...
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်း
အထူးစီမံကိန်းကြီးအဖွဲ့ (၅)မှ မော်လမြိုင်မြို့ ၊ မုပွန်နှင့် ဘီလူးကျွန်းရှိ
ကညှော် ကျေးရွာတို့ကို ဆက်သွယ်တည်ဆောက်မည့် သံလွင်မြစ်ကူး ၊
သံလွင်တံတား (ချောင်းဆုံ) ပန္နက်တော်တင် ၊ တွင်းတော်ဝန်း
မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ (၈)ရက် နံနက်(၇) နာရီခွဲတွင်
မော်လမြိုင်ဘက်ကမ်းရှိ မင်္ဂလာမဏ္ဍပ်၌ကျင်းပပြုလုပ်ရာ
ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ၊
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကြင်ဖေ ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း၊ တာဝန်ရှိသူများ၊ အသင်းအဖွဲ့အသီးသီးမှ
ကိုယ်စား လှယ်များ ၊ မြို့မိမြို့ဖများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည် ။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ က သတ်မှတ်နေရာများတွင် ပန္နက်တော်နှင့် တွင်းတော်ဝန်း ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပါသည် ။ ထို့နောက် မွန်ပြည်နယ်အ စိုးရအဖွဲ့ဝင် မွန်ပြည်နယ် ၊
ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ခင်မောင်သွင်နှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးနေအောင်ရဲမြင့်တို့က (M-1) တွင် နဂါးစာကျွေးပြီး
ဆုတောင်းမေတ္တာပို့သည် ။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် တို့က
မင်္ဂလာအချိန်တွင် မင်္ဂလာပိုင်တိုင် (M-1)အား (Vibrohammer)ဖြင့် ရိုက်သွင်းပေးပြီး
အမွှေးနံ့သာ ရည်များ ပက်ဖြန်းပေးကာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးသည် ။
ယခု တည်ဆောက်မည့် သံလွင်တံတား (ချောင်းဆုံ) သည် မွန်ပြည်နယ် ၊
မော်လမြိုင်မြို့ ၊ မုပွန်အရပ်နှင့် ဘီလူးကျွန်းရှိ ကညှော်ကျေးရွာတို့ကို
ဆက်သွယ်ကာ သံလွင်မြစ်ကို ဖြတ်ကျော် တည်ဆောက်မည်ဖြစ်ပြီး
တံတားအမျိုးအစားမှာ သံမဏိသံပေါင် ဖြစ်၍ စုစုပေါင်း တံတားအရှည် (၅၂၀၃)ပေ ၊ ယာဉ်သွားလမ်းအကျယ် (၂၈)ပေ ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွား
လမ်းတစ်ဖက်လျှင် (၃)ပေ(၃)လက်မစီပါရှိ၍ ရေလမ်းကင်းလွတ်
အကျယ်(၄၂၆)ပေ၊ အမြင့်(၄၆)ပေ ရှိကာယာဉ် တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ
(၇၅)တန်ဖြစ်သည် ။
သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ပြီးစီးသွားပါက မွန်ပြည်နယ် ၊
မော်လမြိုင် မြို့တော် ဖွံ့ဖြိုးတိုးတက်သာယာလှပပြီး ၊ မော်လမြိုင်မြို့ မှ ဘီလူးကျွန်းရှိ
ကျေးရွာများ သို့ သွားလာ သော ခရီးသွားပြည်သူများ သွားလာရေး
လွယ်ကူအဆင်ပြေမှာ ဖြစ်သလို ၊ ဒေသခံပြည်သူများ၏ စီးပွားရေး ၊ ပညာရေး ၊
ကျန်းမာရေး ၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။
Credit >>>>>>MOI WEBPORTAL MYANMAR
Adm~O2~

Myanmar Kyat Converter
No comments:
Post a Comment