{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, April 27, 2015

    ***၃၈ ဖြာ မင်္ဂလာ***


    ဦးမြင့်ခိုင်'s photo.

    လူမိုက်နှင့်မိုက်စိတ်ရှောင်ကြဉ်
    အသေဝနာစဗာလနံ...
    ပညာရှိပညာရှင်နှင့်ပူးပေါင်း ပဏ္ဌိတာနဉ္စသေဝနာ
    ပူဇော်ကောင်းသူကိုပူဇော်
    ပူဇာစပူဇနေယျာနံ
    သင့်လျှော်ရာဒေသမှီခို
    ပတိရူပဒေသဝါသောစ
    ရှေးကုသိုလ်စုစည်းကြ
    ပုဗ္ဗေစကတပုညတာ
    ကိုယ့်ဘဝကိုယ်ထိမ်းပြင်
    အတ္တသမ္မာပဏီတိစ
    အကြားအမြင်လေ့လာ
    ဗာဟုသဉ္စစ
    သက်မွေးပညာတက်ကျွမ်း
    သိပ္ပဉ္စ
    လူ့ စည်းကမ်းမတိမ်းစောင်း
    ဝိနယောစသုသိက္ခိတော
    စကားကောင်းပြောဆို
    သုဘာသိတာစယာဝါစာ
    မိဘကိုပြုစု
    မာတာပိတုဥပဌာနံ
    အိမ်ထောင်မှု့ တာဝန်ကျေ
    ပုတ္တဒါရဿသင်္ဂဟော
    ရှာဖွေလေပြစ်ကင်းစီးပွား
    အနကုလာစကမ္မန္တာ
    မေတ္တာပွားဒါနပြု
    ဒါနဉ္စ
    တရားမျှတမှု့ ရှိစေ
    ဓမ္မဝရိယာစ
    ဆွေမျိုးတွေပေးကမ်း
    ဥာတကာနဉ္စသင်္ဂဟော
    ကုသိုလ်လုပ်ငန်းမပြတ်ပြု
    အနဝဇ္ဇာနိကမ္မာနိ
    မကောင်းမှု့ ဆိုဝေးစွာရှောင်ကြဉ်
    အာရတီ
    ရင်ဆိုင်တွေ့ လျှင်မလွန်ကျုး
    ဝိရတီပါပါ
    မူးယစ်ဆေးအရက်မသောက်စား
    မဇ္ဇပါနာစသံယမော
    လုပ်ကိုင်ပြောကြားတရားနှင့်အညီ
    အပ္ပမာဒေါစတဓမ္မေသု
    ကြီးသူကိုရိုသေ
    ဂါရဝေါစ
    ကိုယ့်ကိုလေနှိမ့်ချ
    နိဝါတောစ
    ရတာနဲ့ ကြည်နူး
    သံန္တုဌီစ
    သူ့ ကျေးဇူးအမြဲသိ
    ကတညူတာ (ကတင်ညုတာ)
    မှတ်မိကျင့်ရာတရားနာ
    ကာလေနဓမ္မသာကစ္ဆာ
    အရာရာသည်းခံ
    ခန္တီစ
    ပြန်လှန်မချေပဆုံးမလွယ်ကူ
    သောဝစဿတာ
    သူတော်စင်ဖူးမြှော်
    သာမဏာနဉ္စဒဿနံ
    သင့်လျှော်ချိန်တရားဆွေးနွေး
    ကာလေနဓမ္မသာကစ္ဆာ
    အဖျက်အားပေးအပျော်အပါးခြိုးခြံ
    တပေါစ
    အမှန်တရားကို အားထုတ်ကျင့်သုံး
    ဗြဟ္မစရိယဉ္စ
    လမ်းဆုံးပန်းဝင်သစ္စာမြင်
    အရိယာသစ္စာနဒဿနံ
    ဤတွင်ပေါင်းရုံး သုံးဆယ့်ဆုံးကို အကြောင်းမင်္ဂလာ ခေါ်ဆိုရာ၏
    အကြောင်းမင်္ဂလာ ပြည့်စုံပါက
    အောက်ပါငါးမျိုး အကျိုးမင်္ဂလာ ကိန်းသေလာ၏
    ဝဋ်ဒုက္ခသိမ်း နိဗ္ဗါန်ကိန်းမည်
    နိဗ္ဗါနသစ္စိကိရိယာစ
    ကြုံပြီလောကဓံ ကြံ့ခိုင်စိတ်ဓာတ်
    ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယသ နကမ္ပတိ
    မပြတ်ပူဆွေး သောကအေးပြန်
    အသောကံ
    အစွဲမှန်သမျှ ခဝါချကာ
    ဝိရဇံ
    ဒေါသပယ်ခွါ ငြိမ်းချမ်းရာ၏
    ခေမံ
    သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကို
    သေချာလိုက်နာ ကျင့်သုံးပါလော့
    မှတ်ချက်
    ၃၈ ဖြာမင်္ဂလာတရားတော်ကြီးဟာ
    လူ့ ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ထိ
    ၁၂ နှစ်တိုင်တိုင် အဖြေမထုတ်နိုင်ခဲ့ပါဘူး
    မင်္ဂလာတရားဆိုတာ ဘာကိုခေါ်တာလည်းဆိုတာ
    နတ်တွေဗြဟ္မာတွေတောင် မသိခဲ့လို့ 
    ၁၂ နှစ်ကြာခဲ့ပါတယ်
    ဘုရားရှင်ပွင့်တော်မူမှပဲ မင်္ဂလာတရားဟာ
    ၃၈ မျိုးရှိတယ်ဆို့ပြီးဟောကြားခဲ့လို့ သာ
    ကျွန်တော်တို့ လည်းသိခွင့်ရခဲ့ကြတာပါ
    ကမ္ဘာပေါ်မှာရှိတဲ့ ပညာရှိတွေ နိုဘယ်ဆုရှင်တွေ
    သိပ္ပံပညာရှင်တွေကိုမေးလည်း ဘယ်သူမှ
    မသိနိုင်ပါဘူး
    ဒါဟာ ဘုရားရှင်ပွင့်လို့ သာ သိခွင့်ရှိရတာပါ
    အဲဒီလိုအရာတွေကိုသိခွင့်ရှိတာဟာ
    ဗုဒ္ဓဘာသာရဲ့ အခြားဘာသာများထက်
    သာလွန်တဲ့အချက်ပါပဲ
    ကျွန်တော်တို့ တတွေဟာ
    ကံကောင်းကြပါတယ်
    ဦးမြင့်ခိုင် မှ Copy

     

    No comments:

    Post a Comment

    😁😁😁