^^^^^^^^^^^^^^^^^^^^^^^^^
အတိတ်တိုင်းတွေက
စိတ်ရိုင်းတွေ မွှေခဲ့ဖူးလေတော့
...
အစိတ်အပိုင်းတွေ မဝေမျှချင်ဘူး
ချစ်သူရင် နွမ်းမှာကြောက် ။
မပြတ်တောက်ချင်ဘူး
အသက်လောက် ချစ်တယ် သခင်
ဖြတ်လျှောက်သူ ဝန်းကျင်တစ်သိုက်ကြောင့်
နှစ်ယောက်အတူ အစွန်းထင် အမှိုက်တွေ
လည်း
ရှင်းလိုက်မယ် သခင် ။
အထစ် အထပ်ထပ် ကာ လည်း
အရစ် မပြတ်လပ် မေတ္တာကြိုးတွေးနဲ့
အသစ်စက်စက် သစ္စာဖြိုးလို့ကွယ်
သခင်ရယ်
ရိုးမြေကျ ချစ်မယ် ။ ။
ဇာနည်သွေး(ရေကျော်မြေ)
20-May- 2015
PM.1:40
အခုလိုအားပေးမှုအတွက် ဤဒေသမှ (သင့်ကို) အထူပင်ကျေးဇူတင်ပါတယ်
No comments:
Post a Comment