Friday, June 5, 2015
***(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ***
(၂၈) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်တစ်ပွဲဖြစ်သည့် အိမ်ရှင်စင်ကာပူ ယူ ၂၃ အသင်းနှင့် မြန်မာ ယူ ၂၃ အသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက အသင်းခေါင်းဆောင် နေလင်းထွန်းနှင့် ကွင်းလယ်ကစားသမား ရဲကိုဦးတို့၏ သွင်းဂိုးများဖြင့် စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းမှာ အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို လေးဂိုး နှစ်ဂိုး၊ အိမ်ရှင်စင်ကာပူအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိကာ ရမှတ် ၆ မှတ်ဖြင့် အုပ်စု (က) ကို ဦးဆောင်လျက်ရှိကြောင်း သိရသည်။
(ဓါတ်ပုံ - AFP)
Subscribe to:
Post Comments (Atom)


Myanmar Kyat Converter
No comments:
Post a Comment