*****************************************
သမိုင်းဆိုတာ လူမျိုး တစ်မျိုး နှင့် တစ်မျိုးကြား၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံကြား
အမုန်းပွား စေရန်အတွက် ပြန်လည်အသက်သွင်း နေခြင်းမဟုတ်။
သို့သော် အတိတ်သမိုင်းရဲ့ သင်ခန်းစာ များအား လေ့လာပြီး တည်ငြိမ်
အေးချမ်းသော လူ့ဘောင် တစ်ခု တည်ဆောက်ရန် သာဖြစ်၏။
မိမိတို့၏ သမိုင်းကောင်းမွေ၊ ဆိုးမွေများကိုလဲ လက်ခံနိုင်ခြင်းသည်
လူယဉ်ကျေးတို့၏ စိတ်ထားတစ်ခု အဖြစ် ကမ္ဘာ့ လူ့အတိုင်းအ၀ိုင်းက လက်ခံလာ ကြသည်။
ဂျူလူမျိုးများအပေါ် ဟစ်တလာ ဦးဆောင်သော နာဇီတို့၏ လူမျိုးသုန်း
သတ်ဖြတ်မှုကြောင့်၊ ဂျာမန် ၀န်ကြီးချုပ်ကိုယ်တိုင် ဒူးထောင့်ပြီး ဂျူးလူမျိုးများအား ၀န်ချတောင်းပန်းခဲ့သည်။ ထိုနည်းတူ ငွေဝယ်ကျွှန် စနစ်၌ပတ်သက်ခဲ့ဖူးသော
အမေရိကန် လူမျိုးတို့ရဲ့ လုပ်ရပ်ကြောင့် အမေရိကန် သမ္မတ၊ အိုင်းရစ်လူမျိုး နှင့်
ပတ်သက်ပြီး ဗြိတိသျှ ၀န်ကြီးချုပ် အပါဝင်၊ တခြားသော နိင်ငံခေါင်းဆောင်
များသည်လည်း၊ မိမိတို့၏ သမိုင်းဆိုးမွေ များကိုဝန်ချ တောင်းပန်ရင်း၊
နိုင်ငံ နှင့် လူမျိုးတို့၏ သိက္ခာကို ပြန်လည်ဆယ်ယူ ခဲ့ကြသည်။
ဟံသာဝတီ ထီးနန်း ကျရှုံးရခြင်း
*******************************
ဟံသာဝတီပြည်ကြီးကို သက္ကရာဇ် ၅၁၄ခုနှစ် တပို့တွဲလပြည့်ကျော် ၁ရက်နေ့
တနင်္လာနေ့တွင် ဘုရားသခင်ဗျာဒိပ်တော်ရှိသည့်အတိုင်း၊
သိကြားမင်းပုဏ္ဍာယောင်ဆောင်၍ သထုံပြည်ကိုအစိုးရတော်မှုသော
သထုံမင်းသား သမလ၊ ၀ိမလ မင်းသား၂ပါးကို အကြောင်းပြု၍ သိကြားမင်း
ဟံသာဝတီမြို့ကို သမုတ်ပေးတော်မူ၏။
ဟံသာဝတီပြည်ကြီးတွင်သက္ကရာဇ် ၅၁၄ခုနှစ်မှ ၁၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော်
၈ရက်နေ့အထိ (နောက်ဆုံး ဟံသာဝတီပြည်ကြီး ကျရှုံးချိန်)
မွန်ဘုရင်မင်းဆက်ပေါင်း ၂၈ ဆက်ဖြင့် ဟံသာဝတီပြည်ကြီးသည် မွန်လုမျိုးတို့၏
တိုင်းနိုင်ငံအဖြစ် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်စံမြန်းပြီး တည်ရှိခဲ့သည်။
ဗညာဒလ မဟာသေနာပတိ မင်းပြုနန်းစံနေစဉ် သက္ကရာဇ် ၁၁၁၉ခုနှစ်
ကဆုန်လပြည့်ကျော် ၈ရက်နေ့ ညသံခေါင်းယံ အချိန်တွင် အထက်အညာဒေသမှ
အလောင်းဘုရားဘွဲ့ခံ မုဆိုးအောင်ဇေယျ၏ တိုက်ခိုက်သိမ်းယူခြင်းခံရပြီး
ထိုအချိန်မှစ၍ ဟံသာဝတီပြည်ကြီး ကျရှုံးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
