{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Friday, May 22, 2015

    ***ဖတ်ကြည့်ပေးပါ***

    ᚊᚊᚊ ᚊᚊᚊ's photo.
     

    ယောကျာင်္းပီသတဲ့ ယောကျာင်္းလေးတိုင်းက
    ဒီစာလေးကို လက်ခံသလို
    မိန်းမပီသတဲ့ မိန်းကလေးတိုင်းကလည်း...
    ကိုယ့်ဘဝကို ကိုယ်တန်ဖိုးထားစေချင်တယ်

    ယောက်ျားပီသကြပါစေ..
    ========================
    ဆူးပေါ်ဖက်ကျလဲဖက်ပေါက်တယ်.. ဖက်ပေါ်ဆူးကျလဲဖက်ပေါက်တာပါပဲ..
    မိန်းခလေးတစ်ယောက်ရည်းစားထားတယ်ဆိုတာ..
    ဘ၀နဲ့ရင်းရတဲ့ တိုက်ပွဲတစ်ခု..
    ပန်းတစ်ပွင့်ဟာ မိခင်ပင်ရင်းရင်ခွင်က ဝေးကွာသွားတာနဲ့
    ညိုးနွမ်းရမှာအသေအချာပါ..
    မြတ်နိုးတယ်ယူဆပြီး.. အခူးခံပန်းတစ်ပွင့်က
    ခူးယူသူကိုပဲပန်စေချင်ကြတာပါပဲ..
    ဒီလိုပဲ..
    ကိုယ့်ကိုချစ်လာတဲ့ယောက်ျားတစ်ယောက်
    လက်ထဲမှာဘ၀ကိုရင်းပေးခဲ့တဲ့မိန်းမတစ်ယောက်ဟာ.. ထိုသူကိုပဲတစ်သတ်လုံး လက်တွဲသွားချင်တာဟာ.. မိန်းမတိုင်းအမြဲမက်တဲ့အိမ်မက်တစ်ခုပါ..
    အပျိုစင်ဘ၀ဆိုတာ.. မိန်းခလေးတစ်ယောက်အတွက်.. အသက်ထက်တောင်
    တန်ဖိုးရှိပါတယ်တဲ့..
    ဒါကြောင့်.. ယောက်ျားတစ်ယောက်ရဲ့ခံယူချက်နဲ့
    စိတ်ဓာတ်ရှိ့မယ်ဆိုရင်.. မိမိချစ်သူရဲ့အပျိုစင်ဘ၀ကို.. တန်ဖိုးထားပေးပါ..
    အသစ်ပြန်ပွင့်ဖူးနိုင်တဲ့ပန်းတစ်ပွင့်မဟုတ်လို့..
    ဘယ်တော့မှခူးယူဖို့ မကျိုးစားမိပါစေနဲ့..
    ခူးယူလိုက်ပီဆိုတည်းကညိုးနွမ်းသွားမှာအသေအချာပါပဲ..
    ခူးယူမိခဲ့ရင်လဲ.. မလွင့်ပစ်ပါနဲ့.. ညိုးညိုးနွမ်းနွမ်း.. ဆွေးမြေ့မြေကျသွားသိတိုင်..
    တန်ဖိုးထားပါ..
    မိန်းခလေးတစ်ယောက်က
    သူရဲ့အပျိုစင်ဘ၀ကိုပေးတယ်ဆိုတည်းက
    သူဘ၀တစ်လျှောက်လုံးစာကို မိမိအတွက်စတေးလိုက်ခြင်းပါပဲ..
    အပျိုစင်တစ်ယောက်ဟာ အအိုဖြစ်သွားဖို့ဆိုတာ.. မိနစ်ပိုင်းပဲကြာပေမယ့်..
    အအိုတစ်ယောက်ကအပျိုစင်ပြန်ဖြစ်ချင်တယ်ဆိုရင်တော့..
    ရွှေငွေပုံပေးလဲမရနိုင်တော့ပါဘူး..
    အခုခေတ်မှာ ဆယ်ခြောက်..
    ဆယ့်ခုနှစ်လောက်ထဲက.. ရည်းစားထားနေကြပီ..
    ခောတ်စနစ်ရဲ့တိုက်စားမှု့ကြောင့်
    Living together တွေဖြစ်ကုန်ကြပီ.. မဖြစ်သင့်ပေမယ့်.. တားဆီးလို့မရတဲ့
    အပူချိန်လို အမြဲတမ်းမြင့်တတ်နေတာပါ..
    အခုခေတ်ယောက်ျားတွေ.. အရွှယ်ရောက်တာနဲ့စမ်းသပ်ချင်ကြတယ်..
    စူးဆန်းချင်ကြတယ်.. မိမိတို့ရဲ့လက်တည့်စမ်းချင်တဲ့စိတ်ကူးက..
    တစ်ဖက်သားသူ ဘ၀နဲ့ရင်းရတာကို သတိပြုဆင်ခြင်ပါ..
