-------------------------------
ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်တွေ အပါအဝင် မြန်မာနိုင်ငံက အ
ရိယာသူတော်ကောင်း ကြီးများက တနေ့ ကျရင်
ဗုဒ္ဓဘာသာက ...ကမ္ဘာကို လွှမ်းမိုးမယ်လို့ ပြောတော့
မဖြစ်သေးတာကို ပြောတယ်ဆိုပြီး တချို့ က မယုံ
ကြည်ကြဘူး အခြားဘာသာတွေနဲ့ ယှဉ်ရင်
အင်အားခြင်းအဆမတန်ကွာနေတဲ့အတွက်
မဖြစ်နိုင်ဘူးလို့  ထင်နေကြတယ်
အင်အားခြင်း ကွာရတဲ့ အဓိက အကြောင်းရင်းကို
ဗုဒ္ဓတရားနဲ့  ပြန်လည်ချိန်ကိုက်ကြည့်တော့
သာသနာနဲ့ ကြုံတွေ့ ဖို့ ဘုန်းကံဟာ သာမန်နဲ့ 
မရနိုင်ဘူး ဆိုတော့ ဒါသဘာဝကျတယ်
ဗုဒ္ဓတရားတော်နဲ့ ထိတွေ့ တဲ့သူနည်းပြီး မထိတွေ့ 
တဲ့သုကများနေလို့ လည်း တကမ္ဘာလုံးငြိမ်းချမ်း
မှု့ကိုတည်ဆောက်လို့ မရနိုင်တာပေါ့
မြန်မာနိုင်ငံဟာ ကမ္ဘနဲ့ ယှဉ်ပြီးရင်ဘောင်မတန်း
နိုင်ခြင်းကလည်း ဗုဒ္ဓတရားတော်နဲ့ ထိတွေ့ ဖို့ 
သူတို့ ဘုန်းကံ ပါမလာလို့ ပဲထင်ပါရဲ့
ဒါပေမဲ့ ထူးဆန်းတာတခုကတော့
ဗုဒ္ဓတရားတော်ကို မထိတွေ့ လို့ သာ
လက်မခံနိုင်ရှိရမယ် ထိတွေ့ ဘူးသူတိုင်းကတော့
အကောင်းဆုံးလို့ အတည်ပြုပေးကြတယ်
အခုနောက်ပိုင်း apple ဥက္ကဋ္ဌ တို လို ဟော့ကင်း
တို့ လို ပုဂ္ဂိုလ်ကြီးတွေ ဘက်ခမ်းတို့ တိုက်ဂါးဝုဒ်
တို့  နာဒယ်တို့  ကလင်တန် တို့  လိုကမ္ဘာကျော်
ကြီးတွေ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာတာကတော့
ဝမ်းမြောက်စရာပါ
နောက်ပြီး
အခြားဘာသာတွေကို အစုလိုက်အပြုံ လိုက်
ဘာသာပြောင်းတာ သိပ်ပြီးမတွေ့ ရပေမဲ့
အခြားဘာသာတွေကနေ ဗုဒ္ဓဘာသာကို အစုလိုက်အပြုံလိုက်ပြောင်းတာတွေကတော့
အင်မတန်များပြားလာတယ် အိန္ဒိယမှာဆိုရင်
ဗုဒ္ဓဘာသာပြောင်းတာများလို့  လွှတ်တော်တောင်
ခေါ်ယူရသတဲ့
ဒီပုံစံအတိုင်းသာသွားရင်
တနေ့ မှာ ဗုဒ္ဓဘာသာ တခုတည်းပဲ ကျန်ခဲ့လိမ့်မယ်ဆိုတဲ့ အနာဂတ်မြင်
ပုဂ္ဂိုလ်ကြီးတွေ ပြောခဲ့တာ
ရာနုန်းပြည့်ဖြစ်နိုင်ပါတယ်
ဗုဒ္ဓက
အရာတခုကိုယုံကြည်ဖို့ အတွက်
အကြောင်းးသုံးချက်နဲ့ ညှိရမယ်တဲ့
ကိုယ်တွေ့ အားဖြင့်၎င်း
သမ္မာသံဗုဒ္ဓဘုရားရှင်တို့  ဟောပြောမှု့ကြောင့်၎င်း
ကျိုးကြောင်းဆင်ခြင်ဥာဏ်အားဖြင့်၎င်း
အဲဒီအကြောင်းသုံးချက်ကြောင့်ယုံကြည်သင့်တယ်တဲ့ ဟောထားပါတယ်
အခုကိစ္စကတော့
ဖြစ်မလာသေးပေမဲ့
အကျိုးအကြောင်းနဲ့ ဆက်စပ် တွေးကြည့်တော့
သေချာသလောက်ပါပဲ
မဖြစ်သေးလို့  မယုံကြည်ဘူးဆိုရင်တော့
မယုံကြည်တဲ့လူ နစ်နာစရာအကြောင်းရှိပါတယ်
ဘာဖြစ်လို့ လည်းဆိုတော့
ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်နေတုန်းမှာ
ကိုယ်က သေသွားနိုင်တယ်လေ
ဦးမြင့်ခိုင်

Myanmar Kyat Converter
No comments:
Post a Comment