မုဆိုးအောင်ဇေယျ ဟံသာဝတီပြည်ကြီး သိမ်းယူစဉ်တွင် ဗညာဒလမဟာသေနာပတိ၏ သားတော်ဥပ္ပရာဇာ၊ မိဖုရား၊ သားတော်၊ သမီးတော် ရွေတိုက်ငွေတိုက်တို့နှင့်တကွ၊
မုဆိုးအောင်ဇေယျ သိမ်းယူခဲ့သည်။ ဟံသာဝတီမြို့ကို သိမ်းယူသည့်ကာလတွင်
မွန်မူးမတ် စစ်သည်တော်များနှင့် ရဟန်းသံင်္ဃာ ၃၀၀၀ကျော်တို့ကို
ဆင်နှင့် နင်းသတ်ခြင်း ခံခဲ့ရသည်။ သင်္ဃန်းများကိုလည်း မုဆိုးအောင်ဇေယျ၏
စစ်သည်များက မှို့ရာ၊ ဆန်စလွယ်အိတ်၊ ခြေသုပ်ဝတ် စသည်တို့ကိုချုပ်၍လည်ကောင်း၊
သပိတ်များကိုလဲ မထင်းချက်အိုးအဖြစ် အသုံးပြုကြကုန်၏။
မုဆိုးအောင်ဇေယျသည် ဟံသာဝတီ ပဲခူးကို သိမ်းယူပြီးလျှင် ၃၀၀၀ကျော်သော
ရဟန်းတို့ကို သတ်ဖြတ်သောကြောင့် ကြွင်းကျန်သောမွန်ရဟန်းတို့သည်
စစ်တောင်းမြစ်အရှေ့ဘက်၊ စစ်တောင်းမြို့၊ ရွှေကျင်မြို့၊ ဇင်းမယ်၊ ယိုးဒယား စသည့်ဒေသတို့ ထွက်ပြေးကြကုန်၏။ ဗညာဒလသေနာပတိနှင့် သားတော် သတိုးဥပ္ပရာဇာ၊
ဖိဖုရားတော်၊ သမီးတော် နှင့် ရွှေငွေတို့ကိုသိမ်း၍ မုတ်ဆိုးဘိုတို့ ပို့တော်မှုသည်။
ရာမညတိုင်းသူ တိုင်းသားအားလုံး၊ ယောင်္ကျား၊ မိန်းမ၊ ကလေးသူငယ်ပါမကျန်
ဗမာအမှု့ထမ်းတို့ ဖမ်းတော်မှုပြီး လူတစ်ယောက်ကို ငွေ ၁၀၀၊ ၅၀၊ ၂၅၊ ၂၀၊ ၁၅ ကျပ်
စသည်ဖြင့် လူမျိုးများကို ကျွှဲ၊ နွား တရိစ္ဆာန်ကဲ့တို့ ရောင်းစားခြင်းကို ခံခဲ့ရသည်။
ရာမညတိုင်းရှိ မွန်လုမျိုးတို့သည်လည်း အမိကို သားမတွေ့၊ သားကိုအမိမတွေ့
အလွန်ဒုက္ခကြီးစွာ ဗမာတို့၏ ညှင်းပန်နှိပ်စက်ခြင်းကို ခံခဲ့ရသည်။
ထိုအချိန်မှစပြီး မွန်လူမျိုးတို့သည် တိုင်းနိုင်ငံမဲ့သော လူမျိုးအဖြစ်တို့
ရောက်ရှိပြီး ဗမာလူမျိုးတို့၏ ကိုလိုနီလက်အောင်ခံ ဘ၀သို့ကျရောက်ခဲ့သည်မှာ
နှစ်ပေါင်း ၂၅၈နှစ် တိုင်ခဲ့ပြီး ဖြစ်သည်။
နွန်ရာဇာ
ကျမ်းကိုး။ * History of Pagu By Sir Arthur P. Phayre
*၁၈၈၄ ခုနှစ် မောင်ရွှေကြား ဗမာဘာသာသို့ ပြန်ဆိုထားသော
မူရင်း ( ဝေါဆရာတော် မွန်ဘာသာဖြင့် ရေးသားခဲ့သော ပဲခူးရာဇ၀င်ချုပ်) ။
လက်ရေးမှုဖြင့် ရေးသားထားသော ငုင်းစာအုပ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်ုမြို့
ဗြိတိသျှ စာကြည့်တိုက်တွင် ဆယ်လ်မက့် နံပတ် or_3462, or_3463, or_3464
ဖြင့်ရှာဖွေဖတ်ယူ နိုင်ပါသည်။
Photo of Hong Con Mon

Myanmar Kyat Converter
No comments:
Post a Comment