးစွဲ နေရာ(ပေး)လဲ မလွဲဘာသာတူရမယ်။

စရိုက်ကျင့်ရာ တူသူသာ မကွာရင်းနှီးပေါင်းကြကွယ်။

ကိုးကွယ်အယူ ဝါဒတူ ထိုသူကိုသာပေါင်းကြကွယ်။

ဤသို့ဆိုလျှင် ထာဝစဉ် ပျော်ရွှင်ချမ်းမြေ့မယ်။

ပျော်ရွှင်ဖို့ရာ တစ်သက်တာ လိုက်နာရစ်ကြကွယ်။ 
------------
Photo-kpk .kppk.ammk.hc.apl.shw.ckk
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

    ငါ၏ချစ်သား သမီးများ ဖ,ဘုရားမှာခဲ့မယ်။
    အချင်းချင်းလျှင် ဆက်ဆံစဉ် သက်ဝင်မေတ္တာထားကြကွယ်။

    *** လှပတဲ့ မွန်တို့ရဲ့ လက်ရာ ***

    လှပတဲ့ မွန်တို့ရဲ့ လက်ရာ ညပိုင်ရှု့ခင်လေးပါ
    လှပတဲ့ မွန်တို့ရဲ့ လက်ရာ ညပိုင်ရှု့ခင်လေးပါ

    *** မြို့ဦးစေတီတော် ***

    ဘီလူးကျွန်းကိုလွမ်းသူများ မြို့အဝင် မြို့ဦးစေတီကိုကြည့်၍ အလွမ်းဖြေနိုင်ကြပါစေ
    ဘီလူးကျွန်းသားလေး ဖိုသောကြာဘီလူးကျွန်းကိုလွမ်းသူများ မြို့အဝင်
     မြို့ဦးစေတီကိုကြည့်၍ အလွမ်းဖြေနိုင်ကြပါစေဘီလူးကျွန်းသားလေး ဖိုသောကြာ
     
     
     

    *** စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄) ***

    စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄)လုံးကို လူတိုင်းလိုလို ကြားဘူးကြပေမယ့် တစ်လုံးချင်းစီရဲ့ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိတဲ့သူ နည်းနေပါသေးတယ်။အခု စဓဗဝ ဆိုတဲ့ အတိုကောက်စာလုံးလေးလုံးရဲ့ အရှည်ကောက် ဂါထာကို အဖွဲ့ဝင်များအတွက်
တင်ပေးလိုက်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

စက္ခုမာစရမာစိဏ္ဏော! ဓမ္မညူ  ဓမ္မသာမိကော
ဗလူပေတော ဗလဓရော ! ဝရဒေါ ဒေတု မေ ဝရံ။

စက္ခု မာ-မံသ,ပညာ နှစ်ဖြာသောစက္ခုနှင့် ပြည့်စုံတော်မူထသော!စရံ - စရဏတရား တစ်ဆယ့်ငါးပါးကို!အာစိဏ္ဏေ - အမြဲမပြတ် လေ့ကျင့်တော်မူအပ်ပြီးထသော! ဓမ္မညူ  - တရားအားလုံးကို သိမြင်တော်မူပြီးထသော!  ဓမ္မသာမိကော - တရားပိုင်ရှင် ဖြစ်တော်မူပေထသော ! ဗလူပေတော - ဥာဏ်တော်အင်အား ဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူပေထသော ! ဗလဓရော - ကိုယ်တော်အင်အားဆယ်ပါးကိုလည်း ဆောင်တော်မူထသော ! ဝရဒေါ - မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မမူတတ်သော မြတ်စွာဘုရားသည် ! မေ - တပည့်တော်အား ! ဝရံ -ကောင်းကျိုးစုစုဟမြတ်သောဆုကို ! ဒေတု - လျင်စွာမနှေး ပေးသနားတောမူပါ့အရှင်ဘုရား။

ဤဂါထာသည် ဘုရားဂုဏ်တော်များကို ဖွဲ့ဆိုထားပြီး ထိုဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားရှင်အား ကောင်းမြတ်သောဆုကို ပေးသနားရန် လျှောင်ထားသော ဂါထာဖြစ်သည်။``စက္ခု မာ,ဓမ္မညူ  ,ဗလူပေတော , ဝရဒေါ - ဟူသော ဂါထာလေးပါဒ၏အစပုဒ်၌ ပါရှိသော အက္ခရာလေးလုံးကို ကောက်ယူ၍ ``စ-ဓ-ဗ-ဝ ဂါထာ´´ဟူ၍ အတိုကောက်ခေါ်ကြသည်။
-------------------------------------------------------
အကိုး ဗုဒ္ဓဘာသာလက်စွဲကျမ်း ပထမတွဲ
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
    စ ဓ ဗ ဝ - ဆိုတဲ့ စကားလုံး(၄)လုံးကို လူတိုင်းလိုလို ကြားဘူးကြပေမယ့် တစ်လုံးချင်းစီရဲ့ အနက်အဓိပ္ပါယ်ကိုတော့ သေချာသိတဲ့သူ နည်းနေပါသေးတယ်။အခု စဓဗဝ ဆိုတဲ့ အတိုကောက်စာ...လုံးလေးလုံးရဲ့ အရှည်ကောက် ဂါထာကို အဖွဲ့ဝင်များအတွက်
    တင်ပေးလိုက်ပါတယ်။အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

    *** မြန်မာများဆင်ခြင်ကြရန် သံရုံးသတိပေး ***

     

