{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, June 21, 2015

    ***မောင်လေးရယ် မငိုပါနဲ့ ***

    Jong Jong's photo.
     
    မောင်လေးရယ် မငိုပါနဲ့  ငွေမရှိတဲ့ လူဘဝဆိုတာ ဆင်းရဲချို့ တဲ့ခြင်းများနဲ့ 
    ရုန်းကန်နေရမယ်လေ

    ...
    ဝမ်း ဝဖို့ အရေး ကြိုးစား ရုန်းကန်ရင်း
    မောင်လေး ပညာတတ်ကြီးဖြစ်လာအောင်


    မမ လက်တွေ သွေးများထွက်လို့  အသားမာတွေတည်နေပါစေ
    မောင်လေးအတွက် မျှော်လင့်ချက်တွေနဲ့ 
    မမ ကြိုးစားမယ် မောင်လေး

    ဆင်းရဲချို့ တဲ့သူကို အနိုင်ယူချင်တဲ့ ဂုဏ်အဆင့်အတန်းမြင့်မားတဲ့
    လူချမ်းသာတွေ မလိုမုန်းတီးတဲ့ အကြည့်ကို
    ဂရုမစိုက်နဲ့ မောင်လေး

    မမ မောင်လေး ဘဝအတွက် နေဝင်မိုးချုပ်အလုပ်လုပ်မယ်
    မငိုပါနဲ့ တော့ မောင်လေးရယ်
    မောင်လေးငိုရင် မမ စိတ်မကောင်းဖြစ်မိတယ်

    မမ ဘယ်လောက် ပင်ပန်းနေပါစေ
    မမ ဂရုမစိုက်ဘူး
    ဒါပေမဲ့ မောင်လေး စိတ်ညစ်နေတာ မျက်ရည်ကျနေတာ မမ မြင်တွေ့ ရရင်
    မမ စိတ်မကောင်းဖြစ်မိတယ်

    မငိုပါနဲ့ တော့ မောင်လေးရယ်
    မမ ကျောင်းမနေခဲ့ရပေမဲ့ မောင်လေး ဘဝ ကျောင်းသားကြီး ဖြစ်လို့ 
    ပညာတွေ တတ်အောင် မမ လက်တွေ ဘယ်လောက် နာကျင် ခံစားနေရပါစေ
    မမကြိုစားပါမယ် မောင်လေး မငိုပါနဲ့ တော့နော်

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