သမိုင်းရာဇဝင်းကို
ကွယ်ပျောက်လုနီးပါမို့ ရှေ့ဆက်နောင်ဆက် ညီငယ် ညီမငယ်များအတွက်
မိမိကျွန်းရဲ့ သမိုင်းရာဇဝင်ကို လေ့လာနိုင်စေရန် ရည်ရွယ်ပါ၏
သိမှတ်ဖွယ်ရာ အဖြာဖြာ""ဘီလူးကျွန်းဖြစ်ပေါ်လာပုံနှင့်""(or) -တ္ကအ်ခ္မိုင်(တကော့ခမိုင်)-ဘီလူးကျွန်းအကြောင်းတို့၏ တစ်ပိုင်တစ်စ""
(အခန်း-1)
ြ မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်နယ် တွင် မော်လမြိုင်မြို့ အနောက်ဘက်
မြောက်လတ္တီတွဒ်(16)ဒီဂရီ-13မိနေစ်ကြားနှင့် (16)ဒီဂရီ 30 မိနေစ်ကြားတွင် တည်ရှိပြီး
|လောဂျီတွဒ် (75)ဒီဂရီ -27မိနေစ် အရှေ့ကြာတွင် တည်ရှိသော
ကျွန်းကြီးတစ်ကျွန်း ဖြစ်ပေသည်။
ဘီလူးကျွန်း ဟူသော အမည်ကို ခေါ်တွင်ခြင်းနှင့်ပတ်သက်၍ အဆို(4)ရပ်ရှိပေသည်။
(က)ပထမအဆို
ဤကျွန်းကို (ယက္ခဒီပ)ဟု ခေါ်တွင်ရခြင်းမှာ မြတ်စွာဘုရာသခင်သည် အနောက်မဇ္ဈိမဒေသမှ ဤကျွန်းတို့ ဒေသစာရီ ကြွချီတော်မူသော အချိန်တွင် ဘီလူးများစွာတို့သည်
ဤကျွန်း၏ အမြင့်ဆုံးဖြစ်သော |(ဆတ်တောင်/မုနိုင်တောင်/ဒရယ်တောင်များတွင်
နေထိုင် သည်ကို အစွဲပြု၍ (ဘီလူးကျွန်း) ဟုတ် ခေါ်တွင်သည်။
ယင်ဘီလူးများကား ""အဿမုက္ခီ""ခေါ် ဘီလူးမင်းသည် ဆတ်တောင်ပေါ်တွင်နေထိုင်ပြီး
အဲဒီအချိန်တွင် ဤနိုင်ငံမြန်မာပြည်အောက်ပိုင် အုပ်စိုးစဉ်ကာလ သမလမင်၏သားတော် အဿကုမ္မာရမင်းသာနှင့် စစ်ခင်းတိုက်ခိုက်ကြရာ ဘီလူးမင်းများရှုံးနိမ့်သဖြင့်
ဘီလူးများ ဘီလူးကျွန်းဒေသမှ ထွက်ပြေးခဲ့ရသည်ဟု အဆိုရှိပါသည်။
(ခ)ဒုတိယအဆို
ရန်ကုန်ရာဇဝင်သမိုင်း၌ ပါရှိသော မွန်လူမျိုးတို့၏ ရှေ့ဟောင်း
သားချော့တေးမှ ရေသားဖော်ပြထားသည်မှာ "ယိလေ ယိုလေ |အိုးချစ်သားလူကလေး|
လောဒါစာတီမြစ်ဝ ကံရမန္ဒ (ကော်ရိုမန္ဒိလ်)ခေါ် ပင်လယ်ကမ်းရိုးတန်းဌာနသည်|
ငါတို့(မည်ဒ) မွန်ဒ လူမျိုးများ၏ နေရပ်ဌာနဟောင်းဖြစ်သည်။
ငါတို့မှာ ရှေ့ဝိပါက ကံအားလျှော်စွာ အရှင်သခင် ဘုရင်မင်းနှင့်
