{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, March 31, 2015

    “ကြင်နာသနား ကိုယ်ချင်းစာ၊ကရုဏထား၊ နှလုံးလှ အိုလူသား”

    '“ကြင်နာသနား ကိုယ်ချင်းစာ၊ကရုဏထား၊ နှလုံးလှ အိုလူသား”
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ်ချင်းစာတရား ထားတယ်ဆိုတာ ကိုယ်ဖြစ်မှ 
ကိုယ်ချင်းစာတတ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။
ကိုယ်မဖြစ်လည်း ဖြစ်နေတဲ့သူတွေအပေါ် 
“သူ့နေရာလေးမှာ ကိုယ်သာဆိုရင်”ဆိုတဲ့ 
စိတ်ထားလေးနဲ့ သနားကြင်နာ နားလည်ပေးတဲ့ 
သဘောမျိုးပါပဲ။ အဲဒီလိုသဘောမျိုးကိုပဲ 
ကရုဏာထားတယ်လို့ ဆိုတာပါ။

ကရုဏာတရားဆိုတာ 
ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ 
အပေါ်မှာ အထူးပြုထား ဆက်ဆံရမယ့်တရား ဖြစ်ပါတယ်။ 
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊
ကိုယ့်ထက်နိမ့်ကျသူတွေ အပေါ်မှာ ကိုယ်ချင်းစာတရားနဲ့ 
သနားကြင်နာပေးနိုင်ရင် လောကကြီးမှာ အချင်းချင်း 
နိုင်ထက်စီးနင်း လုပ်တာတွေ မရှိနိုင်ပါဘူး။ 

ဒီလို ကရုဏာတရား ခေါင်းပါးနေကြလို့သာ 
ငွေရှိတဲ့သူက ငွေနဲ့အနိုင်ယူ၊
ဂုဏ်ရှိတဲ့သူက ဂုဏ်နဲ့အနိုင်ယူ၊ 
ရာထူးအာဏာရှိတဲ့သူက ရာထူးအာဏာနဲ့ 
အနိုင်ယူတာတွေ ဖြစ်နေကြတာပါ။ 
အရင်းစစ်တော့ ကိုယ်ချင်းစာစိတ်နဲ့ ကရုဏာတရား မထားနိုင်ကြလို့ပါပဲ။
ဒီတော့ ဘယ်သူတရားပျက်ပျက် မပျက်ပျက် 
ကိုယ်မပျက်အောင်သာ ကြိုးစားရင်း လူသားအချင်းချင်း 
“သူ့နေရာလေးမှာ ကိုယ်သာဆိုရင်” ဆိုတဲ့ 
စိတ်ထားလေးနဲ့ ကိုယ်ချင်းစာ 
နားလည်ပေးကြဖို့ပဲ ဖြစ်ပါတယ်။
-【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ】
Posted by►
www.facebook.com/youngbuddhistassociation.mm'
    ကိုယ်ချင်းစာတရား ထားတယ်ဆိုတာ ကိုယ်ဖြစ်မှ
    ကိုယ်ချ...င်းစာတတ်တဲ့ သဘောမျိုး မဟုတ်ပါဘူး။
    ကိုယ်မဖြစ်လည်း ဖြစ်နေတဲ့သူတွေအပေါ်
    “သူ့နေရာလေးမှာ ကိုယ်သာဆိုရင်”ဆိုတဲ့
    စိတ်ထားလေးနဲ့ သနားကြင်နာ နားလည်ပေးတဲ့
    သဘောမျိုးပါပဲ။ အဲဒီလိုသဘောမျိုးကိုပဲ
    ကရုဏာထားတယ်လို့ ဆိုတာပါ။
    ကရုဏာတရားဆိုတာ
    ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ
    အပေါ်မှာ အထူးပြုထား ဆက်ဆံရမယ့်တရား ဖြစ်ပါတယ်။
    ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊
    ကိုယ့်ထက်နိမ့်ကျသူတွေ အပေါ်မှာ ကိုယ်ချင်းစာတရားနဲ့
    သနားကြင်နာပေးနိုင်ရင် လောကကြီးမှာ အချင်းချင်း
    နိုင်ထက်စီးနင်း လုပ်တာတွေ မရှိနိုင်ပါဘူး။
    ဒီလို ကရုဏာတရား ခေါင်းပါးနေကြလို့သာ
    ငွေရှိတဲ့သူက ငွေနဲ့အနိုင်ယူ၊
    ဂုဏ်ရှိတဲ့သူက ဂုဏ်နဲ့အနိုင်ယူ၊
    ရာထူးအာဏာရှိတဲ့သူက ရာထူးအာဏာနဲ့
    အနိုင်ယူတာတွေ ဖြစ်နေကြတာပါ။
    အရင်းစစ်တော့ ကိုယ်ချင်းစာစိတ်နဲ့ ကရုဏာတရား မထားနိုင်ကြလို့ပါပဲ။
    ဒီတော့ ဘယ်သူတရားပျက်ပျက် မပျက်ပျက်
    ကိုယ်မပျက်အောင်သာ ကြိုးစားရင်း လူသားအချင်းချင်း
    “သူ့နေရာလေးမှာ ကိုယ်သာဆိုရင်” ဆိုတဲ့
    စိတ်ထားလေးနဲ့ ကိုယ်ချင်းစာ
    နားလည်ပေးကြဖို့ပဲ ဖြစ်ပါတယ်။
    -【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ】

    No comments:

    Post a Comment

    😁😁😁