{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, April 22, 2015

    *** စိတ်သန့်ရှင်းရမယ် ***


    လုပ်သင့်တာကို မလုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို လေးစားမှု(self-respect) နည်းသွားတယ်၊၊ အဲဒါသူများတော့ မသိဘူး၊၊ ကိုယ်ပဲသိတယ်၊၊ ဟုတ်တယ်၊ လုပ်သင့်တာကို လုပ်နိုင်ပါလျှက်နဲ့၊ သိပါလျှက်နဲ့ မလုပ်ပဲနေရင်လည်း ကိုယ့်ကိုယ်ကို လေးစားမှု နည်းသွားတယ်၊၊ ဒါကြောင့် လုပ်သင့်တာကိုလည်း လုပ်ရမယ်၊၊ မလုပ်သင့်တာကိုလည်း မလုပ်မိအောင် ထိန်းသိမ်း စောင့်စည်းရမယ်၊၊ ဒါမှသာ မိမိကိုယ်ကို လေးစားနိုင်မယ်၊၊
    ...

    မလုပ်သင့်တာ လုပ်မိလို့ ရှက်နေတယ်၊ နောင်တ ဖြစ်နေတယ်ဆိုရင် စိတ်မှာ ကြည်လင်အေးချမ်းမှု မရှိဘူး၊၊ စိတ် မချမ်းသာဘူး၊၊ ကိုယ့်အမှားကို ကိုယ် ထပ်ခါထပ်ခါ တွေးနေမယ်၊၊ သို့မဟုတ်ရင် မေ့ဖို့ ကြိုးစားတဲ့အနေနဲ့ တခြားကို စိတ် လမ်းလွှဲနေရင် သူ့စိတ်ဟာ လွတ်လပ်မှု မရှိဘူး၊၊ သူ့စိတ်က မလွတ်လပ်တော့လို့ တခြား တန်ဖိုးရှိတဲ့ ကိစ္စတွေ လုပ်ဖို့ စိတ်အား မရှိတော့ဘူး၊၊ တန်ဖိုးရှိတဲ့၊ လေးနက်တဲ့၊ သိမ်မွေ့တဲ့ ကိစ္စတွေ လုပ်ဖို့ စိတ်မှာ အင်အား မရှိတော့ဘူး၊၊ ပညာရေးနဲ့ ပတ်သက်တာတွေ၊ လူမှုရေးနဲ့ ပတ်သက်တာတွေ၊ ကုသိုလ်ရေးနဲ့ ပတ်သက်တာတွေကို လုပ်ဖို့ စိတ်မှာ အင်အား မရှိဘူး၊၊ နောင်တနဲ့ ရှက်ရတဲ့ အထဲမှာပဲ သူ့စိတ်က ချောင်ပိတ်မိနေပြီ၊၊

    ကိုယ့်ကိုယ်ကို လေးစားမှု ရှိဖို့ဆိုတာ အကျင့်သီလနဲ့ ပတ်သက်ပြီးတော့ စင်ကြယ်မှု ရှိရမယ်၊၊ စင်ကြယ်မှုလို့ ဆိုကတည်းက သန့်ရှင်းမှု ဆိုတဲ့ အဓိပ္ပာယ်နော်၊၊ ကိုယ်အမှု၊ နှုတ်အမှုတွေမှာ အပြစ်ကင်းတယ်၊ သန့်ရှင်းတယ် ဆိုရင်ပဲ ကိုယ့်ကိုယ်ကို လေးစားနိုင်ပါတယ်၊၊ ဒီထက်တဆင့် မြှင့်ရရင် စိတ်သန့်ရှင်းဖို့လည်း လိုတယ်၊၊ စိတ်ထဲမှာ ဖြစ်နေတဲ့ အတွေးတွေက မကောင်းတာတွေ၊ မတွေးသင့်တာတွေ ဖြစ်နေရင် အဲဒီလို အတွေးမျိုးတွေ တွေးနေလို့ကိုပဲ “ငါ မတွေးသင့်တာတွေ တွေးနေပါလား” ဆိုပြီး (guilt) ပူပန်မှု ဖြစ်တယ်၊၊ “ငါ့စိတ်က မသန့်ရှင်းဘူး” ဆိုပြီး ရှက်တယ်၊၊ ဒါကြောင့် စိတ်ကို သန့်ရှင်းအောင် ထားတတ်ဖို့ လိုတယ်၊၊ ကိုယ့်စိတ်ထဲမှာ ဘာတွေတွေးနေသလဲ ဆိုတာ နည်းနည်း သတိထားပြီး ကြည့်တဲ့ အလေ့အကျင့်လေး ရှိရမယ်၊၊ စိတ်ကို သိနေရင်၊ အတွေးတွေကို သိနေရင် မသန့်ရှင်းမှုဟာ တဖြည်းဖြည်း နည်းသွားနိုင်တယ်၊ ဖြစ်ကြော မရှည်တော့ဘူး၊၊ သန့်ရှင်းပြီး ကြည်လင်အေးချမ်းနေတဲ့ စိတ် ဖြစ်တာ များလာမယ်၊၊
    📘➖➖➖➖📚📚📚➖➖➖➖📘
    ဆရာတော်ဦးဇောတိက
    (မဟာမြိုင်တောရ)

    “လေးစားပါတယ်၊ ဘဝတန်ဖိုး၊
    အထီးကျန်ဘဝမှ လွတ်မြောက်ခြင်း”
    စာအုပ်မှ ကူးယူဖေါ်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