    *** မိဘများသူငယ်ပြန်သောအခါ ***

    မိဘများသူငယ်ပြန်သောအခါ
-------------------------

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးဟာ
နည်းပါးလာတက်တယ် အဲဒီအခါ မှာ ရိုးတွင်းချဉ်ဆီ
ထကသွေးနဲ့  အစားထိုးပြီး လည်ပတ်ကြရတယ်
အဲဒီလိုဖြစ်ပြီဆိုရင် စိတ်တွေဟာ ငယ်မူပြန်သွားပြီး
အဲဒါကိုသူငယ်ပြန်တယ်လို့ ခေါ်တယ် 
အဲဒါ အသက်ကြီးတဲ့သူတိုင်းဖြစ်တက်တဲ့သဘာဝပါ

ကိုယ့်မိဘတွေလည်း အဲဒီလိုဖြစ်လာပြီဆိုရင်
စိတ်ဆိုးလွယ်တာ စိတ်ကောက်တာ မျိုးတွေဖြစ်တက်တယ်
နေရာတကာဝင်ပါတာမျိုးတွေ ဖြစ်တက်ပါတယ်
အဲဒီလိုအခါမှာ အိမ်ထောင်ရှိတဲ့ ယောင်္ကျားတွေဆိုရင်
မိန်းမတွေရဲ့ သာသာထိုးထိုးပြောဆိုမှု့ ကြောင့်
မိဘတွေအပေါ်မှာ အမြင်စောင်းတက်ပါတယ်

သားသမီးကလည်း မိဘကမိဘပဲ မှားရင်တော့
ပြောရမှာပဲဆိုတာမျိုးတွေကို လုပ်တက်ကြတယ်
တကယ်တော့ သဘာဝတရားကြောင့်ဖြစ်တက်တဲ့
အတွက် လင်မယားနှစ်ရောက်လုံးဟာ နှစ်ဘက်
မိဘတွေအပေါ်မှာ အပြည့်အဝနားလည်
ပေးသင့်ပါတယ်

မိဘတွေအဲလိုဖြစ်လာရင် နားလည်မပေးနိုင်တဲ့
သားသမီးမျိုးက များပါတယ် လူကြီး လူကြီးလို
မနေဘူး နေရာတကာပါတယ် အစရှိသဖြင့်
ပြန်ပြီးတုန့် ပြန်တက်ကြပါတယ်

မလုပ်ကြစေချင်ပါဘူး

ကိုယ်ငယ်ငယ်က မှားလို့ ပြင်ပေးခဲ့တာတွေကို
သတိယပြီး ကိုယ်ပြင်ပေးရမဲ့အလှည့်ကျမှ
တာဝန်မပျက်သင့်ပါဘူး

အသက်ကြီးလို့  အရာရာမျှော်လင့်ချက်မဲ့နေတဲ့
မိဘတွေအတွက် အတက်နိုင်ဆုံးသူတို့ ဆန္ဒတွေကို
ဖြည့်ဆည်းပြီး မိဘတွေ စိတ်ချမ်းသာအောင်
ဖြည့်ဆည်းပေးတဲ့ သားသမီးကောင်းတွေ
ဖြစ်နိ င်ကြပါစေ
     
    အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးဟာ
    နည်းပါးလာတက်တယ် အဲဒီအခါ မှာ ရိုးတွင်းချဉ်ဆီ...
    ထကသွေးနဲ့  အစားထိုးပြီး လည်ပတ်ကြရတယ်
    အဲဒီလိုဖြစ်ပြီဆိုရင် စိတ်တွေဟာ ငယ်မူပြန်သွားပြီး

    *** သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း ***

    သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း
==========================
နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။
နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။
နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။
မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။
မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။
မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။
ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)
ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။
ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။
ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။
ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။
တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က ပြောကြားသည်။
သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊ သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။
Credit : seinpanpyar

K.K(ကနောင်)
     
    နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။
    နံနက် ၉ နာရီ စားသုံး...လျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။
    နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

    *** သံလွင်တံတား (ချောင်းဆုံ) ပန္နက်တော်တင် ***

    MOI Webportal Myanmar's photo.
    သံလွင်တံတား (ချောင်းဆုံ) ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကျင်းပ
    ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
    ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
    ...နေပြည်တော် ဖေဖော်ဝါရီ ၈

    *** သမိုင်းကိုဖျောက်လို့မရပါ ***

    ၁၃၀၀ ပြည့် ကျောင်းသား အရေးတော်ပုံမှာ ကိုအောင်ကျော် ကျဆုံးအောင်လုပ်တဲ့ တရားခံအမှန်ကို သိကြပါသလား။ သမိုင်းတရားခံ အစစ်အမှန်ကို ပြန်လည်ဆင်ခြင်ကြည့်နိုင်အောင် ပြောချင်ပါတယ်။

၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ပိတ်ဆို့ပြီး ဆန္ဒပြကြတယ်။ ရည်ရွယ်ချက်က နယ်ချဲ့အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင်။
ဆန္ဒပြရတဲ့ အကြောင်းက ၁၃၀၀ ပြည့် အလုပ်သမားအရေးတော်ပုံကို သွားပြီး အင်အားဖြည့်တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဘဟိန်းနဲ့ ကိုဘဆွေကို ဖမ်းလိုက်ကြလို့။

