အဓိက ကွင်းလယ်လူ ငြိမ်းချမ်းအောင် ဒဏ်ရာအခြေအနေကောင်းမည်ဟု
မျှော်လင့်ရကြောင်း နည်းပြရကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ဆို
မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ်ဖြစ်သူ ဂ...ျာမန်လူမျိုးဂတ်ဖရိုင်းဒရစ်က
ဒဏ်ရာပြဿနာရှိနေသော အသင်း၏ အဓိက ကွင်းလယ်လူ ငြိမ်းချမ်းအောင်၏
ဒဏ်ရာအခြေအနေမှာ ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ရကြောင်းနှင့်
ယခုနှစ်ရက်အတွင်း စောင့်ကြည့်ကာ လာမည့်အုပ်စု ပွဲစဉ်နှစ်ပွဲတွင်
ထည့်သွင်းအသုံးပြု၊ မပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပွဲပြီး သတင်းစာ
ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

"သူရဲ့ အနေအထားကတော့ တစ်နေ့တခြား တိုးတက်လာပါပြီ။ လေ့ကျင့်ရင်းနဲ့
တဖြည်းဖြည်းတော့ ကောင်းလာပါပြီ။ ဒါပေမဲ့ လာမည့်ပွဲ နှစ်ပွဲမှာ အသုံးပြုဖို့ ဆိုရင်တော့ ဒဏ်ရာအခြေအနေကို နှစ်ရက်အတွင်း စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်ကတော့
အကောင်းမြင်စွာနဲ့ပဲ သူရဲ့ အခြေအနေကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ဟု ဂတ်ဖရိုင်းဒရစ်က ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းသည် လက်ကျန် အုပ်စုပွဲစဉ် နှစ်ပွဲအဖြစ် ဇွန်လ ၂ ရက်
မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီတွင် ယူကရိန်းအသင်းနှင့်လည်းကောင်း၊
ဇွန်လ ၅ ရက် မြန်မာစံတော်ချိန် နေ့လည် ၁: ၃၀ တွင် အိမ်ရှင်
နယူးဇီလန်အသင်းနှင့်လည်းကောင်း အရေးပါသည့်အဆုံးအဖြတ်ပွဲများ ကစားရမည်ဖြစ်သည်။
Photo: MFF

Eleven Media Group မှ ကူးယူပါသည်

Myanmar Kyat Converter
No comments:
Post a Comment