{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Wednesday, May 20, 2015

    ***ဖခင်တာဝန်မယူချင်သော အမျိုးသားများသို့ ***

    ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်'s photo.
    ကျွန်မ ပတ်ဝန်ကျင်မှာ ဒီပြသာနာကို တွေ့နေ မြင်နေကြားနေရတော့
    ကျွန်မတတ်နိုင်တဲ့ နှမ်းတစ်စေ့နဲ့ ဆီဖြစ...်မလားလို့ ကြိုးစားကြည့်တာပါ။ အမျိုးသားတိုင်းကိုတော့မဆိုလိုပါဘူး များသောအားဖြင့် ကိုယ်ချစ်လို့
    လက်ထပ်ယူထားတဲ့မိန်းမ ခလေးရှိလာပြီးဆိုရင်တောင်
    ယောကျာင်္းလေးတို့ ထုံးစံအတိုင်း လွတ်လွတ်လပ်လပ်နေချင်တာကော၊

    အပျော်အပါးမက်တာကော၊ ဒုက္ခမခံချင်တာကောကြောင့် အသစ်ဆိုတဲ့အရာကို လွယ်လွယ်ရွေးချယ်တတ်ကျပါတယ် ဒီနေရာမှာ သိထားဖို့လိုတာက
    မိန်းခလေးတစ်ယောက်တည်းနဲ့ ခလေးမဖြစ်လာနိုင်သလို
    ကိုယ်ဝန်စလွယ်ပြီးဆိုတည်းက မိခင်ဖြစ်မယ့်မိန်းခလေးတွေနေနဲ့
    စတင်ပြီး ပြသာနာတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ရပါတယ် အဲဒီအချိန်မှာ
    ကိုယ့်ယုံကြည်လို့ တစ်ဘ၀စာလက်တွဲထားတဲ့ ကိုယ့်ယောကျာင်္းကို မိဘတွေထက် ပိုပြီးအားကိုအားထားပြုလာတတ်ပါတယ် ကိုယ်စားချင်တာကိုလဲမစားနိုင်
    အညှီအဟောက်အနံ့ရရင် ပျို့အန် ခေါင်းတွေက ချာချာလည်အောင်မှုးဆိုတော့ အလိုမကျတာတွေများလာ လူကအလိုလိုဒေါသထွက်နေတော့
    ကိုယ့်ဘေးမှာရှိနေတဲ့ ယောကျားင်္လုပ်တဲ့သူကို ခလေးတစ်ယောက်လိုဂျီကျတတ်တယ်
    ဒါအပြင် ကိုယ့်ထက်အရင် ခလေးမွေးဖူးတဲ့လူတွေဆီကနေ
    ဘယ်လောက်ဒုက္ခခံစားရတယ်ဆိုတာကို ကြားဘူးထားတော့ ကြောက်ကလဲကြောက် နောက်ပြီး မိန်းခလေးတို့ ထုံးစံအတိုင်း ကိုယ်ဘေးနားမှာရှိတဲ့သူတွေကို အားကျတတ်တဲ့အခါ သူများယောကျာင်္းတွေလုပ်ပေးသလိုမျိုး ကိုယ့်ကိုမလုပ်ပေးဘူးဆိုရင်
    ငါ့ကိုများ မချစ်လို့လား ငါ့ကိုရိုးလာပြီးလား သူများတွေလို
    အသစ်များတွေ့နေပြီးလား ဆိုတဲ့ သံသယတွေကလဲ စိုးမိုးလာတတ်သေးတော့
    အမျိုးသားတွေဘက်က ကြည့်ရင်လဲ မိသားစုအတွက် ၀င်ငွေရှာရ
    ပင်ပန်းရတဲ့ကြားထဲ နားပူနာဆာလုပ် ဂျီကျ မလိုအပ်တဲ့မေးခွန်းတွေ
    မေးတဲ့အခါကျတော့ စိတ်ရှုပ်လာဒေါသထွက်လာပြီး စိတ်မရှည်တတ်တော့ပါဘူး ..........
    တကယ်တမ်းကျတော့ အလုပ်ရှုပ်တယ် မအားဘူးဆိုရင်တောင်
    ရတဲ့အချိန်လေးမှာ ဘာစားချင်လဲ ဆေးသောက်ပြီးပြီလား မောင်က
    ဒီနေ့အပြင်သွားလို့ ချစ်အတွက်ဘာလေးဝယ်လာတယ်ဆိုတာမျိုးတွေကို
    တတ်နိုင်သလောက် ဂရုစိုက်ပေးရင် သူ့စိတ်ထဲက ကြောက်စိတ်
    စိုးရိမ်စိတ်တွေလျှော့ပါသွားပြီး သင်ကို ဂျီကျ နာပူနာဆာ
    လုပ်တာတွေရှိတော့မှာ မဟုတ်ပါဘူး ဒါပေမယ့်တော်တော်များများကတော့
