{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Thursday, February 12, 2015
    ***** နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ *****
    နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ
========================================
- ပေါက်ပေါက်
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်းလာပြီး သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊ အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍ သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။ 
အထူးသဖြင့် ဝမ်း ဗိုက်အဆီများသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် နှလုံးအဆီပိတ်ရောဂါဖြစ်ဖို့  အခွင့်အရေးပိုများလာပါ တယ်။ ဒါ့ပြင် နှလုံးသွေးကြောကျဉ်း ရောဂါဟာ အဆီအ စားများသူတွေမှာဖြစ်ပွားလေ့ရှိပြီး တိရစ္ဆာန်တို့၏အဆီ များ၊ အရေခွံများ၊ ဟင်းအဆီအနှစ်များ၊ ချိုလွန်းငန်လွန်း သောဟင်းလျာနှင့်အစားအသောက်များ၊ ထောပတ်၊ နို့ မလိုင် စသည့် အဆီအဆိမ့်များကို အလွန်အကျွံစားသုံး ခြင်းတို့ကြောင့် အဆိုပါရောဂါဖြစ်ပွားပြီး ဆေးလိပ်သောက် သူ၊ သွေးတိုးရှိသူ၊ သွေးချိုဆီးချိုရှိသူ၊ အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ မိဘမျိုး ရိုးမှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊ ရက်လတာရှည် အိပ်ရေးမဝသူ၊  ဒေါသကြီးသူ၊ သောကများ သူ၊ အသက်အရွယ်ကြီးရင့်သူ တွေသာမက အရက်အလွန် အကျွံသောက်သုံးသူများ တွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အကယ်၍ ဝမ်းဗိုက်အဆီများသူများအနေဖြင့် နှလုံးသွေး ကြောပိတ်ဆို့ခြင်းမှကာကွယ်ရန်အတွက် 
(၁) Liposlim  (ခေါ်) အဆီချေသည့်စက်ဖြင့် ဝမ်းဗိုက်အဆီများကိုလျှော့ ချပေးသည့်နည်း၊ 
(၂) Body Firming (ခေါ်) အဆီသိပ် မများဘဲ ဝမ်းဗိုက်သားတွဲကျနေသူများကို စက်ပစ္စည်းအ ကူအညီဖြင့် တင်းရင်းအောင် ပြုလုပ်ပေးသည့်နည်းများ ကို အသုံးပြုနိုင်ပါတယ်။ ၄င်းနှစ်နည်းအနက် မည်သည့်နည်း ကိုပဲသုံးသုံး အစား အသောက်ထိန်းခြင်းကို တွဲဖက်ပြုလုပ် နိုင်ပါမှ ထိုစက်ပစ္စည်းများဖြင့် ဝမ်းဗိုက်အဆီချခြင်းကို ပိုမို ထိရောက်စေမှာဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ ကမ္ဘာတစ်ဝန်း သေ ပျောက်မှု အများဆုံးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်း ကြောင့် တစ်နှစ်ကို လူဦးရေ ၆ဒသမ၃သန်း သေဆုံးနေ ကြရကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။ အောက် ပါ ဝေဒနာငါးရပ်က နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ ပြေး လက္ခဏာများ ဖြစ်တာကြောင့် မိမိကိုယ်ကိုဆန်းစစ် ကြည့်သင့်ပါတယ်။
(၁) ရင်ဘတ်အောင့်ခြင်း
