မွေးမေမေ
ကြည်နူးရောင်ခြည်
ရွှေရည်ပိန်းပါလို့
လေးဆူဓာက် ကိမ်းသည်ပ မြတ်ရွှေတိဂုံ။
...
ကြည်နူးရောင်ခြည်
ရွှေရည်ပိန်းပါလို့
လေးဆူဓာက် ကိမ်းသည်ပ မြတ်ရွှေတိဂုံ။
...
ဖူးမျှော်ကြလူစုံ
အာရုံကြည်နူးတယ်
ထူးတင့်ဘိဂုဏ်။
လှုဒါန်းကြပါတဲ့
ပန်းမျိုးစုံ။
ကြိုင်သင်းရနံ့ထုံလို့
ဂုဏ်တော်ကိုပွါး။
သူတော်တရားတွေနဲ့
ပျှော်ပါးရွှင်ရွှင်။
ရွှေရေးရောင်ရှင်
စိတ်ဘဝင်ကြည်နူးတယ်
ဦးထိပ်လက်တင်။
ရွှေတိဂုံဘုရားကိုလ
ဖူးမဝချင်။
ကြည်နူးစဉ်သွင်သွင်ငဲ့
မျက်ရည်စင်ဝဲ။
မွေးမေမေ ဘယ်ဆီမလဲဟု
မှန်းပြုနေ။
ပြုသမျှကုသိုလ်တွေ
အမျှခြွေတမ်းမယ်
ဝမ်းသာတော့အမေ။
မွေးမေမေရှိရင်လ
မြတ်ဘုရားရှင်ကိုလေ။
မေ့သားအပြုံးတွေနဲ့
ပို့ပေးချင်လွန်း။
ယွန်းဘဝခြားပြီမို့
စိတ်အားတော်ငယ်။
မွေးမေမေရယ်
နေ့စဉ်လွမ်းတယ်
ပမ်းပါဘိကွယ်။
ရွှေတိဂုံဘုရားကိုလ
စောင့်ငြားပေတယ်။
နတ်များဒေဝါကူသယ်လို့
မွေးမယ်အားပြော။
သားမောင်ချောရယ်က
ပို့သောမေတ္တာ။
မွေးမာတာသိစေကြောင်းကွယ်
နတ်ပေါင်းပြောပါ။
ကဗျာတစ္ဆေကြီးမှိုင်းဝေ
2014/7/17/17:33
ဘောလယ်ကဗျာများဟာ ကဗျာစည်းကမ်းများစွာနှင့် ကာရန်ထပ်ချိတ်ဆက်ရေးရသော ခတ်ခဲသော မြန်မာကဗျာစစ်စစ်ဖြစ်ပါသည်။
စိန်ခြူးကြာငြောင်
လရောင်ကယ်လင်းပါလို့
စသည်ဆိုထားသော သီချင်းသည် လှိုင်ထိပ်ခေါင်တင် မင်းသမီးလေးရေးဖွဲ့ခဲ့သော ဘောလယ်ကဗျာဖြစ်ပါသည်။
ဘောလယ်ကဗျာသည် ဂီတဘတ်သို့နွယ်သော ကဗျာဖြစ်ပါသည် ။
အာရုံကြည်နူးတယ်
ထူးတင့်ဘိဂုဏ်။
လှုဒါန်းကြပါတဲ့
ပန်းမျိုးစုံ။
ကြိုင်သင်းရနံ့ထုံလို့
ဂုဏ်တော်ကိုပွါး။
သူတော်တရားတွေနဲ့
ပျှော်ပါးရွှင်ရွှင်။
ရွှေရေးရောင်ရှင်
စိတ်ဘဝင်ကြည်နူးတယ်
ဦးထိပ်လက်တင်။
ရွှေတိဂုံဘုရားကိုလ
ဖူးမဝချင်။
ကြည်နူးစဉ်သွင်သွင်ငဲ့
မျက်ရည်စင်ဝဲ။
မွေးမေမေ ဘယ်ဆီမလဲဟု
မှန်းပြုနေ။
ပြုသမျှကုသိုလ်တွေ
အမျှခြွေတမ်းမယ်
ဝမ်းသာတော့အမေ။
မွေးမေမေရှိရင်လ
မြတ်ဘုရားရှင်ကိုလေ။
မေ့သားအပြုံးတွေနဲ့
ပို့ပေးချင်လွန်း။
ယွန်းဘဝခြားပြီမို့
စိတ်အားတော်ငယ်။
မွေးမေမေရယ်
နေ့စဉ်လွမ်းတယ်
ပမ်းပါဘိကွယ်။
ရွှေတိဂုံဘုရားကိုလ
စောင့်ငြားပေတယ်။
နတ်များဒေဝါကူသယ်လို့
မွေးမယ်အားပြော။
သားမောင်ချောရယ်က
ပို့သောမေတ္တာ။
မွေးမာတာသိစေကြောင်းကွယ်
နတ်ပေါင်းပြောပါ။
ကဗျာတစ္ဆေကြီးမှိုင်းဝေ
2014/7/17/17:33
ဘောလယ်ကဗျာများဟာ ကဗျာစည်းကမ်းများစွာနှင့် ကာရန်ထပ်ချိတ်ဆက်ရေးရသော ခတ်ခဲသော မြန်မာကဗျာစစ်စစ်ဖြစ်ပါသည်။
စိန်ခြူးကြာငြောင်
လရောင်ကယ်လင်းပါလို့
စသည်ဆိုထားသော သီချင်းသည် လှိုင်ထိပ်ခေါင်တင် မင်းသမီးလေးရေးဖွဲ့ခဲ့သော ဘောလယ်ကဗျာဖြစ်ပါသည်။
ဘောလယ်ကဗျာသည် ဂီတဘတ်သို့နွယ်သော ကဗျာဖြစ်ပါသည် ။


Myanmar Kyat Converter
No comments:
Post a Comment