{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Sunday, May 24, 2015

    *****အကောင်းဆုံး ယတြာ*****




     
     
     
     
     
     
     
     
     
     
     
    ------------------------
    ၁။ ဝင်ငွေမ ကောင်းတဲ့အခါမှာ
    ချွေတာသုံးစွဲတာဟာ...

    အ ကောင်းဆုံးယတြာ

    ၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယ
    ထားခြင်းဟာ အန္တရာယ်ကင်းဖို့



    အတွက် အ ကောင်းဆုံးယတြာ
    ၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ
    အ ကောင်းဆုံးယတြာ

    ၄။ ဒေါသထွက်စရာ ကြုံတဲ့အခါ
    စိတ် ဖြေသာတဲ့နေရာကို
    ရှောင် ထွက်သွားခြင်းဟာ
    အ ကောင်းဆုံးယတြာ

    ၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးမိအောင်
    ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်
    ကြိုးစားတာဟာလူမှု့ရေးအတွက်
    အ ကောင်းဆုံးယတြာ

    ၆။ စိတ်ကောင်းထားခြင်း ရိုးသားမှု
    ရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း
    အတွက် အ ကောင်းဆုံးယတြာ

    ၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့် ကို
    မွေးမြူခြင်းဟာအသိအလိမ္မာ
    တိုးတက်စေဖို့အတွက်
    အကောင်းဆုံးယတြာ

    ၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကို
    အထူးတလည်
    ဆည်းကပ်ကိုးကွယ်တာဟာ
    ကံကောင်းခြင်းတွေ ရောက်လာစေဖို့အတွက်
    အ ကောင်းဆုံးယတြာ

    ၉။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျခွဲခြားပြီး
    တာဝန်ကျေပွန်စွာ
    လုပ်တာဟာ အသင်းအဖွဲ့အတွက်
    အ ကောင်းဆုံးယတြာ

    ၁၀။ ရှေ့နောက်မြော်မြင် တတ်တဲ့
    ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို
    လိုက်နာတာဟာ ပူပန်ကင်းအတွက်
    အ ကောင်းဆုံးယတြာ

    ၁၁။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်း
    မ တောင့်တ မလိုချင် တာ စိတ် ချမ်း
    သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

    ၁၂။ တတ်နိုင် သ လောက်စုဆောင်း
    သွားတာဟာ အနာဂတ်ခရီးအတွက်
    အ ကောင်းဆုံးယတြာ

    ၁၃။အ ရေးနိမ့်တဲ့ကာလမှာ
    စိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင် အောင်
    သတိထားမွေးမြူခြင်းဟာ
    မပျက်စီးစေဖို့တွက်
    အ ကောင်းဆုံးယတြာ

    ၁၄။ စီးပွားဖြစ်တဲ့အခါမှာ
    အောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်
    တာဟာ အ ကောင်းဆုံးယတြာ

    ၁၅။ ငယ်စဉ်အခါ ပညာသင် ချိန်မှာ
    ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့
    ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ
    နောင် ရေးအတွက်
    အ ကောင်းဆုံးယတြာ

    ၁၆။ အခွင့်အလမ်းပေါ်လာတဲ့အခါ
    လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
    အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
    အောင်မြင်ကြီးပွားဖို့အတွက်
    အ ကောင်းဆုံးယတြာ

    ၁၇။ ဘာကိုမှမစဉ်းစားပဲ
    မလုပ်တာမ ပြောတာဟာ
    ကြီးမားတဲ့ နောင် တမရဖို့
    အတွက်အ ကောင်းဆုံးယတြာ

    ၁၈။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်
    နဲ့စိတ်ကိုလွှတ်ပေးပြီး
    အရမ်းမဲ့မသုံးစွဲတာဟာ
    နောင် စိတ်ဆင်းရဲစရာ မကြုံ
    ဖို့အတွက်အ ကောင်းဆုံးယတြာ

    ၁၉။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့
    စကားကိုမဆိုခြင်းဟာ နောင် အခါ
    ပြဿနာအရှုပ်အရှင်းနဲ့
    ရင် မဆိုင် ရဖို့အတွက်အ ကောင်းဆုံးယတြာ

    ၂၀။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ
    ကြည့်တာ စဉ်းစားတာ
    လုပ်ကိုင် တာဟာ
    ရေရှည်လက်တွဲဖို့အတွက်
    အ ကောင်းဆုံးယတြာ

    ၂၁။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာ
    အသက် ရှည်ဖို့အတွက်
    အ ကောင်းဆုံးယတြာ

    ၂၂။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှ
    ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်
    ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့
    အတွက်အ ကောင်းဆုံးယတြာ

    ၂၃။ ဒေါသကိုအပြင် မထွက်အောင်
    ထိန်းနိုင် တာဟာ အစစအရာရာ
    ပြဿနာနည်းပါးစေဖို့အတွက်
    အ ကောင်းဆုံးယတြာ

    ၂၄။ အ ကောင်းမြင် ဝါဒနဲ့
    နေထိုင် ခြင်းဟာဘဝခရီးအတွက်
    အ ကောင်းဆုံးယတြာ

    ငြိမ်းလဲ့

    {{{{{.အားပေးမှုအတွက် မိတ်ဆွေကို ကျေးဇူတင်ပါသည်. ဤ post.ကိုကြိုက်နှစ်သစ်ပါက အောက်နားက Box ကလေးမှာ ကလစ်နှိပ်ခဲ့ပေးပါ. ဝေဖန်.အကြံပြုလိုပါက Blog.ရဲ့ Cbox. မှာပြောခဲ့ပေးပါ ခင်ဗျာ ကျေးဇူတင်ပါတယ်}}}}}

    No comments:

    Post a Comment

    😁😁😁