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စပတ်လမ်း (Spark Street) ယခု ဗိုလ်အောင်ကျော်လမ်းမှာ ကျောင်းသားတွေ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်။ အစိုးရလုပ်ငန်းတွေ ၄ နာရီလောက် ရပ်ဆိုင်းသွားတယ်။ ကျောင်းသားတွေ လည်း နေ့လည်လောက်ကျတော့ နေကလည်းပူ၊ အတွင်းဝန်ရုံးမှာ တာဝန်ရှိတဲ့သူတွေ တစ်ယောက်မှ မရှိဘူးဆို တာသိလို့ ပြန်ဖို့ ပြင်ဆင်ကြတယ်။

ကျောင်းကိုပြန်ဖို့ ပြင်ကြရမှာ လေးယောက်တစ်တွဲ စနစ်ကျစွာပြန်ဖို့ တန်းစီနေတုန်း ပုလိပ်တွေက မြင်းတွေနဲ့ တိုက်၊ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်ကြတယ်။

ပုလိပ်တွေ ဒီလို လုပ်ရတာက အဲဒီလမ်းထဲမှာရှိတဲ့ သူရိယသတင်းစာတိုက်ပေါ်က ပုလိပ်တွေကို ဘိလပ်ရည်ပုလင်းနဲ့ ပစ်လိုက်လို့ ပုလိပ်တွေက ကျောင်းသားတွေ ဆော်ပြီထင်ပြီး ဝင်ရိုက် ဝင်တိုက်ကြတာ။

အဲဒီအချိန်က သူရိယသတင်းစာတိုက်မှာ ဗိုလ်ချုပ်ကို သတ်သွားတဲ့ ဂဠုန်ဦးစော ရှိနေတယ်။

 ဂဠုန်ဦးစောရဲ့ မျိုးချစ်ပါတီဝင် ဦးအိန်က အခြေအနေတွေကို ရှုပ်ထွေးသွားအောင် ပုလိပ်တွေကို ပုလင်းနဲ့ပေါက်ပြီး သွားဆွပေး လိုက်ရာက ပုလိပ်တွေ ကြောက်လန့်ပြီး ဝင်ရိုက်လို့ ကိုအောင်ကျော် ကျဆုံးသွားခဲ့ရတာ။

ကျောင်းသားတွေပြန်တော့မယ်လုပ်မှ ဦးစောရဲ့ အကွက်ဆင်တာကြောင့် အခြေအနေက ပိုပြီး ရှုပ်ထွေးကုန်ပြီး ကိုအောင်ကျော် ကျဆုံးခဲ့ရတယ်လို့ဆိုတယ်။

ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်လာပြီး အာဏာရလာတော့ ပုလင်းနဲ့ပစ်ပေးပြီး ကျောင်းသားသေအောင် လုပ်ပေးတဲ့ ဦးအိန်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ခန့်လိုက်ပါတယ်။

ဒီစာကို ဆရာဇဝနရဲ့စာနဲ့ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ရေးတဲ့ National Movements of Burma (1920-1940) ကို မှီးငြမ်းပြုပြီးရေးပါတယ်။
၇.၂.၂၀၁၅

edited ဦးတင်ညွန့်
    ၁၃၀၀ ပြည့် ကျောင်းသား အရေးတော်ပုံမှာ ကိုအောင်ကျော် ကျဆုံးအောင်လုပ်တဲ့ တရားခံအမှန်ကို သိကြပါသလား။ သမိုင်းတရားခံ အစစ်အမှန်ကို ပြန်လည်ဆင်ခြင်ကြည့်နိုင်အောင် ပြောချ...င်ပါတယ်။
    ၁၉၃၈ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျောင်းသားတွေ အတွင်းဝန်ရုံးကို ပိတ်ဆို့ပြီး ဆန္ဒပြကြတယ်။ ရည်ရွယ်ချက်က နယ်ချဲ့အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားအောင်။

    *** ဆီးချိုရောဂါအတွက် ခရေရွက် ***

    ဆီးချိုရောဂါအတွက် ခရေရွက်

ဆီးချိုရောဂါအတွက် သဘာဝဆေးနည်းများကို အမြောက်အများ တင်ပေးခဲ့ပါပြီ။ ယခုတဖန် ဆေးနည်းတစ်မျိုးကို ထပ်မံတင်ပေးပါဦးမည်။

ဒီဆေးနည်းကတော့ အလွန်ကို လွယ်ကူသက်သာပြီး အကုန်အကျနည်းသလောက် ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်စေသည့် ဆေးနည်းကောင်းလေး တစ်လက်ပါပဲ။

ဒီဆေးနည်းကို ဆရာတော်ဦးကုမာရ၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှ ကိုးကား၍ မဖတ်ရသေးတဲ့ ဆီးချိုဝေဒနာရှင်များအတွက် ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

ဆရာတော်ရဟန်းအမ၏ မောင်လေးဖြစ်သူသည် ဂျပန်နိုင်ငံတွင် ဦးဏှောက်ခွဲစိပ်ရန် ဆေးရုံမှ ဆေးစစ်ကြည့်ရာ ဆီးချိုရောဂါရှိနေ၍ ခွဲစိပ်ရန်အဆင်မပြေကြောင်း၊ ထို့ကြောင့် ဆီးချိုအမြန်ပျောက်ရန် သဘာဝဆေးနည်းတစ်ခုကို ညွန်ကြားပေးခဲ့ပါတယ်။ အဲဒီဆေးနည်းအတိုင်း သောက်သုံးခဲ့၍ ဆီးချိုရောဂါများ လျှော့ကျသွား၍ ခွဲစိပ်ကုသမှုလည်း အောင်မြင်ခဲ့ပါတယ်။

