ဘဝမှာလုပ်ခဲ့ပြီးတဲ့အလုပ်တွေထက် မလုပ်လိုက်ရတဲ့
အလုပ်တွေကို လူတွေက ပိုနောင်တရတတ်ကြတယ်။...
နောက်ဆုံးချိန်မှာ မလုပ်လိုက်မိလေခြင်းဆိုတဲ့ ကြီးမား
တဲ့နောင်တကြီးနဲ့ပေါ့။

တစိမ့်စိမ့်ပီတိကခံစားလို့ကောင်းပေမယ့် တမြေ့မြေ့
နောင်တက သိပ်ဆိုးရွားတယ်။
ဝမ်းရေးတစ်ခုအတွက် ကျားကုတ်ကျားခဲရုန်းကန်နေရ
လို့ တစ်ချို့ဘဝပျော်ရွှင်ချိန်လေးတွေကိုမေ့လျော့ကျန်
သွားကြတယ်။
ပျော်ရွှင်မှုဆိုတာ ဝမ်းရေးဖြည့်တင်းရတဲ့အခြေအနေ
မှာထက် မိမိတို့အဖြစ်ချင်ဆုံးဆန္ဒကို မိမိတို့ကိုယ်တိုင်
စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့အခြေအနေသာမူတည်ပါတယ်။
ပျော်ရွှင်မှုကိုသင်ဆုပ်ကိုင်ချင်တဲ့အခါမှာဘဝနဲ့အလုပ်ကို
ဟန်ချက်ညီစွာ ထိန်းညှိသွားတတ်မှရမယ်။
ရရှိတဲ့အချိန်အပိုင်းအခြားအတွေမှာ ကိုယ့်အနားကလူ
တွေကို တန်ဖိုးထားဖို့မမေ့သင့်ပါ။
ကိုယ့်ရဲ့အလုပ်တိုင်းကို တန်ဖိုးထားဖို့မမေ့သင့်ပါ။
ရေတိုစီမံကိန်းအချိန်ပိုင်းအလုပ်ကလေးတွေကနေ
ရေရှည်စီမံကိန်းကာလရှည်အလုပ်တွေအထိ ငွေထက်
အတွေ့အကြုံကို အလေးထား လုပ်ဆောင်ပါ။
အတွေ့အကြုံကောင်းတွေဟာငွေခေါ်ဆောင်လာမယ့် သင့်အတွက်နည်းလမ်းတွေပဲ။
လူတော်တော်များများက လူတွေနဲ့ပေါင်းသင်းဆက်ဆံ
တဲ့အခါမှာဖြစ်ဖြစ်၊အလုပ်တာဝန်ကိုစတင်ထမ်းဆောင်
ရတဲ့အခါမှာဖြစ်ဖြစ် အလေးထား လုပ်ဆောင်တတ်ကြ
ပေမယ့် ထိုနေရာကို စွန့်လွတ်ရတော့မယ့်အခါမျိုးတွေ
မှာ ရက်ရက်စက်စက်ကျောခိုင်းပြီးထွက်သွားတတ်ကြ
တယ်။ အမုန်းတရားတွေ ချန်ခဲ့တတ်ကြတယ်။
ဘဝလမ်းတွေမှာ အဝင်နဲ့အထွက်က တံခါးတွေမကြာ
ခဏ သင်တွေ့ရမှာပါ။ အဝင်တံခါးတွေကိုပဲ အတင်း
ဝင်ဖို့လောမနေနဲ့။ အထွက်တံခါးလေးတွေကိုလည်း စ
နစ်တကျ ပြန်ပိတ်ထားခဲ့ကြဖို့လိုတယ်။ သင်ဖွင့်ခဲ့တဲ့တံ
ခါးရဲ့ လုံခြုံမှုဟာ သင့်ကိုယ်သင်တန်ဖိုးထားတဲ့ အပိုင်း
ပေါ်မှာ မူတည်တာအမှန်ပဲ။
နေရာအပြောင်းအလဲတွေမှာ နောင်တတွေ ယူသွားရ
တဲ့အဖြစ်မျိုးတွေ မဖြစ်စေနဲ့။ လူတိုင်းကို နှလုံးသားနဲ့
ဆက်ဆံပါ။
အလုပ်တွေကို စိတ်အားထက်သန်စွာနဲ့အင်တိုက်
အားတိုက်လုပ်ပါ။
အချိန်တွေကို စနစ်တကျစီမံခန့်ခွဲပြီးဖြတ်ကျော်သွားပါ။
သို့မှာသာ ဘဝရဲ့အရေးကြီးတဲ့အလုပ်ကလေးတွေ ကျော်မကျန်ခဲ့မှာပေါ့။
သင် သတိထားမိမှာပေါ့။
သင့်ပတ်ဝန်းကျင်မှာ သင့်ကို နောင်တရစေမယ့် အရာ
တွေရှိနေတတ်တယ်။ တစ်ချို့နောင်တတွေက အမှား
တွေကနေရပြီး တစ်ချို့နောင်တတွေကအမှန်တရားကို
သင်မလုပ်နိုင်ခဲ့လို့ပဲ။ ဘဝမှာ အမှားတွေ့တာမဆန်းပါ
ဘူး၊ လောကကြီးက မှားခွင့်ပေးထားပါတယ်၊ပြန်လည်
ပြင်ဆင်ဖို့ အချိန်လည်း ရပါသေးတယ်။
အမှန်တရားကိုသင် ခွကျော်ထားခဲ့မယ်ဆိုရင်တော့ သင်ဟာ
ဘဝတစ်လျောက်လုံး နေထက်ပူတဲ့အပူကို ခံစားနေရလိမ့်မယ်။
လေတိုက်သံတွေဟာသင့်ကိုခြောက်လှန့်ကြလိမ့်မယ်။
မိုးရေစက်တွေက သင့်ကို နှစ်မြှုပ်ပစ်ကြလိမ့်မယ်။
ဒီနောင်တတရားတွေဟာသင်နောက်ဆုံးအချိန်တွေမှာ မဖြစ်မနေခံစားရမှာပါပဲ။
ဒါကြောင့် ကိုယ့်အနားမှာရှိတဲ့လူတွေ၊ အလုပ်တွေနဲ့ တာဝန်တွေကို
တန်ဖိုးရှိရှိစီမံလုပ်ဆောင်သွားဖို့သာ လိုအပ်ပါတယ်။
အချိန်လွန်နောင်တ
တွေကို နှောင်းတသသ မဆွေးကြရအောင်ပေါ့လေ။ ။

Myanmar Kyat Converter
No comments:
Post a Comment