ကွေကွင်းပြီး(ထိုအရပ်မှ)ထွက်လာခဲ့ကြရာ တချိန်ကမွန်နိုင်ငံ-သုဝဏ္ဏဘုမ္မိပြည်အောက်ပိုင်း-ဇယာပြည်နယ်(ယခုအခေါ်အဝေါ် ကမာဝက်မြို့(မုဒုံမြို့နယ် မွန်ပြည်နယ်)တကော့ခမွိုင်ခေါ် (ယခုအခေါ်အဝေါ်-)ပလူကျွန်းဌာနသို့ ရောက်လာကြသည်ဟူ၍ ဖြစ်သတည်း။
ဤအလွန်ရှေးကျသော အထောက်အထားကို ထောက်ရှုခြင်းအားဖြင့် မွန်အနွယ်အဝင်လူမျိုးများ မြူးပျော်ဖွယ်ရာ ပလူကျွန်းဟူ၍ မှည့်ခေါ်လာရာမှ ဘီလူးကျွန်းသို့ ရွေ့လျောပြောင်းလဲလာခဲ့ကြလေသတည်း။
(ဂ)တတိယအဆို
ကမာဝက်မြို့(မုဒုံမြို့နယ်) မွန်စာအုပ်(မင်ဗ္လဲာကောန်တ္မအ်)မှ ကိုကာလျှက်-
ယခင်ကျိုက္ခမီခရိုင် ဇယာခရိုင်(ယခု ကမာဝက်မြို့) ဝါခရူ ခရိုင် (ယခု သံဖြူဇရပ်မြို့နီနားတဝိုက်) ဘီလူးကျွန်းနှင့် ဟံသာဝတီခရိုင် (ယခု)တွံတေးမြို့နယ်တဝိုက် လူသိများသော
မောင်ဒီအကြောင်း ရာဇဝင်အကြောင်းဖြစ်သည်။(ရှေ့ဟောင်းမွန်စာပေးများမှ ဘာသာပြန်ထုတ်ဝေးထားပြီးလည်ဖြစ်ပါသည်။
ယင်းရာဇဝင်အကြောင်းကာ
ဘီလူးကျွန်းကို မွန်ဘာသာဖြင့် တကော့ခမွိုင်ဟူ၍ ခေါ်သည်။အဓိပ္ပါယ်မှာ ခမောင်းပင်(တ္နံခမွိုင်) ပေါက်သောကျွန်း ဖြစ်ပါသည် ဤခမောင်းပင်နှင့်
(ဤသာဓကကို Mon states ဓါတ်တော်ကျောင်းဆရာတော်ထုတ်ဝေးသော်စာအုပ်ယခုတွင် ဖော်ပြထားခြင်းရှိနေပါသေသည်)
ခမောင်းပင်ကြီးပေါ်တွင် ရှေ့အခါက လင်းယုန်ဖို-မနှစ်ကောင်း အသိုက်ပြုလုပ်နေထိုင်ခဲ့ကြရာတွင် ဥတစ်လုံးမှ လူပေါက်ဖွားလာပြီး ယင်းခလေးမှာ မောင်ဒီးဖြစ်ခဲ့ရပါသည် အရွယ်ရောက်လာသည့်မောင်ဒီ(မင်ဗ္လဲာကောန်က္မအ်)သည် မြစ်အတွင်မှ
ငါးကြင်းတစ်ကောင်းဖမ်းမိရာ မီမြိုက်ပြီး ခရီသွားကုန်သင်္ဘော ဖြင့်
(ယခင်သုဝဏ္ဏဘုမ္မိ ဘုရင်မင်းမြတ်ထံ ဆက်သခဲ့သည် မွှေးကြိုင်းသော ငါကြင်းအနံ့ကြောင့် ဘုရင်၏နားကိုက်ဝေဒနာ ပျောက်ကင်းလေသည်။
----ဗညာရတ်ပေင်(banyarpyoe)ဆက်လက်ဖော်ပြပါမည် (အခန်း-2)

Myanmar Kyat Converter
No comments:
Post a Comment