ဆရာတော်ဦးကုမာရ၏ အခြားရဟန်းဒါယိကာမတစ်ဦးကလည်း ဆီးချိုအဆင့် ၃၀၀ မှ ၅၀၀ အထိ ဖြစ်နေပြီး အင်္ဂလိပ်ဆေးနှင့် အခြားဆေးမြီးတိုများဖြင့် ကုသနေသော်လည်း မသက်သာပဲရှိနေရာ ဂျပန်ဆရာဝန်ကြီးညွန်ပေးခဲ့သည့် ဟောဒီခရေရွက်ကျိုဆေးနည်းဖြင့် ယခုဆိုလျှင် ၁၅၀ အထိ ကျဆင်းသွားပြီးဖြစ်ကြောင်း သိရပါတယ်။

ဆရာဝန်ကြီးပြောပြခဲ့သည့် သဘာဝဆီးချိုသက်သာစေမည့်နည်း

(၁) ခရေရွက် ခပ်သန့်သန့် မနုမရင့်ကို လက်တစ်ဆုပ်ခန့် ခူးယူပါ။

(၂) ခရေရွက်များကို ရေစင်အောင် ဆေးကြော၍ ရေသုံးခွက်တစ်ခွက်တင် ကျိုလိုက်ပါ။

(၃) ၄င်းခရေရွက်ကျိုဆေးရည်ကို တစ်နေ့တစ်ခွက် သောက်ပေးပါ။

တစ်ပတ်ခန့် သောက်သုံးပြီးလျှင် ဆီးချိုရောဂါများ ခန္ဓာကိုယ်အတွင်းမှ သိသာစွာ လျှော့ကျသွားပါလိမ့်မည်။

ပိုက်ဆံအကုန်အကျလည်း သက်သာသလို သဘာဝဆေးနည်းဖြစ်သည့်အတွက်
ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။

ဆရာဇီဝကကြီးပြောခဲ့သလိုပါပဲ။ သစ်ပင်သစ်ရွက်တိုင်းဟာ ဆေးဖက် ၀င်ပါတယ်တဲ့။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားအတိုင်းပါပဲ။

ကဲ မိတ်ဆွေတို့လည်း ဒီဆေးနည်းလေးကို ဆီးချိုဝေဒနာရှင်များအတွက် မျှဝေပေးလိုက်ပါကြပါဦးနော်။

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ဦးကုမာရ

Credit to ကျန်းမာရေးသတင်းများ

-----
ကျန်းမားရေးသတင်းများနှင့် မှတ်သားဖွယ်လိုက်နာဖွယ် ဗဟုသုတကောင်းများကို အမြဲတင်ပေးနေတဲ့ ဒီ New Harmony ဆိုတဲ့ Page လေးကို Like လုပ်ထားပြီး နေ့စဉ် လေ့လာဖတ်ရှုနိုင်ကြပါတယ်နော်။

www.facebook.com/pages/New-Harmony/475499862558428
--
     
    ဆီးချိုရောဂါအတွက် သဘာဝဆေးနည်းများကို အမြောက်အများ တင်ပေးခဲ့ပါပြီ။ ယခုတဖန် ဆေးနည်းတစ်မျိုးကို ထပ်မံတင်ပေးပါဦးမည်။
    ဒီဆေးနည်းကတော့ အလွန်...ကို လွယ်ကူသက်သာပြီး အကုန်အကျနည်းသလောက် ဆီးချိုရောဂါအတွက် တကယ်ကိုထိရောက်စေသည့် ဆေးနည်းကောင်းလေး တစ်လက်ပါပဲ။

    *** နှလုံးသားချင်း နီးပါစေ ***

    နှလုံးသားချင်း နီးပါစေ 
-------------------------

"လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ "

"ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့်
 အော်ပြောနေကြတာလဲ။ ပြောချင်တာကို ဖြည်းဖြည်းပြောလို့
လည်း ကြားနေရနေတာပဲ" လေ ..

 သူတော်စင်ပုဂ္ဂိုလ် တစ်ဦးက ရှင်းပြပါတယ်။

"လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်။
အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ။
သူတို့ဒေါသပိုထွက်လေလေ သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ"

"လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ။
သူတို့ဟာတစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး။
နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ... သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ"

သူတော်စင်က ဆက်ရှင်းပြပါတယ်။

"သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ။ သူတို့စကားကိုမပြောတော့ပါဘူး။
 လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်။

နောက်ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ။

ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ "

သူတော်စင်က သူ့တပည့်သာဝကတွေကိုကြည့်ပြီး ပြောပါတယ်။

"ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့။
တစ်ယောက်နဲ့တစ်ယောက်ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့။
ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန်လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်"

----------------------------------------------------------------

creditးနှိုင်းရင့်နွေ
     
     "လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ "
    "ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့်
    အော်ပြောနေကြတာလဲ။ ပြောချင်တာကို ဖြည်းဖြည်းပြောလို့
    လည်း ကြားနေရနေတာပဲ" လေ ..
    သူတော်စင်ပုဂ္ဂိုလ် တစ်ဦးက ရှင်းပြပါတယ်။

    *** ဘာကို တန်ဖိုးထားရမလဲ ( ၁၆ ) ***

    󾔏 ဘာကို တန်ဖိုးထားရမလဲ ( ၁၆ )󾔏

󾭜လွတ်လပ်မှုဟာ ဘယ်လောက် အရေးကြီးသလဲ󾭜

󾀼တကယ်လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့ မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။󾀼

