{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Monday, April 27, 2015

    ***ကိုယ့္ကိုယ္ကို ယံုႀကည္မႈ ***

    LIFE's photo.
     

     ငါ့ဘဝကို လမ်းညွှန်ပေးမယ့် မှန်ကန်တဲ့ ရွေးချယ်မှု၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်
    တွေကို ငါ့စိတ်က ရွေးချယ်နိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်လို့ ငါ့စိတ်ကို ငါ ယုံကြည် စိတ်ချတယ်။

    ကိုယ့်ကိုယ်ကို ဘယ်သူလဲ ဆိုတာကို သိတဲ့သူဟာ သူများ လုပ်တာကို လိုက်မလုပ်ဘူး။
    သူလုပ်ချင်တာကို လုပ်တယ်။ သူ့မှာ ကိုယ်ပိုင် အယူအဆ ဆိုတာ ရှိတယ်။
    ကိုယ်ပိုင် ခံယူချက်ဆိုတာ ရှိတယ်။ သူ့မှာ ရေရှည် ရည်မှန်းချက် ရှိတယ်။
    အစီအစဉ် ရှိတယ်။ သူဟာ လမ်းပျောက် နေတဲ့သူ မဟုတ်ဘူး။
    လမ်းမရှိတဲ့နေရာမှာ လမ်းထွင်ပြီး သွားနေတဲ့သူ ဖြစ်တယ်။

    အခက်အခဲ မရှိတာထက် အခက်အခဲကို ဥာဏ်နဲ့ ဖြေရှင်းနိုင်တာက ကိုယ့်ကိုယ်ကို
    ယုံကြည်မှုကို ပိုပြီး အားကောင်းစေတယ်။
    ကိုယ့်ဘဝကို ကိုယ် ပြောင်းလဲနိုင်တဲ့ စွမ်းအား ကိုယ့်မှာရှိပါတယ်။

    နေ့စဉ် ကိုယ့်စိတ်ကို လမ်းမှန်နေအောင် လမ်းတည့်ပေးနေရင် တဖြည်းဖြည်း
    အားမကိုးသင့်တာတွေကို အားကိုးမနေတော့ပဲ အယူသည်းတာတွေ ဗေဒင်ယတြာ
    ယုံတာတွေ ပျောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေကို သဘာဝကျကျ အကြောင်းအကျိုး ကိုက်အောင်တွေးပြီး အကြောင်းမှန်ကို လုပ်လို့ အကျိုးမှန်ကို ရလာလိမ့်မယ်။
    ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာမယ်။ ဒါကြောင့် စိတ်အေးချမ်းမှုလည်း ပိုရှိလာမယ်။
    ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှု မရှိသေးသ၍ စိတ်အေးချမ်းမှု မရှိနိုင် သေးဘူး
    ဆိုတာကိုတော့ လေးလေးနက်နက် သဘောပေါက်မှ ဖြစ်မယ်နော်။

    ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်တဲ့သူဟာ ကိုယ့်အမှားကို ကိုယ် ဝန်ခံရမှာ မကြောက်ဘူး။
    မှားနေရင် မှားတယ်လို့ လက်ခံရမှာ ဝန်မလေးဘူး။ အဲဒါဟာ အင်အားကြီးတဲ့စိတ်ရဲ့
    လက္ခဏာ ဖြစ်တယ်။ အင်အား မရှိတဲ့စိတ်ဟာ မှားမှာကို သိပ်ကြောက်တယ်။
    အထူးသဖြင့် ကိုယ်မှားနေတာကို သူများသိမှာ သိပ်ကြောက်တယ်။

    ကိုယ့်ကိုယ်ကို ကိုယ် တကယ် ယုံကြည်တဲ့သူဟာ ကိုယ့်မေးခွန်းကို ကိုယ်
    မေးပြီးတော့ ကိုယ့်အဖြေကို ကိုယ် ရှာတဲ့သူ ဖြစ်တယ်။ သူများမေးခွန်းနဲ့
    သူများအဖြေကို ကျေကျေနပ်နပ် လက်မခံဘူး။

    ကိုယ့်ကိုယ်ကို ကိုယ် တကယ် ယုံကြည်မှု ရှိတဲ့သူဟာ ငါ ဘာလုပ်ချင်သလဲ။
    ငါ လုပ်ချင်တာ တရားသလား။ မျှတသလား ” ဆိုတာကို ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်တယ်။

    ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှု မရှိတဲ့သူဟာ “ other directed ” သူများရဲ့
    ထင်မြင်ချက် ဝေဖန်ချက်ကို ဦးစားပေးပြီး ကိုယ့်ဘဝကို နေကြတယ်။
    စိတ်ဓာတ်အင်အားကြီးတဲ့သူ လွတ်လပ်မှုကို တကယ် တန်ဖိုးထားတဲ့
    သူကတော့ “ inner directed ” ငါ ဘာလုပ်ချင်သလဲ၊ ဘယ်လိုလုပ်ရင်
    အားလုံး အတွက် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ကိုယ့်ဥာဏ်နဲ့ကိုယ် စဉ်းစားတယ်။
    ရဲရဲရင့်ရင့် ဆုံးဖြတ်တယ်။ အများမကြိုက်လဲ မှန်တယ်လို့ ယုံကြည်တာကို လုပ်တယ်။

    များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊ ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာန
    တော်တော်ကြီးလာတယ်။ မာနကြီးလာတာကို Psychic inflation လို့ ခေါ်နိုင်တယ်၊၊
    ကိုယ့်ကိုယ်ကို လူတယောက် အနေနဲ့ တန်ဖိုးရှိတယ်လို့ တကယ် မယုံကြည်တဲ့သူဟာ
    ပြင်ပအရာတွေကို မှီပြီးတော့ အဲဒီအရာတွေ အားကိုးနဲ့ ကိုယ့်ကိုယ်ကို
    တန်ဖိုးရှိတယ်လို့ ပြချင်တယ်။ အဲသလို ပြချင်တဲ့အခါမှာ မာနကြီးလာတာပဲ။
    မာနကြီးတယ်ဆိုတာကိုက သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူး ဆိုတာကို ပြနေတာပဲ။
    မာန်မာနကြီးကြီးနဲ့ နေပြလိုက်တာဟာ အမှန်တော့ သူ့ရင်ထဲမှာ ကြိတ်ပြီးတော့ ဖြစ်နေတဲ့ လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို ဖုံးလိုက်တဲ့ လုနည်းလုပ်ဟန် တမျိုးဖြစ်တယ်။

    ချုပ်ချယ်ချင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူ၊ သူတပါးအပေါ်မှာလည်း
    ယုံကြည်စိတ်ချမှု မရှိတဲ့သူတွေ လုပ်တတ်တဲ့ အပြုအမူ ဖြစ်တယ်။ 🙇🙇🙇
    ➖➖➖🍄🍄🔹➖➖➖
    💡ဆရာတော်ဦးဇောတိက💡
    🍀 ( မဟာမြိုင်တောရ ) 🍀
    ▫️ ▫️၏▫️ ▫️
    💧“ တွေးမိတိုင်း ပျော်တယ် ” 💧
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

    No comments:

    Post a Comment

    😁😁😁