{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Tuesday, May 19, 2015

    ***"ကျွန်တော်နဲ့အကြော်သည်အမေကြီး"***

    Yoo Naing San's photo.
     

    အမှတ်တမဲ့ပါပဲ..နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ..
    အကြော်တစ်ခုကို ဘယ်လောက်လဲ ?
    ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေး...ပြည့်စုံ
    တဲ့အသိုင်းအ၀ိုင်းက ပုံစံမျိုးပါပဲ).အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ…
    ..အကြော်တစ်ခုကို ၅၀ပါ…
    ....၁၀၀ဖိုးကို ၃ ခု ထားလိုက်…
    ..မရလို့ပါကွယ်…
    ..၂၀၀ ဖိုး ၅ ခုတော့ ထား.././…./
    ..တအောင့်လောက်နေတော့..နောက်ထပ်ကြားလိုက်ရတယ်…
    .."လာ..သားး..အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး.
    မစားချင်နဲ့..သား"..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်…
    ကျွန်တော် စိတ်ဝင်စားသွားတယ်..သေချာလှမ်းကြည့်လိုက်တော့..
    အသက်(၆၀)ကျော် အမေကြီးတစ်ယောက်အကြော်ရောင်းနေတာကို
    အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ..
    ..သြော်..လူတွေများ ..ခက်လိုက်တာဗျာ…
    ..အကြော်ဝယ်ဖို့..ဈေးဆစ်လို့မရတော့..ညစ်ပတ်တယ် မစားနဲ့လို့ ပြောသွားတယ်
    ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့.
    အကြော်သည်အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့မျက်နှာလေးနဲ့
    ထွက်သွားတယ်…
    " ဟောဒီက…အကြော်ပူပူလေး… :"……
    ..ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်….
    ..ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ်….
    ..အမေကြီး..ခဏနေပါအုံးဗျ..အကြော်ဝယ်ချင်လို့ပါ…..
    …ပြန်လှည့်လာပြီး..အကြော်ဗန်းကို ချပေးတယ်….
    ..ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ..
    ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ..
    (စဉ်းစားမိတယ်..ဆောင်းတွင်းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေက
    မနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေက
    ပူနေမှာမလွဲ .အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)…
    သြော်..ဒီအသက်အရွယ်နဲ့ ဆောင်းတွင်းနေပူပူမှာ ဘယ်လောက်ပင်ပမ်း
    ရှာလေမလဲ.ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့.ကိုယ်ချင်းစာ
    စိတ်မကောင်းဖြစ်မိတယ်…
    ..အမေကြီး " အကြော် တစ်ခု ဘယ်လောက်လဲ" သိပေမယ့် ထပ်မေးလိုက်တယ်
    .." အကြော်တစ်ခု (၅၀)ပါ သားလေးရယ်".. (နောက်ထပ်ဈေးဆစ်မှာ
    ရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်က ချွေးစက်တွေကို
    သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)…..
    .." အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ " ..ဆိုပြီး
    အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်...(သူ့ခမျာ.အမောပြေ သဘောကျ
    သွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ်.၀မ်းသာသွားပုံပဲ)..
    " အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်
    ဘယ်လောက်ကျလဲ"လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ်ပေးလိုက်တယ်…
    အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေ
    တုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်…..
    ..:" ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့" ..ဆိုတော့
    .." မဟုတ်တာ သားလေးရယ်" ..တဲ့…
    ." ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ"လို့ ပြောလိုက်ရော….
    " ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ် ..
    အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့
    သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်….
    "..ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်."...
    " အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့.(၆၅)နှစ်တဲ့..
    ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာ.လောကဒဏ်ရဲ့ရိုက်ပုတ်မှု
    ပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာ
    နေပါလားး..တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..
    တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ.."
    …သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….
    ..သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…
    ..ဒီလို ပင်ပင်ပမ်းပမ်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ
    မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…
    ..ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ….
    ..တကယ်တော့ ..
    ..လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာနားလည်တတ်တဲ့စိတ်…
    ..သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကို သိတတ်နားလည်
    လုပ်ကျွေးပြုစုချင်တဲ့စိတ်…..
    ..လူသားတိုင်းရဲ့ ရင်ထဲမှာ ကိုယ်စီတာဝန်ကျေနားလည်မှုတွေ.
    …ရှိနေကြမယ်ဆိုရင်……။…………………….။………….
    ခင်မင်လျက်
    ရိုးနိုင်စံ မှ  Copy
     

    No comments:

    Post a Comment

    😁😁😁