󾁁󾁁󾁁
ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ self-worth နဲ့ diginity ရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို self-respect ရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ဆိုရင်
လွတ်လပ်တဲ့စိတ် ရှိဖို့လိုတယ်။ လွတ်လပ်တဲ့လူ ဖြစ်ဖို့လိုတယ်။ လူဟာ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့ လွတ်လပ်မှု ဆုံးရှုံးသွားတယ်ဆိုရင် ကိုယ့်ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးအောင်လုပ်လိုက်တဲ့ တဖက်သားကို မုန်းတီးတဲ့စိတ် ဖြစ်လာတော့တာပဲ။ အဲသလိုမှ မမုန်းဘူးဆိုရင် သူ့ကိုယ်သူ လေးစားတဲ့စိတ် လျော့သွားနေပြီ။ ဒါသာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတာပဲ။
ကိုယ့်ကိုယ်ကို လေးစားတဲ့စိတ်ကို ရနိုင်ဖို့ ကြံကြံဖန်ဖန်နည်းနဲ့ လူဟာ အဲဒီလို ရပ်တည်ရတာ။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အနိုင်ကျင့်လိုက်တာကို ဘယ်လိုမှ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူးဆိုရင် သူ့ကွယ်ရာမှာ သူ့ကို ဆဲနေမှာပဲ။ အဲဒါဟာ တစ်နည်းအားဖြင့်တော့ ရတဲ့နည်းနဲ့ ပြန်ပြီး အနိုင်ယူတာပဲ။ ဒါပေမယ့်
မုန်းတီးနေတာဟာ တကယ်စစ်မှန်တဲ့လွတ်လပ်မှု မဟုတ်ဘူးဆိုတာကိုတော့ နားလည်မှ ရမယ်။ လူတွေဟာ သူတို့ရဲ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရမယ်ဆိုရင် သူတို့ဟာ မုန်းတီးတဲ့စိတ်နဲ့ နေသွားရမှာပဲ။ သူတို့ဟာ တစ်ခုခုကိုတော့ ဖျက်ဆီးလိမ့်မယ်။ ရေရှည်မှာတော့ သူ့ကိုသူ ဖျက်ဆီးလိမ့်မယ်။ သူ့လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်ရတာထက်၊ သေလိုက်ရတာ ကောင်းတယ်လို့ သူ တွေးတော့မှာပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ နားလည်နိုင်တယ်။ တချို့လူတွေက ကိုယ့်ကို သူများက အနိုင်ကျင့်သွားလို့ရှိရင်
စိတ်ဆိုးတဲ့စိတ်မျိုးနဲ့ မုန်းတဲ့စကားမျိုးမပြောပဲနဲ့၊ ငါ
ကံဆိုးလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကို ပြန်သနားတဲ့စိတ် ဖြစ်တယ်။ အဲဒါလည်း
တကယ်တော့ မကောင်းဘူး။ သူများကို မုန်းတာလည်း မကောင်းသလို ငါ ကံဆိုးလေခြင်းလို့ တွေးပြီး စိတ်မကောင်း ဖြစ်နေတာလည်း မကောင်းဘူး။
󾁎󾁎ကိုယ့်ရဲ့မကျေနပ်မှုတွေ မုန်းတီးမှုတွေကို သေသေချာချာ သိပြီးတော့ လွန်မြောက်သွားတဲ့ အခြေအနေမျိုးကို မရောက်ပဲနဲ့ တကယ် လွတ်လပ်တဲ့လူ၊ တကယ် အကျင့်စာရိတ္တနဲ့ စိတ်ထားကောင်းတဲ့လူ၊ တကယ်ချစ်နိုင်တဲ့လူ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်ချစ်တဲ့လူ၊ တကယ်စိတ်ထားကောင်းတဲ့လူ၊ တကယ်
လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို
လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။ freedom ဆိုတာမှာ positive freedom နဲ့ negative freedom ဆိုပြီးတော့ နှစ်မျိုး ခွဲပြီးတော့ စဉ်းစားသင့်တယ်၊၊󾁎󾁎

󾭜Positive freedom ဆိုတာ󾭜

󾀼ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့ ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
လွတ်လပ်မှုတစ်မျိုး ဖြစ်တယ်။󾀼