*************************
နှလုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက် ကျော၊ အစာအိမ်၊ လည်ပင်း၊ မေးရိုးတွေနှင့် ဆက်စပ်နေ တာမို့ နှလုံးသွေးကြောပိတ်တဲ့အခါ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့် နာကျင်လာတတ်ပါတယ်။ အဆိုး ရွားဆုံးခံစားချက်မှာ နှလုံးထံသို့ သွေးမရောက်နိုင်တာ ကြောင့် ရင်ဘတ်ရဲ့ အလယ်ကောင် တည့်တည့် (ရင်ခေါင်း) ပိုင်းက ထိုးအောင့်လေ့ရှိပါတယ်။ ဒါ့အပြင် ရင်ခေါင်းပိုင်း က လေးလံတစ်ဆို့တဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါ တယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ မပေါ့ဆဘဲ အ ချိန်မီ ဆေးစစ်ခံသင့်ပါတယ်။
(၂) ခက်ခက်ခဲခဲ အသက်ရှူရခြင်း
*********************************
နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ ထို သွေးတွေက အဆုတ်ထဲမှာ သွားရောက်စုပုံနေတာကြောင့် အဆုတ်နေရာကအောင့်၍ ချောင်းဆိုကာ ခက်ခဲပင်ပန်း စွာ အသက်ရှူရတတ်ပါတယ်။ မကြာခဏဆိုသလို အသက် ရှုမဝခြင်း၊ နေ့စဉ်တက်နေကျလှေကားတွေပေါ် လျှောက် လှမ်းတက်ရုံမျှဖြင့် အလွန်တရာမောဟိုက်လာခြင်း၊ နိစ္စ ဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့် သိသိသာသာမောပန်း နွမ်းနယ်ခြင်းတို့ကလည်း နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေပါတယ်။
(၃) ပျို့အန်ခြင်း
***************
နှလုံးသွေးကြောပိတ်ဆို့တဲ့ဝေဒနာရှင်အများစုမှာ အီလည်လည်ဝေဒနာခံစားရပြီး မကြာခဏပျို့အန်လေ့ရှိ ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါဆန်ဆန် လေတွေ အန်ခြင်းကလည်း နှလုံးသွေးကြောပိတ်ခြင်းရဲ့နောက်ဆက် တွဲဝေဒနာတွေပဲ ဖြစ်ပါတယ်။
(၄) ခေါင်းမူးခြင်း
*****************
နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ဦးနှောက်ထဲ ကိုအောက်စီဂျင် ပြတ်လပ်လာကာ ခေါင်းမူးဝေခြင်းကိုဖြစ် စေပါတယ်။ အရာရာတိုင်းမှာ ရတက်မအေးဘဲ စိတ်စော နေသူများ စိတ်ပင်ပန်းနွမ်းနယ် နေသူများ ကလည်း သွေး လွှတ်ကြောပိတ်ဆို့ရောဂါစွဲကပ်နေသူများ ဖြစ်ပါတယ်။
(၅) နှလုံးခုန်နှုန်းမမှန်ခြင်း
**************************
နှလုံးသားထဲမှာ သွေးအလုံအလောက်မရရှိတဲ့အခါ သွေးတွေကို နှလုံးက အတင်းညှစ်နေရတာကြောင့် နှလုံး ခုန်မမှန်တော့ဘဲ ရင်ခုန်မှုမြန်ဆန်လာပါတယ်။ အကယ် ၍ နှလုံးခုန်ပုံမှန် မဟုတ်ဘဲ ရင်ဘတ်အောင့်၍မူးဝေတဲ့ ဝေဒနာတွေကို တစ်ပြိုင်နက်တည်းမှာခံစားနေရပြီဆိုရင် နှလုံးသွေးကြောပိတ်ဆို့နေပြီဖြစ်လို့ အမြန်ဆုံး ဆေးဝါးကု သမှု ခံယူသင့်ပါတယ်။
မှတ်ချက်
*********
ယခုအခါ ဂျာမနီနိုင်ငံရှိ Essen University မှ ESMR လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာ ရှင်များအတွက် အသင့်တော်ဆုံး ကုထုံးစက်ပစ္စည်းကို တီ ထွင်ထားပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းလုံး၏ နှလုံး ကုသမှုဌာနပေါင်း ၆ဝကျော်မှာ အသုံးပြုနေကြပြီး မြန်မာ နိုင်ငံမှာလည်း နေပြည်တော်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီးမှာ ထိုစက်ကိုတပ်ဆင်ပြီး လူနာများကိုကုသပေးလျက် ရှိပါတယ်။
