(or) -တ္ကအ်ခ္မိုင်(တကော့ခမိုင်)-ဘီလူးကျွန်းအကြောင်းတို့၏ တစ်ပိုင်တစ်စ""
(အခန်း-2)
ဘုရင်ကြီးသည် အလွန်ဝမ်သာအားရကာ လုလင်ပျို မောင်ဒီထံ သမီတော်(ဏ္ဍင်သာဓလာ)ကိုပို့ဆောင်စေခဲ့သည်။ အခြွေအရံအသင်းအပင်းနှင့် တူရိယာဗုံမောင်းများတီးပြီး ဘုရင်သမီးတော်လာရောက်ရာ မောင်ဒီသည် မိမိအာဖမ်းသည်ဟုထင်ပြီး ခမောင်းပင်ကြီးအပေါ်သို့တက်ပြေးပြီး ခမောင်းပင်ပေါ်မှ လိမ့်ကျရာ မောင်ဒီသေဆုံးလေသည်။
ဘုရင့်သမီးတော်သည် မောင်ဒီ၏အလောင်းကို စည်ကားသိုက်မြိုက်စွာ သဂြိုလ်လေသည်
ရရှိသည့် အရိုးများကို ရွှေအိုးတွင်ထည့်၍ ထိုနေရာ၌ပင် စေတီတည်တော်မူသည်။
ထိုစေတီအား ဖံဖရွှာ|ရွှေနတ်တောင်နတ်စင် အနီးတွင် ယခုတိုင်တည်ရှိနေသည်။
နတ်စင်သည်လည်း မောင်ဒီ၏ နတ်ကွန်းဖြစ်ပြီး ကျွန်းပိုင်ရှင်နတ်
(ဘိုးဘိုးကြီး)သည် မောင်ဒီဖြစ်၍ လူအများယနေ့ထက်တိုင်း မောင်ဒီ
နတ်(ဘိုးဘိုးကြီး)ကို ပူဇော်ပသနေသေသည်ကို တွေ့မြင်ပေလိမ့်မည်(ဤကာ
ဘီလူးကျွန်မှ လူငယ်ပါစပ်ရာဇဝင်ထဲမှ မောင်ဒီရာဇဝင်အနည်းအကျဉ်းသာဖြစ်သည်။
(ဃ)စတုတ္ထအဆို
မွန်များ ရာမညဒေသတို့ ရောက်သည့်အချိန်တွင် နီဂရီတိုများသည် တောင်ဘက်သို့ ရွှေ့ဆိုင်နေထိုင်ကြပေသည်။ ဘီလူးကျွန်းနှင့် ကပ္ပလီကျွန်းတို့တွင် နီဂရီတိုအနွယ်အဝင် စမင်း(ဆေမန်) လူမျိုးများနေထိုင်ခဲ့ဟန်တူသည်။ မော်လမြိုင်နှင့် တစ်ဘက်ကမ်းရှိ ဘီလူးကျွန်းကို မွန်တို့က တကော့ခမိုင်ဟု ခေါ်သည် ။ တကော့၏ အဓိပ္ပါယ်မှာ ကျွန်း ဖြစ်သည် ။သိုသော် (မွန်ဘာသာ ) ချမ်မွေ့ နန် မင်နန္ဒာပျို့တွင် ခမိုင်ကို အကိုင်အခက်များသော် သစ်ပင်တစ်ပင်ဟု ဆိုသည် ။ထိုသစ်ပင်ပေါ်တွင် နားနေသော လင်ယုန် အဖို-အမတို့မှ လူထူးလူဆန်ပေါက်ဖွာသည်ဟု ဖောပြထားသည်။ ဤရာဇဝင်ကို လေ့လာပြီးလျှင် သုတေသနသဘောဖြင့် ဆင်ခြင်လိုက်သော် ခမိုင်ဝေါဟာရသည် စမိုင်လူမျိုးကို ဆိုလိုကြောင်းတွေမိသည်။
(စမင်းလူမျိုးများ ဘီလူကျွန်တွင် နေထိုင်ခဲ့ဟန်ရှိသည်ကို (မဆလခေတ်)နောက်ပိုင်တွင် ဗမာတွေ ရေသားလာခဲ့သည် ဒါပေမယ့် သမိုင်းအထောင့်အထားနှင့်တကွ ဖော်ပြထားခြင်း မရှိခဲ့ပါ )ထိုခေတ်တွင် အဝတ်အစားမရှိ နှုတ်ခမ်းထူး|ဆံပင်ကောက်|အသားမည်း|ရေကူးသန်ခက်ထန်းကြမ်းတမ်းပြီး ဘီလူးနှင့် တူကြသဖြစ် ထိုကျွန်းကိုယက္ခကျွန် ဘီလူးကျွန်းဟုခေါ်ခဲ့ဟန်တူပေသည်။
ဤကာဖော် ပြပါ အကျဉ်ချုပ်ခြင်းသာဖြစ်၏
ကိုကာ……
အထက်ပါဖော်ပါသုံးခုကတော့ မွန်ဘာသာစကားတွင် ရှေ့ဟောင်း မွန်စကားများနှင့် တူညီသော ဝေါဟာရ Dr.ဝလက်ဒင်နှင့် စကိတ်တို့ ပြုစုသော ""မလ္လာယုကျွန်းဆွယ်ရှိ ဘာသာတရားအသိမြင်ကင်းမဲ့သော လူမျိုးစုများစာအုပ်တွင်မှ/
မွန်လူမျိုးများဆင်သက်လာပုံးနှင့် ပတ်သက်၍ စွယ်စုံကျမ်း အတွဲ(၁၀)စာမျက်နာ ၄၀၉/
မွန်လူမျိုးများတို့၏ ရှေ့ဟောင်းသားချော့တေးစာအုပ်မှ/
လိခ်က္နပ်-မင်ဗ္လဲာကောန်က္မအ်-ကျာ်ဇ္နော်အ္စာ မှာထေရ်ပါလိတ ဘာဓါတ်ကျာ် ဍုင်ကမာဝက်
မုဒွန်ရွာ ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု -မြန်မာနိုင်ငံသံဃာ့နာယက သြဝါဒ ) ထုတ်ဝေသောစာအုပ်မှ/
၁၉၈၅ခုနှစ် မွန်ပြည်နယ်နေ့ စာမျက်နာ ၃၃မှ ၃၈ထိ ထုတ်ဝေသောစာအုပ်မှ /
ဗညာရတ်ပေင်(banyarpyoe)

Myanmar Kyat Converter
No comments:
Post a Comment