{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, February 12, 2015

    ***** သရုပ်ဆောင်နေမှန်း သိရဲ့လား *****

    󾀼သရုပ်ဆောင်နေမှန်း သိရဲ့လား󾀼

⛄️⛄️⛄️
ရုပ်ရှင်မှာ အခန်းကဏ္ဍတွေ အမျိုးမျိုးရှိတဲ့အနက် ဘယ်သူကလူကြီးနေရာ၊ ဘယ်သူကလူငယ်နေရာ၊ လူမိုက်နေရာ၊ သနားစရာကောင်းတဲ့ ဇတ်ကောင်ရဲ့နေရာ စသည်ဖြင့် နေရာယူပြီး ဇာတ်လမ်းတခုကို ကရတယ်။ အဲဒီဇာတ်ရုပ်ကို Role လို့ခေါ်တယ်။ ရာထူးဆိုတာလဲ Role တမျိုးပါဘဲ။ အကယ်၍ ငါ သရုပ်ဆောင်နေတာပါလားလို့ မသိရင် သူတော်တော် ခံစားနေတော့မယ်။ အားလုံးဟာ သရုပ်ဆောင်နေကြတာပါ၊၊

⛄️⛄️⛄️
ငါတို့ဟာ ဘဝပေးအခြေအနေအရ အလုပ်တခုကို လုပ်နေရတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။အများအကျိုးရှိအောင် လုပ်မယ်။ ဒီအလုပ်ဟာ ငါလို့ သတ်မှတ်မထားဘူး။ အဲဒီလိုဖြစ်သွားရင် လွတ်လပ်တဲ့စိတ်နဲ့ အများအကျိုးကို ပိုပြီး ထိထိရောက်ရောက် လုပ်လို့ဖြစ်သွားပြီ။ အဲဒီလို ပိုပြီး လွတ်လပ်တဲ့သူ၊ ပိုပြီး အေးချမ်းတဲ့သူ၊ငြိမ်းချမ်းတဲ့သူ၊ ပျော်ရွှင်တဲ့သူ၊ အများအကျိုးကို ထိထိရောက်ရောက် စွမ်းဆောင်နိင်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ ဒါတွေကိုပြောနေတာ သူများကိုတင်ပြောတာ မဟုတ်ပါဘူး၊၊ ဘုန်းကြီးကိုယ်တိုင်လည်း အကျိုးရှိအောင် နေချင်ပါတယ်၊၊ အများအကျိုးကို အင်မတန် ဆောင်ရွက်ချင်ပါတယ်၊၊ ကိုယ် ဆောင်ရွက်လိုက်လို့ သူများမှာ စိတ်ချမ်းသာသွားတာကို သိရရင် တော်တော်ပျော်စရာ ကောင်းတာပဲ၊၊ အထူးသဖြင့် ဒကာ၊ ဒကာမတွေက “တပည့်တော်တို့ အရှင်ဘုရားတိတ်ခွေကို နားထောင်ပြီးတော့ တော်တော် စိတ်ချမ်းသာတယ်၊ တပည့်တော် နောက်ထပ်လည်း အမြဲတမ်း တိတ်ခွေတွေ မှာပြီး နားထောင်ပါတယ်၊၊ ဘဝမှာ သဘောထားတွေ မှန်ကန်လာတယ်၊ တရားလည်း အမြဲတမ်း အားထုတ်ပါတယ်” လို့ လာပြောတာ ကြားရရင် အင်မတန်ပျော်တာပဲ၊၊ တနည်းအားဖြင့် ပြောရရင် ငါ့ဘဝ ကျေနပ်စရာကောင်းတယ်လို့ ခံစားရတယ်၊၊ ကိုယ့်ဘဝကို အင်မတန် ကျေနပ်နေတယ်၊၊ ကိုယ့်ကြောင့် သူများ ချမ်းသာသွားတယ်လို့ဆိုတာ သိရတာလောက် ကျေနပ်စရာကောင်းတာ မရှိတော့ဘူး၊၊ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်နိုင်တဲ့သူတွေ ဖြစ်ကြစေချင်တယ်၊၊ ဖြစ်အောင်လည်း ကြိုးစားကြပါ၊၊󾁁󾁁󾁁

󾭜ဆရာတော်ဦးဇောတိက󾭜
    ( မဟာမြိုင်တောရ ) ၏
󾆮“ ဘဝဆိုတဲ့ကျောင်း ”󾆮
စာအုပ် စာမျက်နှာ(၉၁) မှ ကူးယူဖော်ပြပါသည်၊၊
     
