{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Friday, June 26, 2015

    ***စုတ်ချက်မညီသော ကားချပ်***

    Zarni Thwe's photo.

    *****************************
    အနားမကွပ်ရသေးဘူး
    အဖျားစွတ်ပြီ ထွင်းထုလိုက်တဲ့ အက္ခရာ
    အသုဘအိပ်ယာပေါ်က ရှာကီရာ သီချင်း
    စနိုဒန်ရဲ့ ခြေရာခံ ကွန်ယက်
    အိပ်မက်တွေက ဂဒါဖီရဲ့ အံသွားကြားမှာ
    ဗျာများဆဲပါ မာယာ ----------------။
    ဗိုက်နာနေတဲ့ ဒီမိုကရေစီနဲ့
    ငါတို့ ရှေ့ဆက် မွန်းကြပ်ပါရစေ
    ချွန်းမတပ်ထားတဲ့ ဆင်ရိုင်းတစ်ကောင်လို
    မင်း ---- ထင်တိုင်းကြဲပါ မာယာ
    အမြင်ရိုင်းတာတွေ ရိုးအီနေတာကြာပြီ -----။
    စာအုပ်နဲ့ဘောလ်ပင်ကြားက ဥပဒေကို
    အိပ်ယာထခွင့် မတောင်းဆိုချင်တော့ဘူး
    အဟောင်းတွေကို ပြင်ရတာ သိပ်ခက်ပါလား
    အဆိပ်တက်ထားတဲ့ လူမမာတွေကို
    ဆေးမှန်မှန် ကုခွင့်ပေးလိုက်ပါလား မာယာ ---။
    လူတစ်စု ဆိုတာကို
    လူထု က အရိုးစွဲအောင်ကြောက်နေကြရတဲ့
    သက္ကရာဇ် အပုပ်အသိုးတွေက
    အရုပ်ဆိုးပါတယ် ဟာ
    ချုပ်ရိုးဖြည်ပေးလိုက်ပါ
    အိုင်းအမာတွေ ပေါက်ကွဲတော့မယ် မာယာ --။
    မြေခွေပါးစပ်နဲ့ သူတော်စင် ဝါကျ
    နေသား မကျပါဘူး
    ကော်ဇောနီဥဒါန်းတွေက
    နားဝမှာ သကြားဓာတ်ခမ်းနေပြီ
    ကိုယ်လမ်းလျှောက်သလောက်
    ကိုယ်ခရီးပေါက်ပါရစေ မာယာ --------။
    ကျုကျော် တဲ ကို
    တူးဖော်ရဲသလို
    အနာဖေးမတက်သေးတဲ့ ဘဝခါးခါးတွေကို
    သွား ဝင်ကြည့်ပေးပါ
    ပါးကွက်ကြားလိမ်းထားတဲ့ ဒုက္ခတွေက
    ဖိုးလမင်းလို မလှပဘူး မာယာ ----------။
    ဖြူဖြူကျော်သိန်း သီချင်းလို
    "အတွင်ကြေ" ဘဝတွေ
    နင်းခြေမွ ခံထားရတယ်ဆိုတာ နင်မသိပါဘူး
    ပဲပြုတ်သည် အမေတစ်ယောက်ရဲ့ ခြွေးစက်
    တွေနဲ့ ကျောင်းတက်နေရတဲ့ လူမမယ်တွေရဲ့
    အတောင်ပံ ခတ်သံ နင်မကြားပါဘူး မာယာ ။
    ပန်းရံလုပ်နေတဲ့ လက်အပေအတေတွေလည်း
    i phone ကိုင်ချင်တဲ့ ဆန္ဒတော့ ရှိပါတယ်
    ဝမ်း ဝ ရေး ,သားသမီးတွေ ပညာရေး
    အလေးပေးစရာတွေက ဒုနဲ့ဒေး
    ဆေးမခြယ်ထားတဲ့ လောကဓံက
    အရောင်အဆင်းမဲ့စွာ နှိပ်စက်တယ် မာယာ။
    နင် စီးထားတဲ့ ဖိနပ်တစ်ရံက
    ငါတို့ အိမ်လခ တစ် လ စာပါ
    အောက်က ဘဝတွေကို
    ကမောက်ကမ ထပ် မလုပ်ပါနဲ့ဟာ -----။ ။
    ဇာနည်သွေး(ရေကျော်မြေ)
     
    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