{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, May 26, 2015

    *****“ ဗုဒ္ဓမြတ်စွာသာသနာ ကမ္ဘာလွှမ်း၍တည်ပါစေ*****


    Wunna Saw Thein's photo.
     
    (မွတ်ဆလင်တိုင်းပြည်တိုင်းမှာ အခြားဘာသာမရှိဘူးလို့ပြောရင် မယုံဖို့၊
    နှစ်လေးငါးဆယ်ကြာရင် ဗုဒ္ဓဘာသာပျောက်သွားလိမ့်မယ်လို့
    ခြောက်ရင် အစိုးရိမ်မလွန်ဖို့၊ နောက်ပြီး ...... သာဓုခေါ်ဖို့ ဝေမျှလိုက်ပါတယ် ခင်ဗျား)
    "တခေတ်ပြန်လည် ဆန်းသစ်လာသော အင်ဒိုနီးရှားသာသနာ"
    ကောင်းကင်အထက်တန်း ပျံသန်းလှုပ်ရှား ငှက်သတွာ

    များသည် နိမ့်တုံ-မြင့်တုံ ပျံသွားလေကုန်သကဲ့သို့  ထိုနည်း
    အတူပင် မြတ်ဗုဒ္ဓသာသနာတော်လည်း ပြုပြင်ထိန်းသိမ်းရေး
    ပေါ် အခြေခံ၍ တိုးတက်မှု-နိမ့်ကျမှုများ ဖြစ်ပေါ်လာခဲ့သည်။

    အတိတ်အခါက ဘာသာသနာရောင်ဝါအလင်း တိုးတက်
    ထွန်းပြောင်ခဲ့သော အင်ဒိုးနီးရှားနိုင်ငံမှာ ပြုပြင်ထိန်းသိမ်းရေး
    လျော့နဲသည့်အခါ နိမ့်ကျသည့်အခါသို့  ရောက်ခဲ့ပြန်ပါသည်။

    ယခု အခါ အင်ဒိုးနီးရှားလူမျိုးတို့က မြန်မာနိုင်ငံနှင့် ချိတ်ဆက်မိလာပြီး ပြုပြင်ထိန်းသိမ်းရေးပိုင်းဆိုင်ရာများကို ပူးတွဲ
    ဆောင်ရွက်လာသည်မို့  မကြာမှီ ထရဝါဒမြတ်ဗုဒ္ဓသာသနာ
    ရောင်ခြည်သည် အင်ဒိုနီးရှားနိုင်ငံမှာ မြင့်တက်လွှမ်းခြုံလာ
    လိမ့်မည်ဟု မျှော်လင့်မိပါသည် ။

    ယခု ပူးတွဲပါဓာတ်ပုံအသွင်ကို ရှု့မြင်စေချင်၏၊ အဆိုပါ
    အင်ဒိုနီးရှားနိုင်ငံသားကိုရင်လေးနဲ့သူ၏မယ်တော်ကြီးတို့၏
    ဘာသာရေးအမွေ စေတီဘုရားများကို နောက်ခံထားပြီး ရိုက်ကူးထားသည့် ပီတိဖြစ်ဖွယ် ပုံအသွင်ဖြစ်ပေသည်။

    ယခု အခါ. အဆိုပါ အင်ဒိုကိုရင်လေးသည် မြန်မာနိုင်ငံမှ
    ဘာသာရေး သာသနာရေးနယ်ဘက်တွင် ဘက်စုံထိပ်ဝင်ဖြစ်သော စစ်ကိုင်းတောင်ရိုး မြစင်္ကြာကျောင်းတိုက်တွင် ပညာသင်ကြားဆည်းပူးလျှက်ရှိရာ သာမဏေကျော်တန်းစာမေးပွဲများတွင် ပထမအဆင့်ကို အောင်မြင်နေပြီ ဖြစ်ကြောင်း သိရှိ
    ရပါသည်။

    များမကြာမှီအချိန်မှာပင် အဆိုပါ ကိုရင်ကလေးမှသည်
    အင်ဒိုးနီးရှားနိုင်ငံမှာ မြတ်ဗုဒ္ဓ၏ ထေရဝါဒသာသနာတော်ကြီး
    အရောင်အဝါသည် အတိတ်သမိုင်းက အစဉ်အလာကဲ့သို့ 
    တိုးတက်မြင့်မားလာလိမ့်မည်လို့ မျှော်လင့်ကြည်ညိုရပါသည်။

     
    “ သာသနာဓာတ် ထိတွေ့ လတ် အေးမြတ်သုခ ရပါစေ "
    Credit Unandi Mar

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