{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Friday, June 5, 2015

    ***Snake-bite မြွေကိုက်လျှင်***

    သင့်အတွက်ကျန်းမာရေး's photo.
     
    မြန်မာနိုင်ငံမှာအတွေ့များတဲ့ မြွေတွေ မြွေဆိပ်တက်ပုံတွေ
    မြွေဆိပ်ဖြေဆေးရဲ့ အကျိုးသက်ရောက်ပုံတွေ မြွေကိုက်ခံရရင်
    လုပ်ရမယ့် ဆောင်ရန်ရှောင်...ရန်တွေ စသည်ဖြင့် ရေးသားထားတဲ့
    ဆရာ့ဆောင်းပါးရှိပါသလားဆရာ။
    မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲမြွေက အရေအတွက် နည်းတယ်။
    သူများတိုင်းပြည်က မြွေတွေကို ဘယ်လောက်ဆန်းဆန်း အသာထားပါ။

    မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ
    သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ
    အသက်သေစေတာ အများဆုံး ဖြစ်တယ်။
    အရေးကြီးတဲ့ နောက်တချက်ကတော့ မြန်မာပြည်ပေါက်မြွေတွေအတွက်
    မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံး ဖြစ်တယ်။
    ချမ်းသာတိုးတက်တိုင်းပြည်တွေမှာ မြွေအကြောင်း ဆရာဝန်တွေကအစ
    သိပ်မသိကြဘူး။ သူတို့ဆီမှာ ၉၁၁ နံပါတ်ကို ဖုန်းခေါ်တာနဲ့
    ချက်ချင်းဆေးအဖွဲ့ရောက်လာတာမို့ ရှေးဦးသူနာပြုစရာ အချိန်သိပ်မလိုပါ။
    ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို ‘အတ္တာဟိ အတ္တနော
    နတ္ထော’ ချည်းဘဲမဟုတ်ပါလော။
    ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့က ဟောင်းသွားပြီး၊
    ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။
    အစိုးရရဲ့ မြဝတီ (ဆိုက်) ထဲမှာ “သတိပြုရှောင်ကြဉ်ဖွယ်
    မြွေဆိုးအန္တရာယ်” ကိုလဲ ဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။
    "မြွေဆိပ် ကာကွယ်ဆေးမှာ အကိုက်ခံရပြီး လေးနာရီအတွင်းထိုးလျှင်
    ထိရောက်မှု အရှိဆုံးဖြစ်ပြီး၊ အကယ်၍ ၁၂ နာရီကျော်ပါက ဆေးအာနိသင်မှာ
    လျော့ပါးလာနိုင်ပါသည်။" လို့ဖတ်ရပါတယ်။
    ဒါနဲ့ (ကွန်မင့်) ထဲမှာ ဒီလိုရေးလိုက်ပါတယ်။ “အမှန်မှာ မြွေဆိပ်ဖြေဆေးကို
    မြန်မြန်ထိုးနိုင်လေ ကောင်းလေဟုသာ ရေးသားသင့်ပါသည်။
    ၄ နာရီ အတွင်းနှင့် ၄ နာရီကျော်အတွက် သုတေသန လုပ်ထားချက် မတွေ့ဘူးပါ။
    ဆေးအာနိသင် လျှော့ပါသည်ဟု ရေးသားခြင်းမှာ မမှန်ပါ။ မြွေဆိပ်ဒဏ်တွေ
    ခံနေရတာကြာလို့ လူနာအသက်အတွက် ဆေးထိုတာ နောက်ကျလေလေ
    အန္တရာယ်များလေလေ ဖြစ်ပါတယ်။ ဆေးက တန်ဘိုးမလျှော့ပါ။”
    သူများကို အပြစ်ထောက်ပြရတာ အင်မတန်လွယ်တယ်။ ကိုယ်ပြောတာကကော
    ဘယ်လောက်မှန်လို့၊ ဘယ်အထိ တိကျသလဲ။ အနောက်နိုင်ငံတွေနဲ့ မြန်မာပြည်လိုပဲ မြွေဆိုးအန္တရာယ်ခံနေရတဲ့ အိန္ဒိယနိုင်ငံကနေ ပေးထားကြတဲ့ မြွေကိုက်ရင် လုပ်သင့်တဲ့ ရှေးဦးသူနာပြည်နည်းတွေကို ယှဉ်ကြည့်တော့ မတူတာတွေ တွေ့ရပါတယ်။
    ရှေးဦး သူနာပြုစုနည်းမှာ အဓိကကွဲလွဲချက်တခုက ကြိုးစည်းမလား၊
    မစည်းဘူးလားဆိုတဲ့အချက် ဖြစ်တယ်။
    မလုပ်သင့်တာတွေ -
    • ဆေးမီးတိုနည်းသုံးတာ၊ မြွေကိုက်တဲ့နေရာကို ပါးစပ်နဲ့စုပ်တာ၊ ဒါးနဲ့ခွဲတာ၊

