{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Saturday, May 30, 2015

    ***ကိုယ့်တာဝန်ကိုကိုယ် အပြည့်အဝယူနိုင်တဲ့သူမှာပဲ စစ်မှန်တဲ့ ဘာသာတရားရှိတယ်***


    LIFE's photo.
     
    🌹🌹🌹
    ကိုယ့်တာဝန်ကိုကိုယ် အပြည့်အဝယူနိုင်တဲ့သူမှာပဲ စစ်မှန်တဲ့ ဘာသာတရားရှိတယ်၊၊

    ဘာသာတရားဆိုတာ အားကိုးရာကို ရှာတာလို့ ပြောကြတယ်။ အဲဒါဟာ အားငယ်တတ်သူတို့ရဲ့ဘာသာတရား ...ဖြစ်တယ်။ အားငယ်တတ်တဲ့သူဟာ သူ့ရဲ့မပြည့်စုံမှု ချို့တဲ့မှုကို
    အကြောင်းခံပြီးတော့ ဘာသာတရားကို ကိုးကွယ်တယ်။
    သူလိုချင်တာတွေ ရဖို့ ဘာသာတရားကို ကိုးကွယ်တယ်။ အားမငယ်တတ်တဲ့သူဟာ

    မပြည့်စုံမှု ချို့တဲ့မှုကို အကြောင်းမခံဘူး။ လိုချင်တာ ရဖို့ မကိုးကွယ်ဘူး။ လွတ်လပ်ဖို့

    နည်းလမ်းကိုပဲ ရှာတယ်။ ချို့တဲ့နေသူရဲ့ ဘာသာတရားဟာ ပြည့်စုံမှုကို ရည်မှန်းချက် ထားတယ်။ ပြည့်စုံနေသူရဲ့ ဘာသာတရားဟာ လွတ်လပ်မှုကို ရည်မှန်းချက် ထားတယ်။ ကြောက်တဲ့သူ
    စိုးရိမ်တဲ့သူရဲ့ ဘာသာတရားဟာ လုံခြုံမှုကိုရှာတဲ့ ဘာသာတရား။ မကြောက်တတ်သူ၊
    မစိုးရိမ်တဲ့သူရဲ့ ဘာသာတရားဟာ လွတ်မြောက်မှုကို ရှာတဲ့ဘာသာတရား၊၊
    အားငယ်တတ်သူဟာ ချိုင်းထောက်နဲ့တူတဲ့ ဘာသာတရားကို ရှာတယ်။
    အားမငယ်တတ်တဲ့သူ၊ သတ္တိရှိတဲ့သူ၊ လွတ်လပ်မှုကို ချစ်တဲ့သူဟာ အတောင်ပံနဲ့တူတဲ့

    ဘာသာတရားကို ရှာတယ်။ ဗုဒ္ဓဘာသာတရားဟာ အားငယ်သူတို့ရဲ့ ဘာသာတရား မဟုတ်ဘူး။ စိတ်ဓာတ်အင်အား ကြီးသူတို့ရဲ့ ဘာသာတရား ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ပီသတဲ့သူဟာ ကိုယ့်အားကိုယ်ကိုးတယ်။ ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာ ကိုယ့်ဥာဏ်ကို ကိုယ်
    အားကိုးတယ်လို့ ဆိုလိုတယ်။ ဗုဒ္ဓဘာသာဝင် ပီသတဲ့သူဟာ သတ္တိရှိတယ်။
    သတ္တိမရှိရင် ကိုယ့်အားကိုယ် မကိုးနိုင်ဘူး။
    ကြောက်တတ်တဲ့သူဟာ အားကိုးစရာကို တခြားမှာ ရှာတယ်။ မြတ်စွာဘုရားဟာ

    လမ်းကိုပဲ ညွှန်ပြတယ်။ တွဲမခေါ်ဘူး။ သူ့တာဝန် မဟုတ်တာကို သူ တာဝန် မယူဘူး။
    ကိုယ့်တာဝန်ကို ကိုယ် ယူခိုင်းတာဟာ ကိုယ့်ကို လွတ်လပ်တဲ့သူ ဖြစ်စေချင်လို့။ ဘုရားဟာ လွတ်လပ်တဲ့သူ။ ဒါကြောင့် လွတ်လပ်မှုကို ပေးတဲ့သူ ဖြစ်တာ။

