{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, May 26, 2015

    *****လြတ္လပ္မႈဆိုတာ*****

    LIFE's photo.
     
    👻👻👻
    လွတ်လပ်မှုဆိုတာ လူ့အခွင့်အရေးလို့ ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ပိုပြီးအဆင်မြင့်တဲ့ လွတ်လပ်မှုကိုစဉ်းစားကြည့်တော့ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူ ဖြစ်အောင်...

    လုပ်ရမှာ လူတိုင်းရဲ့ အခွင့်အရေးနဲ့တာဝန် ဖြစ်တယ်။


    👻👻👻
     အခွင့်အရေးဆိုတာ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူအတွက်ပဲ ဖြစ်တယ်၊၊

    တာဝန်မဲ့နေတဲ့သူ၊ စည်းမဲ့ကမ်းမဲ့နေတဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။

    👻👻👻
    ငါဟာ လွတ်လပ်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ငါယူတယ်။ လွတ်လပ်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်အင်အား ငါ့မှာ ရှိတယ်၊

    အရည်အချင်း ငါ့မှာ ရှိတယ်၊ သတ္တိ ငါ့မှာ ရှိတယ်၊ စည်းကမ်း ငါ့မှာ ရှိတယ်၊
    ဇွဲ ငါ့မှာ ရှိတယ်လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို ပြောနိင်တာကိုက
    လွတ်လပ်မှုတာဝန်ကို ယူတာပဲ။ ငါ့မှာ အရည်အချင်းရှိဖို့၊ သတ္တိရှိဖို့၊ စည်းကမ်းရှိဖို့၊
    ဇွဲရှိဖို့ ပညာတတ်ဖြစ်ဖို့ ငါတာဝန်ယူတယ်လို့ ပြောနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့ စိတ်ဖြစ်တယ်။

    👻👻👻
    ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ယူထားတဲ့သူဟာ

    ကိုယ့်အရည်အချင်းတွေကို ကိုယ် အမြဲတမ်း မြှင့်တင်နေရမယ်။ ကိုယ့်ရဲ့ တွေးခ်ါပုံ၊
    စဉ်းစားပုံကို ပိုပြီး သဘာဝကျအောင် တိကျအောင်
    လေ့ကျင့်နေရမယ်။ ကိုယ့်စိတ်ဓာတ်ကို ခိုင်မာအောင် ရင့်ကျက်အောင်
    လေ့ကျင့်နေရမယ်။ ငါဟာ ဥာဏ်ရှိတဲ့သူ၊ သတ္တိရှိတဲ့သူ၊ 'အမှား အမှန်၊'
    'အကောင်း အဆိုး'၊ 'တရားတယ်၊ မတရားဘူး'၊ ဆိုတာကို ခွဲခြားပြီး သိတဲ့သူ

    ဆိုတာကို ဖေါ်ပြနိုင်ရမယ်။။

    👻👻👻
    ကိုယ့်ဘဝမှာ ကျန်းမာရေးချို့တဲ့တာတို့ တခြားလည်းပဲ လူမှုရေးနဲ့ ဆက်ဆံရေးတို့ ဘာတို့မှာ အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါမှာ ဒီလိုကိစ္စတွေ၊ ဒီလိုအဆိုးတွေ မဖြစ်ခင်မှာ ကိုယ့်ကိုယ်ကိုကိုယ် မြင်ပုံ၊ ကိုယ့်ဘဝကိုကိုယ် မြင်ပုံ၊ လောကကို မြင်ပုံ၊ လူတွေကို မြင်ပုံ၊ ဘာတွေများ လွဲနေသလဲဆိုတာကို သေသေချာချာ ကြည့်ပြီးတော့ သိပြီးတော့ ရိုးရိုးသားသားလေး လက်ခံပြီးတော့ အတတ်နိုင်ဆုံး ပြုပြင်သွားရမယ်။ အဲသလို လုပ်လိုက်လို့ရှိရင် ကိုယ့်ဘဝကိုကိုယ် တာဝန်ယူရာရောက်တယ်။ အဲသလို တာဝန်ယူတာဟာ အမှန်တော့ လွတ်လပ်မှု တစ်မျိုးပဲ။


    👻👻👻
    ကိုယ့်ဘဝကို ကိုယ် တာဝန်မယူနိုင်တဲ့သူဟာ သေသေချာချာ သိပြီးတော့ လွန်မြောက်သွားတဲ့ အခြေအနေမျိုးကို မရောက်ပဲနဲ့ တကယ် လွတ်လပ်တဲ့လူ၊ တကယ် အကျင့်စာရိတ္တနဲ့ စိတ်ထား ကောင်းတဲ့လူ၊ တကယ်ချစ်နိုင်တဲ့လူ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်ချစ်တဲ့လူ၊ တကယ်စိတ်ထားကောင်းတဲ့လူ၊ တကယ် လွတ်လပ်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်

    ကိုယ့်ရဲ့မကျေနပ်မှုတွေ ကိုယ့်ရဲ့မုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့ လိုတယ်။ ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင် သဘာဝမကျတာ အကြောင်းအကျိုးမကိုက်တာကို ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ
    သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။

    ➖➖➖🔹🍄🍄🔹➖➖➖
    💡ဆရာတော်ဦးဇောတိက💡
    🍀 ( မဟာမြိုင်တောရ ) 🍀

    💧“ တွေးမိတိုင်း ပျော်တယ် ” 💧
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