{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, April 26, 2015

    ***စိတ်ပြူတင်းပေါက်***

    LIFE's photo.
     
    ကိုယ့်ဘဝမှာ ကောင်းတာတွေ များများဖြစ်လာနိုင်ဖို့ ဆိုတာ မှန်ကန်တဲ့ ပြတ်သားတဲ့
    ခံယူချက် ဦးတည်ချက် တန်ဖိုးထားစရာတွေ ရှိပြီးတော့၊
    အဲဒီ ကိုယ်တန်ဖိုးထားတာတွေအတွက် သတ...္တိရှိရှိ ရပ်တည်နိုင်မှသာ
    အဲဒီ ကောင်းတာတွေဟာ ဖြစ်လာမယ်။

    ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊ ဘယ်လိုအရည်အချင်းတွေ၊
    ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲ ဆိုတာ သိရမယ်။
    ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းကို ကိုယ် ယုံကြည်ရမယ်။
    အဲဒီလို ယုံကြည်မှု ရှိပြီးတော့ “ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊
    ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘောထား၊ ဟောဒါဟာ ငါ တကယ်လုပ်ချင်တဲ့ အလုပ်၊
    ဒါကို ငါ တကယ်လုပ်မယ်၊ ဒါကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။”
    လို့ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်။ အဲဒီလို ယုံကြည်မှုမှာ
    အခြေခံပြီးတော့ ကိုယ့်ဘဝကို ကိုယ် နေသွားရမယ်။ ကိုယ် တန်ဖိုးထားတာကို
    လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ နေသွား
    လုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြား တိုးပွားလာနိုင်တယ်။

    ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့
    လွတ်လပ်မှုဘက်ကို တဖြေးဖြေး ရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ ပိုပြီး
    လွတ်လပ်တဲ့သူ ဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်တယ်။
    အကြီးမားဆုံး သတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူ မမြင်နိုင်ဘူး၊
    ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတယ်။

    ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။
    သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာ
    သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားပါ။
    အဲဒါ အခက်ဆုံးနဲ့ ကျေနပ်စရာ အကောင်းဆုံး အလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကို
    ကိုယ် တကယ်ယုံကြည်မှု ရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။
    သတ္တိရှိရင် လုပ်လိုက်ပါ။ လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။ သတ္တိရှိမှ လွတ်လပ်မယ်။
    ➖➖➖🍄🍄 ➖➖➖
    ဆရာတော်ဦးဇောတိက
    ( မဟာမြိုင်တောရ )

    “ တွေးမိတိုင်း ပျော်တယ် ”
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