ငြိမ်းဇော် / ဧရာဝတီ
နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ယူ၂၀ လူငယ်
ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ရက်အလိုတွင် ထိုင်း မြန်မာ နယ်စပ်မြို့များ၌
မြန်မာ ယူ၂၀ ဘောလုံးအသင်း ဝတ်စုံများ အရောင်းသွက်နေသည်။
...

ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံ ယှဉ်ပြိုင်ကြမည့် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို
ယှဉ်ပြိုင်မည့် မြန်မာ ယူ၂၀ လက်ရွေးစင် ဘောလုံးအသင်းကို အားပေးသည့်အနေဖြင့်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမား များက မြန်မာအသင်း
ဝတ်စုံကို ကြိုတင်ဝယ်ယူ ဝတ်ဆင်နေကြခြင်း ဖြစ်သည်။
“ထိုင်းနိုင်ငံထဲမှာ မြန်မာတွေ ဘယ်လောက်စည်းရုံးလဲ ဆိုတာ ပြချင်တယ်။
အဲဒီနေ့ကျရင် အလုပ်နားပြီးတော့ ကျနော်တို့ ယူ ၂၀ ဝတ်စုံနဲ့ ထိုင်းဆိုင်တွေမှာ သွားအားပေးမှာ”
ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာ အလုပ်သမား များက ပြောသည်။
ထိုင်းဘတ် ၂၀၀ မြန်မာကျပ်ငွေအားဖြင့် ၆၅၀၀ ကျပ် ပေးဝယ်ရသော
မြန်မာ ယူ၂၀ ဘောလုံးအသင်း ဝတ်စုံကို ထိုင်း မြန်မာ နယ်စပ်မြို့များမှတဆင့်
ထိုင်းနိုင်ငံရှိ မြို့နယ်အသီးသီးသို့ အရောင်းကိုယ်စားလှယ်များမှ ပြန်လည် ရောင်းချခြင်းဖြစ်သည်။ ဝတ်စုံအရောင်းသွက်နေသည့်အတွက် မြဝတီမြို့နှင့်မယ်ဆောက်မြို့ရှိ အားကစားဝတ်စုံ
ဆိုင်တချို့တွင် ပစ္စည်းများ ပြတ်လပ်နေသည်ဟု အရောင်းကိုယ်စားလှယ် တဦးက ဆိုသည်။
“ကမ္ဘာ့ဖလားအတွက် သီးသန့်ချုပ်ထားတဲ့ ယူ၂၀ အသင်းဝတ်စုံတော့ အခုထိ မထွက်လာသေးဘူး။
ပြီးခဲ့တဲ့ ထိုင်းနဲ့ ပွဲတုန်းက ဝတ်တဲ့ အဖြူ နဲ့ အနီ အရောင်နှစ်မျိုးနဲ့ ကျနော်တို့ထုတ်ပါတယ်။ ဒီရက်ပိုင်း တရက်ကို ဝတ်စုံ ၅၀ နီးပါး ရောင်းရတယ်။ ထိုင်းဘက်ခြမ်းက မှာတာ များတယ်” ဟု မြဝတီမြို့ King Sport အားကစားဝတ်စုံ အရောင်းဆိုင်မှ ဧရာဝတီသို့ ပြောသည်။
၂၀၁၅ လူငယ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာ ယူ၂၀ အသင်းသည်
နယူးဇီလန်နိုင်ငံ Auckland မြို့ကို မေလ ၂၅ ရက်နေ့က ရောက်ရှိနေဖြစ်သည်။
အခုလ မေ ၃၀ ရက်နေ့တွင် အမေရိကန်၊ ဇွန်လ ၂ ရက်နေ့ ယူကရိန်း နှင့် ဇွန်လ ၅ ရက်နေ့တွင်
အိမ်ရှင် နယူးဇီလန် နှင့် ယှဉ်ပြိုင်မည်။
ဧရာဝတီ မှ ဖေါ်ပြထားပါသည်

Myanmar Kyat Converter
No comments:
Post a Comment