{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, May 24, 2015

    ****လင်းယုန် (Eagle)****

    Zaw Win Naing's photo.


    Zaw Win Naing's photo.


     ***************
    လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
    ငှက်တစ်မျိုးဖြစ်ပြီး အသက်(70)နစ်အထိအသက်...

    ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
    ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
    မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်
    ချက်တစ်ခုကိုချကြရပါတယ်။

    သူ့အသက် (40) နှစ်
    ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်



    သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
    ။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
    ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
    ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
    ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။

    သူ့မှာရွေးချယ်
    စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်
    တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို
    ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ
    သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
    မြတ်ပါလိမ့်မယ်။

    ဒါကြောင့်အလွန်မြင့်တဲ့တောင်
    တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
    လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား
    နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်
    ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
    ပါးကြာပါတယ်။

    ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
    ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
    အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်
    ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
    အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု
    ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
    သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ
    ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
    သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
    ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့

    ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး
    အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
    ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း
    လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
    တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
    တွေချကြရပါတယ်။

    ဘဝကိုအောင်အောင်မြင်မြင်
    နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
    ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်
    ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
    လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
    ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
    နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
    ဆောက်နိုင်ရပါမယ်။

    တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်
    တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ
    အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်
    ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
    မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ
    စွာပြောင်းရတာပါ။

    လူသားတွေဖြစ်တဲ့ကျွန်တော်တို့
    က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
    အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်
    လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
    ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင်
    ပါတယ်။

    ဒီပုံပြင်လေးကိုသဘောကျနှစ်ခြိုက်လွန်းလို့မကြာခဏဖတ်မိပါတယ်။
    မူရင်းလင့်ကိုတင်ပေးသူကို ရှာမတွေ့နိုင်တော့လို့ credit မပေးဖြစ်တာကို
    ခွင့်လွှတ်စေချင်ပါတယ်။သူရေးထားတာကို မူရင်းအတိုင်းပဲ
    တတ်နိုင်သမျှကိုးကားပေးထားပါတယ်။အနဲငယ်ပဲ ပြင်ပေးလိုက်ပါတယ်။
    အဲဒါက မူရင်းမှာ သိမ်းငှက်လို့ခေါင်းစဉ်တပ်ထားတာကြောင့်ပါ။
    ဘဝမှာဆုံးဖြတ်ချက်တွေကြီးကြီးမားမားချလိုက်ရလေတိုင်း
    ကျွန်တော်မကြာခဏ ဖတ်ဖြစ်တဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
    နောက် စာအုပ်တစ်အုပ်ရှိပါသေးတယ်။
    အဲဒါက Johnathan Livingston Seagull ဆိုတဲ့စာအုပ်ပါ။နောင် အားတဲ့အချိန်မှာ အဲဒီစာအုပ်အကြောင်းသုံးသပ်ချက်မှတ်ချက်တွေကို ရေးသားပါအုံးမယ်။
    လိုရာပန်းတိုင်ကို ထက်သန်သောယုံကြည်ချက်၊ပြင်းထန်သော လုံ့လဝီရိယနဲ့
    သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေ။
    အင်တာနက်မှ ရှာရသော အင်္ဂလပ်ဘာသာပြန်ကိုဖော်ပြပေးလိုက်ပါသည်။
    The story of the eagle…
    The eagle has the longest life-span of its’ species
    But to reach this age, the eagle must make a hard decision It can live up to 70 years
    Its’ long and flexible talons can no longer grab prey which serves as food In its’ 40’s
    Its’ long and sharp beak becomes bent
    Its’ old-aged and heavy wings, due to their thick feathers, become stuck to its’ chest and make it difficult to fly
    Then, the eagle is left with only two options: die or go through a painful process of change which lasts 150 days.
    The process requires that the eagle fly to a mountain top and sit on its’ nest
    There the eagle knocks its’ beak against a rock until it plucks it out
    After plucking it out, the eagle will wait for a new beak to grow back and then it will pluck out its’ talons
    When its’ new talons grow back, the eagle starts plucking its’ old-aged feathers
    30 more years And after five months , the eagle takes its’ famous flight of rebirth and lives for ... 30 more years .
    Many times, in order to survive we have to start a change process. Why is change needed ? We sometimes need to get rid of old memories, habits and other past traditions. Only freed from past burdens, can we take advantage of the present.

    Thura zinsoe....

    {{{{{.အားပေးမှုအတွက် မိတ်ဆွေကို ကျေးဇူတင်ပါသည်. ဤ post.ကိုကြိုက်နှစ်သစ်ပါက အောက်နားက Box ကလေးမှာ ကလစ်နှိပ်ခဲ့ပေးပါ. ဝေဖန်.အကြံပြုလိုပါက Blog.ရဲ့ Cbox. မှာပြောခဲ့ပေးပါ ခင်ဗျာ ကျေးဇူတင်ပါတယ်}}}}}

    No comments:

    Post a Comment

    😁😁😁