    🌹🌹🌹
    ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို အာရုံပြုကြည့်ပါ။ အဲဒီအခါကျမှ

    ဘုရားဆိုတာ ဘယ်လိုလဲဆိုတာ နည်းနည်းရိပ်မိလိမ့်မယ်။

    🌹🌹🌹
    “ယထာ ဝါဒီ၊ တထာ ကာရီ။
    ယထာ ကာရီ၊ တထာ ဝါဒီ။”
    “ပြောသလို လုပ်တဲ့သူ၊
    လုပ်သလို ပြောတဲ့သူ။”
    သဘောက အပြောနဲ့အလုပ်က ကွာဟာမှု မရှိဘူး၊ တစ်ထပ်တည်း ဖြစ်နေတယ်တဲ့။

    အဲဒါ မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ အင်မတန် ကြည်ညိုစရာကောင်းတဲ့ အချက်တစ်ချက်ပဲ။

    🌹🌹🌹
    မြတ်စွာဘုရားဟာ သဘာဝမကျတဲ့ မျှော်လင့်ချက်တွေကို မပေးဘူး။ false hope မျှော်လင့်ချက်အတုတွေကို မပေးဘူး။ အဲဒါဟာ ဆရာကောင်းတို့ရဲ့ လက္ခဏာပဲ။


    🌹🌹🌹
    “ငါ့ကို အားကိုးပါ။ ငါ့ကို ယုံကြည်ပါ။ ငါ့ကို ကိုးကွယ်ပါ” လို့ပဲ ပြောကြတာ ကြားရတယ်။

    ကိုယ့်ဘဝကို သူတို့လက်ထဲရောက်အောင်ပဲ ကိုယ့်ကိုအယုံသွင်းပြီး
    ကြိုးကြိုးစားစား လုပ်နေကြတယ်။ မြတ်စွာဘုရားကတော့ ကိုယ့်ဘဝကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ အဲဒီလို ကိုယ့်ဘဝကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တာကို
    မကြိုက်တဲ့သူ ရှိနိုင်တယ်။ ဘယ်သူတွေလဲ။ ကိုယ့်ကိုယ်ကိုကိုယ် အားမကိုးချင်တဲ့သူတွေ၊ အားငယ်တဲ့သူတွေ။ အားငယ်တဲ့သူဟာ ကိုယ့်ဘဝကို သူများ တာဝန်ယူထားတာကို
    လိုချင်တယ်။ အားလုံး ဆုံးဖြတ်ပေး။ ဘာလုပ်ရမယ်ဆိုတာ ပြောပေး။

    ဒါကြောင့် ဗေဒင်ဆရာတွေ ထမင်းစား နေရတာပေါ့။

    🌹🌹🌹
    ကိုးကွယ်ရာ အားထားရာ အစစ်ကို ကိုယ့်စိတ်ထဲမှာပဲ ရနိုင်တယ်။
    တရားအားထုတ်လို့ ဖြစ်လာတဲ့ “ပညာ ဥာဏ်” ကသာ ကိုယ့်ရဲ့

    အားထားရာ ကိုးကွယ်ရာ အစစ်ဖြစ်တယ်။ အဲဒီဥာဏ်က လွဲလို့
    တခြားကိုးကွယ်ရာ အားထားရာ မရှိဘူး။ အဲဒီဥာဏ်ကပဲ လွတ်လပ်သွားစေတာ။

    🌹🌹🌹
    ဗုဒ္ဓဘာသာတရားရဲ့ အမြင့်ဆုံး ရည်မှန်းချက်ဟာ လွတ်လပ်မှု ဖြစ်ပါတယ်။

    ကောင်းကင်ဘုံတို့ နတ်ပြည်တို့ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုနဲ့ စပြီး
    လွတ်လပ်မှုနဲ့ ဆုံးတယ်လို့ ဆိုနိုင်တယ်။

    ➖➖➖🔹🍄🍄🔹➖➖➖
    💡ဆရာတော်ဦးဇောတိက💡
    🍀 ( မဟာမြိုင်တောရ ) 🍀
    ၏ ▫️ ▫️
    💧“ တွေးမိတိုင်း ပျော်တယ် ” 💧
    စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
    {{{{{.အားပေးမှုအတွက် ကျေးဇူတင်ပါသည်.}}}}}

    No comments:

    Post a Comment

    😁😁😁