    လေဟာနယ်ပုလင်းလုပ်ပြီး စုပ်ယူတာ၊ ကြိုးစီးတာ၊ ရေခဲတင်တာ၊
    မြွေကိုကိုလိုက်ရှာပြီး သတ်ယူတာ။ လူနာကို အတတ်နိုင်ဆုံး လှုပ်ရှားမှု မလုပ်စေပါနဲ့၊ ခြေထောက်မှာကိုက်ရင် လမ်းမလျှောက်စေပါနဲ့။
    လုပ်သင့်တာတွေ -
    • အကိုက်ခံရသူကို အန္တရာယ်ရှိရာကနေ နေရာရွေ့ပါ၊
    • မြွေဆိပ်ဖြေဆေးရှိတဲ့ အနီးဆုံးနေရာကို လူနာအမြန်ဆုံး

    သယ်ပို့ပေးဘို့ အရင်ဦးဆုံးလုပ်ပါ။
    • နှစ်သိမ့်အားပေးပါ၊ စိတ်တည်ငြိမ်စေပါ၊ ပြုစုသူကလဲ တည်ငြိမ်ပါ။
    • ခြေလက်မှာ ကိုက်ခံရတာဆိုရင် လက်ဝတ်လက်စား၊ အလှအပအတွက်

    ဝတ်ဆင်ထားတာတွေ ချွတ်ယူပါ။
    • ကိုက်တဲ့မြွေအကြောင်းမေးပါ၊ မြွေကိုက်ချိန်၊ လူနာမှာ

    ဖြစ်ပေါ်ခံစားလာရတာတွေကို မှတ်သားပါ။ ဆရာဝန်ကိုပြန်ပြောပြပါ။
    • Shock ရှော့ခ်ဖြစ်ရင် ရှေးဦးသူနာပြုစုနည်းအတိုင်းလုပ်ပါ။
    • အကိုက်ခံရတဲ့နေရာကို နှလုံး (ရင်ပတ်) နေရာ အထက်ကို မမြှင့်စေပါနဲ့။
    • ရေသန့်သန့် + ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ Antiseptic ပိုးသေဆေးရည် ရှိရင်သုံးပါ။

    မရှိရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။
    • ကြိုးစည်းတာကို လုံးဝမသုံးပါနဲ့လို့ မဆိုလိုပါ။ အကိုက်ခံရတဲ့နေရာ
    အထက် ၂ လက္မအကွာမှာ စည်းပါ။ ရောင်နေရင် ရောက်နေတာအထက်က စည်းပါ။ သွေးလုံးဝမလျှောက်အောင်အထိ တင်းစရာမလိုပါ။
    ကြာမယ်ဆိုရင် ပြန်လျှော့-ပြန်စီး လုပ်ပါ။ ကြိုးက ၁ လက္မလောက်တုတ်တာ ကောင်းတယ်။
    အကိုက်ခံရပြီး မိနစ် ၂ဝ အတွင်းသာ စီးပါ။ နောက်ကျသွားရင် မစီးပါနဲ့တော့။
    • အကိုက်ခံရတဲ့နေရာကို ငြိမ်အောင်လုပ်ပေးနည်းက အရိုးကျိုးသူတွေကို

    လုပ်ပေးနည်းအတိုင်း ဖြစ်တယ်။
    • မြွေကသေပြီးနောက်မှာ တနာရီကြာတဲ့အထိ ထိလိုက်ရင်

    တုန့်ုပြန်ကိုက်နိုင်စွမ်းရှိတာ သတိထားပါ။
    • အရက်၊ ကော်ဖီအပြင်းစား၊ အိပ်ဆေး၊ မူးယစ်စေတဲ့ဆေး၊

