ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး၏သား
အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့
အမွေ ၉.၆ ဘီလီယံကိုစွန့်လွှတ်၍ ရဟန်းအဖြစ်ခံယူ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အတော်ကိုလေးစားထိုက်သူတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့
မိဘချမ်းသာ ကြွယ်ဝမှုအပေါ်မပျော်မွေ့လိုတော့တာကြောင့်
သံသရာကိုပါနိုင်မယ့် အလုပ်ဖြစ်တဲ့ ထေရ၀ါရ
ဗုဒ္ဓဘာသာရဟန်းအဖြစ်ခံယူလိုက်သူတစ်ယောက်ပါ။
နာမည်ကတော့ Ajahn Siripanno ဖြစ်ပြီး အဖေလုပ်သူ Ananda Krishnan သူဌေးကြီးဆီကချမ်းသာကြွယ်ဝမှုတွေအမွေတွေကိုမယူတော့ပဲ ရာသက်ပန်ဘုန်းကြီးဝတ်လိုက်သူတစ်ဦးဖြစ်ပါတယ်။
Siripanno ဟာ အင်္ဂလန်နိုင်ငံမှာ ကျောင်းပြီးထားသူတစ်ဦးဖြစ်ပြီး ဘာသာ စကားပေါင်း ၈မျိုးကိုတတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ပါတယ်။ ဖခင် Krishnan မှာလည်းမလေးရှားနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးသူတစ်ယောက်ဖြစ်တဲ့ အပြင်
၂၀၁၂ ခုနှစ်မှာထုတ်ဝေခဲ့ပြီးကမ္ဘာအချမ်းသာဆုံး သူဌေးတွေရဲ့ စာရင်း
ကိုဖော်ပြပေးတဲ့ Frobes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့
သူဌေး တစ်ယောက်ဖြစ်ပါတယ်။
Krishnan ရဲ့ချမ်းသာမှုဟာ ဒေါ်လာ၉.၆ဘီလီယံရှိပြီး သားဖြစ်သူ Siripanno အတွက် အမွေလည်းဖြစ်ပါတယ်။ Siripanno ရဲ့အမေဖြစ်သူမှာထိုင်းလူမျိုး
ဖြစ်ပြီး မွေးချင်းသုံးယောက်ရှိပါတယ်။ Siripanno ဟာ မိခင်ဖြစ်သူရဲ့မွေးရပ် မှာရာသက်ပန်ရဟန်းအဖြစ်ခံယူပြီး ထိုင်းနိုင်ငံရဲ့တောစပ်မှာရှိတဲ့ ဘုန်း ကြီးကျောင်းတစ်ခုမှာသတင်းသုံးလျက်ရှိပါတယ်။
Ref: HubPages
Shan Htet (SJ Admin Team)
Credit to>>>မြန်မာ့လင်းရောင်ခြည်

Myanmar Kyat Converter
No comments:
Post a Comment