ချက်ကြွေပြီး လူဖြစ်တဲ့ ငါ ...
ရေလည်မှာ ရွှေကြာလို ပွင့်ဖူးရင်
ရေနစ်မူ့ စနစ်မှာ ကင်းကွာချိန်
ဆက်သွယ်မူ့ ဖြတ်တောက်ခံကျွန်းထဲ
အမည်ခံ ရက်ကွက်တစ်ခုမှာ
လူ ဖြစ်ခဲ့ရတယ် ။
အထူးတလည် မြူစွယ်ရန်မလိုဘဲ
အလည်လာသူ မိတ်ဆွေတိုင်းတွက်
ဧည့်ဝတ်ကျေးခဲ့ ။
မြို့မရဲ့ ချောင်းဆုံ
အလှဂုဏ်အုပ်မိုးထား
ရွှေမြင်းမိုရ်တောင် ဘုရားကြီးမှ
ဝတ်ပြုကာ ဆုပန်းခြွေ
ဆန္ဒတွေပြည့်စေနိုင်တာ
ဘယ်သူသိမလဲ..... ?
အာရုံတက်အလင်းပြိုဆင်းချိန်
ရွှေဝါရောင်ခြုံလွှမ်းခြင်းဖြင့်
တည်ငြိမ်းခြင်းအပြည့်
ဆွမ်းခံ ဘုန်းဘုရားတွေကြည့်ရင်
သာယာခြင်းရနံဖြင့်
မြို့ချောင်းဆုံရဲ့ မနက်ကို
ဖွင့်လှစ်ခဲ့တာ ဘယ်သူတွေ့လဲ ..?
ရေဇလာထက်မှာ
ဇဉ်ယော်ငှက်တွေ ဝဲပျံကာ ငေးရင်
ငါ့ ရဲ့ မွေးရပ် ကို
ကျောခိုင်းကာ နှုတ်ဆက်ထွက်ခဲ့တယ် ။
သို့ပေမယ့်
အိပ်တန်ပြန် ငှက်တေလေတစ်ကောင်လို
မာန်တင်းကာ ပျံရင်
ဘီလူးရဲ့ ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေကောက်ဖို့
အချိန်ကိုစောင့်နေခဲ့တာ ပါ ။
ဘီလူးလေး..........
အခုလိုအားပေးမှုအတွက် ဤဒေသမှ (သင့်ကို) အထူပင်ကျေးဇူတင်ပါတယ်
အလည်လာသူ မိတ်ဆွေတိုင်းတွက်
ဧည့်ဝတ်ကျေးခဲ့ ။
မြို့မရဲ့ ချောင်းဆုံ
အလှဂုဏ်အုပ်မိုးထား
ရွှေမြင်းမိုရ်တောင် ဘုရားကြီးမှ
ဝတ်ပြုကာ ဆုပန်းခြွေ
ဆန္ဒတွေပြည့်စေနိုင်တာ
ဘယ်သူသိမလဲ..... ?
အာရုံတက်အလင်းပြိုဆင်းချိန်
ရွှေဝါရောင်ခြုံလွှမ်းခြင်းဖြင့်
တည်ငြိမ်းခြင်းအပြည့်
ဆွမ်းခံ ဘုန်းဘုရားတွေကြည့်ရင်
သာယာခြင်းရနံဖြင့်
မြို့ချောင်းဆုံရဲ့ မနက်ကို
ဖွင့်လှစ်ခဲ့တာ ဘယ်သူတွေ့လဲ ..?
ရေဇလာထက်မှာ
ဇဉ်ယော်ငှက်တွေ ဝဲပျံကာ ငေးရင်
ငါ့ ရဲ့ မွေးရပ် ကို
ကျောခိုင်းကာ နှုတ်ဆက်ထွက်ခဲ့တယ် ။
သို့ပေမယ့်
အိပ်တန်ပြန် ငှက်တေလေတစ်ကောင်လို
မာန်တင်းကာ ပျံရင်
ဘီလူးရဲ့ ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေကောက်ဖို့
အချိန်ကိုစောင့်နေခဲ့တာ ပါ ။
ဘီလူးလေး..........
အခုလိုအားပေးမှုအတွက် ဤဒေသမှ (သင့်ကို) အထူပင်ကျေးဇူတင်ပါတယ်


Myanmar Kyat Converter
No comments:
Post a Comment