    အမျိုးအမည်မသိတဲ့ဆေး မတိုက်ပါနဲ့။
    • လူနာရဲ့ အရေးပါလက္ခဏာ ၄ မျိုးကို သတိထားကြည့်နေပါ။ အပူချိန်၊

    အသက်ရှူမှု၊ နှလုံးခုန်တာနဲ့ သွေးဖိအား။
    Neurological bites (Elapid species) မြွေဟောက်လို
    အာရုံကြောကိုထိတဲ့မြွေမျိုးဖြစ်ရင် ရှေးဦးသူနာပြုနည်းမှာ တခုပိုပါတယ်။
    Cobras, King Cobras, Kraits, Coral snakes and Sea Snakes
    မြွေအမျိုးအစားတွေဖြစ်တယ်။ Pressure immobilization ဖိအားပါတဲ့
    ပတ်တီးစီးနည်းလုပ်ပါ။ Sutherland method နည်းခေါ်တယ်။
    5 - 10 cm အကျယ်ရှိတဲ့ Elastic Crepe Bandage ဆန့်နိုင်-
    ကျုံ့နိုင်တဲ့ပတ်တီးမျိုး ၃-၄-၅ လိပ်သုံးပါ။ Splint အခုအခံပြားတခုခုသုံးပါ။
    ဒီလိုနည်းအတွက် အချိန်ပိုမကုန်ပါစေနဲ့။ မြွေဆိပ်ဖြေဆေးရှိရာကို
    ရောက်စေဘို့ကို ပဌမဦးစားပေးပါ။
    (၁) အဖျားပိုင်းကနေစပြီး အထက်ဆီသွားနည်းအတိုင်း ပတ်တီးစည်းပါ။
    ဘောင်းဘီချွတ်ရန်မလိုပါ။ အကိုက်ခံရတဲ့ ခြေ-လက်ကို ငြိမ်နေစေပါ။
    (၂) ကြောင်လိမ်နည်းနဲ့ တင်းတင်းစီးပါ။
    (၃) ပတ်တီးကို အဖက်ပိုင်းဆီရောက်နိုင်သမျှရောက်အောင်စီးပါ။
    (၄) သစ်သားပြား (ဝါး၊ သတ္တုချောင်း) နှစ်ချောင်း သုံးပြီး ငြိမ်အောင်လုပ်ပါ။
    (၅) လက်ကိုကိုက်ရင် လက်ကိုပတ်တီးစီးပြီး သုံးထောင့်ပတ်တီးသုံးပြီး

    ကိုယ်မှာကပ်ထားပါ။
    India national snake-bite protocol in 2007 အိန္ဒိယ
    မြွေကိုက်ခြင်းလိုက်နာရန်အချက်များ ၂ဝဝ၇
    • မြွေ ၇ဝ% မှာ အဆိပ်မရှိ။
    • အကိုက်ခံရသူ ၅ဝ% မှာသာ အဆိပ်သင့်။
    • Tight ligatures တင်းကြပ်နေအောင် စီးနှောင်တာမလုပ်ပါနဲ့။

    Anti-venom မြွေဆိပ်ဖြေဆေးကို ၁၈၉၅ မှာ ပြင်သစ်ဆရာဝန်
    Albert Calmette ကနေ ပဌမဆုံးသုံးခဲ့တယ်။ မြွေရဲ့ ပါးစပ်ကနေ
    အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။
    အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ်
    Antibodies (အင်တီဘော်ဒီ) တွေထွက်လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး
    မြွေဆိပ်ဖြေဆေးအဖြစ် သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။
    လူနာရဲ့သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို
    ဆန့်ကျင်ပြီး အဆိပ်ပျယ်စေတော့တယ်။ နောက်ပေါ်မြွေဆေးတွေက
    Polyvalent antivenom ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်တွေကို နိုင်တယ်။
    ကနေ့လို ‘ဒိဂျစ်တယ်လ်’ ခေတ်မှာ ‘ဆဲလ်ဖုန်း’ ကနေလဲ ရှေးဦးသူနာပြုနည်း၊
    ပတ်တီးစည်းနည်း၊ မြွေဆေးရတဲ့နေရာ၊ စတာတွေကို ချက်ချင်း ရှာဖွေကြည့်နိုင်လို့ နည်းပညာရဲ့အကျိုးကိုရယူပါလေ။
    ဒေါက်တာတင့်ဆွေ
    သင့်အတွက်ကျန်းမာရေး

    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