ESMR (ခေါ်) Extra corporeal Shock-wave Myocardial Revascularzation ကုထုံးဆိုတာ အ သံလှိုင်းတွေကို အသုံးပြုထားခြင်းဖြစ်ပြီး နှလုံးသွေးကြော ပိတ်ဆို့တဲ့နေရာတွေနှင့် ကြွက်သားတွေကို ထိရောက်တဲ့ ထိုအသံလှိုင်းတွေချိန်ရွယ်ပြီးတော့  ထုတ်လွှတ်လိုက်တဲ့အ ခါ နှလုံးသွေးကြော သစ်တွေ ဖြစ်ပေါ်အောင် နှိုးဆွပေးတဲ့ ကုထုံးမျိုးပါ။ ထိုကုထုံးဖြင့် နှလုံးသွေးကြောသစ်တွေဖြစ် ပေါ်လာပြီးတော့ နှလုံးကြွက်သားတွေကို သွေးပြန်ပေး နိုင်လာတာကြောင့် 
(က)ရင်ဘတ်အောင့်တာတွေ သိသိ သာသာဆိုးရွာမှု သက်သာလာခြင်း၊ 
(ခ) အမောမဖောက် တော့ခြင်း၊ 
(ဂ) ရင်ဘတ်အောင့်ချိန် တဖြည်းဖြည်းခြားလာ ခြင်း၊ 
(ဃ) မူလထက်ပိုမို၍ လှုပ်ရှားသွားလာနိုင်ကာ အ မောခံနိုင်လာခြင်း၊ 
(င) Nitrate (ခေါ်)လုံးသွေးကြောကျယ် စေသည့်ဆေးများ သောက်သုံးရန် လိုအပ်မှုလျော့ကျလာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။ 
၎င်းကု ထုံးဟာ မေ့ဆေးထုံဆေးမလို၊ ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသခံနိုင်ပါကြောင်းနှင့် ကုသမှုသည် တစ်ကြိမ်လျှင် နာရီဝက်ခန့်ဆောင်ရွက်ရန် လိုအပ်ပြီး ကိုး ပတ်အတွင်း ကိုးကြိမ်ခန့် ကုသမှုခံယူရုံမျှဖြင့် ဖော်ပြပါနှလုံး ကျန်းမာရေးအကျိုးကျေးဇူးများကိုခံစားရနိုင်ပါကြောင်း နှလုံးသွေးကြောပိတ်ဆို့ ဝေဒနာသည်များအတွက် သတင်း ကောင်း ပါးလိုက်ရပါတယ်။
(ကိုးကား…American’s Health Digest)
#TheYangonTimes
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|
    ပေါက်ပေါက်
    ...
    နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့်
    အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်းလာပြီး
    သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ
    မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်
    အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ
    ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊
    အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍
    သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။
    အထူးသဖြင့် ဝမ်း ဗိုက်အဆီများသူတွေဟာ
    နှလုံးသွေးကြောကျဉ်းရောဂါ နှင့် နှလုံးအဆီပိတ်ရောဂါဖြစ်ဖို့ 
    အခွင့်အရေးပိုများလာပါ တယ်။ ဒါ့ပြင် နှလုံးသွေးကြောကျဉ်း
    ရောဂါဟာ အဆီအ စားများသူတွေမှာဖြစ်ပွားလေ့ရှိပြီး
    တိရစ္ဆာန်တို့၏အဆီ များ၊ အရေခွံများ၊ ဟင်းအဆီအနှစ်များ၊
    ချိုလွန်းငန်လွန်း သောဟင်းလျာနှင့်အစားအသောက်များ၊
    ထောပတ်၊ နို့ မလိုင် စသည့် အဆီအဆိမ့်များကို
    အလွန်အကျွံစားသုံး ခြင်းတို့ကြောင့် အဆိုပါရောဂါဖြစ်ပွားပြီး
    ဆေးလိပ်သောက် သူ၊ သွေးတိုးရှိသူ၊ သွေးချိုဆီးချိုရှိသူ၊
    အဝလွန်သူ၊ သွေး အဆီဓာတ်များသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊
     မိဘမျိုး ရိုးမှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ၊ စိတ်ဖိစီးမှုများသူ၊
    ရက်လတာရှည် အိပ်ရေးမဝသူ၊ ဒေါသကြီးသူ၊ သောကများ သူ၊
    အသက်အရွယ်ကြီးရင့်သူ တွေသာမက အရက်အလွန်