    "ဒီဆော်.. ငါမလုပ်ရင်သူများလုပ်မှာပဲ..
    သူများသားသမီး..မဖျက်ဆီးနဲ့ပြောတဲ့အခါမျိုးမှာတောင်..
    မင်းကသူများသားသမီးမဖျက်စီးရင်..ကိုယ့်သားသမီး
    ဖျက်စီးမှာလားဆိုတဲ့.. တိရိစ္ဆာန်လိုလူစားတွေလဲရှိ့နေပါသေးတယ်.."
    ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်ရှိ့တဲ့လူတွေကို ကြားလဲကြားဖူးတယ်..
    လက်တွေ့လူ့ပတ်ဝန်းကျင်မှာမြင်လဲမြင်နေရပါတယ်.. မိမိမှာဒီလိုစိတ်ဓာတ်..
    မျိုးရှိ့နေခဲ့ရင် အခုချိန်ထဲက မိမိစိတ်ဓာတ်ကိုပြုပြင်ပါ..
    အချိန်မှီမပြုပြင်သေးရင်.. ယောက်ျားပီသတဲ့စိတ်ဓာတ်ဖြစ်ဖို့နေနေသာသာ
    တိရိစ္ဆာန်ထက်အောက်တန်းကျတဲ့အရာဖြစ်နေပီဆိုတာ.. သဘောပေါက်ပါ..
    အခြေအနေတစ်ခုကြောင့် မှားယွင်းခဲ့ရင်လဲ.. အမှားကိုတာဝန်ယူစိတ်ထားပါ..
    မိမိကိုကိုလူတစ်ယောက်လို့ယူဆရင်..
    ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်လို့
    ယူဆရင်.. ကိုယ့်အမှားကိုတာဝန်ယူရဲရမှာပေါ့..
    ဒါကြောင့်.. ညီမငယ်တို့လဲ.. မိမိအပျိုစင်ဘ၀ကိုတန်ဖိုးထားပါ..
    သေလောက်အောင်ချစ်နေပါစေ.. တောင်းဆိုလာခဲ့ရင်လဲ..
    အပျိုစင်ဘ၀ကိုတန်ဖိုးထားပါ.. ချစ်သူကိုဖျောင်းဖျပါ..
    မရဘူးဆိုရင်တော့.. ချက်ချင်းသာလမ်းခွဲလိုက်ပါတော့..
    ဒီတစ်ချက်ထဲနဲ့.. မိမိကိုတစ်ကယ်ချစ်တာမဟုတ်ဖူးဆိုတာ
    သေချာနေပီပဲ..
    အရွယ်ရောက်စ ညီငယ်တို့ကိုပြောပြချင်တာက..
    စိတ်အလိုကိုလိုက်ပြီး.. လက်တည့်မစမ်းကြပါနဲ့..
    သူများမြှောက်ပေးတိုင်းလဲ မလုပ်ကြပါနဲ့..
    မြှောက်ပေးသူနဲ့တွေ့ခဲ့ရင်လဲ နောက်နောင်
    အပေါင်းအသင်းမလုပ်ပါနဲ့..
    ထိုသူဟာ.. တိရိစ္ဆာန်ထက်တောင်.. အောက်တန်းကျတဲ့လူမျိုးဆိုတာ သေချာနေပါပီ..
    ဘ၀မှာမိမိပြုတဲ့အမှားကိုမိမိတာဝန်ယူရဲတဲ့
    ယောက်ျားပီသတဲ့.. လူတော်လူကောင်းများဖြစ်နိုင်ကြပါစေ..
    (ဒီဆောင်းပါးကို Share ပေးပါ.. သင်ရဲ့တစ်ခါ Share လုပ်
    ကူညီခြင်းဟာ.. လူငယ်တစ်ယောက်ကနေ.. များစွာအထိ..
    ယောက်ျားပီသတဲ့စိတ်ဓာတ်နဲ့အသိရရှိ့လာနိုင်ပါတယ်...
    မိန်းခလေး.. တစ်ယောက်ကနေ.. များစွာရဲ့အရှက်ကိုကာကွယ်နိုင်ပြီး..
    အနာဂတ်.. မိခင်လောင်း.. ဖခင်လောင်းတွေ.. များပြားလာနိုင်မှာပါ.. )
    (ဖတ်ပေးပါ.. Share ပေးပါ)
    Credit-
    (ခေတ်သစ် မောင်ပေါ်ဦး.)မှကူယူပါသည်
    အစဉ်လေးစားလျက်....
    အခုလိုအားပေးမှုအတွက် ဤဒေသမှ (သင့်ကို) အထူပင်ကျေးဇူတင်ပါတယ်

    No comments:

    Post a Comment

    😁😁😁