    ဒီလိုလုပ်ပေးဖို့ထက် ဒီမိန်းမကြီးတော်တော် နပူနဆာလုပ်တာပဲ
    အလုပ်ပင်ပန်းရတဲ့ကြားထဲ ဒါရှိလာတော့မှ ပိုဆိုးလာတယ် ငါကိုဒါနဲ့
    ချုပ်ကိုင်လို့ရမယ် ထင်နေလား ငါတို့ ယောကျာင်္းလေးဆိုတာ
    လှေကား ၃ ထစ်ဆင်းတာနဲ့လူပျိုဖြစ်တာကိုများ ခုအချိန်ငါ့ကို
    ကြင်ကြင်နာနာဆက်ဆံမယ့် ငါသဘောကျတဲ့ မိန်းခလေးတွေ့လို့ကတော့ဆိုပြီး ဖောက်ပြန်ချင်လာတတ်ပါတယ် အဲအတွေးမျိုး ၀င်လာရင် ပြန်စဉ်းစားကြည့်ပါ
    သူကိုငါအရင်က ဘာကြောင့်ချစ်ခဲ့တာလဲ သူအရင်က ဘယ်လိုမိန်းခလေးမျိုးလဲ သူဘယ်လိုကြောင့်ဒီလိုပြောင်းလဲသွားတာလဲ နောက်ပြီး သူကငါ့ရင်သွေးကို
    လွယ်ထားရတာပါလား စတဲ့အရာတွေကို ပြန်တွေးကြည့်ပါ။ စိတ်ညစ်လို့
    စိတ်ပျက်လို့ဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်းကြီးနဲ့ နောက်တစ်ယောက်ကိုတွေ့ဖို့
    သာယာဖို့ကလွယ်ပါတယ်။ တကယ်လို့ သူမသိသွားခဲ့ရင်ကော သူမမှာ သူမရဲ့
    ဒုက္ခတွေနဲ့တောင် မနည်းကြိုးစားနေရတာ မိခင်ကောင်းတစ်ယောက်ဖြစ်လာဖို့အတွက်
    အနေအထိုင် အစားအသောက် ဆင်ခြင်ရ အိမ်အလုပ်လုပ်ရ ၀င်ငွေရမယ်အလုပ်ကိုလဲ လုပ်ကိုင်နေရတဲ့အပြင် ကိုယ်သိပ်ယုံကြည်ရတဲ့လူရဲ့ သစ္စာဖောက်မှုကိုသာ
    သိသွားကြည့် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ သေချာတွေးပါ
    ကိုယ့်အတွက်က တခဏတာ စိတ်အပန်းဖြေမှု ပျော်သက်သက်ဆိုပေမယ့်
    အပျော်အပျော်ကနေ အပျက်ဖြစ်လာတတ်ပြီး အမှားတစ်ခုကိုလုပ်ဖို့ဆိုတာ စက္ကန့်ပိုင်းလောက်ပဲလိုတယ်ဆိုပေမယ့် ပြန်ပြင်ဖို့တော့ အချိန်တွေအများကြီးလိုတယ်ဆိုတာ
    သတိယပေးပါ။ ဘာမဟုတ်တဲ့ စိတ်ပျော်ရွှင်မှု သာယာမှု စိတ်ကျေနပ်မှုတစ်ခုအတွက် သင်ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ ဘ၀တစ်ခုကို အပြိုလဲခံမှာလား သင့်ခလေးကိုကော ဘယ်လိုကြီးပြင်းစေချင်လဲဆိုတာ ..........
    ဒီလိုမျိုး လက်ထပ်ထားတဲ့လူတွေတောင် ဒီလိုအဖြစ်များနေတော့ ချစ်သူစုံတွဲတွေကြားမှာ
    ဆိုရင်တော့ ပြောမနေနဲ့ ဘာလို့လဲဆိုတော့ ယောကျာင်္းလေးတွေအတွက်က
    ကိုယ့်လိုဘပြည့်ဖို့ ကိုယ်ဘေးမှာ အမြဲရှိဖို့အတွက် မိန်းခလေးဘ၀ကိုရယူခဲ့တယ်ဆိုပေမယ့် မိန်ခလေးတွေအတွက်တော့ မတူပါဘူး လူတစ်ယောက်ကို အရမ်းချစ်လို့
    ဒီလူဘေးမှာနေနိုင်ဖို့ ဒီလူမညိုညင်ဖို့အတွက် ပုံအပ်ခဲ့ကျတာပါ ဒီလိုနေထိုင်ရင်
    ခလေးရလာပြီးဆိုရင် ငါ့ကို သူလက်ထပ်ချင်ပေါ့မလား သူတာဝန်ယူပေါ့မလား
    ပတ်ဝန်ကျင်ကသိသွားရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးတွေနဲ့ စိတ်ပင်ပန်းရသလို
    တစ်ချို့မိန်းခလေးတွေက ကိုယ်ဝန်ရှိလာရင် ဘာမှမဖြစ်ဘူးဆိုပေမယ့်
    များသောအားဖြင့် ပျို့အန်တာ ခေါင်းနောက်တာတွေကြောင့် လူလဲပင်ပန်းရပါတယ်
