လှည့်ကွက်တွေအောက်က
မိုးလင်းဖို့ ခတ်နေတာ...
အလင်းရှင်ကိုအပြစ်မဆိုနဲ့
သူငယ်ချင်း ။
ရုန်းကန်ကာရှင်သန်ရေး
အတ္တကမ္ဘာလေးကို မီးရှူးမီးပန်း နှင့်
ဖွင့်လစ်ကာ ကြိုရင်
အထားမကျတဲ့ လောကထဲ
ဒေါသတွေ သိမ်းထားလိုက် ၊
ရှေ့မနက်မှာ မင်းတွက်
အသစ်ဖွင့်လိုက်တဲ့ ပန်းခင်းဆီ
အပြုံးတွေမျိုချရင် တည်ငြိမ်းစွာ
လှမ်းလိုက် သူငယ်ချင်း ။
လက်ကမ်းကာကြိုရင်
နောက်ကျောကို
ဓားထောက်တက်တဲ့ ရာစုထဲ
သုတေသန မပြုနဲ့ သူငယ်ချင်း
မင်း စာမျက်နှာတွေ
ဖြူစင်ခြင်းပျောက်သွားလိမ့်မယ် ။
ဘီလူးလေး
အတ္တကမ္ဘာလေးကို မီးရှူးမီးပန်း နှင့်
ဖွင့်လစ်ကာ ကြိုရင်
အထားမကျတဲ့ လောကထဲ
ဒေါသတွေ သိမ်းထားလိုက် ၊
ရှေ့မနက်မှာ မင်းတွက်
အသစ်ဖွင့်လိုက်တဲ့ ပန်းခင်းဆီ
အပြုံးတွေမျိုချရင် တည်ငြိမ်းစွာ
လှမ်းလိုက် သူငယ်ချင်း ။
လက်ကမ်းကာကြိုရင်
နောက်ကျောကို
ဓားထောက်တက်တဲ့ ရာစုထဲ
သုတေသန မပြုနဲ့ သူငယ်ချင်း
မင်း စာမျက်နှာတွေ
ဖြူစင်ခြင်းပျောက်သွားလိမ့်မယ် ။
ဘီလူးလေး

Myanmar Kyat Converter
No comments:
Post a Comment