    အကျွံသောက်သုံးသူများ တွင်လည်း ဖြစ်ပွားနိုင်ပါတယ်။
    အကယ်၍ ဝမ်းဗိုက်အဆီများသူများအနေဖြင့် နှလုံးသွေး
    ကြောပိတ်ဆို့ခြင်းမှကာကွယ်ရန်အတွက်
    (၁) Liposlim (ခေါ်) အဆီချေသည့်စက်ဖြင့်
    ဝမ်းဗိုက်အဆီများကိုလျှော့ ချပေးသည့်နည်း၊
    (၂) Body Firming (ခေါ်) အဆီသိပ် မများဘဲ
    ဝမ်းဗိုက်သားတွဲကျနေသူများကို စက်ပစ္စည်းအ ကူအညီဖြင့်
    တင်းရင်းအောင် ပြုလုပ်ပေးသည့်နည်းများ ကို အသုံးပြုနိုင်ပါတယ်။
     အသောက်ထိန်းခြင်းကို တွဲဖက်ပြုလုပ် နိုင်ပါမှ ထိုစက်ပစ္စည်းများဖြင့်
    ဝမ်းဗိုက်အဆီချခြင်းကို ပိုမို ထိရောက်စေမှာဖြစ်ပါတယ်။
    နှလုံးသွေးကြောကျဉ်းရောဂါဟာ ကမ္ဘာတစ်ဝန်း သေ ပျောက်မှု
    အများဆုံးဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်း ကြောင့် တစ်နှစ်ကို
    လူဦးရေ ၆ဒသမ၃သန်း သေဆုံးနေ ကြရကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။
    အောက် ပါ ဝေဒနာငါးရပ်က နှလုံးသွေးကြောပိတ်ဆို့ခြင်း၏
    ရှေ့ ပြေး လက္ခဏာများ ဖြစ်တာကြောင့် မိမိကိုယ်ကိုဆန်းစစ် ကြည့်သင့်ပါတယ်။
    (၁) ရင်ဘတ်အောင့်ခြင်း
    *************************
    နှလုံးသွေးလွှတ်ကြောတွေက လက်မောင်း၊ နောက် ကျော၊
     အစာအိမ်၊ လည်ပင်း၊ မေးရိုးတွေနှင့် ဆက်စပ်နေ တာမို့
    နှလုံးသွေးကြောပိတ်တဲ့အခါ ထိုနေရာတွေမှာပါ အောင့်သက်သက်နှင့်
     နာကျင်လာတတ်ပါတယ်။ အဆိုး ရွားဆုံးခံစားချက်မှာ နှလုံးထံသို့
    သွေးမရောက်နိုင်တာ ကြောင့် ရင်ဘတ်ရဲ့ အလယ်ကောင်
    တည့်တည့် (ရင်ခေါင်း) ပိုင်းက ထိုးအောင့်လေ့ရှိပါတယ်။
    ဒါ့အပြင် ရင်ခေါင်းပိုင်း က လေးလံတစ်ဆို့တဲ့ဝေဒနာကိုလည်း
    ခံစားရတတ်ပါ တယ်။ ဒါကြောင့် ရင်ဘတ်အောင့်တဲ့အခါ
    မပေါ့ဆဘဲ အ ချိန်မီ ဆေးစစ်ခံသင့်ပါတယ်။
    (၂) ခက်ခက်ခဲခဲ အသက်ရှူရခြင်း
    *********************************
    နှလုံးထဲမှာ သွေးအလုံအလောက်မရှိကြတော့ဘဲ ထို
    သွေးတွေက အဆုတ်ထဲမှာ သွားရောက်စုပုံနေတာကြောင့်
    အဆုတ်နေရာကအောင့်၍ ချောင်းဆိုကာ ခက်ခဲပင်ပန်း စွာ
    အသက်ရှူရတတ်ပါတယ်။ မကြာခဏဆိုသလို အသက် ရှုမဝခြင်း၊
    နေ့စဉ်တက်နေကျလှေကားတွေပေါ် လျှောက် လှမ်းတက်ရုံမျှဖြင့်
    အလွန်တရာမောဟိုက်လာခြင်း၊ နိစ္စ ဓူဝ ပုံမှန်လှုပ်ရှားသွားလာခြင်းဖြင့်
    သိသိသာသာမောပန်း နွမ်းနယ်ခြင်းတို့ကလည်း
    နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် ပတ်သက်နေပါတယ်။
    (၃) ပျို့အန်ခြင်း
    ***************
    နှလုံးသွေးကြောပိတ်ဆို့တဲ့ဝေဒနာရှင်အများစုမှာ
    အီလည်လည်ဝေဒနာခံစားရပြီး မကြာခဏပျို့အန်လေ့ရှိ ပါတယ်။
    ဒါ့အပြင် အစာအိမ်ရောဂါဆန်ဆန် လေတွေ အန်ခြင်းကလည်း
    နှလုံးသွေးကြောပိတ်ခြင်းရဲ့နောက်ဆက် တွဲဝေဒနာတွေပဲ ဖြစ်ပါတယ်။
    (၄) ခေါင်းမူးခြင်း
    *****************
    နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ဦးနှောက်ထဲ
    ကိုအောက်စီဂျင် ပြတ်လပ်လာကာ ခေါင်းမူးဝေခြင်းကိုဖြစ် စေပါတယ်။
