လူ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ လူ့ အသိုင်းအဝိုင်းမှာ လူတွေဟာ
စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး၊၊
...
လူသားရဲ့ ဂုဏ်သိက္ခာနဲ့တန်ဖိုး ပျောက်သွားပြီဆိုရင် လူဟာ
သိပ်တန်ဖိုးမရှိတော့ဘူး။ လူကိုလေးစားစရာ တန်ဖိုးထားစရာမလိုတဲ့
သဘောထားတွေဖြစ်လာတယ်။
အဲဒါက ပြောရလည်း တော်တော်ခက်တယ်၊ အင်မတန်လည်း အရေးကြီးတယ်။
လူလူချင်းဆက်ဆံတဲ့အခါမှာ အကျင့်သီလ စိတ်နေစိတ်ထားဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီးတော့ ဆက်ဆံတဲ့သူက တဖြေးဖြေးနဲလာတယ်။
ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ပိုပြီးတော့ အထင်ကြီးပြီးတော့ ဆက်ဆံတာမျိုး
တဖြေးဖြေးများလာတယ်။ အကျင့်သီလ ဘယ်လောက်ကောင်းကောင်း၊ စိတ်ထားဘယ်လောက်ကောင်းကောင်း၊ ဆင်းရဲတယ်ဆိုရင် အထင်သေးတယ်။
အကျင့်သီလ ဘယ်လောက်ညံ့ညံ့၊ ချမ်းသာတယ်၊ ရာထူးရှိတယ်ဆိုရင် အထင်ကြီးတယ်။ အဲဒီလိုသဘောထားတွေ ဖြစ်လာတယ်။
ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖော်ဆိုတာလည်း ဘယ်မှာရှိနိုင်တော့မလဲ။
လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးဟာ ကျသွားတယ်။ အဲဒီလို လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို
တန်ဖိုးမထားတဲ့လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး။
ဆရာတော်ဦးဇောတိက
Credit to Life
K.K(ကနောင်)

Myanmar Kyat Converter
No comments:
Post a Comment