    ဒီလိုအချိန်မှာ တာဝန်ယူရမယ့် ကိုယ့်ချစ်သူက ဒီအကြောင်းကိုသိတာတောင်
    လက်ထပ်ဖို့လဲမပြော ဂရုလဲမစိုက်ဘူးဆိုရင် မိန်းခလေးတွေအတွက်
    ပြသာနာအကြီးကြီးတစ်ခုကို ရင်ဆိုင်ရတာပါပဲ ဒီခလေးကိုမွေးသင့်လား မမွေးသင့်ဘူးလားဆိုတာစဉ်းစားလာကြပါတယ် သူများ နိုင်ငံတွေမှာဆို
    ပြသာနာမရှိပေးမယ့် ကျွန်မတို့ မြန်မာနိုင်ငံမှာကျတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်အလေ့အထကြောင့် မွေးမယ်ဆိုရင် မိဘအသိုင်းအ၀ိုင်း
    ပတ်ဝန်းကျင်စတာတွေ အများကြီးကို ရင်ဆိုင်ရသလို မမွေးဘူးဆိုပြန်ရင်လဲ
    ကိုယ်ရင်သွေးကို သတ်သလိုဖြစ်မှာကော ကိုယ်သေသွားနိုင်တာကော ဘယ်သူမှမသိအောင်ဖုန်းကွယ်ရမှာကော စတဲ့ပြသာနာတွေ အများကြီးကိုရင်ဆိုင်ရမှာပါ
    အရာအားလုံးကို ရင်ဆိုင်ပြီး သတ္တိရှိရှိနဲ့ မွေးမယ်ဆိုရင်တောင် ခလေးအတွက်တော့
    ပတ်ဝန်းကျင်းရဲ့ ရိုက်ခတ်မှု၊ မိခင်ရဲ့ နာကျည်းမှု၊ အထီးကျန်မှုတွေနဲ့
    ငရဲကျသလိုကြီးပြင်းရမှာပါ ဒါကြောင့် ကိုယ်ရဲ့ ဇနီမယားနေရာမှာထားဖို့ သူမလက်ကိုမဖြုတ်တမ်းဆုတ်ကိုင်ထားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင်
    မိန်းခလေးတစ်ယောက်ကို ဒုက္ခမပေးပါနဲ့လား ဒီလိုပြောလို့ သူတို့ကိုက
    အညှာလွယ်တာပါလို့ မပြောပါနဲ့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ ........
    ခလေးဆိုတာမျိုးကလဲ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး
    ဆေးပညာသဘောတရားအရ မမျိုးဥ နဲ့ ဖိုမျိုးဥ တွေ့ဆုံးပြီး သန္တေတည်လာတာပါ
    ဒီလို သန္တေတည်ဖို့ဆိုတာကလဲ တကြိမ်ဆက်ဆံယုံနဲ့ဖြစ်နိုင်သလို
    တော်တော်ကြာမှလဲ ရနိုင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မမျိုးဥဟာ တစ်လမှာ
    တစ်ကြိမ်ပဲကြွေတာမို့ပါ ဒါကြောင့်အမျိုးသားတွေအနေနဲ့ အဖေမဖြစ်ချင်ဘူး
    ဖခင်တာဝန်မယူချင်ဘူး လွတ်လွတ်လပ်လပ်နေချင်တယ်ဆိုရင် ဒါမှမဟုတ်
    ဒီမိန်ခလေးကိုတော့ ငါလက်မထပ်ချင်ဘူး၊ သူကတော့ ငါသတ်မှတ်ထားတဲ့စံထဲမ၀င်ဘူး၊
    သူကတော့ ငါဘ၀ကို မြင့်အောင်မတင်ပေးနိုင်ဘူး စတဲ့ သဘောမကျတဲ့
    အချက်တွေရှိလို့ တစ်ဘ၀စာမရည်ရွယ်ထားဘူးဆိုရင် ခုခတ်မှာ
    ကာကွယ်လို့ ရတဲ့နည်းလမ်းတွေ အများကြီးပါ ဒါကြောင့် ယောကျာင်္းလေးတွေအနေနဲ့
    ကိုယ်က အဖေမဖြစ်ချင်ဘူး ဆိုရင် ကိုယ်ဇနီးမယားအဖြစ်မသတ်မှတ်နိုင်တဲ့
    မိန်းခလေးတစ်ယောက်ကို မိခင်တစ်ယောက်ဖြစ်လာအောင် မဖန်တီးပါနဲ့လား ....???
    Rose White (လဲ့မွန်)
    13.4.15
    1:28 AM
    မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ

    No comments:

    Post a Comment

    😁😁😁