󾁁󾁁󾁁
ပြုပြင်ဖို့ရာအတွက် အမြဲတမ်းလမ်းဖွင့်ထားတာကို လွတ်လပ်မှုတစ်မျိုးလို့ ခေါ်နိုင်တယ်။ ဘာကိုမှ ပုံသေကားချ ဆုပ်မထားဘူး၊ ဆွဲမထားဘူး၊
ပြုပြင်ရမယ်ဆိုရင် ပြုပြင်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင် ဒီလူဟာ လွတ်လပ်တဲ့လူလို့ ပြောလို့ရတယ်။ ပိုပြီးတော့ ကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ ကြီးပွားသွားဖို့အတွက်
အဆင်သင့်ဖြစ်နေတာ၊ ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်တွေ လွဲနေတဲ့ သဘောထားတွေကို လိုလိုချင်ချင် ပြင်ချင်တဲ့စိတ် ရှိနေတာ လွတ်လပ်မှု
(Freedom) တစ်မျိုးပဲ။ ပျော့ပြောင်းနူးညံ့တဲ့ သဘောထား ရှိတာ၊ (ပျော့ညံ့တာ မဟုတ်ဘူးနော်) ပြုပြင်တာကို ခံနိုင်ရည် ရှိတာ၊ ပြုပြင်ချင်စိတ် ရှိတာ၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ သဘောထားမျိုး ရှိတာ၊ rigid မဖြစ်တာ၊
ခေါင်းမမာတာလို့ ဆိုရမှာပေါ့လေ။ ပိုပြီးတော့ အဆင့်မြင့်တဲ့ (human values) လူ့တန်ဖိုးထားစရာဘက်ကို ပြောင်းလဲသွားဖို့အတွက် အဆင်သင့်ဖြစ်နေတာ၊ ပိုပြီးတော့ ကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် အဆင်သင့် ဖြစ်နေတာမျိုးကို
လွတ်လပ်မှုလို့ ဆိုလိုတယ်။
        󾭶The good society is the one which gives the greatest freedom to its people.
ကောင်းတဲ့လူ့အသိုင်းအဝိုင်းဆိုတာ ဘယ်လိုလူ့အသိုင်းအဝိုင်းကို ခေါ်သလဲဆိုတော့ အဲဒီအသိုင်းအဝိုင်းထဲမှာရှိနေတဲ့ လူတွေကို
အများဆုံးလွတ်လပ်မှုပေးထားတဲ့ အသိုင်းအဝိုင်းကို ခေါ်တယ်။
        󾭶ဒါပေမယ့် အဲဒီ freedom ဆိုတာ negative freedom ကို ပြောတာမဟုတ်ဘူး။
မကောင်းတာလုပ်နိုင်တဲ့ လွတ်လပ်မှုကို negative freedom လို့ ခေါ်တယ်။
        󾭶Positive freedom ရှိတယ်ဆိုတာ ပိုပြီးတော့ အဆင့်မြင့်တဲ့ human values
လူ့တန်ဖိုးထားစရာတွေကို ရနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို ပေးထားတာမျိုးတွေကို ဆိုလိုတယ်။
        󾭶ပိုပြီးတော့ ဥာဏ်ရှိတဲ့လူ၊ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့လူ၊ ပိုပြီးတော့ ကျန်းမာတဲ့လူ၊ ပညာအရည်အချင်း
ပိုပြီးမြင့်မားတဲ့လူ၊ လုပ်ရည်ကိုင်ရည် ပိုပြီးအဆင့်မြင့်တဲ့သူ စသည်ဖြင့် အဲဒီလိုလူတွေ ဖြစ်လာနိုင်အောင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားတဲ့၊ လွတ်လပ်မှုတွေကိုပေးထားတဲ့ လူ့အသိုင်းအဝိုင်းဟာ ကောင်းတဲ့ လူ့အသိုင်းအဝိုင်းလို့ ခေါ်တယ်။
        󾭶လူတွေကို တကယ်လေးစားတဲ့ သဘောထား၊ လူတွေရဲ့ လွတ်လပ်မှုကိုလည်း
တကယ်လေးစားတဲ့ သဘောထားပေါ်မှာ အခြေခံပြီးတော့ လူ့အသိုင်းအဝိုင်းကို
တည်ဆောက်ရမယ်။ လူကို လေးစားတယ်၊ လူရဲ့ လွတ်လပ်မှုကို တကယ်ရိုးရိုးသားသား လေးစားတယ်ဆိုတဲ့ လေးစားမှုအခြေခံအုတ်မြစ်ပေါ်မှာမှ ကောင်းတဲ့
လူ့အသိုင်းအဝိုင်းကို တည်ဆောက်လို့ရတယ်၊၊လူကို မလေးစားဘူး၊ လူရဲ့လွတ်လပ်မှုကို မလေးစားဘူးဆိုရင် ကောင်းမွန်တဲ့ အသိုင်းအဝိုင်းကို တည်ဆောက်လို့မရဘူး။
       󾭶လွတ်လပ်မှုရဲ့ နောက်အဓိပ္ပာယ်တစ်ခုက ကိုယ့်ဘဝမှာ ကောင်းတာတွေ ပိုပြီးတော့
ဖြစ်လာနိုင်ဖို့ ကိုယ်ကိုယ်တိုင်က လုပ်နိုင်တာဟာ
လွတ်လပ်မှုတစ်မျိုးဖြစ်တယ်။ ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူ၊ ပိုပြီးတော့ ပညာတတ်တဲ့လူ၊ ပိုပြီးတော့ လုပ်ရည်ကိုင်ရည် မြင့်တဲ့လူ၊ ပိုပြီးတော့ အသိဥာဏ်ရှိတဲ့လူ စသည်ဖြင့် ကိုယ့်မှာကောင်းတဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ တိုးလာအောင် ပွားလာအောင် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဟာ ကိုယ့်ရဲ့ လွတ်လပ်မှု တစ်ခုပဲ။ အဲဒီလွတ်လပ်မှုက အရေးကြီးတဲ့လွတ်လပ်မှုလို့ ပြောလို့ရတယ်၊၊ တခြားလွတ်လပ်မှုတွေကို မရနိုင်ဘူး ဆိုရင်တောင်မှ ပိုပြီးတော့ စိတ်ထားကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်တော့ ကိုယ်က ယူတတ်လို့ရှိရင် ယူလို့ရပါတယ်။ အဲဒီ လွတ်လပ်မှုကတော့
ကိုယ့်ရဲ့ choice ပဲ။󾁉󾁉󾁉

