{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
ပင်မစာမျက်နှာ
သမိုင်းများ
မွန်တို့ရဲ့ရိုးရာ
လက်မှုပညာ
ရှု့ခင်းသာ
ကျေးရွာများ
ဗဟုသုတ
သင်ခန်းစာ
ကျမ္မာရေးအသိပေး
ပရဟိတ ဒါန်းန
ဗုဒ္ဓဘာသာ
သာသနာပြု
ရင်ဖွင့်ကဗျာများ(အပိုင်.၁)
ရင်ဖွင့်ကဗျာများ(အပိုင်.၂)
သီချင်းစာသားများ
မြန်မာသင်္ကြန်
သတင်စုံ
အားကစား သတင်း
ဟာသ ကာတွန်း
စာအုပ်စဉ်
Friday, May 22, 2015
♻♻♻သင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ♻♻♻
💦
လူတွေဟာ ငါ့ဘဝမှာ အရေးကြီးပါတယ်၊၊
ငါနဲ့ ရေရှည် ဆက်ဆံရတဲ့သူဟာ ပိုပြီးတော့ စဉ်းစားတတ်တဲ့သူ
ချင့်ချိန်တတ်တဲ့သူ အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်တဲ့သူ ဖြစ်လာရမယ်၊၊
အဲသလို ရည်မှန်းချက်တစ်ခု ထားသင့်တယ်၊၊
🌹
🌹
🌹
...
အဲဒီလိုခံယူချက် ထားလိုက်လို့ရှိရင် ပတ်ဝန်းကျင်မှာ
စီးပွားရေးအခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊
ကမ္ဘာ့အခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊
ဘယ်လိုပြောင်းသွား ပြောင်းသွား ကိုယ့်စိတ်ထား အောက်ကို ကျမသွားဘူး၊၊
ကိုယ်ထားတဲ့ရည်မှန်းချက်က အမြဲတမ်း ကိုယ့်စိတ်ထားကို မြှင့်ပေးထားတယ်၊၊
ဘာကြီးဖြစ်နေဖြစ်နေ ငါ့ရဲ့ ဦးတည်ချက်ကို ဘယ်တော့မှ မပြောင်းဘူး၊၊
🌹
🌹
🌹
“သင်ကောင်းလျှင် ကျွန်နူပ်မဆိုးပါ၊၊” လို့ ပြောတာ ကြားဖူးတယ်နော်၊၊
ခံယူချက် တကယ်မှန်တဲ့သူကတော့ “သင်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊
ကျွန်နူပ်ကတော့ ပုံမှန်အတိုင်းပါပဲ” လို့ ပြောမှာပဲ၊၊
ပုံမှန်စိတ်ထားနဲ့ ပုံမှန်ဆက်ဆံရေးကို ထားမယ်၊၊
တတ်နိုင်သလောက် အားလုံးအတွက် အဆင်ပြေဖို့ ကြိုးစားမှာပဲ၊၊
🌹
🌹
🌹
လူတွေကတော့ အမျိုးမျိုး ရှိပါတယ်၊၊ စိတ်ထား ကောင်းတဲ့လူလည်း ရှိတယ်၊၊
စိတ်ထား မကောင်းတဲ့လူလည်း ရှိတယ်၊၊ ဘုန်းကြီးက စိတ်ထား မကောင်းတဲ့
လူတွေကိုပါ စိတ်ချမ်းသာစေချင်ပါတယ်၊၊ သူတို့ တနေ့တခြား
ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့
စိတ်အေးချမ်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့ အသိဥာဏ်တွေ
မြင့်မားလာတဲ့သူ သိပ်ဖြစ်စေချင်ပါတယ်၊၊ ဘာလို့လဲဆိုတော့
သူတို့ စိတ်ထားတွေ ကောင်းလာရင် သူတို့ အသိဥာဏ် ရှိလာရင်
ကိုယ့်အတွက် တော်တော်အကျိုးရှိတယ်နော်၊၊
(ကိုယ်ကျိုးတော့ နည်းနည်း ပါသွားပြီ)
ဒါကြောင့် မြန်မြန် စိတ်ထား ကောင်းပါစေလို့ မေတ္တာပို့ပါတယ်၊၊
💃
🚶 ➖➖
🔹
🍄🍄
🔹
➖➖ 🚶
💃
♻ ဆရာတော်ဦးဇောတိက ♻
🍁
( မဟာမြိုင်တောရ )
🍁
▫
▫
၏
▫
▫
🌲“ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
စာမျက်နှာ( ၅၃ )
အခုလိုအားပေးမှုအတွက် ဤဒေသမှ (သင့်ကို) အထူပင်ကျေးဇူတင်ပါတယ်
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
😁😁😁
My Favourite Site
အထွေထွေ
နိုင်ငံတကာ ငွေဈေးများ
Myanmar Kyat Converter
!-end>!-currency>
Chat Software
😁😁😁
ဒီမှာရှာဖွေရန်
No comments:
Post a Comment