---
၁ ပွဲစီကစားပြီးချိန်မှာ မြန်မာရော၊ စင်ကာပူပါ ၃ မှတ်စီရထားပါတယ်။
စင်ကာပူယူ၂၃အသင်းဟာအသင်းကောင်းတစ်သင်းမဟုတ်ဘဲ
သာမန်အသင်း...လောက်သာရှိပါတယ်။ မြန်မာယူ၂၃အနေနဲ့ 
အင်ဒိုနီးရှားနဲ့ ကစားပုံကအတိုင်းသာကစားမယ်ဆိုရင် မနိုင်စရာမရှိပါဘူး။

စင်ကာပူယူ၂၃မှာ အဓိကစောင့်ကြည်ရမဲ့ကစားသမားတွေကတော့
အဒမ်ဆွမ်ဒီ(နံပါတ် ၅)၊ ဆာဟေးဆူဟိုင်မီ (နံပါတ် ၇)၊
ဖာ၇စ်စ်ရမ်မလီ (နံပါတ် ၁၀) နဲ့  စင်ကာပူလက်ရွေးစင်ဟောင်း
ဖန်ဒီအာမက်ရဲ့သား အာဖန် (နံပါတ် ၁၇) တို့  ဖြစ်ပါတယ်။
မြန်မာယူ၂၃အသင်းအနေနဲ့ နောက်တန်းကစားပုံကို ဂရုစိုက်ဖို့ 
လိုအပ်မှာဖြစ်ပြီး မလိုအပ်ဘဲ ပြစ်ဒဏ်ဘောမပေးရစေဖို
့အထူးသတိထားဖို့ လိုပါတယ်။ ခြေစွမ်းချင်းယှဉ်ရင်
မြန်မာယူ၂၃က အသာဖြစ်ပါတယ်။
ရဲကိုဦး၊ လှိုင်းဘိုဘိုတို့  final third မှာ ဆုံးဖြတ်ချက်မှန်မှန်ချပြီး
အခွင့်သာသူ၊ အပိုင်ရနိုင်သူကို ဖန်တီးပေးဖို့ လိုပါတယ်။
အိမ်ရှင်ကို သူ့ ကွင်း၊ သူ့ ပရိတ်သတ်ကို အနိုင်ရဖို့ ဆိုတာလွယ်ကူမှာ
မဟုတ်ပေမဲ့ စင်ကာပူရောက်မြန်မာပရိတ်သတ်တွေနဲ့ 
တသားတည်းဖြစ်နေတဲ့ မြန်မာယူ၂၃တို့  အားကုန်ထုတ်ကစားပြီး
အနိုင်ယူသွားမယ်လို့ ယုံကြည်နေပါတယ်။
ပထမ ၂ပွဲမှာ ၆ မှတ်အပြည့်ယူထားမယ်ဆိုရင်
အုပ်စုဗိုလ်ဖြစ်နိုင်သလို ကစားသမားအနားပေးမှုများလည်း
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ခန့် မှန်း၊ စင်ကာပူ ယူ၂၃ ၁ - ၂ မြန်မာ ယူ၂၃
------------------------------−−−−−−−−−−−−−−−−−−−−−
Jelan Besar ကွင်းထဲထိ လာအားပေးမဲ့ ပရိသတ်တွေကို
မေတ္တာရပ်ခံချင်တာက −
၁) ဂျာစီအဖြူရောင် (မရှိပါက ရိုးရိုး အကျီအဖြူရောင်)
ဝတ်ဆင်လာပါရန်၊
စင်ကာပူအသင်းက အနီရောင် ၀တ်ဆင်ကစားမှာဖြစ်ပြီး
သူတို့ပရိသတ်အရောင်ကလဲ အနီရောင်ဖြစ်ပါတယ်
၂) ကွင်းသို့ စောစောလာပါရန်နဲ့ ဖြစ်နိုင်ရင် wallet, ph စတဲ့
မယူမဖြစ်လောက်သာ ယူဆောင်လာပါရန်
လုံခြုံရေးက အိတ်ကိုဖွင့် အထပ်ထပ်စစ်တာမို့ တယောက်တယောက်
အချိန်တော်တော်ကြာ စစ်လို့ပါ။
၃) King George Stand ဘက် ကျတဲ့သူတွေ သိပ် မခုန်ပါရန်။
အဲ့ဘက်စင်က ကြံ့ခိုင်မှု သိပ်မရှိတာကြောင့် အားလုံးသာ ခုန်ပေါက်အားပေးပါက ကျိုးကျနိုင်စရာရှိပါတယ်။
၎) စင်ကာပူ ပရိသတ်ဘက်ခြမ်း က ၀ယ်ထားတဲ့သူများ စောစောလာပါ၊
စိတ်ရှည်ပါ၊ ၀င်ခွင့်ရအောင် ကျွန်တော်တို့လဲ ကြိုးစားနေပါတယ်
ကြိုးစားပေးပါမယ်။
ကျေးဇူးတင်ပါတယ်။
−−−−−
မြန်မာဘောလုံးချစ်မြတ်နိုးသူများ

Myanmar Kyat Converter
No comments:
Post a Comment