    အရာရာတိုင်းမှာ ရတက်မအေးဘဲ စိတ်စော နေသူများ
    စိတ်ပင်ပန်းနွမ်းနယ် နေသူများ ကလည်း သွေး
    လွှတ်ကြောပိတ်ဆို့ရောဂါစွဲကပ်နေသူများ ဖြစ်ပါတယ်။
    (၅) နှလုံးခုန်နှုန်းမမှန်ခြင်း
    **************************
    နှလုံးသားထဲမှာ သွေးအလုံအလောက်မရရှိတဲ့အခါ
    သွေးတွေကို နှလုံးက အတင်းညှစ်နေရတာကြောင့်
    နှလုံး ခုန်မမှန်တော့ဘဲ ရင်ခုန်မှုမြန်ဆန်လာပါတယ်။
    အကယ် ၍ နှလုံးခုန်ပုံမှန် မဟုတ်ဘဲ ရင်ဘတ်အောင့်၍မူးဝေတဲ့ ဝေဒနာတွေကို တစ်ပြိုင်နက်တည်းမှာခံစားနေရပြီဆိုရင် နှလုံးသွေးကြောပိတ်ဆို့နေပြီဖြစ်လို့
    အမြန်ဆုံး ဆေးဝါးကု သမှု ခံယူသင့်ပါတယ်။
    မှတ်ချက်
    *********
    ယခုအခါ ဂျာမနီနိုင်ငံရှိ Essen University မှ ESMR လို့ခေါ်တဲ့
    နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာ ရှင်များအတွက် အသင့်တော်ဆုံး
    ကုထုံးစက်ပစ္စည်းကို တီ ထွင်ထားပါတယ်။ ယနေ့အထိ ကမ္ဘာတစ်ဝန်းလုံး၏
     နှလုံး ကုသမှုဌာနပေါင်း ၆ဝကျော်မှာ အသုံးပြုနေကြပြီး
     မြန်မာ နိုင်ငံမှာလည်း နေပြည်တော်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံ ကြီးမှာ
     ထိုစက်ကိုတပ်ဆင်ပြီး လူနာများကိုကုသပေးလျက် ရှိပါတယ်။
    ESMR (ခေါ်) Extra corporeal Shock-wave Myocardial Revascularzation
    ကုထုံးဆိုတာ အ သံလှိုင်းတွေကို အသုံးပြုထားခြင်းဖြစ်ပြီး
    နှလုံးသွေးကြော ပိတ်ဆို့တဲ့နေရာတွေနှင့် ကြွက်သားတွေကို ထိရောက်တဲ့ ထိုအသံလှိုင်းတွေချိန်ရွယ်ပြီးတော့ ထုတ်လွှတ်လိုက်တဲ့အ ခါ နှလုံးသွေးကြော
    သစ်တွေ ဖြစ်ပေါ်အောင် နှိုးဆွပေးတဲ့ ကုထုံးမျိုးပါ။ ထိုကုထုံးဖြင့်
    နှလုံးသွေးကြောသစ်တွေဖြစ် ပေါ်လာပြီးတော့ နှလုံးကြွက်သားတွေကို
    သွေးပြန်ပေး နိုင်လာတာကြောင့်
    (က)ရင်ဘတ်အောင့်တာတွေ သိသိ သာသာဆိုးရွာမှု သက်သာလာခြင်း၊
    (ခ) အမောမဖောက် တော့ခြင်း၊
    (ဂ) ရင်ဘတ်အောင့်ချိန် တဖြည်းဖြည်းခြားလာ ခြင်း၊
    (ဃ) မူလထက်ပိုမို၍ လှုပ်ရှားသွားလာနိုင်ကာ အ မောခံနိုင်လာခြင်း၊
    (င) Nitrate (ခေါ်)လုံးသွေးကြောကျယ် စေသည့်ဆေးများ သောက်သုံးရန်
    လိုအပ်မှုလျော့ကျလာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်။
    ကုသခံနိုင်ပါကြောင်းနှင့် ကုသမှုသည် တစ်ကြိမ်လျှင် နာရီဝက်ခန့်ဆောင်ရွက်ရန်
    လိုအပ်ပြီး ကိုး ပတ်အတွင်း ကိုးကြိမ်ခန့် ကုသမှုခံယူရုံမျှဖြင့် ဖော်ပြပါနှလုံး ကျန်းမာရေးအကျိုးကျေးဇူးများကိုခံစားရနိုင်ပါကြောင်း နှလုံးသွေးကြောပိတ်ဆို့
    ဝေဒနာသည်များအတွက် သတင်း ကောင်း ပါးလိုက်ရပါတယ်။
    (ကိုးကား…American’s Health Digest)
    ‪#‎TheYangonTimes‬
    |───────────Yangon Media Group ──────────|
    www.facebook.com/YangonMediaGroup
    www.yangonmedia.com
    |───────────Yangon Media Group ──────────|
    No comments:
    Post a Comment
    😁😁😁