❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦
မခေါ်ဘဲ နင်ကိုယ်တိုင်ဝင်လာတိုး
ငါမသိလိုက်တဲ့အချိန်မှာ နင်စိတ်ကြိုက်ပြန်ထွက်သွား
ဒါတောင် ငါ မှားသေးသလား ကွာ မိန်ကလေး ။
ဆေးသားတွေခြယ်ခဲ့ဖူးတယ် ငါ ရူးခဲ့တာပါ ၊
အမဲပေါ် အရောင်ထပ် ဆေးပျတ်ရုံကလွဲရင်
အတွေးနဲ့တောင် နင်ရေးမှတ်ဖူးသလား မိန်ကလေး ။
ဒီအတိုင်းပဲထားလိုက်ပေါ့ ပြင်မရရင် စွန့်ပစ်
နင့်အချစ်က ခပ်ပေါပေါ
ဒါတောင် ရေနဲ့ရောချင်သေးတယ် မိန်ကလေး ။
အေးဆေးပါ မိန်ကလေး ၊
မင်းရဲ့ဘေးနားမှာ နေခွင့် ခြေဖြင့်နင်းခဲ့မှာတော့
မနေသင့်တော့ပါဘူး ။
သွားလိုက်ပါရှေ့ဆက် လမ်းမှတ် လျှောက်ရင်
ချောက်တွင်းထဲမကျဖို့
ငါဆုတောင်းပေနေခဲ့မယ် မိန်ကလေး ။
❦ ❦ ❦ ❦ ❦
ဘီလူးလေး


Myanmar Kyat Converter
No comments:
Post a Comment