ဗုဒ္ဓဓမ္မ ဆုံးမသမျှ
လိုက်နာမှတ်သာ သိစိတ်ထားသော်
ကောင်းမူ့ဖြာစွာ
ခန္ဓာစိတ်ဝယ်
ခိုအောင်းပုန်းဆောင်
စိတ်ယုတ်ကောင်ကို
တွန်းလှန်တိုက်ဖျတ်
နိုင်လျှက်ခရီး
ဘယ်ခါမပြီး
ရှေ့ဆက်နိုင်သည် ။
အသိနှင့်ယှဉ်
သတိမြင်သော
မာန်ဖွဲ့ ငါ စွဲ
အတ္တပွဲပင်
အမှန်မြင်ကာ
အောင်နိုင်ရာ၏ ။
သာသနာနှစ်
လွန်ကာလင့်ချိန်
တိုတောင်းအသက်
ဆုတ်ပြတ်ခေတ်ဝင်
ဒေါသမာန်စီး
သည်ခရီးဝယ်
သာသနာပျောက်
လွန်စွာကြောက်ဖွယ်
မာန်ဖွဲ့ရန်ငြိုး
ထိုထိုလူမျိုး ။
ငရဲမသိ
သတိမဲ့သူ
ထိုထိုလူတို့
လူ့ဘောင်တစ်လွှာ
ထင်ရှားမှာမို့
ဘယ်မမှားရေး
သင် ပူတွေးလော့ ။
❦ ❦ ❦ ❦ ❦ ❦


Myanmar Kyat Converter
No comments:
Post a Comment