{{{{{.ဘီလူးကျွန်း ရွှေကျွန်းတော် မှ မိတ်ဆွေ သူငယ်ချင်းများကို ထာ၀ရ ကြိုဆိုနေလျှက်ပါ .}}}}}
  • သမိုင်းများ
  • မွန်တို့ရဲ့ရိုးရာ
  • လက်မှုပညာ
  • ရှု့ခင်းသာ
  • ကျေးရွာများ
  • ဗဟုသုတ
  • သင်ခန်းစာ
  • ကျမ္မာရေးအသိပေး
  • ပရဟိတ ဒါန်းန
  • ဗုဒ္ဓဘာသာ
  • သာသနာပြု
  • ရင်ဖွင့်ကဗျာများ(အပိုင်.၁)
  • ရင်ဖွင့်ကဗျာများ(အပိုင်.၂)
  • သီချင်းစာသားများ
  • မြန်မာသင်္ကြန်
  • သတင်စုံ
  • အားကစား သတင်း
  • ဟာသ ကာတွန်း
  • စာအုပ်စဉ်
  • Saturday, May 2, 2015

    “ကြောက်စရာကောင်းသော မာန”

    Young Buddhist's Association's photo.
    •••••••••••••••••••••••••••••••••••••••••
    လူမှုပတ်ဝန်းကျင်တွင်
    ဆက်ဆံရေး အဆင်မပြေမှုကြောင့်
    စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ ဖြစ်နေကြသည်ကို...
    အများဆုံး တွေ့နေရသည်။
    ဆက်ဆံရေးအဆင်မပြေမှုဖြစ်ရသည့်
    အများဆုံးအကြောင်းရင်းမှာ
    ကိုယ့်အယူအဆသာမှန်သည်ဟု
    တရားသေစွဲကိုင်ထားသော မာနကြောင့်ဖြစ်သည်။
    ကိုယ့်အတွေးအခေါ်သာမှန်သည်၊
    ကိုယ့်ယူဆချက်ကသာခိုင်လုံသည်
    ကိုယ့်အတွေ့အကြုံကသာသေချာသည်ဟု
    မာနကိုစွဲကိုင်၍ အခြေအနေတစ်ခု
    ပြဿနာတစ်ခုကို ကိုယ်လိုရာ
    ကောက်ချက်ဆွဲ၍ ဝေဖန်တတ်သည်။
    မိမိမာနက လက်ဆုပ်လက်ကိုင်ပြုထားသည်ကို
    တကယ့်အမှန်တရားဟု
    ထင်မှတ်မှား ကိုးကွယ်နေကြသည်။
    မိမိအသိပညာ၊အတတ်ပညာသည်
    မာနနှင့် တွဲဖက်လာသောအခါ
    ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီးများသည်။
    ငါပြောတာမှ မှန်တယ်၊
    ငါလုပ်တာသာ ဟုတ်တယ်ဟု
    တရားသေ စွဲကိုင်ထားသူကို
    ကျိုးကြောင်းပြ ဆုံးမသော်လည်း
    မာနကအဆုံးအမမခံ တွန်းလှန်ပြန်သဖြင့်
    သူတော်ကောင်းတို့၏ အဆုံးအမနှင့် ဝေးကွာရပြန်သည်။
    မာနသည် မာနဖြစ်သူတစ်ဦးတည်းကိုသာ
    ထိခိုက်သည်မဟုတ်ဘဲ၊ ပတ်ဝန်းကျင်ကိုပါ
    စိတ်ဆင်းရဲမှုများ ဖြန့်ဝေနေသူ ဖြစ်မှန်းမသိဖြစ်နေသည်
    ဆိုသည်ကို သတိပြုရန် လိုအပ်သည်။
    အသိပညာ၊အတတ်ပညာ ပြည့်စုံသောပုဂ္ဂိုလ်မှာ
    ဘုရားမှ တစ်ပါးလောက၌ မရှိပါ။
    မိမိကိုယ်ကို ပြည့်စုံနေသည်ထင်ပါက
    ဘုရားနှင့် ခြေရာချင်း တိုင်းသူသာဖြစ်သည်။
    မိမိ၏မာနကြောင့် နစ်နာခဲ့ရသည်များ၊
    ဆုံးရှုံးခဲ့ရသည်များ မည်မျှများပြားခဲ့ပါသနည်း။
    သင်နောင်တရဖို့ ကောင်းပြီ။
    မည်သည့်နေရာတွင်မှ
    ကောင်းကျိုးမပေးသော မာနကို
    လျှော့ချရန် ဝန်မလေးသင့်ပေ။
    -【ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်】

    No comments:

    Post a Comment

    😁😁😁