  ➖➖➖➖➖󾭶󾁋󾁋󾭶➖➖➖➖➖

󾁎ဆရာတော်ဦးဇောတိက󾁎
     ( မဟာမြိုင်တောရ ) ၏
“ ဘာကို တန်ဖိုးထားရမလဲ ” စာအုပ် စာမျက်နှာ(၉၄) မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚
     
     လွတ်လပ်မှုဟာ ဘယ်လောက် အရေးကြီးသလဲ
    တကယ်လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့ မုန်းတီးမှုတွေကို မြင်...ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့လိုတယ်။

    *** ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အဖွင့် ***

    ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အဖွင့်
--------------------------------------------
ကာမေသု-ကာမဂုဏ်တရားတို့၌ မိစ္ဆာစာရ-မှားယွင်းစွာကျင့်ခြင်းဟု အနက်ထွက်သည်။သိလွယ်အောင် မြန်မာမှုပြုလိုက်သောအခါ သူတပါးသားမယားကို ပြစ်မှားကျူးလွန်ခြင်းဟု ဖြစ်သွားသည်။မသွားလာ မကျူးလွန်ထိုက်သော
မိန်းမ(၂၀)ရှိသည်။

   မကျူးလွန်ရသောမိန်းမ(၂၀)
   ---------------------------------
၁။မိခင်အုပ်ထိန်းသော မိန်းမ
၂။ဖခင်အုပ်ထိန်းသော မိန်းမ
၃။မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ
၎။မောင်ကြီး မောင်ငယ် အုပ်ထိန်းသောမိန်းမ
၅။အစ်မ ညီမ အုပ်ထိန်းသောမိန်းမ
၆။ဆွေမျိုးသားချင်းအုပ်ထိန်းသော မိန်းမ
၇။အမျိုးအနွယ် အုပ်ထိန်းသော မိန်းမ
၈။တရားကျင့်ဖော်ချင်း အုပ်ထိန်းသော မိန်းမ

ဤရှစ်ယောက်သော မိန်းမတို့ကား အပျိုများသာဖြစ်သည်။သူတို့၏ ကာမကို ပိုင်ဆိုင်သူမရှိ။စောင့်ရှောက်မည့်သူသာ ရှိသည်။ထို့ကြောင့် ယောက်ျားတစ်ပါးတို့နှင့် ကျူးလွန်ပျော်ပါးလျှင် ထိုအမျိုးသမီးရှစ်ယောက်တို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်။ကျူးလွန်သော ယောက်ျားမှာသာ ကာမေသုမိစ္ဆာစာရ ဖြစ်သည်။

     သို့သော် ထိုအပျိုမရှစ်ယောက်တို့သည် ငါတို့မှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဟုဆိုပြီး အညှာလွယ်ကြမည်ဆိုလျှင် လောကအလယ် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လင်ကောင်းသားကောင်း ရတော့မည်မဟုတ်ပေ။အကြောင်းကား ယောက်ျားတို့၏ သဘာဝသည် အညှာလွယ်သော မိန်းမများကို ``တစ်ခြားယောက်ျားလည်း ဒီလို လိုက်လျောတာနေမှာ´´ဟု ယူဆပြီး အထင်အမြင်သေးကာ အပျော်သာကြံတတ်ကြသောကြောင့်တည်း။

သမီးပျိုတို့အတွက် တစ်သက်တာနီတိ
----------------------------------------------
လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာ သောက်ကြ၏။ဘယ်တော့မှ ခြေမဆေး။ခြေဆေးရေအိုးကရေကိုလည်း ခြေဆေးရုံသာ ဆေးကြ၏။ဘယ်တော့မှ မသောက်ကြ။

ထို့အတူ ယောက်ျားအများစုတို့သည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံ၍ ဣနြေ္ဒရှိသောမိန်းကလေးကို ရာသက်ပန်အတည်သာ ကြံ၏။အပျော်မကြံ။

အညှာလွယ်၍ ကိုယ်ကျင့်သီလမရှိသော မိန်းမကို သာယာမှုရှာရုံ အပျော်သာကြံ၍ ရာသက်ပန်အတည်မကြံကြပေ။

ဆက်လက်ဖော်ပြမည့် မိန်းမ ၁၂ ယောက်တို့သည်ကား ကာမပိုင်ယောက်ျားရှိသော အအိုများဖြစ်သည်။ ယင်းတို့ကား

  ၉။ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ

  ၁၀။ဤမိန်းမကို သွားလျှင် ဒဏ်သင့်စေဟု မင်းမိန့်ထုတ်ထားသော မိန်းမ

၁၁။ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ(ယောက်ျားတစ်ယောက်ယောက်က တစ်ပတ်ဖြစ်စေ တစ်လဖြစ်စေ ငွေပေး၍ ပျော်ပါးနေသော ပြည့်တန်ဆာမကို ဆိုလိုသည်။ထိုရက်ထိုလအတွင်း တစ်ခြားယောက်ျား တစ်ပါးသူနှင့် ပျော်ပါးလျင် ထိုပြည့်တန်ဆာမရော ပျော်ပါးသောယောက်ျားပါ ကာမေသုမိစ္ဆာစာရ ဖြစ်သည်။)

၁၂။အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ

၁၃။ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသော မိန်းမ

၁၄။အဝတ်တန်ဆာ ဆင်ပေး၍ ပေါင်းသင်းနေသော မိန်းမ

၁၅။လူကြီးစုံရာနှင့် လက်ထက်ပေါင်းသင်းနေသော မိန်းမ

၁၆။ထင်းခွေ ရေခပ် လုက်ကိုင်နေသောမိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသော မိန်းမ

