ဂူရယ်ဖ်၊
...
ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် ဂူရယ်ဖ်မြို့၌ မျက်စိကွယ်နေသော မိခင်တစ် ဦးသည် အဆင့်မြင့်နည်းပညာသုံး မျက်မှန် ကို တပ်ဆင်၍ မိမိ၏ မွေးကင်းစ ကလေး ငယ်ကို ကြည့်ရှုနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမိခင်မှာ အသက် ၂၉ နှစ်အ ရွယ် ကေတီဘိတ်ဇ်ဆိုသူဖြစ်၍ အမြင်အာ ရုံကို မြှင့်တင် ပေးနိုင်စွမ်းရှိသော e-Sight ဟု အမည်ပေးထားသော မျက်မှန်နဲ့ ဖွား မြင်ခဲ့သော ကလေးငယ်ကို နာရီပိုင်းအကြာ တွင် မြင်တွေ့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
e-Sight အကူအညီဖြင့် ရင်သွေးငယ် ကို တွေ့မြင်ရခြင်းသည် အလွန်အံ့သြ ကြည် နူးဝမ်းသာဖွယ်ရာဖြစ်ကြောင်း မစ္စဘိတ်ဇ်က ပြောကြားသွားခဲ့သည်။
ဘိတ်ဇ်သည် အမြင်အာရုံဆုတ်ယုတ် မှုရောဂါတစ်ခုဖြစ်သည့် Stargardt ကြောင့် ငယ်စဉ်ကတည်းက မျက်စိကွယ်ခဲ့ ရခြင်း ဖြစ်ပြီး သူမရင်သွေးငယ်အား မွေးပြီးပြီးချင်း ကြည့်ရှုလိုသောဆန္ဒကြောင့် e-Sight မျက် မှန် အကူအညီ ယူခဲ့ခြင်းဖြစ်ကြောင်း ညီမ ဖြစ်သူ ဖီးလစ်က ပြောကြားသွားခဲ့သည်။
၎င်းမျက်မှန်သည် မျက်မမြင်များအား အနီးအနာရှိ အရာဝတ္ထုများကို မြင်တွေ့စေ ရန် အထောက်အကူ ပြုပေးနိုင်သော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ကျယ်ပြန့်စွာ အ သုံးပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Ref: DM
#TheYangonTimes
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com

Myanmar Kyat Converter
No comments:
Post a Comment