{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, June 15, 2015

    ***အသင်းခေါင်းဆောင် နေလင်းထွန်းတွေ့ဆုံစဉ် ဖြေကြားချက်များ***

     

    The Irrawaddy (Burmese Version)'s photo.


    အားလုံးကို နောက်တကြိမ် ပျော်စေချင်တဲ့ အသင်းခေါင်းဆောင် နေလင်းထွန်း
    ဧရာဝတီ
    ယနေ့ပြုလုပ်တဲ့ ဗိုလ်လုပွဲ အကြို သတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြ ဦးကြည်လွင်နဲ့ အသင်းခေါင်းဆောင် နေလင်းထွန်းတို့ရဲ့ ထိုင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားချက်များ
    ...

    မေး- မနက်ဖြန်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
    ၁၉၉၃ နဲ့ ၂၀၁၅ ဆီးဂိမ်းစ် ၂ ကြိမ် ဗိုလ်လုပွဲ ရင်ဆိုင်ရတာ
    ဆိုတော့ ဘယ်လိုများ မျှော်လင့် ထားသလဲ။
    ဖြေ- ကစားသမား ဘ၀က ၁၉၉၃ ဆီးဂိမ်းစ် ဗိုလ်လုပွဲမှာ ထိုင်းကို အရေးနိမ့်ခဲ့တယ်။
    အခု နည်းပြဘ၀မှာ ထိုင်းကို ပြန်ကလဲ့စားချေမယ်။ မနက်ဖြန်ပွဲ
    အတွက် အကောင်းဆုံးပြင်ဆင်မှာပါ။
    မေး- ထိုင်းအသင်းကို ဘယ်လိုမြင်ပါသလဲ။
    ဖြေ - အသင်းကောင်းတစ်သင်းဆိုတာကလွဲပြီး ဘာမှ မမြင်ပါဘူး။
    မေး- ထိုင်းကစားသမားတွေထဲမှာ ဘယ်သူကို အန္တာရယ်ရှိနိုင်တဲ့
    ကစား သမား လို့မြင်ပါသလဲ။
    ဖြေ (ဦးကြည်လွင်)- ကစားသမားကောင်းတွေပါ။
    အန္တာရယ်ပေးနိုင်မယ် လို့တော့ မမြင်ဘူး။
    ဖြေ (နေလင်းထွန်း)- ကျွန်တော်တို့ကို အန္တာရယ်ပေးနိုင်မယ့်လူ
    တစ်ယောက်မှ ထိုင်းအသင်းမှာ မပါဘူးလို့ မြင်ပါတယ်။
    မေး- နေလင်းထွန်း မနေ့ကပွဲလို ဂိုးသွင်းပြီး အားလုံးကို
    အံ့အားသင့် သွားအောင် လုပ်နိုင်ပါဦးမလား။
    ဖြေ (နေလင်းထွန်း)- နောက်တစ်ကြိမ် ထပ်လုပ်ပြနိုင်မယ်။
    အားလုံးကို ထပ်ပြီး ပျော်အောင် လုပ်ပေးဦးမယ်။
    မေး- မနက်ဖြန် ဗိုလ်လုပွဲ အတွက် ဘာများပြောချင်ပါသလဲ။
    ဖြေ - ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်။
    အသင်းရဲ့ အဓိက အားသာချက်က စုစည်းမှုနဲ့ အသင်းလိုက် စိတ်ဓာတ်ပါ။
    ၁၂ ယောက်မြောက် အဖြစ် ပံ့ပိုးတဲ့ ပရိသတ်ကြောင့်လည်း အောင်မြင်တာပါ။
    ကွင်းထဲမှာ နောက်ဆုံး မိနစ်အထိ တိုက်ပွဲဝင်ကြမှာပါ။
    မေး- ထိုင်းအသင်းရဲ့အားသာချက် အားနည်းချက်ကို ပြောပြနိုင်မလား။
    ဖြေ- သိထားပါတယ်။ ထုတ်မပြောပါဘူး။ လောလောဆယ် ကိုယ့်အသင်း
    အားသာချက် အားနည်းချက်နဲ့ နည်းစနစ်ပဲ ပိုစိတ်ဝင်စားပါတယ်။
    MFF


     

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