
ပန်းတိုင်းလန်းစေ မွှေးပျံ့စေ
သုံးယောက်မက်တပ်
တစ်ယောက်ပျောက်လျှက်
ကုန်းကွ ဆုံးမ...
ယူကြုံးမရ
သူစားနေတာ ခေါက်ဆွဲကျန် ★ ★ ★
သုံးယောက်မက်တပ်
တစ်ယောက်ပျောက်လျှက်
ကုန်းကွ ဆုံးမ...
ယူကြုံးမရ
သူစားနေတာ ခေါက်ဆွဲကျန် ★ ★ ★
အိုဘယ့်မိခင်
အိုဖခင်တို့
အနာဂါတ်ပန်း
မလန်းဆန်းက
ငါတို့ပြည်ကြီး သာလတ္တံ့ ★ ★ ★
ဤအမြန်လမ်း
ကပ်ခင်တန်းက
သူတို့နေထိုင်
တောစတိုင်မှာ
ပန်းကလေးတွေ ညှိုးနေပြီ ★ ★ ★
ပြည်သာဖို့ရေး
ရွှေရင်လေးလို့
ငုပ်မိသဲတိုင်
တက်နိုင်ဖျားရောက်
ပန်းတွေလန်းဖို့ မိုးရွာပါ ★ ★ ★
စိတ်ဝယ်ကျဉ်းကျပ်
ခံစားလျှက်မှ
ကယ်ပါယူပါ
တဆာဆာကို
ပြုံးပြကယ်တင် ပီတိရွှင် ★ ★ ★
ပန်တိုင်းမွှေးစေ
သင်းပျံစေဖို့
ပေါင်းမြက်ရိတ်သင်
လောင်းရိပ်ထွင်လို့
ဥယျာဉ်မှူးက ပြင်ပါလေ ★ ★ ★
ပြည်သူ့အရေး
တို့အရေးမို့
စာနာထောက်ထား
သနားညှာလျှက်
ပန်းကလေးတွေ ထွန်းတောက်စေ ★ ★ ★
နေမခ ( အလင်းရောင် )
အိုဖခင်တို့
အနာဂါတ်ပန်း
မလန်းဆန်းက
ငါတို့ပြည်ကြီး သာလတ္တံ့ ★ ★ ★
ဤအမြန်လမ်း
ကပ်ခင်တန်းက
သူတို့နေထိုင်
တောစတိုင်မှာ
ပန်းကလေးတွေ ညှိုးနေပြီ ★ ★ ★
ပြည်သာဖို့ရေး
ရွှေရင်လေးလို့
ငုပ်မိသဲတိုင်
တက်နိုင်ဖျားရောက်
ပန်းတွေလန်းဖို့ မိုးရွာပါ ★ ★ ★
စိတ်ဝယ်ကျဉ်းကျပ်
ခံစားလျှက်မှ
ကယ်ပါယူပါ
တဆာဆာကို
ပြုံးပြကယ်တင် ပီတိရွှင် ★ ★ ★
ပန်တိုင်းမွှေးစေ
သင်းပျံစေဖို့
ပေါင်းမြက်ရိတ်သင်
လောင်းရိပ်ထွင်လို့
ဥယျာဉ်မှူးက ပြင်ပါလေ ★ ★ ★
ပြည်သူ့အရေး
တို့အရေးမို့
စာနာထောက်ထား
သနားညှာလျှက်
ပန်းကလေးတွေ ထွန်းတောက်စေ ★ ★ ★
နေမခ ( အလင်းရောင် )

Myanmar Kyat Converter
No comments:
Post a Comment