{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, March 30, 2015

    *** ဝိညာဉ်ပူးကပ်ခြင်း ***

    ကဗျာဟာ...
    နှလုံးသား၏ လျှို့ဝှက်အစီရင်ခံစာလို့
    ဆရာဒဂုန်တာရာ ပြောခဲ့ဖူးတယ်
    ကဗျာဟာ
    ဝေဒနာကြောင့် သက်ဝင်လှုပ်ခတ်လာသော
    ဝိညာဉ်တစ်ပါး -----------------။

    ခံစားမှုနဲ့ သီကုံးမှုကို
    ကဗျာနဲ့အလင်္ကာ ဝေမျှယူနေ
    သေချာတာကတော့
    ကဗျာဆရာတွေက
    ရင်ဘတ်နဲ့ အက္ခရာတွေကို
    ထုဆစ်ခဲ့ကြတာ -----------------။
    ယုံကြည်ရာ ရွက်လွှင့်နေကြသူချင်း
    ဂစ်တာတီးတဲ့လက်နဲ့
    ကဗျာစပ်တဲ့ နှလုံးသားတို့
    ဘာကြောင့်
    နှီနှောဖလှယ်ခွင့် မရကြတာလည်း-?။
    အသိုက်ထဲမှာ တိတ်တဆိတ်ဝပ်ပြီး
    ပျံသန်းခွင့်ဇုန်ထဲရောက်မလာတဲ့
    ကဗျာငှက်ကလေးတွေ -----
    တေးသီငှက်ကလေးတွေ ----
    ဘယ်လောက်သေပွဲဝင်နေကြပြီလည်း?။
    အနုပညာဟာ
    အကြမ်းပညာမဟုတ်
    နုသည် ယဉ်သည်
    ဝိညာဉ်တစ်ခုနှင့် ဝိညာဉ်တစ်ခုတို့
    ပူး ကပ် ရင်း
    ချစ်ခြင်းဖွဲ့ ကဗျာတို့
    ဆက်လက် မွေးဖွားနေမည်
    ကျနော်တို့ ဝိညာဉ်များ
    တံခါးဖွင့်ထားဖို့သာ လိုပါသည် -------။
    (copy) ဇာနည်သွေး{ရေကျော်မြေ}

    No comments:

    Post a Comment

    😁😁😁