    ရုပ်ရှင်မှာ အခန်းကဏ္ဍတွေ အမျိုးမျိုးရှိတဲ့အနက် ဘယ်သူကလူကြီးနေရာ၊ ဘယ်သူကလူငယ်နေရာ၊ လူမိုက်နေရာ၊ သနားစရာကောင်းတဲ့ ဇတ်ကောင်ရဲ့နေရာ စသည်ဖြ...င့် နေရာယူပြီး ဇာတ်လမ်းတခုကို ကရတယ်။ အဲဒီဇာတ်ရုပ်ကို Role လို့ခေါ်တယ်။ ရာထူးဆိုတာလဲ Role တမျိုးပါဘဲ။ အကယ်၍ ငါ သရုပ်ဆောင်နေတာပါလားလို့ မသိရင် သူတော်တော် ခံစားနေတော့မယ်။ အားလုံးဟာ သရုပ်ဆောင်နေကြတာပါ၊၊

    ငါတို့ဟာ ဘဝပေးအခြေအနေအရ အလုပ်တခုကို လုပ်နေရတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။အများအကျိုးရှိအောင် လုပ်မယ်။ ဒီအလုပ်ဟာ ငါလို့ သတ်မှတ်မထားဘူး။ အဲဒီလိုဖြစ်သွားရင် လွတ်လပ်တဲ့စိတ်နဲ့ အများအကျိုးကို ပိုပြီး ထိထိရောက်ရောက် လုပ်လို့ဖြစ်သွားပြီ။ အဲဒီလို ပိုပြီး လွတ်လပ်တဲ့သူ၊ ပိုပြီး အေးချမ်းတဲ့သူ၊ငြိမ်းချမ်းတဲ့သူ၊ ပျော်ရွှင်တဲ့သူ၊ အများအကျိုးကို ထိထိရောက်ရောက် စွမ်းဆောင်နိင်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ ဒါတွေကိုပြောနေတာ သူများကိုတင်ပြောတာ မဟုတ်ပါဘူး၊၊ ဘုန်းကြီးကိုယ်တိုင်လည်း အကျိုးရှိအောင် နေချင်ပါတယ်၊၊ အများအကျိုးကို အင်မတန် ဆောင်ရွက်ချင်ပါတယ်၊၊ ကိုယ် ဆောင်ရွက်လိုက်လို့ သူများမှာ စိတ်ချမ်းသာသွားတာကို သိရရင် တော်တော်ပျော်စရာ ကောင်းတာပဲ၊၊ အထူးသဖြင့် ဒကာ၊ ဒကာမတွေက “တပည့်တော်တို့ အရှင်ဘုရားတိတ်ခွေကို နားထောင်ပြီးတော့ တော်တော် စိတ်ချမ်းသာတယ်၊ တပည့်တော် နောက်ထပ်လည်း အမြဲတမ်း တိတ်ခွေတွေ မှာပြီး နားထောင်ပါတယ်၊၊ ဘဝမှာ သဘောထားတွေ မှန်ကန်လာတယ်၊ တရားလည်း အမြဲတမ်း အားထုတ်ပါတယ်” လို့ လာပြောတာ ကြားရရင် အင်မတန်ပျော်တာပဲ၊၊ တနည်းအားဖြင့် ပြောရရင် ငါ့ဘဝ ကျေနပ်စရာကောင်းတယ်လို့ ခံစားရတယ်၊၊ ကိုယ့်ဘဝကို အင်မတန် ကျေနပ်နေတယ်၊၊ ကိုယ့်ကြောင့် သူများ ချမ်းသာသွားတယ်လို့ဆိုတာ သိရတာလောက် ကျေနပ်စရာကောင်းတာ မရှိတော့ဘူး၊၊ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်နိုင်တဲ့သူတွေ ဖြစ်ကြစေချင်တယ်၊၊ ဖြစ်အောင်လည်း ကြိုးစားကြပါ၊၊
    ဆရာတော်ဦးဇောတိက
    ( မဟာမြိုင်တောရ ) ၏
    “ ဘဝဆိုတဲ့ကျောင်း ”
    စာအုပ် စာမျက်နှာ(၉၁) မှ ကူးယူဖော်ပြပါသည်၊၊
    LIFE
     

    No comments:

    Post a Comment

    😁😁😁