{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, April 26, 2015

    ***မွတ္သင့္မွတ္စရာ***

    LIFE's photo.
     
    When you are peaceful, happy, joyous and doing what you
    love to do, you are successful.
    ကိုယ့်စိတ်ထဲမှာ ကြည်လင်မှု အေးချမ်းမှု ရှိနေမယ်၊ ပျော်ရွှင်မှုလည်း ရှိနေမယ်...
    ရွှင်လန်းမှုလည်း ရှိနေမယ်၊ ကိုယ်နှစ်သက်တာကိုလည်း လုပ်နေရမယ်
    ဆိုရင် သင်ဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။


    There is no true success without peace of mind.
    စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။

    အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ များသောအားဖြင့်တော့ ဥစ္စာပစ္စည်း
    ဘယ်လောက်ရှာနိုင်သလဲ၊ ရာထူး ဘယ်လောက်ကြီးသလဲ ဆိုတာနဲ့ပဲ
    တိုင်းတာကြတာနော်။ ပစ္စည်း မရှာနိုင်ကြတဲ့အခါ၊
    ရာထူး မရှိတော့တဲ့အခါ ဘယ်လိုနေမလဲ။ ပစ္စည်းကြောင့် ရာထူးကြောင့်
    မောက်မာတဲ့သူဟာ ပစ္စည်းရှိတုန်း ရာထူးရှိတုန်းကလည်း စိတ်မချမ်းသာရသလို
    ပစ္စည်းနဲ့ ရာထူးတွေ
    ပျက်စီးဆုံးရှုံးသွားရင်လည်း သူဟာ အင်မတန် စိတ်ဆင်းရဲသွားရပါတယ်။
    ပစ္စည်းဥစ္စာ၊ ရာထူးဆိုတာ စားဝတ်နေရေးမျှပဲ။ ခန္ဓာကိုယ် တည်တဲ့ရုံမျှပဲ။
    စိတ်အေးချမ်းမှု မြင့်မြတ်မှု ရဖို့ကတော့ ဝိပဿနာတရားကို တကယ်
    ကြိုးကြိုးစားစား အားထုတ်မှ ဖြစ်မှာပါ။
    အဲဒီတော့ စိတ်မှာ ငြိမ်းချမ်းမှုလည်း ရှိနေတယ်၊ ပျော်ရွှင်မှုလည်းရှိတယ်၊
    ရွှင်လန်းမှုလည်းရှိတယ်၊ ကိုယ် အင်မတန်နှစ်သက်တဲ့ တရားဘာဝနာ အလုပ်ကိုလည်း အားထုတ်နေရတယ်ဆိုရင် သင်ဟာ အောင်မြင်တဲ့သူ ဖြစ်ပါတယ်။
    အတွင်းမှာ အသိဥာဏ် ရှိမှသာ စိတ်ဓာတ်ခိုင်မာတဲ့သူ၊ ရင့်ကျက်တဲ့သူ ဖြစ်နိုင်တယ်။
    ဘဝကို ကျေနပ်တဲ့သူ ဖြစ်နိုင်တယ်။

    အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှု မရှိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။
    တည်ငြိမ်မှု မရှိဘဲနဲ့၊ အသိဥာဏ် မရှိဘဲနဲ့ တကယ်အေးချမ်းမှု
    အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။🙇🙇🙇
    ➖➖➖🍄🍄➖➖➖
    ဆရာတော်ဦးဇောတိက
    ( မဟာမြိုင်တောရ )

    “ တွေးမိတိုင်း ပျော်တယ် ”
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