နေ့ခင်းဆိုတဲ့ပုဂ္ဂိုလ်က
မီးစက်ကို အပိုင်ငှားထားလို့...
လမင်းခမျာ ဗို့တိတ်ကျနေရရှာတယ်။
အင်ဗာတာရှိတဲ့ကြယ်တွေသာ
ပျပျလင်းနိုင်ချိန်ပေါ့။
ပုစဉ်းရင်ကွဲနဲ့ ပိုးစုန်းကြူးတို့
အငြင်းပွားနေကြတာက
"ငါ့ဖယောင်းတိုင် ဘယ်သူရွှေ့သလဲ"တဲ့။
လေညင်းကလေးတောင်
အန်ပလပ်သီချင်းတွေပဲ
ညည်းနေရရှာတဲ့အခိုက်
"ငါက သိပ်အအိပ်ဆတ်တာကွ"
ရာသက်ပန်ကင်းသမား
'ည'ဆိုတဲ့ကောင်ကကြွားနေသေးတယ်။
စိန်လိုက်လေ
မင်းနဲ့ငါ
အမှောင်တွေပြိုင်သောက်ရအောင်။
တစ်ပက်ပြီးတစ်ပက်
တစ်ခွက်ပြီးတစ်ခွက်
အကြိတ်အနယ်ပေါ့။
သူကိုယ်တိုင်က မှောင်ရိပ်ခိုနေကျမို့
သောက်လုံးကြီးတဲ့ 'ည'ကို
ဘယ်နိုင်ပါ့မလဲ။
ပြိုင်ပွဲရဲ့လောင်းကြေးကတော့
ရှုံးတဲ့လူ အိပ်ရမယ်တဲ့လေ။
ဒီလိုမှန်းသိရင်
အိပ်မက်ချင်း
ပြိုင်သောက်ခဲ့ရ
အကောင်းသား။
- မင်းလူ
(Fashion Iconမဂ္ဂဇင်း၊
ဒီဇင်ဘာ၊ ၂၀၀၅) မှ copy
ပျပျလင်းနိုင်ချိန်ပေါ့။
ပုစဉ်းရင်ကွဲနဲ့ ပိုးစုန်းကြူးတို့
အငြင်းပွားနေကြတာက
"ငါ့ဖယောင်းတိုင် ဘယ်သူရွှေ့သလဲ"တဲ့။
လေညင်းကလေးတောင်
အန်ပလပ်သီချင်းတွေပဲ
ညည်းနေရရှာတဲ့အခိုက်
"ငါက သိပ်အအိပ်ဆတ်တာကွ"
ရာသက်ပန်ကင်းသမား
'ည'ဆိုတဲ့ကောင်ကကြွားနေသေးတယ်။
စိန်လိုက်လေ
မင်းနဲ့ငါ
အမှောင်တွေပြိုင်သောက်ရအောင်။
တစ်ပက်ပြီးတစ်ပက်
တစ်ခွက်ပြီးတစ်ခွက်
အကြိတ်အနယ်ပေါ့။
သူကိုယ်တိုင်က မှောင်ရိပ်ခိုနေကျမို့
သောက်လုံးကြီးတဲ့ 'ည'ကို
ဘယ်နိုင်ပါ့မလဲ။
ပြိုင်ပွဲရဲ့လောင်းကြေးကတော့
ရှုံးတဲ့လူ အိပ်ရမယ်တဲ့လေ။
ဒီလိုမှန်းသိရင်
အိပ်မက်ချင်း
ပြိုင်သောက်ခဲ့ရ
အကောင်းသား။
- မင်းလူ
(Fashion Iconမဂ္ဂဇင်း၊
ဒီဇင်ဘာ၊ ၂၀၀၅) မှ copy

Myanmar Kyat Converter
No comments:
Post a Comment