၁၇။မယားပြုထားသော မိန်းမ

၁၈။မယားပြုထားသော အလုပ်သူမ

၁၉။မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ

၂၀။ခေတ္တငှားရမ်း ပေါင်းသင်းနေသော မိန်းမ(ပြည့်တန်ဆာမ)  တို့ ဖြစ်သည်။

ယင်းမိန်းမ ၁၂ ယောက်တို့သည် ကာမပိုင်ယောက်ျားများရှိကြသောကြောင့် ယောက်ျားတစ်ပါးနှင့် ပျော်ပါးလျင် နှစ်ဦးလုံး ကာမေသုမိစ္ဆာစာရ ဖြစ်သည်။မသွားလားကောင်းသော မိန်းမနှစ်ဆယ်ကိုသာ ဟောကြားပြီး မသွားလာကောင်းသော ယောက်ျားနှစ်ဆယ်ကို အဘယ်ကြောင့် မဟောသနည်း။

အဖြေကား ကာမေသုမိစ္ဆာစာရကံကို မိန်းမတို့ ဦးဆောင်ကျူးလွန်၍ မဖြစ်ပဲ ယောက်ျားတို့က ဦးဆောင်ကျူးလွန်မှ ဖြစ်နိုင်သောကြောင့်ပေတည်း။ထိုကာမေသုမိစ္ဆာရကံထိုက်ရန် အင်္ဂါလေးချက်ရှိ၏။ယင်းတို့ကား 

-မသွားလာအပ်သော မိန်းမနှစ်ဆယ်ဖြစ်ခြင်း
-ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
-လုံ့လပြုခြင်း
-သာယာခြင်း တို့ ဖြစ်ပေသည်။
ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြသူများ ခံစားရမည့်ဆိုးကျိုးနှင့် ရှောင်ကြည်လျင် ခံစားရမည့် ကောင်းကျိုးများမှာ

မိစ္ဆာစာရ ကျူးလွန်ကလည်း မုန်းကြသူများ ရန်သူပွား၍ ရှားပါးလာဘ်တိတ် ချမ်းသာဆိတ်၏။ဣတ္ထိပဏ္ဍုက် မျိုးယုတ်ခါခါ မျက်နှာမလှ အရှက်ရလျှက် လက္ခဏဣနြေ္ဒ ယွင်းသွေချို့သိမ် စိုးရိမ်များစွာ ချစ်သူကွာသည် ရှောင်ခါအပြန်အကျိုးတည်း . .

ဟူသော လင်္ကာအတိုင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်သူများသည် . . .
-လူမုန်းများမည်
-ရန်သူများမည်
-ပစ္စည်းလာလာဘ ရှားပါးမည်
-ဆင်းရဲမွဲတေမည်
-မိန်းမ သို့မဟုတ် ပဏ္ဍုက်သာ ဖြစ်ရမည်။
-လူဖြစ်လျင် ယုတ်ညံ့သောအမျိုး၌ ဖြစ်ရသည်။
-အရုပ်ဆိုး အကျည်းတန်ဖြစ်ရသည်။
-အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။
-ယောက်ျားလက္ခဏာ မိန်းမလက္ခဏာနှင့် 
-မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါး ချို့ယွင်းတတ်သည်။
-စိုးရိမ်သောက ဖြစ်နေရတတ်သည်။
-ချစ်သူနှင့် ကွေကွင်းရတတ်သည်။

ကာမေသုမှ ရှောင်ကြဉ်လျှင်
----------------------------------
-ချစ်သူပေါများမည်
-ပစ္စည်းလေးပါး လာဘ်လာဘ ပေါများမည်။
-စည်းစိမ်ဥစ္စာ ချမ်းသာမည်။
-မြင့်မြတ်သော ယောက်ျားသာ ဖြစ်ရမည်။
-အမျိုးမြတ်သာ ဖြစ်ရမည်။
-ရုပ်ရည်ချောမောလှပမည်။
-လက္ခဏာဣနြေ္ဒ ပြည့်စုံမည်။
-စိတ်အေားချမ်းသာစွာ နေရမည်။
-ချစ်သောသူနှင့် ပေါင်းသင်းရမည် ဟူသော ကောင်းကျိုးများကို ပြန်လည်ခံစားရမည်။
--------------------------------------------------------
အကိုး - သင်္ဂြိုဟ်ဘာသာဋီကာ
ဗုဒ္ဓဘာသာလက်စွဲကျမ်း
မေတ္တာရှင် ရွှေပြည်သာ၏ သီလအစွမ်း
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
     
    V-Day မှာ မဒီလေးနဲ့ အတိုးချပျော်လိုက်မယ်လို့
    အပီတွေးထားသူများအတွက်
     ကာမေသု-ကာမဂုဏ်တရားတို့၌ မိစ္ဆာစာရ-မှားယွင်းစွာကျင့်ခြင်းဟု အနက်ထွက်သည်။သိလွယ်အောင် မြန်မာမှုပြုလိုက်သောအခါ သူတပါးသားမယားကို ပြစ်မှားကျူးလွန်ခြင်းဟု ဖြစ်သွားသည်။မသွားလာ မကျူးလွန်ထိုက်သော
    မိန်းမ(၂၀)ရှိသည်။

    မကျူးလွန်ရသောမိန်းမ(၂၀)

    😁😁😁